← Chapters

မာနကြီးတယ် ... ။

Vol. 46 Ch. 544

မာနကြီးတယ် ... ။

Vol. 46 Ch. 544

“ တတိယအစ်ကို မင်းဘာလို့ မလှုပ်ရှားရတာလဲ ကံကောင်းရင် သူကိုသတ်ဖို့ အခွင့်အရေး ရကောင်းရနိုင်ပါတယ်။ ”

မီးတောက်ဝတ်စုံဝတ်ထားသည့် လူရွယ်‌ဘေးသို့ အမျိုးသမီးတစ်ဦးရောက်လာပြီး သည်းမခံနိုင်ဘဲ မေးသည်။

အခြားသူများမှလည်း သူမ မေးခွန်းကို စိတ်ဝင်စားလာ၏။ အစောပိုင်းက စုရီကိုဖမ်းပြီး လက်စားချေရန် တိုင်ပင်ခဲ့သည်။

သို့သော် မီးလျှံဝတ်လုံဝတ် လူရွယ်မှ ငြင်းပယ်၏။ ကျန်းယွင်ထောင် တစ်ယောက် အေးစက်သော ချွေးများစီးကျလာသည်။

ထိုမှသာလျှင် ဤလူများသည် စုရီကို ဖမ်းဆီးရန်အကြံအစည်ရှိထားပြီး ဖြစ်ကြောင်း သဘောပေါက်လာ၏။

“ စုရီက ဝိညာဉ်ထင်ရှားခြင်းအဆင့်ကို ရောက်နေပြီ။ ”

ရုတ်တရက် ချွယ်အိုမှ တုန့်ပြန် ပြောကြားသည်။ ဤသည်မှာ မီးလျှံဝတ်လုံနှင့် လူရွယ်ပခုံးပေါ်ရှိ ငွေရောင်စာငှက်ဖြစ်၏။

၎င်း၏ ​ငွေရောင် အတောင်ပံများကို ဖြည်းဖြည်းချင်း ခါထုတ်လျက် နှုတ်သီး​ဖြင့် ဖြီးသင်ကာ၊

“ သူ့ရဲ့ အငွေ့အသက်က အရမ်းထူးဆန်းတယ် ခွန်အားအစစ်အမှန်ကို ဖုံးကွယ်ထားမှာ သေချာတယ် မင်းတို့ သူ့ကို တိုက်ခိုက်ရင် ​သေချာပေါက် ဒုက္ခရောက်လိမ့်မယ်။ ”

လူတိုင်း အံ့ဩသွားကြ၏။ ဤငွေရောင်စာကလေးသည် တိမ်စာကလေး ဟုခေါ်သော ရှေး​ဟောင်းမျိုးစိတ်ဖြစ်သည်။

လက်ဖဝါးအရွယ်အစားမျှသာ ရှိနေသော်လည်း ဝိညာဉ်တာအိုနယ်ပယ်ရှိ အစွမ်းထက်သော အကြီးအကဲတစ်ဦးဖြင့် ယှဉ်နိုင်ချေပြီ။

ထူးခြားပြီး အစွမ်းထက်သော လျှို့ဝှက်နည်းစနစ်များစွာကို ပိုင်ဆိုင်ထားပြီး အတွေ့အကြုံရှိချေ၏။

သွမ့်ကူမျိုးနွယ်ရှိ သြဇာကြီးမားသော အကြီးအကဲများသည်ပင် ဤချွယ်အိုအပေါ် အသိအမှတ်ပြု လေးစားကြသည်။

စုရီသည် ကြယ်စုစည်းခြင်းအဆင့်ဖြင့် ဝိညာဉ်ထင်ရှားခြင်းအဆင့်မှ လူတိုင်းအပေါ် ကြက်သတ်သလိုမျိုး သတ်ခဲ့၏။

ယခု မည်မျှ အစွမ်းထက်နေမည်ကို မတွေးဆနိုင်တော့ချေ။ ဤအခိုက်အတန့်တွင် သရဲဒိုမိန်းမှ ထွက်လာသော လူတစ်စုသည် သတင်းစကားတစ်ခုကို ဖြန့်ကားနေ၏။

