န၀မနန်းတော်၏အတွင်းစည်း
Vol. 4 Ch. 58
တောင်တန်းအတွင်း၌ အစီအရင်များစွာကို ခင်းကျင်းထားပေသည်။
န၀မနန်းတော်ဂူအသိုက်တွင် အတွင်းစည်းမှတားဆီးခြင်းမရှိပါက အခက်အခဲမရှိ ဖြတ်သန်းသွားနိုင်ပေသည်။
လီယွမ်သည် ဖေးလော့ချင်နောက်သို့လိုက်၍ မြူထုထဲသို့ တိုး၀င်သွားခဲ့သည်။သူသည် ရံဖန်ရံခါတွင် သားရဲများကိုမြင်တွေ့ခဲ့ရကာ ရံဖန်ရံခါတွင် အဖိုးတန်ဆေးပင်များကို တွေ့မြင်ရသည်။ရံဖန်ရံခါတွင် မြူထုအတွင်းမှ မီးခိုးငွေ့များကို တွေ့မြင်ရကာ ရံဖန်ရံခါတွင် လူများသွားလာနေသည်ကို တွေ့မြင်ရပေသည်။
မရေမတွက်နိုင်သော မြင်ကွင်းများက လီယွမ်၏မြင်ကွင်း၌ ဖြစ်ပေါ်နေခဲ့သည်။ထိုမြင်ကွင်းများက အတုအယောင်နှင့်အစစ်အမှန်ကြား၌ အဆက်မပြတ်ပြောင်းလဲနေကာ ခန့်မှန်းရန်ခက်ခဲလှပေသည်။
ထို့ကြောင့် လီယွမ်တစ်ယောက် တုန်လှုပ်သွားခဲ့ရသည်။
နှစ်ပေါင်းထောင်ချီကြာအောင် အမွေအနှစ်ဆက်ခံထားသော ရှေးဟောင်းအင်အားစုကြီးတစ်ခု၏ရှေ့မှောက်တွင် လူအများက ဖုန်မှုန့်လေးများသဖွယ်သေးငယ်သွားခဲ့ကာ သူတို့မူလကဖြစ်ပေါ်နေသော စိတ်အားထက်သန်မှုများက ရုတ်ချည်းဆိုသလို ငြိမ်သက်သွားခဲ့ကြသည်။
ဆဌမအဆင့်ဂူသခင်...
ထိုအဆင့်က တိုက်ကြီးတစ်ခုလုံးအား ထိန်းချုပ်ထားသော စူပါအင်အားစုရှေ့၌ အရေးမပါလှပေ။
ကျိုးကုန်းဂူအသိုက်သည် တောင်ပိုင်းနယ်မြေ၏ အင်အားစုတစ်ခုသာဖြစ်ကြောင်း သိထားသင့်ပေသည်။အလားတူပင် မြှောက်ဘက်၊အရှေ့ဘက်သဲကန္တရနှင့်အနောက်ဘက်လွင်ပြင်တွင်လည်း အုပ်စိုးသူအင်အားစုများ ရှိနေပေသည်။
ထို့ပြင် အလယ်ပိုင်းလွင်ပြင်၌ ကာလကြာရှည်စွာတည်ရှိခဲ့သော လျှို့ဝှက်ဆန်းကြယ်အင်အားစုများကို မဖော်ပြသေးပေ။
ဟူး...ငါကအေးအေးဆေးဆေးပဲ နေချင်တာပါ...
အချိန်တစ်ခုကြာပြီးနောက် သူတို့နှစ်ဦးသည် အမျိုးမျိုးသောမြင်ကွင်းများကို တွေ့မြင်ခဲ့ပြီးနောက် မြူခိုးများထဲမှ ထွက်လာနိုင်ခဲ့သည်။
"ရောက်တော့မယ်..."
