← Chapters

ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေထဲ ၀င်ရောက်ခြင်း

Vol. 4 Ch. 60

ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေထဲ ၀င်ရောက်ခြင်း

Vol. 4 Ch. 60

မျက်စိတစ်မှိတ်အတွင်း အချိန်၃ရက်ကုန်ဆုံးသွားခဲ့သည်။

ဤအတောအတွင်း ယုဟွမ်းချွမ်၏အခြေအနေက သိသိသာသာကောင်းမွန်လာခဲ့ကာ သူ၏လက်နှင့်ခြေထောက်များကလည်း ယခင်ကထက်စာလျှင် ပိုမိုလှုပ်ရှားလာနိုင်ခဲ့သည်။

ထိုသည်ကိုကြည့်ခြင်းဖြင့် ယုဟွမ်းချွမ်၏အသိစိတ်သည် တဖြည်းဖြည်းနိုးထလာနေကာ မကြာခင်သတိပြန်ရတော့မည်ဟု ပြသနေခြင်းဖြစ်သည်။

"ရှင်သန်ထမြောက်ခြင်းတံတွေးက တော်တော်လေးထိရောက်ပုံရတယ်...ခုလိုစစ်ပွဲဖြစ်နေတဲ့ကာလမှာဆိုရင် ဒီရတနာကိုအရမ်းကိုမြင့်မားတဲ့ဈေးနှုန်းတစ်ခုနဲ့ ရောင်းချနိုင်မှာပဲ"

လီယွမ်က သူ့ကိုယ်သူတွေးလိုက်မိသည်။

လီယွမ်သည် ဆရာဖြစ်သူ၏အခြေအနေကို စစ်ဆေးပြီးနောက် စီနီယာအစ်မနင်ဟုန်ယုနှင့်အတူ န၀မနန်းတော်နယ်မြေသို့ ထွက်ခွာလာခဲ့သည်။

ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေသည် နန်းတော်၉ခုပူးပေါင်းအုပ်ချုပ်ရသော နယ်မြေထဲတွင် တည်ရှိပေသည်။

လီယွမ်သည် နန်းတော်၉ခုဂူအသိုက်၏ အခြေအနေကို အကြမ်းဖျင်းတွက်ချက်ကြည့်ခဲ့သည်။ဒုတိယမှသည် န၀မနန်းတော်ထိတိုင်အောင် နန်းတော်၈ခုက ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေ၏ ပတ်ပတ်လည်တွင်တည်ရှိနေကာ လမ်းကြောင်း၈ခုကိုပိတ်ဆို့ထားသည်။

ပထမနန်းတော်သည်ကား အလယ်ဗဟိုတွင်တည်ရှိကာ ရေကန်ကြီး၏အနီးဆုံးတွင်တည်ရှိနေခဲ့သည်။

ဤနည်းအားဖြင့် ဂူသခင်တို့၏မြင့်မြတ်နယ်မြေဖြစ်သော ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေသည် ပြင်ပအင်အားစုများ၏ကျူးကျော်ခြင်းကို ခံရလိမ့်မည်မဟုတ်ကြောင်း အာမခံနိုင်ပေသည်။

၆နာရီကြာပြီးနောက်...

သူတို့၂ယောက်သည် မြူများအုံ့ဆိုင်းနေသော ရေကန်အနားသို့ရောက်သွားခဲ့သည်။

ရေကန်ထဲတွင် အချိန်ပြည့်မြူအုံနေသောကြောင့် အစစ်နှင့်အတုကိုခွဲခြားမရပေ။လီယွမ်၏အမြင်အာရုံရောက်ရှိရာနေရာတိုင်းတွင် မြူမှုန်များကအုံ့ဆိုင်းနေခဲ့ပေသည်။

လှိုင်းပုတ်သံများက ညင်သာစွာထွက်ပေါ်နေခဲ့ကာ ရေကန်၏အဆုံးကိုမမြင်တွေ့ရ၍ ပင်လယ်ဟုခေါ်လျှင်ပင် ချဲ့ကားရာရမည်မဟုတ်ပေ။

"ဒါက‌ထိတ်လန့်ဖို့ကောင်းတယ်လို့မထင်ဘူးလား မောင်လေး..."

