← Chapters

စစ်မှန်သောအချစ်ဂူကောင်

Vol. 4 Ch. 59

စစ်မှန်သောအချစ်ဂူကောင်

Vol. 4 Ch. 59

ခြံ၀င်းအပြင်ဘက်တွင် တနေကုန်စွန့်ပစ်ခံထားရသော ဖေးလော့ချင်သည် ခြံ၀င်းအတွင်း၌ရှိသော ရှားပါးပန်းပင်များနှင့် ဆေးပင်များကို မဖျက်ဆီးပါဟူသော ကတိက၀တ်ပြုပြီးမှသာ ခြံ၀င်းထဲသို့၀င်ရောက်၍ ပူပူနွေးနွေးစားသောက်ခွင့်ရခဲ့သည်။

"အစ်မကြီး...မင်းငါ့ကိုဘယ်လိုဆက်ဆံလိုက်တာလဲ...ငါတို့တွေက မင်းရဲ့ဂျူနီယာမောင်လေးတွေပါ...ခုတော့မင်းက လီယွမ်အတွက် အစားအသောက်ရော ဝိုင်ရောကိုယ်တိုင်ပြင်ဆင်ပေးတယ်...ငါ့အတွက်ကော ဘယ်လိုလုပ်ပေးမှာလဲ"

"အဲလိုဆိုရင် ဒီကနေထွက်သွားလိုက်...မင်းက၀က်တစ်ကောင်လို အရှက်မဲ့တဲ့လူစားမျိုးပဲ...မင်းကိုငါနှင်မထုတ်တာပဲ ကျေးဇူးတင်လိုက်"

နင်ဟုန်ယုကပြောလိုက်သည်။

"အစ်မကြီး...မင်းရဲ့ဂျူနီယာလေးကို စိတ်၀င်စားနေတာမဟုတ်ဘူးလား..."

ဖေးလော့ချင်က အံ့ဩစွာပြောလိုက်သည်။

"ဖူး....အစ်ကိုကြီး စကားကိုဘယ်လိုပြောနေတာလဲ"

လီယွမ်သည် ဖေးလော့ချင်၏မျက်နှာပေါ်သို့ ဝိုင်တစ်လုတ်ကို ထွေးထုတ်လိုက်မိသည်။အဘယ်ကြောင့် သူ့အကြောင်းကထပ်ပါလာရသနည်း။

"အမှန်ပဲလေ...ဂျူနီယာမောင်လေးက ရုပ်ချောပြီးတော့ ထက်မြက်မှုရှိတယ်...ဘယ်သူကများသူ့ကိုမကြိုက်ဘဲနေမှာလဲ"

နင်ဟုန်ယုက သူမ၏နှင်းဖြူရောင်လည်ပင်းလေးကိုမြှောက်ရင်း ဂုဏ်ယူစွာပြောလိုက်သည်။

ဖေးလော့ချင်က စစချင်းအံ့အားသွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။

"ဒါကအဓိပ္ပါယ်ရှိတာပဲ...မိသားစုတစ်ခုမှာ ခုလိုအရည်အချင်းမျိုးရှိတဲ့သူတစ်ယောက်လိုအပ်တယ်...ငါဒီအဆိုပြုချက်ကို ငါထောက်ခံတယ်"

လီယွမ်...???

ဘာတွေဖြစ်နေတာလဲ...စကားလုံးနည်းနည်းလောက်နဲ့ ငါ့ရဲ့ကံကြမ္မာကိုထိန်းချုပ်ချင်နေတာလား...

