ဆဌမအဆင့်ဂူသခင်
Vol. 4 Ch. 57
မျက်စိတစ်မှိတ်အတွင်း အချိန်၁၀ရက်ကုန်ဆုံးသွားခဲ့သည်။
လီယွမ်သည် အိပ်ရာမှနိုးထလာသည်နှင့် လန်းဆန်းတက်ကြွနေခဲ့ကာ သူ၏အချက်အလက်ပြဇယားကို ဆင့်ခေါ်လိုက်သည်။
ဂူသခင် - လီယွမ်
အနက်ရောင်အိုး - (ပဉ္စမအဆင့် - ၀/၃၀၀)
နယ်ပယ် - (ဆဌမအဆင့်)
ဝိညာဉ်စွမ်းအား - (အလယ်အလတ်နယ် မြေအဆင့်)
(ပင်မဂူ - သွေးနှင့်ချီဂူကောင်၊ပြန်လည်မွေးဖွားခြင်းဂူကောင်၊သုံးရောင်ခြယ်မီးတောက်စပါးအုံးဂူကောင်၊ပုံရိပ်ယောင်ပိုးခြည်ဂူကောင်၊ပင့်ကူဘုရင်မဂူကောင်)
ဂူအိမ် - ငါးရောင်ခြယ်ထူးဆန်းမီးတောက်ဂူအိမ်(ထောင်ချီဂူအိမ်)၊လျှို့ဝှက်ဆန်းကြယ်ပိုးဂူအိမ်(ထောင်ချီဂူအိမ်)
"အချိန်တွေကုန်တာမြန်လိုက်တာ..."
သူသည် အမှတ်၁၂ဂူနန်းသို့ရောက်ခဲ့သည်မှာ ၇နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။
ချစ်သူများအကြား၌ပင် အချိန်၇နှစ်ကြာပြီးနောက် ပြဿနာများရှိလာသည်ဟု ဆိုတတ်ကြသည်။
လီယွမ်သည် ၇နှစ်တာကာလအတွင်း အမှတ်၁၂ဂူနန်းအတွင်းမှနေ၍ တစ်ကြိမ်လေးတောင်အပြင်သို့မထွက်ခဲ့ပေ။သူသည် ဝါးရုံတောလေးထဲမှပင် အကြိမ်အနည်းငယ်သာထွက်ခွာခဲ့သည်။
"လမ်းလျှောက်ထွက်ဖို့အချိန်ရောက်ပြီ..."
ယခုတစ်ကြိမ်တွင် လီယွမ်သည် ရှုပ်ထွေးနေသောပြင်ပလောကဆီသို့ ဦးတည်သွားခြင်းမရှိဘဲ တောင်တန်းအနက်ပိုင်းသို့သာ ဦးတည်သွားခဲ့သည်။
လီယွမ်သည် ရိုးရိုးရှင်းရှင်းပြင်ဆင်ပြီးနောက် ဝါးတောလေးဆီမှထွက်လာကာ အမှတ်၁၂ဂူနန်း၏ ပင်မတောင်ထိပ်ဆီရောက်လာခဲ့သည်။
"ညီလေး...သေစမ်း ငါအမြင်မှားနေတာလား"
ဖေးလော့ချင်သည် လီယွမ်အားတွေ့မြင်ရချိန်တွင် တစ္ဆေတစ်ကောင်အား တွေ့မြင်လိုက်ရသကဲ့သို့ မျက်လုံးများပြူးကျယ်သွားခဲ့ရသည်။
သူသည် ယခုလိုတည်ငြိမ်သော လူငယ်တစ်ယောက်ကို တစ်ခါမှမမြင်တွေ့ဖူးပေ။
သူ့ထံတွင် ဇနီးနှင့်သားသမီးမရှိသော်လည်း တစ်နေရာတည်းတွင် ၇နှစ်ကြာနေထိုင်ခဲ့ကာ အထီးကျန်မှုဒဏ်အား အမှန်တကယ်ခံနိုင်ရည်ရှိခဲ့ပေသည်။