ဖေးလော့ချင်သည် အလွန်ကျဉ်းမြောင်းသော ချိုင့်ဝှမ်းအက်ကြောင်းကို ညွန်ပြလိုက်ကာ သူလည်းထိုအက်ကြောင်းထဲ တိုး၀င်သွားခဲ့သည်။လီယွမ်ကလည်း သူ့နောက်ထဲသို့ ထပ်ကြပ်မကွာလိုက်ပါသွားခဲ့သည်။လမ်းကြောင်းက အစပိုင်းတွင် အရမ်းကျဉ်းမြောင်းသော်လည်း နောက်ပိုင်းတွင် သွားလာရအဆင်ပြေသွားခဲ့သည်။ခြေလှမ်းဒါဇင်အနည်းငယ်ခန့် ဆက်လှမ်းပြီးနောက် မြင်ကွင်းက ရုတ်တရက်ရှင်းလင်းလာခဲ့သည်။
သူမြင်တွေ့လိုက်ရသောမြင်ကွင်းသည် မီးခိုးခေါင်းတိုင်မှနေ၍ မီးခိုးငွေ့များထွက်လာသကဲ့သို့ နေ့စဉ်ဘ၀၏အိမ်မက်များကို အပြည့်အ၀ခံစားစေနိုင်ခဲ့သည်။
လီယွမ်၏မျက်လုံးများက တောက်ပလာခဲ့သည်။
ထိုအရာသည် အစစ်အမှန်သုခံဘုံအား သူပထမဆုံး တွေ့မြင်ဖူးခြင်းဖြစ်သည်။
န၀မနန်းတော်၏အတွင်းစည်းသည် သူစိတ်ကူးထားသောအရာနှင့် အလွန်ပင်ကွာခြားသော်လည်း ထိုအရာက သူနှစ်သက်သည့်ပုံစံဖြစ်သည်။
"မင်းအကြိုက်တွေ့နေပြီမဟုတ်လား..."
ဖေးလော့ချင်က လီယွမ်၏အတွေးကို ကြိုမြင်နေခဲ့သည်။
"ဟုတ်တယ်..."
ကံမကောင်းစွာဖြင့် ဤနေရာတွင် ခွန်အားကြီးသူများ အလွန်များပြားနေသည့်အတွက် အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်သည့်အတွက် လီယွမ်သည် ထိုနေရာတွင် ကြာကြာမနေနိုင်ခဲ့ပေ။ထိုသို့မဟုတ်ပါက သူသည် လွန်ခဲ့သောနှစ်အနည်းငယ်ကတည်းက ဆရာဖြစ်သူနှင့်အတူ ဤနေရာသို့ပြောင်းလာခဲ့မည်ဖြစ်သည်။
"သွားရအောင်...စီနီယာအစ်မနဲ့ဆရာ့ကိုသွားကြည့်ကြမယ်"
ဖေးလော့ချင်သည် ကျေးငှက်တေးသံများနှင့် ပန်းရနံ့များကိုခံစားရင်း လယ်ကွင်းငယ်လေးတစ်ခုကိုရောက်သည်အထိ ဖြေးဖြေးချင်းလမ်းလျှောက်နေခဲ့သည်။
"ဆရာ...စီနီယာအစ်မ...ငါတို့ပြန်လာပြီ"
ဖေးလော့ချင်က တံခါးအပြင်ဘက်၌ ရပ်၍ပြောလိုက်သည်။
ထိုအချိန်တွင် အခန်းတွင်းမှနေ၍ တုံ့ပြန်မှုမရှိခဲ့ပေ။
"အစ်မ...အိမ်မှာမရှိဘူးလား"
လီယွမ်က ရေရွတ်လိုက်သည်။
"ခဏနေအုံး...ဂျူနီယာညီလေးလည်းပါတယ်နော်"
ဖေးလော့ချင်က ပြုံး၍ထပ်အော်ဟစ်လိုက်သည်။
ဘုန်း...
နောက်အခိုက်အတန့်တွင် အခန်းတွင်းမှနေ၍ တံခါးကဖွင့်လာခဲ့ပြီး အနီရောင်ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာကြောင်း လီယွမ်တွေ့လိုက်ရသည်။ထိုပုံရိပ်လေးသည် လီယွမ်၏အနားသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့ကာ လီယွမ်၏လက်ကိုဆွဲ၍ အခန်းထဲပြန်၀င်သွားခဲ့သည်။
"ဟေး...စီနီယာအစ်မ ငါလည်းလိုက်မယ်လေ..."