“ စုရီက ဓားတောင်တန်းရဲ့ တပည့်ချူယွင်ကို သတ်ပစ်လိုက်ပြီ။ ”

“ ဟမ့် ... ဒါအမှန်လား။ ”

“ လုံးဝအမှန်ပဲ ... ဒီအဖြစ်အပျက်ကို ကွမ်တျန်းရှန်က သက်သေခံနိုင်တယ် အနားမှာ ယွီရှင်းရှန်နဲ့ စွင်းရှောင်လျူတို့လို လူတွေတောင် ရှိနေသေးတယ်။ ”

“ ဟမ့် ... ဒီစုရီက မဟာရှကနေ ထွက်ပြေးသွားတယ်လို့ ကောလဟာလတွေ ရှိနေတာမဟုတ်လား အခု သူပြန်ပေါ်လာတာနဲ့ လူသတ်ပြီး မဟာရှကို လှိုင်းထန်စေတော့မယ်။ ”

ထိုသတင်းများကြောင့် မီး​လျှံဝတ်လုံ ဝတ်ထားသည့် လူရွယ်နှင့် အခြားသူများသည် မျက်လုံးများပြူးကုန်၏။

ချူယွင်ဟူသည် ကြယ်ပွင့်စာရင်းတွင် အဆင့်(၇၉)ရှိသော ထိပ်တန်းပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် စုရီ သတ်ဖြတ်ခြင်းခံခဲ့ရ၏။ ယင်းသည် သွမ့်ကူမိသားစုဝင်များကို အနည်းငယ် စိတ်သက်သာရာရစေသည်။

ထိုစဉ်က ချွယ်အိုစကားကို နားမထောင်ဘဲ တိုက်ခိုက်သော် အကျိုးဆက်သည် ခြားနားမည် မဟုတ်ချေ။ ကြောက်စရာ ကောင်းပေမည်။ ချွယ်အိုမှ ခေါင်းမော့လိုက်ပြီး၊

“ ဒီကိစ္စ သွမ့်ကူဖန်းကို တတ်နိုင်သမျှ အမြန်ဆုံး အကြောင်းကြားပါ ဒါမှ သူ့ရန်သူကို လျှော့မတွက်ဘဲ အစီအမံတွေ ချနိုင်မယ်။ ”

-ဟု အမိန့်ပေးလိုက်သည်။

လူတိုင်းက ခေါင်းညိတ်လိုက်ကြ၏။ သူတို့မသိသေးသည်မှာ မရဏငရဲနန်းတော်၏ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျွမ်ကျင်သူများ သည်ပင် အသတ်ခံခဲ့ရခြင်းပေပင်။

လပေါင်းများစွာ ပျောက်ကွယ်နေသော စုရီသည် သရဲဒိုမိန်းတွင် ဓားတောင်တန်းတပည့် ချင်းယွင်ကိုသတ်ခြင်းဖြင့် ပြန်၍ ထွက်ပေါ်လာတော့သည်။

မရဏငရဲနန်းတော်အတွင်း မှောင်မိုက်နေသော အခန်းထဲတွင် လေထုသည် တင်းကြပ်နေ၏။

“ ငါတို့ဂိုဏ်းတည်ထောင်သူလို အယောင်ဆောင် ခဲ့ရုံသာမကဘူး ... ငါတို့ရဲ့ ဝိညာဉ်ပေါင်းစည်းခြင်း အကြီးအကဲ ...

... ငါးယောက်ကိုလည်း သတ်ပစ်တယ် ... ဘိုးဘေး အကြွင်းအကျန်ကိုလည်း ခိုးယူဝံ့တယ် သူ ဘယ်လောက် သတ္တိရှိနေလဲ။ ”

ခန်းမအလယ်တွင် ထိုင်နေသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ကြေးဝါမျက်နှာဖုံး အောက်မှ ဒေါသအငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။

သူသည် မရဏငရဲနန်းတော်၏ လက်ရှိသခင်ဖြစ်၏။ ရွှမ်ကျစ်က မြေပြင်တွင် ဝပ်တွားကာ မျက်နှာဖြူဖျော့နေသည်။

အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် အနက်ရောင်၀တ်စုံဝတ်ထားသော မျက်နှာဖုံးစွပ် အမျိုးသားသည် ဒေါသကိုထိန်းချုပ်နိုင်ပုံရကာ အငွေ့အသက်များ တဖြည်းဖြည်း လျော့ပါးလာတော့၏။

“ သူက မင်းကို ဘာလို့ မသတ်တာလဲ။ ”

ရွှမ်ကျစ်တစ်ယောက် ခန္ဓာကိုယ် အနည်းငယ်တုန်ခါသွားပြီး ခေါင်းငုံ့လျက်၊

“ သခင်၊ စုရီက တစ္ဆေမြွေမျိုးနွယ်နဲ့ သူ ပတ်သက်မှုတစ်ခုခု ရှိနေတယ်လို့ တစ်ချိန်က ပြောခဲ့ဖူးပါတယ်။ ”

“ ဟမ့် ... ။ ”

အနက်ရောင် ၀တ်စုံဝတ်ထားသော မျက်နှာဖုံးစွပ်အမျိုးသားက တိတ်ဆိတ် သွား၏။ ခဏအကြာတွင်၊

“ ရွှမ်ကျစ် ... ငါတို့ လက်စားချေသင့်တယ်လို့ မင်းထင်လား။ ”

-ဟု မေးမြန်းလိုက်သည်။

“ သခင့် ဆန္ဒအတိုင်းပါပဲ။ ”

ရွှမ်ကျစ်မှ သတိကြီးစွာဖြင့် ပြန်ဖြေ၏။ အနက်ရောင်၀တ်စုံဝတ် မျက်နှာဖုံးစွပ်ထားသော အမျိုးသားက၊

“ ဝိညာဉ်ထင်ရှားခြင်းအဆင့် ငါးပါးကို အလွယ်တကူ သတ်နိုင်တဲ့ လူငယ်တစ်ယောက် ဘယ်လောက်တောင် အစွမ်းထက်နိုင်မလဲ။ ”

-ဟု ခပ်တိုးတိုး ညည်းညူတော့သည်။

ဤသည်မှာ သူ့အတွက် ကြီးမားသော ပြဿနာတစ်ခုဖြစ်ကာ ဆုံးဖြတ်ချက်ချရန်ပင် တုန့်ဆိုင်းစေ၏။ ရွှမ်ကျစ်မှ အနည်းငယ် ခိုးကြည့်လျက်၊

“ သခင်၊ ဘာလို့ ခဏလောက် သည်းခံမနေရတာလဲ ကမ္ဘာကြီးပြောင်းလဲနေပြီ ဒီနေ့မဟာရှမှာ စုရီကို သတ်ချင်နေတဲ့ လူတွေ အများကြီးရှိနေပါတယ်။ ”

-ဟု အကြံပြုလိုက်၏။

ဤအဆိုပြုချက်သည် အလွန်ရှက်စရာ ကောင်းပြီး သူရဲဘောကြောင် နေပုံရသည်မှာ သေချာချေပြီ။

သို့သော် အနက်ရောင် ၀တ်စုံနှင့် ရွှေမျက်နှာဖုံးစွပ် အမျိုးသားက အကြာကြီး ငြိမ်သက်နေပြီးနောက် ခေါင်းညိတ်ပြ၏။

“ ကောင်းပြီ ... ငါတို့ပွဲကြည့်ရအောင်။ ”

***

လူဆိတ်ညံနေသော တောင်တန်း တစ်ခုပေါ်၌ တည်ဆောက်ပေးထားသော သက်ကယ်တဲအတွင်း သွမ့်ကူဖန်းသည် ငြိမ်သက်နေ၏။

သတင်းစကားကို လက်ခံရရှိပြီးနောက် ပြင်ဆင်မှုအနေဖြင့် သူ့ဒူးပေါ်တွင် ဓားတင်ကာ တရားထိုင်နေခဲ့သည်။

မုန်တိုင်းမတိုက်ခင် ငြိမ်သက်နေခြင်းဖြစ်၏။ ကြီးမားသော တိုက်ပွဲတစ်ခု မဆင်နွှဲမီ ဤဓားကို သူ့ရှေ့တွင်ထားကာ တရားထိုင်ခြင်းသည် သူ့အတွက် ပြင်ဆင်ခြင်းမည်သည်။