"စီနီယာအစ်ကို...ငါဆဌမအဆင့်ကိုရောက်ခဲ့ပြီ"
လီယွမ်သည် ပြုံးပြကာ ခပ်တိုးတိုးလေသံဖြင့်ပြောလိုက်သည်။
"ဟမ်...ဆဌမအဆင့်ဟုတ်လား...အဲလောက်မြန်တယ်ပေါ့"
ဖေးလော့ချင်က အမှန်တကယ်အံ့အားသင့်သွားခဲ့သည်။
"မင်းက သမိုင်းတလျှောက် အားအကောင်းဆုံးပါရမီရှင်တွေနဲ့ယှဉ်ရင် မမြန်ဘူးဆိုပေမဲ့ မင်းရဲ့စီနီယာအစ်ကိုထက်တော့ အများကြီးသာလွန်တယ်"
"စီနီယာအစ်ကိုက ချီးမွမ်းလွန်းနေပါပြီ"
လီယွမ်ထံတွင် ချို့တဲ့သောအရာမှာ အဆင့်ဖြတ်ကျော်ရန်မဟုတ်ဘဲ အမျိုးမျိုးသောထူးခြားသည့် ပင်မဂူကောင်များဖြစ်ကြသည်။
"မင်းငါ့ကိုလာတွေ့တာဆိုတော့ နန်းတော်ကိုးခုရဲ့အတွင်းစည်းကိုသွားပြီး ဂူအင်မော်တယ်လျှို့ဝှက်နယ်ပယ်ကို ၀င်ဖို့စီစဉ်နေတာလား"
ဖေးလော့ချင်က မေးလိုက်သည်။
"ဟုတ်တယ်...ဒီကိစ္စကိုထပ်ပြီးတော့ အချိန်မဆွဲချင်တော့ဘူး...မြန်မြန်လေးဖြေရှင်းလိုက်တော့မယ်...ငါထပ်မစောင့်ချင်တော့ဘူး"
လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။
"ဟားဟား...ငါနားလည်ပြီ....အဲတုံးကငါလည်းမင်းနဲ့အတူတူပဲ...အဆင့်ဖြတ်ကျော်ပြီးခါစက ဂူအင်မော်တယ်လျှို့ဝှက်နယ်ပယ်ကို ၀င်ရောက်ခွင့်ရဖို့ မစောင့်နိုင်ခဲ့ဘူး"
"ဒါက တကယ်ကောင်းတဲ့နေရာပဲ...ဒါပေမဲ့ တစ်ခါပဲသွားခွင့်ရှိတာတော့ နှမြောဖို့ကောင်းတယ်"
ဖေးလော့ချင်၏ ပင်မဂူကောင်ဖြစ်သော ဂျင်ဆင်းကလေးငယ်ဂူကောင်သည် ဂူအင်မော်တယ်လျှို့ဝှက်နယ်ပယ်တွင် ဆင့်ကဲပြောင်းလဲစေမည့်ပစ္စည်းများအား ရှာတွေ့ခဲ့၍ ပြုပြင်ပြီးနောက် ရရှိလာခဲ့ခြင်းဖြစ်သည်။
"ဘယ်တော့သွားရမှာလဲ...အစ်ကိုဖေး"
လီယွမ်က အချိန်ထပ်မဆွဲလိုတော့ပေ။
"ဒီနေ့ပဲ...အတွင်းရေးကိစ္စတွေကို ငါစီစဉ်ပြီးတာနဲ့ နေ့လည်ရောက်ရင် ချက်ချင်းသွားကြမယ်"
ဖေးလော့ချင်က ခေါင်းညိတ်ပြလိုက်သည်။
"အဆင်ပြေပါတယ်..."