နောက်အခိုက်အတန့်တွင် အနီရောင်ပုံရိပ်လေးက သွယ်လျကာဖြူဖွေးသောခြေထောက်တစ်ချောင်းကို ဆန့်ထုတ်လိုက်ကာ အခန်းထဲပြေး၀င်လာသော ဖေးလော့ချင်အား ကန်ထုတ်လိုက်သည်။
အုန်း...
ထို့နောက် တံခါးကပြန်၍ဆောင့်ပိတ်သွားခဲ့သည်။
လီယွမ်က လုံး၀ကြောင်အသွားခဲ့သည်။
ဘာတွေဖြစ်နေတာလဲ...ငါဘယ်သူလဲ...ငါဘယ်ရောက်…
"မောင်လေးလီယွမ်...တွေ့ရတာ၀မ်းသာပါတယ်"
နူးညံ့ပြီးဆွဲဆောင်မှုရှိသောအသံက လီယွမ်အား အံ့အားသင့်စေခဲ့ကာ လက်ရှိအခြေအနေသို့ ပြန်ရောက်လာခဲ့သည်။သူ့ရှေ့တွင် အနီရောင်တောက်တောက်၀တ်စုံအား ၀တ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ရပ်နေခဲ့သည်။
ထိုမိန်းကလေးသည် ချောမောလှပကာ ချစ်စရာကောင်းသော မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးတစ်စုံက လူတိုင်းအားဆွဲဆောင်နိုင်ပေသည်။သူမ၀တ်ဆင်ထားသော အနီရောင်၀တ်စုံက သူမ၏ဖွံ့ထွားသောခန္ဓာကိုယ်အား တင်းတင်းကြပ်ကြပ်ရစ်ပတ်ထားပြီး သူမ၏ဂုဏ်ယူ၀င့်ကြွားဖွယ်ကောင်းသော ကောက်ကြောင်းများကို မီးမောင်းထိုးပြနေခဲ့သည်။သူမ၏ရှည်လျားသော ခြေထောက်တစ်၀က်ခန့်က စကတ်အောက်မှတိုးထွက်နေခဲ့သည်။
သူမ၏အနက်ရောင်ဆံပင်ကို ခပ်မြင့်မြင့်ချည်ထားကာ အနီရောင်ကျောက်စိမ်းဆံညှပ်ကို ထောင့်ဖြတ်ထိုးထည့်ထားပေသည်။ထိုအရာက သူ၏၀တ်ဆင်ထားသော အနီရောင်၀တ်စုံနှင့်ဆန့်ကျင်ဘက်ဖြစ်နေကာ နေရောင်အောက်တွင် နွေးထွေးတောက်ပသော ခံစားချက်ကိုရရှိစေခဲ့သည်။
သို့သော်လည်း ထိုကဲ့သို့လှပပြီး ဆွဲဆောင်မှုအားကောင်းသော အမျိုးသမီးက ယခုလိုငြိမ်သက်သောသုခဘုံနှင့် အတန်ငယ်လွဲနေခဲ့သည်။
"စီ...စီနီယာအစ်မ..."
စီနီယာအစ်မ နင်ဟုန်ယုသည် အလွန်ပင်စိတ်အားတက်ကြွကြောင်း စီနီယာအစ်ကိုဖေးပြောသည်ကို လီယွမ်သတိရမိလိုက်သည်။
သို့သော်လည်း ဤသို့စိတ်အားထက်သန်မှုက သူစိတ်ကူးထားသည်နှင့် အနည်းငယ်ကွာခြားနေခဲ့သည်။
"မင်းကတော်တော်ချောတာပဲ မောင်လေး..."
နင်ဟုန်ယုက လီယွမ်အားကြည့်၍ ပြုံးပြုံးလေးပြောလိုက်သည်။
"စီ...စီနီယာအစ်ကိုဖေး အဆင်ကောပြေရဲ့လား..."