ဓားသည် အလျားသုံးပေနှစ်လက်မနှင့် အနံလေးလက်မရှိသည်။ ကိုယ်တည်တစ်ခုလုံး မှင်ကဲ့သို့ နက်မှောင်လေးလံ၏။

ဓားဖျားတွင် ‘နှလုံးသတ်သူ’ဟူသော စာလုံးနှစ်လုံး ရေးထိုးထားသည်။ ရန်သူအပေါ် သတ်ရန်လွယ်သော်လည်း နှလုံးသားကို သတ်ရခက်ပေ၏။

“ သခင်ငယ်၊ စုရီရောက်နေပါပြီ။ ”

ရုတ်တရက် အကြီးအကဲတစ်ဦးက သက်ကယ်တဲရှေ့တွင်ပေါ်လာပြီး ပြောကြား၏။ သွမ့်ကူဖန်းက မျက်လုံးများဖွင့်လာကာ ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်သည်။

ထို့နောက် တရားထိုင်နေရာမှ ချက်ချင်းထရပ်လျက် တိမ်ပင်လယ်အတွင်းသို့ မျှော်ကြည့်လိုက်ကာ၊

“ ငါသိတယ် ... ။ ”

-ဟု တုန့်ပြန်တော့သည်။

တိမ်ပင်လယ်ထဲရှိ လူရိပ်သည်လည်း တစ်စုံတစ်ခုကို ခံစားနိုင်ပြီး အဝေးကနေ သူ့ထံ ပြန်လှည့်ကြည့်လာ၏။

အကြည့်များ အချင်းချင်း လေထဲ တိုက်မိသွား၏။ အချိန်တိုင်း ငြိမ်သက်နေသည့် သွမ့်ကူဖန်း နှလုံးသားမှာ တဖျပ်ဖျပ် ခုန်လာသည်။

“ ဘယ်လောက် ထက်ရှလိုက်လဲ။ ”

မေးခွန်းထုတ်စရာပင် မလိုချေ။ တိမ်ပင်လယ်ကြား ရပ်နေသော လူငယ်သည် စုရီဖြစ်ချေပြီ။

ဓားသမားဗီဇအရ တစ်ဖက်လူသည် ဓားတာအိုတွင် ကြောက်စရာ ကောင်းသော အောင်မြင်မှုရှိနေကြောင်း ခံစားနိုင်၏။

နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကြည်နူးမှုအရိပ်အမြွက် ဖြစ်ပေါ်လာသည်။ ပြိုင်ဘက်ကောင်းပေပင်။

“ စုရီ ... ငါမင်းကိုစောင့်နေတာကြာပြီ။ ”

သွမ့်ကူဖန်း အသံက လေထဲ ပဲ့တင်ထပ်သွား၏။ တိမ်လွှာကောင်းကင် နန်းတော် တောင်တန်းကြီးအနှံ့ လူတိုင်း ထိုအသံကိုကြားသွားကာ ချက်ချင်း မော့ကြည့်လာတော့သည်။

ထို့နောက်တွင် အေးစက် ကြမ်းရှသော ဓားတစ်လက် ကောင်းကင်ပေါ် ပျံတက်လာ၏။ ရိုးရှင်းပြီး ထက်ရှချေပြီ။

“ အရမ်းသန်မာတယ်။ ”

“ ဒီလိုရောင်ဝါနဲ့ ကြယ်ပွင့်အဆင့်မှာ (၇)အဖြစ် ရပ်တည်နိုင်တာ အံ့သြစရာတော့ မရှိပါဘူး သူက တကယ်ဓားသမားပဲ။ ”

တောင်တန်းများပေါ်ရှိ ကျင့်ကြံသူများ အားလုံး ခြွင်းချက်မရှိ ချီးကျူးစကားဆိုကြ၏။ သွမ့်ကူဖန်းသည် ဓားနတ်ဘုရားတစ်ပါးကဲ့သို့ ခံစားရစေသည်။

“ ဂျိန်း ... ။ ”