"စီနီယာအစ်မနဲ့အစ်ကိုတို့ စနောက်နေတာရပ်လိုက်ပါတော့"

လီယွမ်ထံတွင် လက်ရှိအချိန်ထိ အိမ်ထောင်ပြုကာ ကလေးယူရန်အတွက် ရ ည်ရွယ်ချက်မရှိပေ။သူ့ထံတွင် သွေးကြွေးဆပ်ရန်နှင့်၀န်ထုပ်၀န်ပိုးများရှိနေကာ ကိစ္စများစွာ၌ ပါ၀င်ပတ်သက်နေခဲ့သည်။သူသည် ထိုကိစ္စများကိုမဖြေရှင်းနိုင်ခင် အချစ်အကြောင်းပြောရန် စောလွန်းနေသေးသည်။

"နောက်နေတာမဟုတ်ဘူး...စီနီယာအစ်မကိုကြည့်လိုက်လေ...သူ့ကိုကြည့်ရတာနောက်နေတာနဲ့ တူလို့လား"

ဖေးလော့ချင်က မျက်တောင်မခတ်ဘဲပြောလိုက်သည်။

လီယွမ်သည် အမှန်တကယ်ပင်အံ့ဩသွားခဲ့ရသည်။

"တကယ်ကြီးပြောနေတာလား"

"ကောင်းပြီ...ရှင်းရှင်းလင်းလင်းပဲပြောတော့မယ်...တကယ်တော့ ဒါကငါ့ရဲ့ပင်မဂူကောင်နဲ့သက်ဆိုင်တယ်..."

နင်ဟုန်ယုက ပြောလိုက်သည်။

"စီနီယာအစ်မရဲ့ ပင်မဂူကောင်ကဘာဖြစ်လို့လဲ..."

လီယွမ်၏စိတ်ထဲတွင် မရေမတွက်နိုင်သော ထူးဆန်းသည်ဂူကောင်များ၏ အမည်များက အဆက်မပြတ်ပေါ်ထွက်လာခဲ့သော်လည်း လက်ရှိစီနီယာအစ်မဖြစ်ပေါ်နေသော အခြေအနေနှင့်သင့်လျော်မယ့် ဂူကောင်ကိုရှာမတွေ့ခဲ့ပေ။

"စစ်မှန်သောအချစ်ဂူကောင်..."

နင်ဟုန်ယုက အဖြေပေးလိုက်သည်။

စစ်မှန်သောအချစ်ဂူကောင်...

ထိုဂူကောင်၏အမည်ကို လူသိများပြီး လီယွမ်ကလည်း ထိုအကြောင်းကိုသိထားပေသည်။

ထိုဂူကောင်သည် ထူးခြားဂူကောင်နှင့်အလွန်နီးစပ်သောအဆင့်၌ရှိနေကာ အလွန်ရှားပါးပြီး အဖိုးတန်သောဂူကောင်ဖြစ်ကာ ဆင့်ကဲလမ်းကြောင်း၂ခုရှိပေသည်။

ထိုဂူကောင်သည် ထူးခြားဂူကောင်စာရင်းတွင် တတိယအဆင့်၌ရှိနေသော နှလုံးသားမေးခွန်းဂူကောင်အဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။ထိုသို့မဟုတ်ပါက ထူးခြားဂူကောင်စာရင်း၌ အဆင့်၁၁တွင်ရှိနေသော အနီရောင်ဖုန်မှုန့်ဂူကောင်အဖြစ် ပြောင်းလဲသွားနိုင်သည်။

စစ်မှန်သောအချစ်ဂူကောင်သည် ဂူသခင်အား အာရုံစူးစိုက်မှုအပြည့်ပေးထားပေသည်။

ထိုဂူကောင်သည် စိတ်စွမ်းအားကိုတိုးမြင့်ပေးရာတွင် နှလုံးသားရှာဖွေခြင်းဂူကောင်ကဲ့သို့ မြန်ဆန်ခြင်းမရှိသော်လည်း ထိုဂူကောင်တွင် ဂူသခင်အားတိုးတက်စေရန်အတွက် အခြားသောလူတစ်ယောက်ထံမှ အကူအညီကိုရယူနိုင်သည့် အထူးလုပ်ဆောင်ချက်တစ်ခုရှိသည်။

"ငါနားလည်ပြီ..."

နောက်ဆုံးတွင် လီယွမ်ကနားလည်သဘောပေါက်သွားခဲ့သည်။

နင်ဟုန်ယုက သက်ပြင်းချလိုက်မိသည်။

"မင်းကို တကယ်ချစ်တဲ့လူတစ်ယောက်ကို ရှာတွေ့ဖို့ကတကယ်မလွယ်ပါဘူး...လူသားတွေရဲ့နှလုံးသားက အမြဲလိုလိုပြောင်းလဲနေတာလေ...ငါ့ရဲ့ခင်ပွန်းကစိတ်ပြောင်းလဲသွားရင် ငါသေရလိမ့်မယ်..."

