← Chapters

ခေါင်းဖြတ်ခြင်း ... ။

Vol. 46 Ch. 541

ခေါင်းဖြတ်ခြင်း ... ။

Vol. 46 Ch. 541

“ ငါ့သင်္ချိုင်းနေရာလား ... ။ ”

ရီရွှမ်တစ်ယောက် အမူအရာ အနည်းငယ်ပြောင်းသွားပြီး ကိုယ့်ကိုယ်ကိုယ် သရော်လှောင်ပြောင်ကာ၊

“ ကြယ်တာရာထောင်မှူးတောင် ... ငါ့ကိုမသတ်နိုင်ခဲ့ဘူး ဒါပေမယ့် ငါ့ရဲ့သားမြေး တစ်ယောက်က ...

... ငါ့ကို ဒီမှာသတ်ပစ်မယ်လို့ ခြိမ်းခြောက်နေတယ် ဘယ်လောက် ရယ်စရာ ကောင်းလိုက်လဲ။ ”

-ဟု ရေရွတ်လိုက်၏။

သူ့မျက်လုံးများ မှေးစင်လာပြီး ခံစားချက်များ ထိန်းမနိုင်သိမ်းမရ ဖြစ်လာ တော့သည်။

ဤစကားများသည် တာအိုဝတ်လုံ အမျိုးသားနှင့်အဖွဲ့ကို မျက်မှောင်ကြုတ်သွား စေခဲ့သည်။ ဝတ်လုံနီအဘိုးအိုက ရှုတ်ချတဲ့အကြည့်ဖြင့်၊

“ ဒီသူတောင်းစားအဘိုးကြီးက ရူးနေတာတော့ မဟုတ်လောက်ဘူး မဟုတ်လား ... ။ ”

-ဟု အံ့သြတကြီးရေရွတ်သည်။

“ အကြီးအကဲကူ ... သူတို့ကို မြန်မြန် ဖယ်ရှားလိုက်ပါ မဟုတ်ရင် ဘိုးဘေးရုပ်ကြွင်းကို ဆုံးရှုံးရလိမ့်မယ်။ ”

တစ်စုံတစ်ယောက်မှ အကြံပြု၏။ တာအိုဝတ်ရုံဝတ် အမျိုးသားက အေးစက်သော အကြည့်ဖြင့်၊

“ ငါ သုံးအထိ ရေတွက်မယ်။ ”

-ဟု ကြေငြာလိုက်သည်။

ဤအခိုက်အတန့်တွင် လေထုသည် ရုတ်တရက် အလွန်အမင်း ဖိအားတိုးလာခဲ့၏။

“ သခင်လေးစုရီ မြန်မြန်ထွက်သွားပါ။ ”

ရွှမ်ကျစ်က စိုးရိမ်စွာ သတိပေးလေသည်။ ရီရွှမ်မှ နားမကြားတော့သကဲ့သို့ ဆုတ်ခွာလျက် သူ့မျက်လုံးရှေ့တွင် ဖြစ်ပျက်နေသမျှကို လျစ်လျူရှုသွား၏။

“ ဒီကမ္ဘာကြီးမှာ ငါအမုန်းဆုံး လူက ဆရာနဲ့ဘိုးဘေးအပေါ် သစ္စာဖောက်တဲ့ လူတွေ ပါပဲ။ ”

စုရီမှ ပြောကြားလိုက်သည်။ သူ့စကားလုံးများတွင် ပေါ့ပေါ့ပါးပါးနှင့် ခံစားချက် ကင်းနေ၏။

တာအိုဝတ်လုံ ဝတ်ထားသော အမျိုးသားခမျာ မျက်နှာတင်းမာလာပြီး၊

“ တစ် ... ။ ”

-ဟု စတင်ရေတွက်လိုက်၏။

စုရီမှ စောင့်မျှော်နေခြင်း မပြုချေ။ ရှေ့သို့ လျှောက်လှမ်း၏။ ကျောက်စိမ်းရောင် ဝတ်ရုံများ တဖျပ်ဖျပ်ခတ်လျက် ရောင်ဝါများ ထွက်ပေါ်လာချေပြီ။

ဤမြင်ကွင်းကို မမျှော်လင့်ထား သောကြောင့် တာအိုဝတ်ရုံဝတ် အမျိုးသားက မျက်ခုံးပင့်လိုက်သည်။

ထိုသို့သော အခြေအနေမျိုးတွင် တစ်ဖက်လူသည် မည်သို့ အရေးယူဝံ့မည်နည်း။ သို့သော် များစွာ ဂရုမစိုက်ချေ။

