← Chapters

ထာဝရအမှောင်ညနှင့် ကြယ်ဓားမြစ် ... ။

Vol. 46 Ch. 546

ထာဝရအမှောင်ညနှင့် ကြယ်ဓားမြစ် ... ။

Vol. 46 Ch. 546

ထာဝရညသည် ကမ္ဘာကြီးပေါ် ပြိုကျလာလေသည်။ ယင်းသည် လူတိုင်း၏ အမြင်အာရုံကို ထိခိုက်စေ၏။

ကျင့်ကြံမှု အားနည်းသူများသည် မမြင်နိုင်တော့ဘဲ နှလုံးသားများ ထိတ်လန့်မှု များကြောင့် တုန်ရင်လာသည်။

အတော်အတန် အစွမ်းထက်သော ကျင့်ကြံသူများသည်ပင် သူတို့ပတ်ဝန်းကျင်ပေါ် မြင်နိုင်ရန် နတ်အာရုံကို အသုံးချလိုက်ရသည်။

သို့သော် ထိုထူးဆန်းသော အမှောင်သည် သူတို့၏ နတ်အာရုံကို ပိတ်ဆို့ထားချေပြီ။ ကြောက်စရာ ပေပင်။

“ ရွှပ် ... ။ ”

ထိုအချိန်တွင် သွမ့်ကူဖန်းတစ်ယောက် ဓားကိုခုတ်ချလာသည်။ ည၏အငွေ့အသက်များ ဒီရေကဲ့သို့ လွင့်ထွက်လာကာ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွား၏။

လေကိုတိုက်စားစေပြီး အလင်းကို ဖယ်ရှားပစ်၏။ လေဟာနယ်၌ ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။

မြင်းခန္ဓာ၊ လူမျက်နှာ၊ ကျားအစင်းနှင့် ငှက်တောင်ပံများပါရှိသော ကောင်းကင်ဘုံ နတ်မိစ္ဆာသားရဲ ယင်ကျောက်ဖြစ်၏။

ဤသတ္တဝါသည် ထာဝရညကို ဆွဲငင်နိုင်သော အုပ်စိုးရှင်ဖြစ်ပြီး အမှောင်ထု အတွင်းတွင် ထင်ရှားနေသည်။

၎င်း၏တည်ရှိမှုသည် အေးခဲလျက် ကြောက်စရာကောင်း၏။ ထိုမြင်ကွင်းကြောင့် စုရီတစ်ယောက် အနည်းငယ် လေးနက်လာသည်။

သူ့အရေပြားပေါ်တွင် မှုန်မှိုင်းနေသော ခံစားချက်နှင့်အတူ ကောင်းကင် ပျောက်ကွယ် သွားသည်ဟု ခံစားရ၏။

ယင်းသည် အမှောင်လှောင်အိမ်အတွင်း ကျဆင်းသွားသလိုပေပင်။ ကျင့်ကြံသူများသည် အလင်းရောင် မရှိသော်လည်း သဘာဝအတိုင်း မြင်နိုင်ချေ၏။

တစ်ဖက်တွင် နတ်အာရုံကို ကန့်သတ်ခံရသော် လုံးဝမျက်စိကန်းသည်နှင့် မခြားတော့ချေ။

“ စိတ်ဝင်စားစရာပဲ … ။ ”

စုရီမှ မှတ်ချက်ပေး၏။ ဓားဖျားသည် ညစွမ်းအားဖြင့် ဆင်းသက်လာနေသည်ကို မြင်နိုင်သည်။

၎င်းမကျရောက်မီတွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ပျံ့နှံ့လာခဲ့၏။

စုရီက မျက်လုံးမှိတ်လိုက်သည်။ နတ်အာရုံသည် ပုံရိပ်ယောင် မျက်လုံးကြီးအဖြစ် ပြောင်းလဲထွက်ပေါ်လာ၏။

များမကြာမီ လျှို့ဝှက်ဆန်းကြယ်သော အမှောင်ထုအတွင်းရှိ မြင်ကွင်းများအားလုံးကို အသိစိတ်ပင်လယ်ထဲ ကူးယူပေးသည်။