ဤသည်မှာ စစ်မှန်သောအချစ်ဂူကောင်၏ ဆိုးရွားသောချို့ယွင်းချက်ပင်ဖြစ်သည်။

ဂူသခင်သည် စစ်မှန်သောအချစ်ဂူကောင်ကို ပြီးပြည့်စုံသောပုံစံအဖြစ်သို့ ပြောင်းလဲလိုပါက သူ့အားအမှန်တကယ်ချစ်မြတ်နိုးသော တစ်စုံတစ်ယောက်ကို ရှာဖွေရမည်ဖြစ်သည်။ထို့နောက် ယင်နှင့်ယန်တို့အားရောနှောကာ ဂူကောင်ကိုပေါင်းစပ်ရမည်ဖြစ်သည်။

ထိုသို့ပေါင်းစပ်နေချိန်အတွင်း တစ်ဖက်လူအား ထိန်းချုပ်မှုအပြည့်အ၀ပေးထားရမည်ဖြစ်သည်။

ပေါင်းစပ်နေချိန်အတွင်း တစ်ဖက်လူမှသစ္စာဖောက်သွားပါက အကောင်းဆုံးအခြေအနေတွင် ဒဏ်ရာအပြင်းအထန်ရနိုင်သော်လည်း အဆိုးဆုံးအခြေအနေ၌ ပင်မဂူသေဆုံးရမည်ဖြစ်ပြီး ဂူသခင်၏အခြေအနေက အဆ၁၀၀၀ခန့်ဆိုးဝါးသွားမည်ဖြစ်သည်။

ရှင်းပြရမည်ဆိုပါက ပေါင်းစပ်နေစဉ်ကာလအတွင်း နင်ဟုန်ယုသည် သူမ၏သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်စွမ်းအား တစ်ဖက်လူကို လွဲပြောင်းပေးထားရမည်ဖြစ်သည်။

"တကယ်မလွယ်ဘူး..."

လီယွမ်က လေးနက်သောအမူအရာဖြင့် သဘောတူလိုက်သည်။သူသာဆိုလျှင် ထိုသို့သောပင်မဂူကောင်များကို ရွေးချယ်ရန်သတ္တိမရှိတော့ပေ။

နင်ဟုန်ယုက ပြုံး၍ပြောလိုက်သည်။

"ဆရာက ငါ့ကိုချီးမွမ်းစကားတွေ ခဏခဏပြောခဲ့တယ်...သူကတစ်နေ့လုံး အကောင်းစကားတွေချည်းပြောနေတာ ရပ်ကိုမရပ်တော့ဘူး...သူ့စိတ်ထဲမှာဘာတွေတွေးနေတာလဲမသိဘူး"

သူမက ရဲရဲဝံ့ဝံ့၀န်ခံခဲ့သည်။

"ဒါကမြင်မြင်ချင်း အချစ်တော့မဟုတ်ပါဘူး...ဒါပေမဲ့ ဂျူနီယာမောင်လေးရဲ့ လက်ရှိအခြေအနေတွေက တကယ်တပ်မက်စရာပဲ...မင်းက ငါ့ရဲ့နှလုံးသားကိုလှုပ်ခတ်စေခဲ့တဲ့ ပထမဆုံးလူသားပဲ"

"ဂျူနီယာမောင်လေးက ငါ့ကိုလိုက်ဖို့ဆန္ဒမရှိဘူးလား"

လီယွမ်သည် သူမ၏ရည်ရွယ်ချက်အား ရုတ်တရက်ဖော်ပြလာသည့်အတွက် လီယွမ်ကလဲကျလုမတတ်ဖြစ်သွားခဲ့သည်။

သူသည် ထိုသို့တိုက်ရိုက်ချဉ်းကပ်မှုနှင့်ပတ်သက်၍ ထူးဆန်းနေသော်လည်း အမှန်တကယ်ဂရုမစိုက်ပေ။