တစ်ဖက်လူသည် လူငယ်တစ်ယောက် ဖြစ်သည်ကို ကောင်းစွာ သိထား၏။ ထို့ကြောင့် သူ့ကိုခြောက်​လှန့်ရန် အားနည်းနေသေးသည်။

“ နှစ် ... ။ ”

နံပါတ်စဉ် ရေရွတ်သံသည် မိုးခြိမ်းသံကြီးကဲ့သို့ ဝိညာဉ်ကိုတုန်ခါစေ၏။ စုရီမှရပ်တန့်သွားကာ လျစ်လျူရှုလွန်းသည့် အရိပ်အယောင်ဖြင့် စိုက်ကြည့်လာသည်။

“ သုံး ... ။ ”

ထို့နောက် ရေတွက်သံဆုံးသည်နှင့် တာအိုဝတ်ရုံဝတ် အမျိုးသားသည် မဆိုင်းမတွ လှုပ်ရှားတော့၏။

“ ဝှစ် ... ။ ”

ယင်းသည် လက်သီးတစ်ချက်မျှသာ ဖြစ်သော်လည်း အကန့်အသတ်မဲ့ သတ်ဖြတ် လိုခြင်း ရောင်ဝါများ ပြည့်နှက်နေသည်။

နီမြန်းသော အရိုးစုထောင် ပေါင်းများစွာသည် သွေးမြစ်ထဲလွင့်ပျံလျက် လက်သီးနှင့်အတူ လိုက်ပါလာ၏။

“ သွေးဝိညာဉ်သန့်စင်ခြင်း လက်သီး။ ”

သွေးမြစ်၏ အဓိပ္ပါယ်မှာ ဝိညာဉ်များဖြင့်ပြည့်နှက်နေသော ဒိုမိန်းတစ်ခု ဖြစ်သည်။

ရန်သူထံထိမှန်သည်နှင့် လွတ်မြောက်ရန် မဖြစ်နိုင်တော့ဘဲ ထိုသွေးမြစ်အတွင်း ပိတ်မိကာ ဝိညာဉ်နှိပ်စက်ခံရပေမည်။

ရွှမ်ကျစ်နှလုံးသား တုန်လှုပ်သွား၏။ အကြီးအကဲကူသည် စုရီကို တစ်ချက်တည်းဖြင့် သတ်လိုနေသည်မှန်း မြင်နိုင်သည်။

ဆယ်ပေအကွာတွင် စုရီသည် ရှောင်တိမ်းခြင်းမရှိဘဲ ရှေ့သို့ ဆက်လျှောက် နေခဲ့သည်။

သွေးမြစ်လက်သီး သူ့ထံ ရောက်ရှိလာသောအခါ တာအိုကျက်သရေများ ရုတ်ချည်း ထွက်ပေါ်လာ၏။

ဒြပ်စင်ငါးပါး လှည့်ပတ်လျက် ယင်နှင့် ယန်ပေါင်းစပ်ကာ လေနှင့်မိုးကြိုးများ လိုက်ပါ လာတော့သည်။

“ ဘုန်း ... ။ ”

သွေးမြစ်သည် ထိုတံဆိပ်နှင့် တိုက်မိသောအခါတွင် ကြိတ်ဆုံကျောက်၌ အကြိတ်ခံလိုက်ရကဲ့သို့ ပေါက်ကွဲသွား၏။

တာအို၀တ်စုံဝတ် အမျိုးသားခမျာ အကြည့်များမှေးစင်းစွား၏။ လပေါင်းများစွာ ပျောက်ကွယ်နေခဲ့ရာမှ ထွက်ပေါ်လာချိန်တွင် ဤစုရီသည် ဝိညာဉ်ထင်ရှားခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

" သူဒီလောက် ယုံကြည်မှု ရှိနေတာ မထူးဆန်းတော့ပါဘူး ... ။ ”

လွန်ခဲ့သည့် လအနည်းငယ်က ကြယ်စုစည်းခြင်း အဆင့်ဖြင့် ဟွမ်ရှောင်ယုနှင့် အခြားသော နတ်ဆိုးကိုးကောင်ကို နှိမ်နင်းနိုင်ခဲ့သည်။

ယခု ဝိညာဉ်တာအိုနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် ခွန်အားတိုးပွားနေမည်မှာ သဘာဝပေပင်။

“ ဟမ့် ... ။ ”

တာအိုဝတ်ရုံဝတ် အမျိုးသားသည် အေးစက်စွာ အော်ဟစ်လျက် လက်ကိုဆန့်ကာ သွေးစွန်းနေသော နှစ်မီတာရှည်သည့် မြွေပွေးလှံတစ်စင်း ထုတ်ယူလိုက်သည်။