ညီအစ်ကို၂ယောက်ကြား စကားများများပြောစရာမလိုပေ။
လီယွမ်သည် ဝါးရုံတောဆီပြန်ရောက်လာသည်နှင့် ၀မ်ကျောက်ကျောက်နှင့်အတူ နေ့လည်စာစားခဲ့သည်။
"ရှောင်ကျောက်...ငါအပြင်ခဏလောက်သွားရမယ်..."
သူတို့၂ယောက်သည် နှစ်ပေါင်းများစွာကြာသည်ထိ နေ့ရောညပါအတူတကွနေထိုင်ခဲ့ကြသည်။ရှင်းကျန်းတောင်ပိုင်းဒေသတွင် မငြိမ်မသက်ဖြစ်ခဲ့စဉ်က အမှတ်၁၂ဂူနန်း၏အသက်နှင့်မရဏမဲဆွဲပွဲကြောင့်သာ သူတို့ကအချိန်တစ်ခုထိ ခွဲခွာခဲ့ကြရသည်။
ယခုက ဒုတိယအကြိမ်ပင်ဖြစ်သည်။
"ငါနန်းတော်ကိုးခုရဲ့ အတွင်းစည်းကိုသွားရမယ်"
လီယွမ်က ပြောလိုက်သည်။
"အစ်ကိုကြီးယွမ်...မင်းကဆဌမအဆင့်ဂူသခင်ဖြစ်ပြီလား"
၀မ်ကျောက်ကျောက်က အံ့ဩသွားခဲ့သည်။
လီယွမ်က ထိုကိစ္စကို သူမအားပြောမပြခဲ့ခြင်းမှာ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုမရှိစေရန်ဖြစ်သည်။၀မ်ကျောက်ကျောက်ကလည်း လီယွမ်၏ပါရမီကြောင့် ဤသို့အောင်မြင်မှုများရရှိလာမည်ကို ခံစားမိနေခဲ့သည်။
"ဒီကာလအတွင်း ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ...အန္တရာယ်တစ်ခုခုကြုံလာရင် အပြင်မထွက်နဲ့...ဝါးရုံတောထဲမှာပဲနေတာက မင်းကိုအန္တာရယ်ကင်းစေမှာပါ"
"ငါသိပါတယ်"
၀မ်ကျောက်ကျောက်သည် လီယွမ်၏စကားကို အမြဲလိုလိုပင်နားထောင်ခဲ့သည်။
"ဒါဆိုရင် ငါသွားတော့မယ်"
မွန်းလွဲပိုင်းတွင် လီယွမ်သည် သူ၏အိတ်များကိုထုတ်ပိုးကာ ဖေးလော့ချင်အားတွေ့ဆုံရန်အတွက် အမြန်ဆုံးထွက်ခွာလာခဲ့သည်။သူသည် ၇နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်၁၂ဂူနန်းမှ ထွက်ခွာလာခဲ့သည်။
ကျိုးကုန်းတောင်တန်းသည် မိုင်ပေါင်းထောင်ချီရှည်လျားကာ ဆိတ်ငြိမ်အေးချမ်းသော သဘာ၀ရှိပေသည်။
လီယွမ်သည် အမှတ်၁၂ဂူနန်းမှထွက်ခွာလာချိန်တွင် သူ၏နှလုံးသားထဲ၌ များစွာမခံစားရပေ။ကျိုးကုန်းတောင်တန်းတစ်ခုလုံးက နေရာတိုင်းတွင်စိမ်းလန်းနေ၍ များစွာကွာခြားပုံမရပေ။
တောင်တက်လမ်းက ကြမ်းတမ်းကာ သွားရလာရ သိပ်မလွယ်လှပေ။
ညရောက်လုနီးနီးအချိန်တွင်...