"ငါတို့က တပည့်ရင်းတွေဖြစ်နေတာကြောင့် အနာဂတ်မှာ အချင်းချင်းတွေ့ဆုံကြဖိူ့ အခွင့်အလမ်းတွေအများကြီးရှိလာမှာပါ...ငါက ကိုယ့်ရဲ့ကံကြမ္မာကို တန်ဖိုးထားပြီးတော့ ကိုယ်လုပ်ချင်ရာကိုလုပ်တတ်သူတစ်ယောက်ပဲ"

လီယွမ်က ပြန်ဖြေလိုက်သည်။

"ဟားဟား...ဒါကအရမ်းအဓိပ္ပါယ်ရှိတယ်"

နင်ဟုန်ယုက ရှက်ရွှံ့နေခြင်းမရှိပေ။

စစ်မှန်သောအချစ်ဂူကောင်ပိုင်ရှင်တစ်ယောက်အနေဖြင့် သူမ၏ကိုယ်တိုင်ဆန္ဒအားဖော်ပြရသည်မှာ ရှက်စရာဟုမထင်ပေ။

လီယွမ်ကလည်း ဂရုမစိုက်ပေ။

ဂူသခင်တစ်ယောက်အနေဖြင့် ပင်မဂူကောင်များက ဂူသခင်များအပေါ်တွင် မည်မျှထိလွှမ်းမိုးနိုင်စွမ်းကြီးမားကြောင်း သူကောင်းစွာသိရှိထားပေသည်။အကြီးဆုံးစီနီယာအစ်မထံတွင် ကောင်းမွန်သောဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပေသည်။သူမသည် သူမကိုလက်ထပ်ပြီးနောက် သူမအပေါ်ဩဇာအာဏာလွှမ်းမိုးလာမည့်သူကို ရှာဖွေမည်မဟုတ်ကြောင်း သိသာပေသည်။

သူသာ ဧရာမဝိညာဉ်ဂူကောင်အား အသုံးပြုထားပါက ကြွယ်၀အားကောင်းသောသွေးချီစွမ်းအင်ကြောင့် သူ၏အတွေးများကိုထိခိုက်စေမည်ဖြစ်ကာ မောက်မာစွာဖြင့်ဟန်ဆောင်စကားများ ပြောမိမည်ဖြစ်သည်။

ထို့ကြောင့်သူသည် အကြီးဆုံးစီနီယာအစ်မကို အလွန်ပင်လေးစားပေသည်။

"ကောင်းပြီ...အဓိကအကြောင်းအရာကို ပြန်သွားကြရအောင်...အင်မော်တယ်ဂူလျှို့ဝှက်နယ်မြေမှာ ငါတို့သတိထားရမယ့် အချို့သောအကြောင်းအရာတွေကို ပြောပြပေးမယ်"

နင်ဟုန်ယုက တည့်တည့်မတ်မတ်ထိုင်ရင်း ပြောလိုက်သည်။

"ကောင်းပြီ"

လီယွမ်ကလည်း ထိုအကြောင်းကို အာရုံစိုက်ကာနားထောင်လိုက်သည်။

သူသည် အခြား‌သောထူးခြားဂူကောင်များကို ထိုနေရာတွင်ရှာနိုင်မရှာနိုင်ဟူသော သော့ချက်က ဤနေရာတွင်ရှိပေသည်။

"လွန်ခဲ့သောနှစ်ပေါင်း၃၀၀၀လောက်ကစပြီးတော့ ထျန်းယွမ်တိုက်ကြီးပေါ်မှာ တစ်ခါမှမပေါ်လာဖူးတဲ့ ဂူအင်မော်တယ်တစ်ယောက်ပေါ်လာဖူးတယ်...အဲ့ဂူအင်မော်တယ်က နန်းတော်၉ခုမှာ ညဏ်အလင်းရခဲ့ပြီးတော့ ဂူတာအိုကိုအသုံးပြုပြီး ကောင်းကင်တံခါးကိုဖွင့်လှစ်ခဲ့တယ်"