“ ဝှစ် ဝှစ် ဝှစ် ... ။”

လေထဲပြင်းစွာ လွှဲရမ်းလျက် တုန်လှုပ်ချောက်ချားဖွယ် ရောင်ဝါများ ထွက်လာစေ၏။

ရက်စက်ကြမ်းကြုတ်သော လူသတ်ရောင်ဝါသည် လေဟာနယ်ကို ကြေမွစေသည်။

ငရဲကောင်းကင်မြွေလှံ။ ဤသည်မှာ မွေးရာပါဝိညာဉ်ရတနာဖြစ်ပြီး ကောင်းကင်သံ ကီလိုဂရမ် (၃၀၀၀၀)ဖြင့် သွန်းလုပ်ခဲ့၏။

၎င်းသည် မကောင်းသောဝိညာဉ်များကို စုပ်ယူထားသည်မှာ နှစ်ပေါင်း(၃၆၀)တိုင်ချေပြီ။ ဤရတနာများ ပေါ်လာသည်နှင့် တပြိုင်နက် ငရဲကမ္ဘာကြီး ဖြစ်စဉ်လိုက်ပါလာ၏။

တာအိုဝတ်ရုံဝတ် အမျိုးသားသည် ခွန်အားအကုန်အစင် အသုံးပြုလိုက်ကြောင်းကို မည်သူမဆို မြင်နိုင်သည်။

“ စွပ် ... ။ ”

သို့သော် မြွေလှံသည် စုရီရှေ့သို့ ထိုးဖောက်လိုက်သောအခါတွင် ပင့်ကူမျှင်တွင် တွယ်ကပ်နေသော ပိုးကောင်တစ်ကောင်ကဲ့သို့ ရပ်တန့်သွား၏။

မဟာတာအိုအလင်းစက်ဝန်း လှည့်လည် လာသည်နှင့်အမျှ ကောင်းကင်မြွေလှံရှိ အဖျက် စွမ်းအားများ ပျက်ပြယ်ကုန်သည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

တာအိုဝတ်ရုံဝတ် အမျိုးသားခမျာ နှလုံးသားတစ်ခုလုံး အေးခဲသွားတော့သည်။ ဤတိုက်ခိုက်မှုသည် အဆင့်တူ ပြိုင်ဘက်ကို သတ်ရန် လုံလောက်၏။

ယခုမူ ဝိညာဉ်ထင်ရှားခြင်းအဆင့် လူငယ်တစ်ဦး၏ အကာအကွယ်အလွှာကိုပင် ချိုးဖျက်၍ မရခဲ့ချေ။

ထိုအချိန်တွင် သူနှင့် သုံးမီတာသာ ကွာဝေးသောစုရီသည် အဆုံး၌ညာလက်ကို ဆန့်ကာ ခုတ်ချလာပြီဖြစ်သည်။

“ ဟမ့် ... ။ ”

ကြည်လင်သော အလင်းရောင်နှင့် မဟာတာအိုများ တံဆိပ်မှဆင်းသက်လာပြီး တာအိုဝတ်လုံနှင့်အမျိုးသားထံ ဖိနှိပ်တော့၏။

“ ချိုးဖြတ် ... ။ ”

တာအိုဝတ်ရုံဝတ် အမျိုးသားက မြွေပွေးလှံကို လေထဲသို့ ထိုးသွင်းလိုက်ကာ စုရီ လက်ဖဝါးပေါ် ဟန့်တားလေသည်။

“ ဝှစ် ... ။ ”

လက်ဖဝါးကြီးသည် ကောင်းကင်မှ ဆင်းသက်လာပြီး လမ်းကြောင်းအားလုံးကို ဖုံးအုပ်ထား၏။ ယင်းက ရှောင်တိမ်းရန် ခက်ခဲစေသည်။

“ ..... ။ ”

လက်ဖဝါးအောက်တွင် မြွေလှံသည် ပကတိမျက်စိဖြင့် မြင်သည်အထိ ကွေးညွတ် လာပြီး ဆက်၍နိမ့်ဆင်းလာ၏။

“ ခရစ် ... ။ ”

တာအို ၀တ်စုံဝတ် အမျိုးသားခမျာ သွေးများပွက်ပွက်ဆူလာပြီး တစ်ကိုယ်လုံး တုန်ရင်လျက် အံကြိတ်ထားသည်။

“ ဝုန်း ...။ ”