လီယွမ်သည် ဖေးလော့ချင်နှင့်အတူ တောင်တံခါးဆီသို့ ရောက်လာကြသည်။
"ဒါက ဘယ်နေရာလဲ"
နန်းတော်ကိုးခု၏ အတွင်းစည်းသည် ဤမျှထိ နီးကပ်မနေသင့်သည့်အတွက် လီယွမ်အံ့ဩသွားခဲ့ရသည်။
"အမှတ်၁၃ဂူနန်းလေ...ဒီကနေလမ်းလျှောက်သွားမယ်ဆိုရင် အတွင်းစည်းကိုရောက်ဖို့အတွက် ဘယ်လောက်တောင်အချိန်ယူရမလဲမသိဘူး...တောင်တန်းတွေပေါ်မှာမြူဆိုင်းနေရင် လမ်းပျောက်သွားနိုင်လို့ ငါတို့ကိုကူညီဖို့ တယောက်ယောက်ကိုလာရှာတာပဲ"
ဖေးလော့ချင်က ထိုသို့ပြောပြီးနောက် ပါးစပ်ရှေ့တွင် လက်အုပ်လိုက်ပြီး ကျယ်လောင်စွာအော်လိုက်သည်။
"အစ်ကိုယန်...ငါတို့ကိုလာတွေ့ပါအုံး..."
ခဏအကြာတွင် အမွေးနက်လင်းယုန်ကြီးတစ်ကောင်က ကောင်းကင်ယံ၌ဝဲပျံလာခဲ့ကာ လီယွမ်တို့၂ယောက်ရှေ့ မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
"ဂျူနီယာညီလေးဖေး...မင်းဘာလို့ခေါ်လိုက်တာလဲ..."
လက်နက်ကိုင်ဆောင်ထားသော အမျိုးသားတစ်ယောက်က လင်းယုန်၏နောက်ကျောမှနေ၍ ခုန်ချလာခဲ့သည်။ထိုအမျိုးသားသည် ထက်ရှသောမျက်ခုံးမွှေး၊တောက်ပသောမျက်လုံးတစ်စုံနှင့် ဆံပင်ရှည်ရှိကာ လွန်စွာလွတ်လပ်၍ အထိန်းအကွပ်မဲ့နေပုံရသည်။
"အစ်ကိုယန်...ငါမင်းကိုမိတ်ဆက်ပေးမယ်...သူကငါ့ဆရာရဲ့ တပည့်အသစ်ဖြစ်တဲ့လီယွမ်ပါ...သူကဆဌမအဆင့်ကိုဖြတ်ကျော်ပြီးတာကြောင့် နန်းတော်ကိုးခုရဲ့အတွင်းစည်းကို ခေါ်သွားပေးရမယ်...ဒါကြောင့်အကိုယန်ရဲ့ လင်းယုန်လေးခဏငှားပေးပါ"
ဖေးလော့ချင်က ပြုံး၍ပြောလိုက်သည်။
"ပြဿနာမရှိဘူး...ဂျူနီယာလီယွမ်က တော်တော်ငယ်သေးတဲ့ပုံဘဲ...ဒါတောင်မှ ဆဌမအဆင့်ဂူသခင်တစ်ယောက်ဖြစ်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး...မင်းနဲ့ယှဉ်ရင်ငါက တော်တော်တုံးတာပဲ"
လက်နက်ကိုင်ဆောင်ထားသော ယန်ချောင်က အလွန်ပင်ကြင်နာနေခဲ့သည်။
"ဆရာ့ရဲ့လမ်းညွန်ချက်တွေကြောင့် မတော်တဆကျော်ဖြတ်နိုင်ခဲ့တာပါ..."