"နတ်ဘုရားရဲ့အလင်းရောင်နဲ့အင်မော််တယ်အလင်းတန်းတွေဟာ ကောင်းကင်တံခါးကနေဆင်းသက်လာပြီးတော့ မြေပြင်တစ်ခုလုံးကိုပုံသွင်းခဲ့ပြီးတဲ့နောက်မှာ လက်ရှိငါတို့သိထားတဲ့ ဂူအင်မော်တယ်လျှို့ဝှက်နယ်ပယ်ဖြစ်လာတာပဲ"

"ဂူအင်မော်တယ်လျှို့ဝှက်နယ်ပယ်ဟာ အဖိုးတန်တဲ့ဂူကောင်အမြောက်အများကို မွေးထုတ်ပေးနိုင်တဲ့ ကမ္ဘာပေါ်ကတစ်ခုတည်းသောနေရာဖြစ်ပြီးတော့ ထူးခြားဂူကောင်တွေကိုပါ မွေးထုတ်ပေးနိုင်တယ်...ဒါကနန်းတော်ကိုးခုဂူအသိုက်ရဲ့ ခိုင်မာတဲ့အမွေဆက်ခံမှုအုတ်မြစ်ဖြစ်တယ်"

နင်ဟုန်ယုက ပုံပြင်တစ်ပုဒ်ပြောပြသလိုမျိုး အေးအေးဆေးဆေးဖြင့် ပြောပြနေခဲ့သည်။

လီယွမ်သည် နင်ဟုန်ယု၏စကားကို ဂရုတစိုက်နားထောင်ရင်း သူ၏မျက်လုံးများက တောက်ပလာခဲ့သည်။

"ဂူအင်မော်တယ်လျှို့ဝှက်နယ်ပယ်က လျှို့ဝှက်နယ်မြေတစ်ခုဆိုပေမဲ့ တကယ်တမ်းကျ‌တော့ တောင်တွေပတ်လည်ဝိုင်းရံထားတဲ့ အလယ်ကရေကန်ကြီးတစ်ခုပေါ်မှာတည်ရှိတဲ့ သီးခြားကျွန်းငယ်တစ်ခုဖြစ်တယ်"

"ဂူအင်မော်တယ်ရဲ့ စိတ်ဆန္ဒဟာ ခုချိန်ထိကျွန်းပေါ်မှာရှိနေသေးတဲ့အတွက် သာမန်လူတွေက အဲနေရာမှာကြာကြာမနေနိုင်ကြဘူး"

"ပင်လယ်နယ်ပယ်အဆင့်စိတ်စွမ်းအားက မင်းကိုကျွန်းပေါ်မှာ အများဆုံး၇ရက်ပဲနေထိုင်ခွင့်ပြုတယ်...၇ရက်ကြာပြီးတဲ့နောက်မှာ မင်းထွက်ကိုထွက်လာရမယ်...အဲလိုမှမဟုတ်ရင် ဂူအင်မော်တယ်ရဲ့စိတ်ဆန္ဒကြောင့် မင်းဟာသနားစရာကောင်းတဲ့ပုံစံမျိုးနဲ့ ကျွန်းပေါ်မှာပဲ သေဆုံးသွားရလိမ့်မယ်"

"ဒီ၇ရက်အတွင်း ကျွန်းပေါ်မှာမင်းဘယ်လောက်ထိအခွင့်အရေးရှာဖွေနိုင်မလဲဆိုတာ မင်းအပေါ်မှာဘဲမူတည်တယ်"

နင်ဟုန်ယုက လေးနက်စွာရှင်းပြလိုက်သည်။

"သတိပေးလို့ ကျေးဇူးတင်ပါတယ်စီနီယာအစ်မ...ငါဒါကိုသေသေချာချာမှတ်ထားပါမယ်"

အချိန်၇ရက်သည် လီယွမ်အတွက် အလုပ်များစွာပြီးမြောက်ရန် လုံလောက်သောအချိန်ဖြစ်သည်။

"စီနီယာအစ်မ...ငါမေးစရာတစ်ခုရှိသေးတယ်...ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေမှာ ရှားပါးတဲ့ရတနာတွေအများကြီး ငါရရှိခဲ့မယ်ဆိုရင် ဂိုဏ်းကငါ့ကိုအပြစ်မပေးဘူးမဟုတ်လား"