မြွေလှံသည် ဖိအားကိုမခံနိုင်တော့ဘဲ အပိုင်းအစများအဖြစ် ပေါက်ကွဲသွားတော့၏။ ဤအခြေအနေ၌ သူ့အတွက် ရှောင်တိမ်းရန် နောက်ကျသွားပြီဖြစ်သည်။

“ ဘုတ် ... ။ ”

အဆုံးတွင် တာအို၀တ်စုံဝတ် အမျိုးသားသည် ပေါက်ကွဲမှုကြီးနှင့်အတူ မြေပြင်ပေါ် ပြုတ်ကျသွား၏။

မြေပြင်မှ ဖုန်မှုန့်များ ထွက်လာကာ အရိုးမည်မျှ ကျိုးသွားမည်ကို မသိတော့ချေ။ သူ့အသားနှင့် သွေးများ မွှစာကျဲနေ၏။

သူသည် ဝိညာဉ်ပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့် အကြီးအကဲလေးပါးအနက်မှ တစ်ပါးဖြစ်သော ကူယွမ်ရှင်းဖြစ်သည်။

ယနေ့ကမ္ဘာကြီးတွင် သူကဲ့သို့သော တစ်စုံတစ်ယောက်မှာ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်ချေ၏။ ယခုမူ သာမန် လက်ဖဝါးကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားချေပြီ။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... မင်းဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက် နေရတာလဲ။ ”

အာမေဋိတ်များနှင့်အတူ ၀တ်လုံနီ အဘိုးကြီးအပါအဝင် လူတိုင်း အမူအရာများ ပြောင်းသွားကြသည်။

အကြီးအကဲကူ ကဲ့သို့သော တစ်စုံတစ်ယောက်သည် လူငယ်တစ်ယောက်ထံ ရှုံးနိမ့်သွားလိမ့်မည်ဟု မမျှော်လင့်ထားချေ။

“ ဂျွတ် ... ။ ”

ထိုအချိန်တွင် စုရီသည် ကူယွမ်ရှင်းမျက်နှာပေါ်သို့ တက်နင်းကာ ဖြတ်လျှောက်သွား၏။

“ ဘောင်း ... ။ ”

ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲလျက် သွေးများနှင့်အရည်ကျဲကျဲများ လွင့်စဉ်ကုန်၏။ ဦးခေါင်းကြေမွနေသော ထိုခန္ဓာကိုယ်ကြီးသည် ပြင်းစွာတုန်ခါနေပြီးနောက် အဆုံး၌ လုံးဝ မလှုပ်မယှက်ဖြစ်သွားသည်။

ရီရွှမ်၏ အတွေ့အကြုံသည် စုရီအတွက် သစ္စာဖောက် တပည့်များကို ပြန်၍အမှတ်ရ၏။ ထို့ကြောင့် ရီရွှမ်သည် ဤလူများအပေါ် မည်မျှ မုန်းတီးနေမည်ကို နားလည်သည်။

ထို့ကြောင့် စကားပြောရန် ပျင်းရိလာကာ လက်စသပ်လိုက်ခြင်းဖြစ်၏။ စုရီက ဆက်၍ လျှောက်လှမ်းသွားနေသည်။

“ မြန်မြန် ဒီကောင်လေးကို အတူတူ သတ်ရအောင်။ ”

အနီရောင်ဝတ်ရုံနှင့်အဖိုးအိုမှ ချက်ချင်း အမိန့်ပေးကာ အခြားသော သုံးဦးသည်လည်း လက်နက်များထုတ်ယူလာကြ၏။

ပိန်ပိန်ပါးပါး အဘွားအိုတစ်ယောက်သည် ကျောက်စိမ်းပေတံ အသက်သွင်းပြီး ရောင်ဝါကို လွင့်ပျံလာစေသည်။

“ အသက်ဝင် ... ။ ”

မုတ်ဆိတ်မွှေးဖြင့် အမျိုးသားသည် ပါးစပ်ကိုဖွင့်ကာ အနက်ရောင် အရိုးဓားကို ထွေးထုတ်ကာ အနက်ရောင်မီးလျှံများ တဟုန်းဟုန်း တောက်လောင်စေသည်။

“ ချွင် ... ချွင် ... ။ ”

နောက်ဆုံးတစ်ယောက်သည် ကလေးငယ်ကဲ့သို့ အရပ်အမောင်းမျိုးရှိသော လူပုလေးဖြစ်၏။

ထိုလူပုလေးသည် ငွေရောင်လှံတို နှစ်စင်းကိုထုတ်ကာ လက်တစ်ဖက်စီတွင် ကိုင်ဆောင်ထားသည်။

“ ထန် ... ထန် ... ။ ”