လီယွမ်က လက်သီးဆုပ်ကာရှေ့ထား၍ လေးလေးစားစားပြန်ဖြေလိုက်သည်။
"ဒီနေ့တော့နောက်ကျနေပြီ...မင်းတို့၂ယောက်က အမှတ်၁၃ဂူနန်းမှာ တစ်ညလောက်နားလိုက်ကြအုံး...မနက်ဖြန်ကျမှ အတွင်းစည်းကိုသွားကြပေ့ါ"
ယန်ချောင်သည် လီယွမ်နှင့်မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ချက်ဖြင့် ဖိတ်ခေါ်လိုက်သည်။
"မဟုတ်ဘူး...ငါ့ဆရာက ပြင်းပြင်းထန်ထန်ဒဏ်ရာရထားခဲ့တယ်...ငါအမြန်ဆုံးသူ့ကိုသွားတွေ့ရမယ်"
လီယွမ်က အလျင်စလိုငြင်းဆန်လိုက်သည်။
"ကောင်းပြီ...ဒါဆိုလည်းမနှောင့်ယှက်တော့ပါဘူး...မင်းတို့လမ်းခရီးမှာ ကံကောင်းကြဖို့မျှော်လင့်ပါတယ်...အထူးသဖြင့်ဂျူနီယာလီယွမ်...ဂူအင်မော်တယ်လျှို့ဝှက်နယ်ပယ်မှာ ရှားပါးတဲ့ဂူကောင်တွေရှာတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"
ယန်ချောင်က မတတ်သာစွာဖြင့် နောက်သို့ဆုတ်ပေးလိုက်ရသည်။
"ကျေးဇူးတင်ပါတယ်...အစ်ကိုကြီးယန်"
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကျေးဇူးတင်ပြီးနောက် သူတို့၂ယောက်သည် လင်းယုန်ငှက်ပေါ်တက်လိုက်ကြသည်။
လင်းယုန်ငှက်သည် သူတို့၂ဦးအားတင်ဆောင်ကာ ညကောင်းကင်ယံ၌ အရှိန်အဟုန်ပြင်းစွာဖြင့် ပျံသန်းနေခဲ့သည်။
နောက်ဆုံးတွင် သူတို့သည်လင်းယုန်ငှက်၏ မြန်ဆန်သောအရှိန်ဖြင့်နေသားကျသွားခဲ့ကာ စကားစမြည်ပြောဆိုခဲ့ကြသည်။
"စီနီယာအစ်မအကြောင်းကို အစ်ကိုဖေးသိလား"
လီယွမ်က သူ့ထံတွင်စီနီယာအစ်မတစ်ယောက်ရှိကြောင်း သိထားသော်လည်း သူမနှင့်တစ်ခါမှမတွေ့ဖူးပေ။ဆရာသည် သူ၏စီနီယာအစ်မကို ယုံကြည်မှုအပြည့်ရှိနေ၍ လီယွမ်ကသူမအကြောင်း သိချင်စိတ်ဖြစ်လာခဲ့သည်။
"ငါသူမအကြောင်းကို နားလည်တယ်လို့မပြောနိုင်ပေမဲ့ သူမနဲ့တော့တော်တော်လေးရင်းနှီးပါတယ်"
"စိတ်မပူပါနဲ့...စီနီယာအစ်မက အရမ်းကိုစိတ်သဘောထားကောင်းပါတယ်...သူမကလူတွေကို ဆက်ဆံရတာမကြိုက်နှစ်သက်တဲ့ ရေခဲလိုအေးစက်စက်မိန်းမမဟုတ်ပါဘူး"
ဖေးလော့ချင်က ပြုံး၍ပြောလိုက်သည်။
"စီနီယာအစ်မက ဘယ်အဆင့်မှာလဲ"
လီယွမ်က ထပ်မေးလိုက်သည်။
"အမှန်အတိုင်းပြောရမယ်ဆိုရင် စီနီယာအစ်မက သတ္တမအဆင့်မဟာဂူသခင်ပဲ...န၀မနန်းတော်ရဲ့အတွင်းစည်းမှာဆို ထိပ်တန်းပါရမီရှင်ဖြစ်တယ်...ငါတို့မျိုးဆက်သစ်တွေကြားမှာတော့ အထင်ကရပုဂ္ဂိုလ်ပါဘဲ"
"နောက်ထပ် နန်းတော်သခင်ဖြစ်ဖို့ မျှော်လင့်ချက်ရှိတယ်...ဒါပေမဲ့..."