လီယွမ်က နင်ဟုန်ယု မည်သည်ကိုဆိုလိုကြောင်း ခဏလောက်နားမလည်နိုင်ဘဲ အံ့ဩသွားခဲ့ရသည်။
"သူကမသေနိုင်ပါဘူး...ဖေးလောချင်ရဲ့ပင်မဂူကောင်က သူ့လက်ထဲကလွှတ်ပြီဆိုတာနဲ့ ၀က်တစ်ကောင်လို ပြုမူကြတယ်...အဲ့ကောင်က သူလာတဲ့အခါတိုင်း ငါ့ခြံထဲက ရှားပါးပန်းပင်တွေနဲ့ အပင်တွေကိုဖျက်ဆီးပစ်လေ့ရှိတယ်"
"တကယ်လား..."
လီယွမ်က ရုတ်တရက်သဘောပေါက်သွားခဲ့ကာ ရယ်ရခက် ငိုရခက်ဖြစ်သွားခဲ့သည်။စီနီယာအစ်ကိုဖေး၏အခြေအနေသည် သူထင်ထားသလောက် ပြင်းထန်ခြင်းမရှိကြောင်း နားလည်လိုက်သည်။
"မောင်လေး...မင်းမှာလက်တွဲဖော်ရှိလား"
နင်ဟုန်ယုက ထပ်မေးလိုက်သည်။
လီယွမ်သည် ထိုမေးခွန်းကြောင့် ချက်ချင်းကြောင်အသွားခဲ့ရသည်။စီနီယာအစ်ကိုဖေးနှင့်ယှဉ်လျင်ပင် ဤစီနီယာအစ်မက ပို၍ထူးဆန်းပုံရသည်။
"မရှိသေးပါဘူး"
လီယွမ်က ရိုးသားစွာဖြေဆိုလိုက်သည်။
"မရှိဘူးပေါ့...ကောင်းတယ် အရမ်းကောင်းတယ်"
နင်ဟုန်ယု၏မျက်လုံးများက ချက်ချင်းတောက်ပလာခဲ့သည်။
"စီနီယာအစ်မ...ဆရာကဘယ်မှာလဲ"
လီယွမ်သည် ဝံပုလွေတစ်ကောင်၏အကြည့်ကို မခံနိုင်တော့၍ အကြောင်းအရာကို ချက်ချင်းပြောင်းလဲလိုက်သည်။
"သူခုချိန်ထိ အိပ်ခန်းထဲမှာသတိမေ့နေတုံးပဲ...ပြန်နိုးလာမယ့်အရိပ်အယောင်မတွေ့ရသေးဘူး...ငါ့နောက်ကလိုက်ခဲ့"
နင်ဟုန်ယုကပြောလိုက်သည်။
"ကောင်းပြီ..."
လီယွမ်သည် စီနီယာအစ်မ၏နောက်မှ အိမ်ထဲသို့၀င်ရောက်လာချိန်၌ ကုတင်ပေါ်တွင်လဲလျောင်းနေသော ယုဟွမ်းချွမ်းကို သတိထားမိလိုက်သည်။
ယခုပြန်တွေ့သည့်အချိန်တွင် ယုဟွမ်းချွမ်၏ဆံပင်များသည် ခြောက်သွေ့နေသောသစ်ကိုင်းများသဖွယ် လုံး၀ဖြူဆွတ်နေခဲ့ကာ သူ၏မျက်နှာပေါ်၌ သွေးအစအနလေးပင်မရှိပေ။
"ဆရာ..."