လှံအချင်း ရိုက်ခတ်ပြသောအခါ မိုးခြိမ်းသံများပဲ့တင်ထပ်လျက် လျှပ်စီးများ တောက်လောင်လာ၏။

အနီဝတ်အဘိုးအို၏ လက်၌မူ လေးထောင့်သဏ္ဍန် မီးခိုးရောင်တံဆိပ်တစ်ခု ထွက်ပေါ်လာ၏။

တံဆိပ်၏ အောက်ခြေတွင် ရှေးခေတ်အက္ခရာဖြင့် ‘မကောင်းမှုငရဲ’ဟူသော စာလုံးသေးသေးလေး နှစ်လုံးကို ရေးထွင်းထားသည်။

တစ်ခဏတာအတွင်း ကမ္ဘာကြီး တုန်လှုပ်သွားကာ အနက်ရောင် မီးခိုးငွေ့များ သိပ်သည်းလာ၏။

“ သတ် ... ။ ”

လေးဦးသား မဆိုင်းမတွ တိုက်ခိုက်ရန် ပြေးဝင်လိုက်ကြ၏။ ထိုအချိန် ကောင်းကင်နှင့် မြေကြီးမှာ အမှောင်ဖုံးသွားသည်။

တာအိုတံဆိပ်၊ ကျောက်စိမ်းပေတံ၊ လှံတိုနှင့်အရိုးဓားတို့သည် ကောင်းကင်ယံကို ဖြတ်ကျော်ပျံသန်းကာ ပြင်းထန်သော စွမ်းအားကို ပြသလာ၏။

သူတို့နှင့်အတူ အဖျက်စွမ်းအားကို သယ်ဆောင်လျက် ဖြစ်စဉ်များအားလုံး စုရီထံ ပြိုကျသွားသည်။

“ ဘန်း ... ဘန်း ... ။ ”

ထိုမြင်ကွင်းသည် ကြောက်စရာ ကောင်းလွန်း၏။ အမှောင်နတ်မိစ္ဆာတောင်ကြီး တုန်လှုပ်သွားကာ ကျောက်တုံးများ ပြိုကျပျက်ပြယ်ကုန်သည်။

ထိုမျှ ပြင်ထန်းသော ထိတ်လန့်စရာကောင်းသည့် မြင်ကွင်းအပေါ် ရီရွှမ်မှ အသက်မဲ့စွာ ငေးကြည့်နေ၏။

“ ရွှီ ... ။ ”

ထိုစဉ် စူးရှသော ဓားအလင်းတစ်လက် စုရီထံမှ ထွက်ပေါ်လာ၏။ လူတိုင်း၏မျက်ဝန်း၌ နာကျင်ကိုက်ခဲမှု ခံစားလာခဲ့ရပြီး ကြောက်ရွံ့ ထိတ်လန့်သွားကြသည်။

အကန့်အသတ်မရှိသော ဓားရည်ရွယ်ချက်နှင့် သတ်ဖြတ်ခြင်းများ နေရာတိုင်းတွင် ပြည့်နှက်နေ၏။

“ ဝှစ် ... ။ ”

ထိုဓားပြုတ်ကျလာသောအခါ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ၏ တန်ခိုးသည် အချည်းနှီးဖြစ်သွားသည်။

ယင်းသည် ကင်းဗတ်စကို နှစ်ခြမ်းခွဲလိုက်သကဲ့သို့ ကြီးကျယ်ခမ်းနားသော အလင်းရောင်တစ်ခုအဖြစ် ပေါက်ကွဲ ထွက်လာ၏။

မရဏငရဲနန်းတော်၏ ကျွမ်းကျင်သူများသည် မုန်တိုင်းအတွင်း ကျရောက်နေသော သစ်ရွက်များကဲ့သို့ လွင့်မျောသွားကြသည်။

“ အဟွတ် ... အဟွတ် ... ။ ”

အချို့သည် ပြင်းစွာဒဏ်ရာရလျက် ချောင်းဆိုးသွေးအန်ကာ အရေပြားများတွင် စုတ်ပြဲပွန်းပဲ့ကုန်တော့သည်။

ယင်းသည် အဆုံးမဟုတ်ချေ။ ပေပေါင်းထောင်ချီမြင့်မားသော တောင်တန်းနှင့် မြစ်ချောင်းများသည်လည်း ပြင်းစွာ လှုပ်ခါသွားတော့၏။

“ ဝုန်း ... ။ ”

***

All Chapters