"စန်းလန်မင်းသမီးလေးရောက်လာတော့ သူမမှာ မျှော်လင့်ချက်မရှိတော့ဘူး...ငါတို့တွေက နန်းတော်သခင်ရာထူးအတွက် မွေးဖွားလာတာမဟုတ်ဘူး"
ဖေးလော့ချင်က သက်ပြင်းချရင်းပြောလိုက်သည်။
"ထူးခြားဂူကောင်စာရင်းရဲ့ တတိယအဆင့်မှာရှိတဲ့ နှလုံးသားရှာဖွေခြင်းဂူကောင်ဟာ ဂူအင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ အလားအလာအကောင်းဆုံးဂူကောင်ပဲ...ဒါကိုအခြားဂူသခင်တွေနဲ့ယှဉ်လို့မရဘူး"
ထိုအခါမှ ရှောင်ချင်းအာသည် န၀မနန်းတော်၌သာရှိနေကြောင်း လီယွမ်သိရှိလိုက်ရသည်။
ငါသူမကို မတွေ့ရတာတောင် နှစ်အတော်ကြာနေပြီ...သူမက နှလုံးသားရှာဖွေခြင်းဂူကောင်ကို သန့်စင်ပြီးသွားရင် ဘယ်လိုပုံစံဖြစ်နေမလဲမသိဘူး...
"ဒါပေမဲ့ နန်းတော်သခင်ဖြစ်ရတာ သိပ်တော့ကောင်းတာမဟုတ်ဘူး...ဂူသခင်ဖြစ်ရတာကိုက အရမ်းကိုပင်ပန်းဖို့ကောင်းနေပြီ...ပြီးတော့လစဉ်ရရှိတဲ့ထောက်ပံ့ကြေးကလည်း ကိစ္စကြီးကြီးမားမား လုပ်ဆောင်ဖို့ မလုံလောက်ဘူး"
ဖေးလော့ချင်သည် လွတ်လပ်ကာ အပူအပင်ကင်းမဲ့သောဘ၀ကို သဘောကျပေသည်။
အမှတ်၁၂ဂူနန်း၏ အရှင်သခင်ဖြစ်လာရခြင်းမှာလည်း စစ်ပွဲကာလတွင် အရည်အချင်းရှိဂူသခင်ရှားပါးလာရခြင်းကြောင့်ဖြစ်သလို သူ၏ဂျူနီယာညီလေးကိုလည်း ဆရာဖြစ်သူမှကာကွယ်ပေးရန် သူ့အားအမိန့်ပေးခဲ့၍ဖြစ်သည်။
ယခုအခါ သူ၏ဂျူနီယာလေးသည် ဆဌမအဆင့်သို့ရောက်လာပြီဖြစ်၍ ရာထူးမှနုတ်ထွက်ရန် သင့်တော်သောအချိန်ကိုရှာရတော့မည်ဖြစ်သည်။
…
၇ရက်ကြာပြီးနောက်...
လင်းယုန်သည် တောင်တန်းများစွာကိုဖြတ်ကျော်ခဲ့ကာ တောင်ထိပ်တစ်ခုပေါ်ရောက်ရှိလာခဲ့သည်။
ဖေးလော့ချင်က အသက်ကိုခပ်ပြင်းပြင်းရှု၍ ပြောလိုက်သည်။
"န၀မနန်းတော်ရဲ့အတွင်းစည်းက ငါတို့ရှေ့လေးတင်ပဲ...အဲ့မှာအစီအရင်တစ်ခုရှိတယ်...မင်းသာအဲထဲ၀င်ချင်ရင် သင်္ကေတတစ်ခုလိုတယ်...လောလောဆယ်တော့ငါနဲ့လိုက်ခဲ့"
…