နင်ဟုန်ယုက ပြုံး၍မေးလိုက်သည်။

"ရှင်းကျန်းတောင်ပိုင်းဒေသက တောင်တန်းထောင်ချီရဲ့အလယ်မှာ ခုလိုကျယ်ပြောလှတဲ့ရှုခင်းတွေရှိနေလိမ့်မယ်လို့ ဘယ်တုံးကမှမမျှော်လင့်ထားဘူး...တောင်တန်းတွေကြား ကွယ်ဝှက်ထားတဲ့ပင်လယ်ပြင်က ရင်သပ်ရှုမောဖွယ်ပါဘဲ"

လီယွမ်က အော်ပြောလိုက်သည်။

"မင်းအဆင်သင့်ပြင်ထားလိုက်...သေချာမှတ်ထား...ဝိညာဉ်လိပ်ဂူကောင်က မင်းကျွန်းပေါ်ခြေချပြီး ၁၀ရက်ကြာတာနဲ့ပြန်လာခေါ်လိမ့်မယ်"

"၁၀ရက်ကြာပြီးမှ မင်းပြန်ထွက်မလာနိုင်ဘူးဆိုရင် မင်းသေသွားပြီလို့ အဓိပ္ပါယ်ရလိမ့်မယ်...အဲ့အချိန်ကျဝိညာဉ်လိပ်ဂူကောင်က ဒီကိုပြန်လာပြီး နောက်ဆုံးသတင်းကိုပေးလိမ့်မယ်"

"နောက်ဆုံးအနေနဲ့ပြောမယ်...ကျွန်းပေါ်ရောက်ရင် မင်းတတ်နိုင်တာပဲယူခဲ့...မင်းလောဘကြီးနေရင် ပြန်မလာနိုင်တော့ဘူး...ဆရာနဲ့ငါကမင်းကိုစောင့်နေမယ်"

ထိုသို့ပြောပြီးနောက်တွင် နင်ဟုန်ယုကလီယွမ်အားလှမ်း၍ ပွေ့ဖက်ထားလိုက်သည်။

"ဒီဂျူနီယာသေချာမှတ်ထားပါတယ်...ကျိန်းသေပေါက်ပြန်လာခဲ့ပါမယ်"

လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ..."

နင်ဟုန်ယုက ခေါင်းညိတ်ပြလိုက်ကာ သူမလက်ထဲရှိတိုကင်အား မီးရှို့လိုက်သည်။မကြာမှီ ၂မီတာအရှည်ရှိသော လိပ်ကြီးတစ်ကောင်က ရေကန်ထဲမှနေ၍ တွားတက်လာခဲ့သည်။

ဝိညာဉ်လိပ်ဂူကောင်အား ခေါ်ယူရန်အတွက် တိုကင်များအား နန်းတော်ကိုးခုဂူအသိုက်မှ ထိန်းချုပ်ထားသည်။၎င်းသည် ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေထဲသို့ ၀င်ရောက်နိုင်သော တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

"သွားတော့..."

နင်ဟုန်ယုက လက်ပြနှုတ်ဆက်လိုက်သည်။

"ပြန်တွေကြမယ် စီနီယာအစ်မ"

လီယွမ်သည် လိပ်၏ကျောပေါ်၌ရပ်လိုက်သည် ဝိညာဉ်လိပ်က ရေကန်ထဲသို့စတင်ရွေ့လျားလာခဲ့ပြီး အဖြူရောင်မြူခိုးများကြားတွင် လျင်မြန်စွာဖြင့် စတင်ပျောက်ကွယ်သွားခဲ့သည်။

"မောင်လေးရေ...ဘေးကင်းကင်းနဲ့ပြန်လာခဲ့ပါ..."