"မင်းဘာတွေလျှောက်တွေးနေတာလဲ...မင်းအနေနဲ့ ရှားပါးတဲ့ရတနာအချို့ကို ရှာတွေ့ခဲ့ရင်ပြဿနာမရှိဘူး...ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေက မင်းလိုချင်တာတွေမှန်သမျှ ရွေး၀ယ်လို့ရနိုင်တဲ့ ဟင်းသီးဟင်းရွက်ဈေးတန်းတစ်ခုမဟုတ်ဘူး"

"ညီလေး...မင်းအရမ်းလောဘမတက်နဲ့...အရင်က၀င်ဖူးတဲ့သူတွေတောင် ရတနာ၅ခုထက်ပိုမရဘူး...ဘာမှမရခဲ့တဲ့သူတွေဆို တပုံကြီးပဲ..."

ဖေးလော့ချင်ကလည်း ၀င်ပြောလိုက်သည်။

မည်သူမဆို အဖိုးတန်ဂူကောင်များကို ကောက်ယူနေနိုင်မည်ဆိုပါက ဂူအင်မော်တယ်လျှို့ဝှက်နယ်ပယ်ကြီးတစ်ခုလုံး ခန်းခြောက်သွားပေလိမ့်မည်။ယခုတိုင် အနှစ်၃၀၀၀တည်မြဲနေမည်မဟုတ်ပေ။

"နားလည်ပြီ..."

လီယွမ်က သူ့စိတ်ထဲ၌ စွဲစွဲမြဲမြဲမှတ်ထားလိုက်သည်။

တူညီသောအချိန်အတိုင်းအတာ၌ သူသည်သာမန်ဂူသခင်တစ်ယောက်ထက် အဆများစွာပိုအမြတ်ရပေမည်။ထို့ကြောင့် သူသည်ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေသို့ မဖြစ်မနေ၀င်ရောက်မည်ဖြစ်သည်။

"ဒါက မင်းအတွက်မြေပုံဘဲ..."

နင်ဟုန်ယုက စက္ကူလိပ်တစ်ခုအား ထုတ်ယူလိုက်သည်။

"ဒါကအထီးကျန်ကျွန်းရဲ့ ယေဘုယျမြေမျက်နှာသွင်ပြင်ဘဲ...အချို့ရတနာတွေကြွယ်၀တဲ့နေရာတွေရယ်...အရမ်းကိုအန္တာရယ်များလွန်းတဲ့ ခြေမချသင့်တဲ့နေရာတွေကို မှတ်တမ်းတင်ထားတယ်"

"ငါနဲ့အတူ အခြားသူတွေရောရှိနေမှာလား"

လီယွမ်က မေးမြန်းလိုက်သည်။

"ဖြစ်နိုင်တယ်...န၀မနန်းတော်အပြင် အခြားနန်းတော်၈ခုမှာလည်း လျှို့ဝှက်နယ်ပယ်ရဲ့၀င်ပေါက်တွေရှိတယ်...သူတို့ဆီကလူတွေလည်း အထဲကို၀င်လာနိုင်တာကြောင့် မင်းကပိုပြီးတော့သတိထားရမယ်"

"ဘာကြောင့်လဲဆိုတော့ ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ အပြင်မှာရှိ‌တဲ့ငါတို့မသိနိုင်ဘူးလေ...ဒါကြောင့်အထဲမှာတွေ့တဲ့ လူတိုင်းကိုသတိထားတာအကောင်းဆုံးပဲ..."

နင်ဟုန်ယုက သတိပေးလိုက်သည်။

လီယွမ်သည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။သူသည် နင်ဟုန်ယု၏သတိပေးစကားများကို လျစ်လျူရှုကာ ပြင်ပမှလူများက ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေအတွင်း ဖြစ်ပျက်နေသည်တို့အား မသိရှိဟူသော စကားများကိုသာမှတ်မိနေတော့သည်။

…

All Chapters