ဤသည်မှာ လျှို့ဝှက်စိတ်ဝိညာဉ် နည်းစနစ်ပေပင်။ ကောင်းကင် ကြေးမုံဟု ခေါ်၏။

ထိုနည်းစနစ်သည် ကျင့်ကြံသူများကြားတွင် ရှေးဟောင်း လျှို့ဝှက်ပညာရပ် တစ်ခု ဖြစ်သည်။ အသက်သွင်းပြီးသည်နှင့် နတ်အာရုံသည် အရာအားလုံးကို ဖမ်းယူပေး၏။

လှည့်စားမှုအားလုံးကို သိမြင်နိုင်ကာ အမှန်တရားအပေါ် ပိုင်းခြားနိုင်မည်။ ထို့ကြောင့် သွမ့်ကူဖန်း၏ ဓားကို ရှင်းလင်းစွာ မြင်လာရသည်။

သတ်ဖြတ်ခြင်း ရည်ရွယ်ချက်သည် ထာဝရညနှင့် အပြည့်အ၀ ပေါင်းစပ်ကာ ဝိညာဉ် ပေါင်းစည်းခြင်းအဆင့်မှ တစ်စုံတစ်ဦးကို ခဏတွင်းဖျက်ဆီးစေနိုင်မည်။

“ ဒြပ်စင်ငါးပါး ဓားတံဆိပ်။ ”

သူ့လက်ချောင်းများက တံဆိပ်များ ဖန်တီးလိုက်ရာ ဒြပ်စင်ငါးပါးတာအို ကျက်သရေ ထွက်ပေါ်လာ၏။

“ ဝုန်း ... ။ ”

ထာဝရအမှောင်ညဖြင့် ဓားတံဆိပ် ထိပ်တိုက်တွေ့သောအခါတွင် ကောင်းကင်နှင့် မြေကြီး တုန်လှုပ်စေသည့် ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။

လေဟာနယ် ဧရိယာတစ်ခုလုံး ပြိုကျသွားကာ တောက်ပသောအလင်းသည် ပျံ့ကားကုန်၏။

ညကောင်းကင်တွင် မီးရှူးမီးပန်းများ ပေါက်ကွဲနေသလိုပေပင်။ မှိန်ပျပျသာ လင်းပြီး အမှောင် ကောင်းကင်ယံအယောင်ဆောင်သည့် မြင်ကွင်းများ ပျောက်ကွယ်သွား၏။

ဒြပ်စင်ငါးပါးဓားတံဆိပ်သည် အမှောင်ကို ဖယ်ရှားပေးသော အလင်း၏ အရင်းအမြစ်ကဲ့သို့ သွမ့်ကူဖန်းထံ ဆင်းသက်သွားသည်။

​ကျောက်တုံးကဲ့သို့ မာကျောသော နှလုံးသားသည် ပြင်းစွာ တုန်လှုပ်တော့၏။ အဆုံးတွင် အပြင်းထန်ဆုံးသော သတ်ဖြတ်ခြင်း စွမ်းအားကို အသုံးပြုခဲ့ခြင်းပေပင်။

ထို့ကြောင့် သွမ့်ကူမိသားစုရှိ ဝိညာဉ် ပေါင်းစည်းခြင်းအဆင့် မျိုးဆက်ဟောင်းများ သည်ပင် ဤအမှောင်ညဓားဖြင့် ထိပ်တိုက် တွေ့ဝံ့မည်မဟုတ်ချေ။

“ ဟိတ် ... ။ ”

သို့သော် ထိုအချင်းအရာအပေါ် စဉ်းစားရန်အချိန် မရှိသောကြောင့် ချက်ချင်း လှုပ်ရှားလိုက်ရသည်။

“ ဘန်း ... ။ ”

​​ဒြပ်စင်ငါးပါး ဓားတံဆိပ်မှာ​ အပိုင်းအစများအဖြစ်သို့ ကွဲထွက်သွားသည်။ သို့တိုင် နောက်ပြန်ဆုတ်ခွာလျက် မျက်နှာပျက်ယွင်းသွား၏။

လက်ရှိ တိုက်ပွဲအပြီးတွင် သူတို့၏ သက်ဆိုင်ရာကျင့်​ကြံမှုများအပေါ် အခြေခံသော် သူတကယ် ရှုံးနေပြီဖြစ်သည်။

သူသည် ဝိညာဉ်ထင်ရှားခြင်း နှောင်းပိုင်း အဆင့်ဖြစ်ပြီး စုရီသည် ဝိညာဉ်ထင်ရှားခြင်း ကနဦးအဆင့်သာရှိ၏။