နင်ဟုန်ယုက ဆုတောင်းလိုက်သည်။

ဤဂျူနီယာမောင်လေးအား သူမအမှန်တကယ်သဘောကျပေသည်။သူသည် အလွန်ကိုထက်မြက်ကာ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်သည့်အတွက် သူမကလက်မလွှတ်လိုပေ။

မည်သို့ပင်ဆိုစေ သူမသည် ပိုမိုမြင့်မားသောအဆင့်တစ်ခုသို့ ရောက်ရှိလိုပါက လက်တွဲဖော်အစစ်အမှန်ကို ရှာဖွေလိုပါက သူမအတွက်မဖြစ်မနေလိုအပ်သောအရာဖြစ်သည်။

ထိုသို့မဟုတ်လျှင် သူမကဤအဆင့်၌ ထာ၀စဉ်ပိတ်မိနေမည်ဖြစ်သည်။

…

မြူခိုးများအကြားတွင် လီယွမ်ကတဖြည်းဖြည်းရွေ့လျားလာခဲ့ကာ လေနုအေးလေးများက သူ့အားဖြတ်သန်းတိုက်ခိုက်နေခဲ့သည်။

လီယွမ်သည် ဦးတည်ချက်ရေရေရာရာမပြောနိုင်တော့ပဲ လိပ်၏ကျောပြင်ပေါ်၌သာ ထိုင်လျက်လိုက်ပါလာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည်တဖြည်းဖြည်းကြီးထွားလာသော ဖိအားကိုခံစားခဲ့ရသည်။

"ဂူအင်မော်တယ်တစ်ယောက်ကျန်ရှိနေသေးတဲ့ဖိအားက အရမ်းကိုပြင်းထန်တာလား...နှစ်ပေါင်း၃၀၀၀ကြာတာတောင်မှ မပျက်စီးသေးဘူးပဲ"

လီယွမ်က အလွန်အံ့ဩသွားခဲ့ကာ စိတ်လှုပ်ရှားစွာဖြင့် နင်ဟုန်ယုပေးလိုက်သော မြေပုံအားထုတ်ယူလိုက်သည်။

မြေပုံပေါ်၌ သီးခြားကျွန်းငယ်ပေါ်တွင် မသွားရောက်သင့်သော အန္တာရယ်ဇုံ၃ခုအပြင် ရှားပါးရတနာများအား ပေါပေါများများထုတ်လုပ်ပေးနိုင်သော နေရာ၅ခုကိုမှတ်တမ်းတင်ထားပေသည်။

ခဏအကြာတွင် ဝိညာဉ်လိပ်ဂူကောင်၏အရှိန်က တဖြည်းဖြည်းနှေးကွေးလာခဲ့သည်။ထိုအခါ သီးခြားကျွန်းငယ်၏ ဝေဝါးသောအသွင်အပြင်က အဖြူရောင်မြူခိုးများကြားထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေမှထုတ်လွှတ်နေသော ကြီးကျယ်ခမ်းနားသောအော်ရာများက လီယွမ်၏မျက်နှာကို ရိုက်ခတ်လာခဲ့သည်။

လီယွမ်သည် လက်နှစ်ဖက်ကိုဖြန့်ကျက်ကာ အသက်ကိုခပ်ပြင်းပြင်းရှုရှိုက်၍ လိပ်၏ကျောပြင်ပေါ်မှ ခုန်ချလိုက်သည်။

လီယွမ်သည် ထူထပ်သောမြေဆီလွှာပေါ်တွင် ခြေချမိလိုက်သည်နှင့် ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေ၏ဖိနှိပ်မှုက သူ၏စွမ်းအားများကို အဆက်မပြတ်ဖိနှိပ်နေခဲ့သည်။

လီယွမ်က တစ်ချက်ချိန်ဆလိုက်သည်။

"ငါ့ရဲ့ခွန်အားနဲ့သာဆို ၁၀ရက်လောက်နေဖို့ ပြဿနာမရှိဘူး"