ထိုစဉ် တိမ်ပင်လယ်ကြီး မှိုင်းညို့လျက် ရုတ်တရက် မိုးရွာချလာတော့၏။ သွမ့်ကူဖန်းက မိုးရေထဲလျှောက်လှမ်းကာ စုရီနှင့် ပေတစ်ထောင် အကွာတွင် ရပ်လိုက်သည်။

ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် ဓားရောင်ဝါက မိုးရေစက်များနှင့် တိမ်ထုကို ဖယ်ရှားပေးခဲ့၏။

ဓားတာအိုတွင် သွမ့်ကူဖန်း၏ အောင်မြင်မှုများသည် တစ်သားတည်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

တစ်စုံတစ်ယောက်၏ ဓားတာအိုကို အဆုံးအဖြတ် ပေးသောအခါ ပထမဦးစွာ ဓားရောင်ဝါထံ ကြည့်သည်။

ထို့နောက် ဓားရည်ရွယ်ချက်နှင့် ဓားနှလုံးသားကို ကြည့်၏။ ဓားရောင်ဝါသည် စွမ်းအင်ဖြင့်ပေါင်းစပ်ကာ ဓားရည်ရွယ်ချက် ဖြစ်ပေါ်လာသည်။

ထို့ကြောင့် စွမ်းအင်ကို ဖြန့်ကျက် လိုက်သောအခါ ရောင်ဝါသည် တောင်ကြီးကဲ့သို့ ပြင်းထန်နေသော သွမ့်ကူဖန်မှာ မရိုးရှင်းလှချေ။

ဓားရည်ရွယ်ချက်ဟူသည် အဘယ်နည်း။ ၎င်းသည် ဓားတာအိုအမှန်တရား၏ စွမ်းအား ဖြစ်သည်။ ဓားနှလုံးသားဟူသည် အဘယ်နည်း။ ဓားနှလုံးသားဟူသည် ရုပ်ခန္ဓာ၊ ချီစွမ်းအင်နှင့် ဝိညာဉ်တို့ ပေါင်းစည်းခြင်းပေပင်။

ဓားနှလုံးသား အားကောင်းသည်နှင့်အမျှ ဓားတာအိုသန်မာကာ ဓားရည်ရွယ်ချက် ထက်ရှ ပေမည်။

ထို့ကြောင့်ပင် ဓားရောင်ဝါ၊ ဓားရည်ရွယ်ချက်နှင့် ဓားနှလုံးသား ဤသုံးရပ်၌ ဓားနှလုံးသားသည် အရေးအကြီးဆုံးဖြစ်၏။

ဓားရောင်ဝါနှင့် ဓားရည်ရွယ်ချက်သည် ကျွမ်းကျင်မှုသာဖြစ်ပြီး ဓားနှလုံးသားသည်သာ ဓားသမား၏အုတ်မြစ်ဖြစ်သည်။

ဆိုလိုသည်မှာ သွမ့်ကူဖန်းသည် ဓားသမားတစ်ယောက်ဖြစ်မည်ကို သံသယ ဝင်စရာမရှိချေ။

လှုပ်ရှားမှဒတိုင်းတွင် ဓားရောင်ဝါ၊ ဓားရည်ရွယ်ချက်နှင့် ဓားနှလုံးသားသည် လိုက်ပါနေသည်။

“ ငါ့နာမည် သွမ့်ကူဖန်း ... ဓားသမား။ ”

စုရီမှ ခေါင်းညိတ်လိုက်သည်။

“ မင်းရဲ့ အောင်မြင်မှုတွေအရ ငါနဲ့တိုက်ဖို့အတွက် အရည်အချင်း ပြည့်မီတယ် အရေးအကြီးဆုံးက ဝမ်ရှင်းကျောက် အသက်နဲ့ မင်းငါ့ကိုခြိမ်းခြောက်ဖို့ မကြိုးစားခဲ့တာပဲ ဒါကြောင့် ငါမင်းကို မသတ်ဘူး။ ”

စုရီစကားကြောင့် သွမ့်ကူမျိုးနွယ်တစ်ခုလုံး တိတ်ဆိတ်ကုန်၏။ ကောလဟာလများအတိုင်း မာနကြီးလွန်းချေပြီ။