သူတို့ကြား အဆင့်ငယ်နှစ်ခု ကွာသည်။ ထို့ပြင် အစမှအဆုံးအထိ စုရီသည် သူ့ဓားကို ခေါ်ယူခြင်း မရှိသေးချေ။

“ အသက်ဝင် ... ။ ”

ရုတ်​တရက်​ အသက်​ပြင်းပြင်းရှူ​ပြီး မျက်ဝန်းများ၌ ​ကြောက်​မက်ဖွယ် ရွှေ​ရောင်​ခြည် တောက်​ပ​လာ၏။

“ မင်းရဲ့ အရည်အချင်းတွေကို ... ငါ အကြမ်းဖျင်း သဘောပေါက်ပြီ သုံးကြိမ်အတွင်း အနိုင်အရှုံး ဆုံးဖြတ်မယ်။ ”

တစ်ဖက်တွင် စကားဆုံးသည်နှင့် စုရီက ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ ထာဝရညသည် မခံနိုင်တော့သလို ရုတ်တရက် တုန်ခါသွားသည်။

“ ဝှစ် ... ။ ”

ဆယ်ပေခန့်ရှည်သော ဓားအလင်း တစ်လက်သည် အထည်အလိပ်ကဲ့သို့ ချက်ချင်း လေထဲပျံတက်သွား၏။

သူ့နောက်၌ ကြယ်မြစ်ကြီးတစ်စင်း လိုက်ပါသွားသည်။ ကြယ်မြစ်အတွင်း ဒြပ်ငါးပါး တာအိုများ အဆုံးမရှိ လည်ပတ်နေ၏။

“ ဟမ့် ... ။ ”

ထိုအချိန်တွင် သွမ့်ကူဖန်းသည်လည်း သူ့ဓားကိုလွှဲကာ တိုက်ခိုက်လာနေ​​ပြီ ဖြစ်၏။ ထူးခြားစွာ ကွဲပြားသော ဓားတာအိုနှစ်ခုတွေ့ပြီး တဟုန်ထိုး ပေါက်ကွဲထွက်လာသည်။

“ ဝုန်း ... ။ ”

အကြွင်းအကျန်စွမ်းအင်လှိုင်းများက တိမ်လွှာကောင်းကင် တောင်တန်းကြီးတစ်ခုလုံး အပေါ် တုန်လှုပ်သွားစေခဲ့၏။

“ ခရစ် ... ။ ”

ထာဝရအမှောင်ညသည် ရုတ်တရက် ကွဲအက်သွားသည်။ ကောင်းကင်မှ အလင်းများ အမှောင်ညအတွင်း ပြန်လည်ကျဆင်းလာ၏။

ကြည့်ရှု​နေသူများသည် ၎င်းတို့၏ မျက်လုံးများတွင် နာကျင်ကိုက်ခဲမှုခံစားရကာ လုံး၀အံ့ဩသွားကြသည်။

“ ဖျပ် ... ဖျပ် ... ဖျပ် ... ။ ”

အမှောင်တဝက် အလင်းတဝက် ကမ္ဘာကြီးပေပင်။ သွမ့်ကူဖန်းခမျာ ပေါင်ကွဲမှုပြီး ခြေလှမ်းများစွာ ဆုတ်ခွာသွားရ၏။ ခြေလှမ်း တစ်ရာကျော်ချေပြီ။

သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်နိုင်သောအခါ သူ့ခြေဖဝါးအောက် လေဟာနယ်မှာ ပေါက်ကွဲသွားသည်။

သူ့အပေါ် သက်ရောက်နေသော ကြောက်မက်ဖွယ် စွမ်းအားများကို ဖယ်ရှားရန် ကျင့်ကြံမှုဖြန့်ကျက်လိုက်ရတော့၏။

ဆံပင်များ ပွက်ပွက်ထလျက် မျက်နှာနီမြန်းကာ တုန်ရီနေသောဓားကို ဆုပ်ကိုင်ထားသည်။

သူသည် သေခြင်းကို ဂရုမစိုက်ဘဲ တိုက်နေသော်မှ ရှေ့မတိုးနိုင် ဖြစ်ခဲ့ရချေပြီ။ အလွန်နာကျင် ထိတ်လန့်ဖွယ်ကောင်းပြီး အေးစက်သောချွေးများ ထွက်လာ၏။

“ ဒုတိယ လှုပ်ရှားမှု ... ။ ”