လီယွမ်သည် သာမန်ဆဌမအဆင့်ဂူသခင်တစ်ယောက်မဟုတ်ပေ။အလယ်အလတ်နယ်မြေအဆင့်တွင်ရှိနေသော သူ၏စိတ်စွမ်းအားသည် အဌမအဆင့်ဂူသူတော်စင်ဖြင့်ပင် နှိုင်းယှဉ်ရန်လုံလောက်နေသည့်အတွက် ၁၀ရက်ခန့်နေရန်ပင် ပြသနာမဟုတ်ပေ။

မည်သို့ပင်ဆိုစေ သူထိန်းထားနိုင်လျှင်တောင်မှ ၁၀ရက်အကြာတွင် ဤနေရာမှထွက်သွားရမည်ဖြစ်သည်။ထိုသို့မဟုတ်ပါက ဝိညာဉ်လိပ်ထွက်ခွာသွားပြီးနောက် သူသာကျွန်းပေါ်ပိတ်မိနေပါက အချိန်တစ်ခုကြာပြီးနောက် သေဆုံးသွားရမည်ဖြစ်သည်။

"အချိန်ကအဓိကဆိုတော့ စပြီးလှုပ်ရှားကြရအောင်..."

လီယွမ်သည် သူ၏စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်ရာ သူ၏အာရုံခံနိုင်သောအကွာအဝေးအား ကြီးမားလှသည့်အဖြူရောင်မြူခိုးထုက ကန့်သတ်ထားကြောင်းတွေ့ရှိလိုက်ရပြီး ပတ်လည်မီတာ၁၀၀ကိုသာ ‌အာရုံခံနိုင်ခဲ့သည်။

ထို့ကြောင့် အရေးပေါ်အခြေအနေအောက်တွင် အချိန်မှီတုံ့ပြန်နိုင်ရန် အနည်းငယ်ခက်ခဲပေသည်။

အဖြူရောင်မြူခိုးထု၏ပိတ်ဆို့မှုကြောင့် မြေပုံ၏အသုံး၀င်မှုက အလွန်ပင်လျော့ကျသွားခဲ့ရသည်။သို့ဖြစ်ရာ အခွင့်အလမ်းများအားရှာဖွေရန်အတွက် သူ၏ပုံမှန်စိတ်ခံစားချက်အတိုင်းလိုက်နာကာ တတ်နိုင်သမျှအားထုတ်ရတော့မည်ဖြစ်သည်။

ဤသို့ဖြင့် လီယွမ်သည် တနေကုန်အချိန်ယူရှာဖွေပြီးနောက် ညအချိန်သို့ရောက်ချိန်တွင် သူသည်လူပေါင်းဒါဇင်ချီ တစ်ပြိုင်နက်ပွေ့ဖက်နိုင်သော သစ်ပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရသည်။

"ဒါက ရတနာတွေကိုထုတ်လုပ်ပေးနိုင်တဲ့ နေရာ၅ခုထဲကတစ်ခုပဲ..."

ဤနေရာကို ဧရာမကျောရိုးသစ်ပင်ဟုခေါ်ပေသည်။မှတ်တမ်းများအရဆိုလျှင် ၎င်းသည်ရှားပါးသောဂူကောင်၆မျိုးနှင့်ဂူကောင်များအား မွေးမြူရာတွင်အသုံးပြုနိုင်သော ရတနာ၁၁မျိုးကို ထုတ်လုပ်ပေးသည်။

လီယွမ်သည် အဓိကအချက်များကို မှတ်သားထားပြီးဖြစ်သည်။ဧရာမကျောရိုးသစ်ပင်၏ ညာဘက်တွင် အလွန်အန္တာရယ်များသော ဖုတ်ကောင်အုတ်ဂူရှိပေသည်။

"ရှောင်ကိုင်ဝူမေ့ ထွက်လာခဲ့"

လီယွမ်က တိုးတိုးလေးရေရွတ်လိုက်ရာ သူ၏အ၀တ်အစားကြားပုန်းအောင်းနေသော ငါးရောင်ခြယ်မီးတောက်စပါးအုံးနှင့် ပင့်ကူဘုရင်မတို့ ထွက်ပေါ်လာခဲ့သည်။

"ရွှီ..."