“ ငါက သွမ့်ကူယွင်ရဲ့ အစ်ကိုပဲ ... သူသေသွားပြီဆိုတော့ သူ့ကို လက်စားချေဖို့က သဘာဝအတိုင်းပါပဲ။ ”

သွမ့်ကူဖန်းမှ စုရီစကားများကို လျစ်လျူရှုကာ ပြောကြားလိုက်၏။

“ တာအိုမိတ်ဆွေ ... ဒါ အနိုင်အရှုံးကို ဆုံးဖြတ်ဖို့ ပြိုင်ပွဲလေးတစ်ခု မဟုတ်ဘူးဆိုတာ မင်းနားလည်ထားသင့်တယ် ... ဒါက ဘဝနဲ့ သေခြင်းကိစ္စပဲ ...

... ဒါပေမယ့် ဘယ်သူက နောက်ဆုံး အသက်ရှင်သည်ဖြစ်စေ ငါတို့ကြားရန်ငြိုးတွေ ဒီနေ့ ပြီးစေရမယ် ... ငါကတိပေးတယ်။ ”

“ ဟားဟားဟား ... မင်းအတွက် ကလဲ့စားချေခြင်းဖို့ ဒါကအသက်နဲ့သေခြင်း ဖြစ်နေတယ် ဒါပေမယ့် ငါ့အတွက်တော့ ...

... မင်းက ငါနဲ့ထိုက်တန်တဲ့ ... ပြိုင်ဘက်မျိုးဖြစ် ... မဖြစ်ပေါ်မှာမူတယ် မင်းကို သတ်ခြင်း၊မသတ်ခြင်းက ငါ့ဆန္ဒပဲ။ ”

သွမ့်ကူဖန်းက မျက်ခုံးပင့်လျက် ငြိမ်သက်နေဆဲပေပင်။ ထို့နောက် ဓားဆွဲကာ ဓားအိမ်ကို လွင့်ပစ်လိုက်၏။

“ ချွင် ... ။ ”

“ ငါ့ဓားကို နှလုံးသတ်သူလို့ ခေါ်တယ်။ ”

“ နှလုံးသတ်သူလား ... မင်းရဲ့စိတ်ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ပြိုင်ဘက်ကို သတ်ချင်နေတာလား။”

စုရီတစ်ယောက် မျက်ခုံးပင့်လာ၏။ သို့သော် သွမ့်ကူဖန်းမှ ခေါင်းခါသည်။

“ မဟုတ်ဘူး၊ ဒီဓားက ငါ့ရန်သူတွေကို သတ်တာထက် နှလုံးသားသူခိုးတွေကို သတ်ဖို့ ရည်ရွယ်တာပဲ။ ”

“ နာမည်ကောင်းတယ်။ ”

စုရီမှ ခေါင်းညိတ်ပြလိုက်၏။ ဓားသမား တစ်ယောက်သည် အခြားအရာများထက် သူ၏ ခံစားချက်ကို ဦးစားပေးရချေပြီ။

ထို့ကြောင့် ဤသွမ့်ကူဖန်းသည် ဓားနာမည်တစ်ခုတည်းဖြင့် သူ့ဓားတာအိုကို ပြောပြနိုင်သည်မှာ ချီးကျူးစရာပေပင်။

“ မင်းမှာ မယုံနိုင်စရာ ဓားတာအို အောင်မြင်မှုတွေရှိတယ်ဆိုတာ ငါကြားတယ် ဒါဆို မင်းရဲ့ ဓားကိုဘာလို့ မဆွဲတာလဲ။ ”

“ ဒါက မင်းလုပ်နိုင်မလားပေါ် မူတယ်။ ”

“ မာနကြီးတယ်။ ”

စုရီသဘောထားအပေါ် သွမ့်ကူမျိုးရိုးရှိ ကျွမ်းကျင်သူများအားလုံး မကျေမနပ် ဖြစ်လာခဲ့ ကြ၏။

“ ရွှပ် ... ။ ”

သို့သော် သွမ့်ကူဖန်းသည် မည်သည့် စကားမျှမဆိုတော့ဘဲ သူ့ဓားဖြင့် မဆိုင်းမတွ ခုတ်ပိုင်းချလိုက်တော့သည်။

***

All Chapters