စုရီက လက်ကိုဝှေ့ယမ်းလျက် လေဟာနယ်အတွင်း ပုတ်၏။ ယင်နှင့်ယန်သည် နေနှင့်လကဲ့သို့ ပေါင်းစည်းကာ ဓားကြိုးအဖြစ် သိပ်သည်းသွားသည်။

ထိုဓားကြိုး ဆင်းသက်လာသောအခါ ကောင်းကင်နှင့်မြေကြီး ရပ်တည်မှုအနေအထား ဖလှယ်သွား၏။

သွမ့်ကူဖန်းတစ်ယောက် မျက်နှာ ပြောင်းသွားသည်။ ဓားသမားတစ်ယောက် အနေနှင့် ဤကြောက်စရာကောင်းသော စွမ်းအားကို မြင်နိုင်၏။

၎င်းကို ဆန့်ကျင်ခြင်းသည် ကောင်းကင်၊ မြေကြီး၊ တောင်နှင့် မြစ်များအပါအဝင် အရာရာ အတွက် ဆန့်ကျင်ခြင်းမည်သည်။

ထို့ကြောင့် သူသည် သဘာဝတရားကြီးမှ နှင်ထုတ်ခံလိုက်ရ သကဲ့သို့ ကူကယ်ရာမဲ့သော ခံစားချက်များ ဝင်လာစေမည်။

သို့သော် နောက်မဆုတ်ချေ။ သူ့မျက်လုံးများသည် ဆုံးဖြတ်ချက်တစ်ခုဖြင့် တောက်ပလာပြီး ကျင့်ကြံမှုကိုဖြန့်ကျက်ကာ ထိပ်တိုက်တွေ့ပေးလိုက်၏။

“ ပိုင်းဖြတ် ... ။ ”

နှလုံးသတ်သူသည် ပြိုင်ဘက်ကင်းသောဓားစွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။

သူသည် အသက်နှင့်သေခြင်းကို ဂရုမစိုက်သည့်နောက် အခြားစိုးရိမ်စရာများ မရှိတော့ဘဲ တိုက်ပွဲဝင်ခဲ့၏။

ကောင်းကင်နှင့်မြေကြီး တုန်ခါသွားကာ လနှင့်ကြယ်တို့သည် အလင်းပျောက်ကွယ်သွား ကြသည်။

ဤမျှ ပြင်းထန်လွန်းသော အဖျက် စွမ်းအားကြောင့် သွမ့်ကူဖန်းသည် ရထားလုံးကို ပိတ်ဆို့ရန် ကြိုးစားနေသော ခြင်တစ်ကောင်နှင့် တူလာသည်။

“ ဝုန်း ... ။ ”

ကြယ်မြစ်ကြီး ထိမှန်ချိန်၌ ချက်ချင်း အနောက်သို့ ပျံသန်းသွား၏။ အသေခံလိုစိတ် ရှိသူများသည် ကြောက်ရွံ့ခြင်းမရှိဘဲ တိုက်ပွဲဝင်ပေမည်။

သို့သော် အကြောက်တရားမရှိဘဲ တိုက်ခိုက်ခြင်းသည် အရာများကို အောင်မြင်နိုင် သည်ဟု မဆိုလိုချေ။

“ အဟွတ် အဟွတ် ... ။ ”

သွမ့်ကူဖေးတစ်ယောက် သူ့ကိုယ်သူ တည်ငြိမ်လာသောအခါတွင် သူ့ဆံပင်များ ကွဲအက်ပြီး သွေးချောင်းဆိုးကုန်သည်။

မျက်နှာသည် စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့နေပြီး တစ်ကိုယ်လုံးတွင် ပြတ်ရှရာများ ဖြစ်ပေါ်နေ၏။ သူ့ဒဏ်ရာများမှ သွေးများ စီးကျလျက် မျက်စိတစ်မှိတ်အတွင်း သနားစရာကောင်းသွားသည်။

ကံကောင်းစေသည်မှာ ကြယ်ဓားမြစ်ကို တားဆီးနိုင်ခဲ့ခြင်း ဖြစ်၏။ ထိုဓားတန်ခိုးတော်၌ ကောင်းကင်ကံကြမ္မာပါရှိပေမည်။ မဟုတ်သော် ဤမျှ အစွမ်းထက်နေမည် မဟုတ်ချေ။

***

All Chapters