"ကီ...ကီ"

ထိုဂူကောင်လေး၂ကောင်သည် ဤနေရာအားအလွန်သဘောကျပုံရကာ စိတ်လှုပ်ရှားနေပုံရပေသည်။

"ရှောင်ကိုင်...ရတနာတွေကိုခံစားလို့ရလား"

ငါးရောင်ခြယ်မီးတောက်စပါးအုံးသည် ရတနာများကို အာရုံခံစားရာ၌ အလွန်ပင်ထက်မြက်လွန်းးပေသည်။ထိုအကြောင်းကို နတ်ဆိုးရုပ်အလောင်းများအား ပြုပြင်နေစဉ်ကာလက မှန်ကန်မှုရှိကြောင်း လီယွမ်တွေ့ရှိခဲ့ပြီးဖြစ်သည်။

"ရွှီ..."

ရှောင်ကိုင်က ခေါင်းညိတ်ပြကာ တစ်နေရာကိုညွန်ပြလိုက်သည်။

ရှောင်ကိုင်၏ညွန်ပြမှုအတိုင်း သွားပြီးနောက်တွင် လီယွမ်သည်ချုံပုတ်တစ်ခုအတွင်း၌ အနီရောင်တောရိုင်းအသီးတစ်ဒါဇင်ခန့်ကို တွေ့လိုက်ရသည်။

(ပေါင်းစပ်ရန်ရွေးချယ်ထားသော အရာများ...)

လီယွမ်သည် ထိုအရာပေါ်အာရုံစိုက်လိုက်သည်နှင့် အချက်အလက်များက သူ့စိတ်ထဲ၌ထွက်ပေါ်လာခဲ့သည်။

(အိပ်မက်ရက်စ်ဘယ်ရီသည် အိပ်မက်သစ်ပင်အောက်တွင်သာ ပေါက်ရောက်တတ်‌ပြီး အလွန်ပင်အဆိပ်ပြင်းသော်လည်း မြွေများအတွက် အစွမ်းထက်သောအာနိသင်ရှိသည်)

"ကောင်းတယ်..."

လီယွမ်သည် ရှောင်ကိုင်အား ထိုရက်စ်ဘယ်ရီသီးများကို စားခိုင်းလိုက်သည်။

(ရွေးချယ်ထားသောဂူကောင်များမှာ - ငါးရောင်ခြယ်မီးတောက်စပါးအုံး၊အိပ်မက်ရက်စ်ဘယ်ရီ)

လီယွမ်သည် ရှောင်ကိုင်၏ဆင့်ကဲဖြစ်စဉ် အချိန်ကုန်သက်သာစေရန်အတွက် အနက်ရောင်အိုးကို တိုက်ရိုက်အသုံးပြုခဲ့သည်။

(သင်၏ပင်မဂူ‌ကောင်ဖြစ်သော ငါးရောင်ခြည်မီးတောက်စပါးအုံးသည် သိသာထင်ရှားသောစိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အသွင်ပြောင်းလဲမှုကိုခံစားခဲ့ရပြီး အသိညဏ်ပိုရှိလာခဲ့သည်)

"ရွှီ..."