လီယွမ်သည် ကုတင်ဘေးနားသို့ချည်းကပ်ကာ တိုးတိုးလေးအော်လိုက်သည်။
ယုဟွမ်းချွမ်၏လက်ချောင်းများသည် အနည်းငယ်တုန်ခါသွားခဲ့သည်။ထိုအရာက ယုဟွမ်းချွမ်၏အခြေအနေသည် လုံး၀ဆိုးရွားခြင်းမရှိဘဲ သတိရှိနေဆဲဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်အား ကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း ပြသနေခဲ့သည်။
နင်ဟုန်ယုကပြောလိုက်သည်။
"ဆရာဒီကိုပြန်ရောက်လာပြီးနောက် သူ့ရဲ့ဒဏ်ရာတွေကို ပြန်လည်ကုသဖို့အတွက် ရတနာအချို့ကိုအသုံးပြုခဲ့ပေမဲ့ အသုံးမ၀င်ခဲ့ဘူး...ဒီလိုစစ်ပွဲဖြစ်နေတဲ့အချိန်မျိုးမှာ ဆရာ့အတွက် အဖိုးတန်တဲ့ကုသရေးဆေးမျိုးကို ရရှိဖို့ခက်ခဲလွန်းတယ်"
ယုဟွမ်းချွမ်၏လက်ရှိအခြေအနေအရ ပြန်လည်သက်သာလာခဲ့လျှင်တောင် ဂူသခင်တစ်ယောက်အဖြစ် ဆက်လက်ရှိနေမှာမဟုတ်တော့ဘဲ သာမန်လူတစ်ယောက်ကဲ့သို့သာ ဘ၀ကိုအေးအေးချမ်းချမ်း ဖြတ်သန်းရတော့မည်ဖြစ်သည်။
"စီနီယာအမ...ဆရာပြန်ကောင်းလာအောင်လို့ အကူအညီပေးနိုင်မယ့် ဆေးရည်လေးယူလာပါတယ်"
လီယွမ်က အစိမ်းရောင်ပုလင်းသေးသေးလေးကို ထုတ်ယူရင်းပြောလိုက်သည်။
ထိုပုလင်းလေးထဲတွင် ပင့်ကူဘုရင်မဂူအိမ်မှ ထုတ်လုပ်ပေးသော ရှင်သန်ထမြောက်ခြင်းတံတွေးပါ၀င်ပေသည်။
"ဟင်..."
နင်ဟုန်ယု၏မျက်လုံးများက ချက်ချင်းတောက်ပလာခဲ့သည်။သူမသည် ကျောက်စိမ်းပုလင်းလေးကိုဖွင့်လိုက်ပြီးနောက် ကြွယ်၀သောအသက်စွမ်းအင်ကို ခံစားမိလိုက်ပြီးနောက်တွင် ရှားပါးကာအဖိုးတန်သောဆေးဝါးဖြစ်ကြောင်း နားလည်လိုက်မိသည်။
"မောင်လေးက တော်တော်သိတတ်တာပဲ"
သူမသည် လီယွမ်ကဤသို့အဖိုးတန်ဆေးအား မည်သို့ရလာကြောင်း မမေးခဲ့ပေ။သူမသည် ထိုဆေးရည်အား ရေရောကာ ယုဟွမ်းချွမ်အား ဖြေးဖြေးချင်းတိုက်ကျွေးလိုက်သည်။
ခဏအကြာတွင် ယုဟွမ်းချွမ်၏ခြောက်သွေ့နေသော အသားအရေသည် ဖြေးဖြေးချင်းနူးညံ့ချောမွေ့လာခဲ့ကာ သူ၏ဖြူဖွေးနေသောဆံပင်အချို့ကလည်း သိသိသာသာပင်ပြန်လည်ကောင်းမွန်လာခဲ့ကာ မည်းနက်လာခဲ့သည်။
"အံ့ဖွယ်ဆေးတစ်မျိုးဘဲ...မင်းကမျှော်လင့်ထားတဲ့အတိုင်းပဲ လီယွမ်...ဆရာကမင်းအကြောင်းကို ဆက်တိုက်ပြောနေခဲ့တာ အံ့ဩစရာတော့မဟုတ်တော့ဘူး"
နင်ဟုန်ယုက အံ့ဩသွားခဲ့သည်။
တိုက်ပွဲမစတင်မှီက ဆရာဖြစ်သူယုဟွမ်းချွမ်သည် သူမကိုညွန်ကြားချက်များစွာပေးခဲ့ကာ ဂျူနီယာမောင်လေးအား ကူညီ၍ ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေထဲသို့ ၀င်ရောက်နိုင်ရန်စီစဉ်ပေးခဲ့သည်။
လီယွမ်အတွက် ခွန်းလွန်တောင်ကြားအခမ်းအနားသို့ တက်ရောက်ရန် နေရာကိုပင်စီစဉ်ပေးခဲ့သည်။
"ဆရာက သိပ်မကြာခင်သတိပြန်ရလာလိမ့်မယ်"
နင်ဟုန်ယုက သက်ပြင်းချမိလိုက်သည်။
"အရမ်းကောင်းတယ်...အရင်က ဆဌမအဆင့်ကိုမရောက်သေးလို့ လျှို့ဝှက်နယ်မြေထဲမ၀င်နိုင်သေးဘူး...ဆရာ့ဆီကိုလည်း အချိန်မှီလာမလည်နိုင်ခဲ့ဘူး...ဒီဆေးက ထိရောက်မှုရှိခဲ့ရင် တပည့်တစ်ယောက်ရဲ့သေးငယ်တဲ့ကြင်နာမှုကို ပြသပေးနိုင်ဖို့ငါမျှော်လင့်ပါတယ်"
လီယွမ်ကပြောလိုက်သည်။
"မောင်လေးက ဆရာသတိရလာတဲ့အထိစောင့်မှာလား...ဒါမှမဟုတ် ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေထဲ အရင်၀င်မလား"
နင်ဟုန်ယုက မေးမြန်းလိုက်သည်။
"ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေထဲ အရင်၀င်ရအောင်"
လီယွမ်ထံတွင် ရှင်သန်ထမြောက်ခြင်းတံတွေး ၁စက်သာရှိသည့်အတွက်ကြောင့် ဤနေရာတွင် ဆက်လက်စောင့်နေလျှင်လည်း အကျိုးမထူးပေ။
သို့ဖြစ်ရာ စိုးရိမ်ပူပန်မှုမှန်သမျှကို အမြန်ဆုံးဖယ်ရှားထားသည်မှာ ပိုကောင်းပေသည်။
"အဆင်ပြေတယ်...ငါနန်းတော်သခင်ဆီကို အမြန်ဆုံးလျှောက်ထားလိုက်မယ်...မင်းဒီမှာ ၃ရက်လောက်အနားယူပြီးတော့ ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေထဲ၀င်ဖို့ ပြင်ဆင်ထားလိုက်"
နင်ဟုန်ယုက ခေါင်းညိတ်ပြလိုက်သည်။
လီယွမ်သည် စီနီယာအစ်မကို တစ်ချက်မကြည့်ဘဲ မနေနိုင်တော့ပေ။သူသည် ထူးဆန်းသောမေးခွန်းများကို တွေးကြည့်လိုက်ရုံဖြင့် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။
"မင်းကဘာတွေစိတ်ပူနေတာလဲ...ဒီအမကြီးက မင်းကိုစားမှာကိုကြောက်နေတာလား..."
နင်ဟုန်ယုက နောက်ပြောင်လိုက်သည်။
"နည်းနည်းပေါ့..."
လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။ဂူသခင်များအကြားတွင် စိတ်မမှန်သူအမြောက်အများရှိပေသည်။လှပသောအသွင်အပြင်အောက်၌ မည်သို့သောစိတ်ထားမျိုးရှိနေမည်ကို ခန့်မှန်းရအလွန်ခက်ခဲပေသည်။
"စိတ်မပူပါနဲ့...ငါကမင်းထင်ထားသလိုမဟုတ်ပါဘူး..."
နင်ဟုန်ယုက တောက်ပစွာပြုံးလိုက်မိသည်။
"မောင်လေး...ဒီညအစ်မနဲ့အတူတူဖြတ်သန်းကြည့်ရအောင်...ဒီအစ်မကြီးရဲ့အတွင်းစိတ်တွေကို နားလည်သွားပြီဆိုရင် မင်းကြောက်တော့မှာ မဟုတ်တော့ဘူး"
…