လက်ရှိအခြေအနေတွင် ရှောင်ကိုင်သည်စကားမပြောနိုင်သေးသော်လည်း လီယွမ်သည်သူမနှင့်ဆက်သွယ်ရာတွင် ပိုမိုလွယ်ကူလာခဲ့ကာ သူမ၏အတွေးများကို ပိုမိုနားလည်လာခဲ့သည်။

ရှောင်ကိုင်၏စကားအရဆိုလျှင်

"သခင်...သခင်...ငါအရမ်းအစွမ်းထက်နေပြီ....ငါ့ကိုအမိန့်ပေးလိုက်ပါ"

"အိပ်မက်ရက်စ်ဘယ်ရီက အရမ်းကိုအစွမ်းထက်တာဆိုတော့ အိပ်မက်သစ်ပင်ကိုရော ငါသန့်စင်နိုင်မှာလား"

လီယွမ်သည် ခေါင်းကိုမော့ကြည့်လိုက်ရာ ကောင်းကင်ပေါ်၌ ထောက်တိုင်တစ်ခုသဖွယ် မြင့်မားသော သစ်ပင်ကြီးကိုတွေ့လိုက်ရသည်။အမြင့်သို့မီတာ၁၀၀ကျော်သွားသည့်တိုင် သစ်ပင်၏အခက်အလက်များကို မတွေ့ရပေရာ အိပ်မက်သစ်ပင်မည်မျှမြင့်မားကြောင်း တွေးကြည့်နိုင်ပေသည်။

"ဒါကိုသာပေါင်းစပ်နိုင်ရင် ငါတော့ကောင်းကင်ဘုံကိုတောင် ရောက်သွားနိုင်တယ်"

လီယွမ်၏မျက်လုံးများ၌ စိတ်ရှုပ်ထွေးမှုနှင့်မျှော်လင့်ချက်တို့အား မြင်တွေ့နိုင်ပေသည်။

(ဤအရာသည် တစ်စုံတစ်ယောက်၏ပိုင်ဆိုင်မှုဖြစ်၍ ပေါင်းစပ်ခြင်းသို့မဟုတ် ကြည့်ရှုခြင်းတို့ မလုပ်ဆောင်နိုင်ပါ)

လီယွမ်အံ့ဩသွားရသည်။ဂူအင်မော်တယ်၏ အလိုဆန္ဒတည်ရှိနေသည့်တိုင်အောင် အိပ်မက်သစ်ပင်က ပိုင်ရှင်ရှိနေသည်လား...

"ထားလိုက်ပါ...မဖြစ်နိုင်တာကိုအတင်းမလုပ်ချင်ဘူး...ရှောင်ကိုင်ဆက်ရှာတော့"

လီယွမ်က သူ့ကိုယ်သူနှစ်သိမ့်လိုက်သည်။

ဤသို့ဖြင့် လူတစ်ယောက်နှင့်ဂူကောင်၂ကောင်သည် ဧရာမကျောရိုးသဏ္ဍာန်သစ်ပင်၏နယ်မြေတွင် မြေလှန်သကဲ့သို့ ရတနာများကို အဆက်မပြတ်ရှာဖွေစုဆောင်း၍ သန့်စင်နေခဲ့သည်။

နေ့ရောညပါကုန်ဆုံးသွားပြီးနောက်တွင် လီယွမ်သည် ထူးခြားဂူကောင်၏အရိပ်အယောင်ကို မထင်မှတ်ဘဲတွေ့ရှိလိုက်ရသည်။

ထိုအခိုက်အတန့်တွင် လီယွမ်၏မျက်လုံးများက တောက်ပသွားခဲ့ရသည်။ထိုအရာက သူဤနေရာသို့လာရသည့် ရည်ရွယ်ချက်ဖြစ်သည်။

ထူးခြားဂူကောင်၃ကောင်နှင့် အဆင့်တူညီသော ရှားပါးသောရတနာများစွာဖြင့်ဆိုလျှင် သူသည် ထူးခြားဂူကောင်အား အောင်အောင်မြင်မြင် ပေါင်းစပ်နိုင်ခြေရှိပေသည်။

ဤသို့ဖြင့်သူကာလကြာရှည် စောင့်မျှော်ခဲ့ရသော လျှို့ဝှက်ဆန်းကြယ်မှုကို ထုတ်ဖော်တော့မည်ဖြစ်သည်။

…

Thank For Reading.

All Chapters