← Chapters

ချင်းယာ ... မင်းကြည့်ထား။

Vol. 46 Ch. 548

ချင်းယာ ... မင်းကြည့်ထား။

Vol. 46 Ch. 548

ကောင်းကင်နှင့်မြေကြီး တုန်ခါလျက် ပျက်စီးခြင်းအငွေ့အသက်များ ​နေရာအနှံ့သို့ ပျံ့နှံ့သွားလေသည်။

“ ဖျပ် ... ဖျပ် ... ဖျပ် ... ။ ”

ဝိညာဉ်​ ပေါင်းစည်း​ခြင်းအဆင့် ကျွမ်းကျင်သူ(၆)ဦးသည် တုန်လှုပ်သွားကာ နောက်သို့ ဆုတ်ခွာသွားကြ၏။

“ ဖန်းအာ ... မင်းမြင်လား ... ငါတို့က သူ့လိုလူတစ်ယောက်ကို ဒီနေ့မှာ အသက်ရှင်ခွင့် ပေးလိုက်ရင် ကျားတစ်ကောင်ကို တောင်ပေါ် ပြန်လွှတ်လိုက်တာနဲ့ တူလိမ့်မယ်။ ”

သွမ့်ကူဟိုင်က တည်ငြိမ်စွာ မှတ်ချက်ပေးလိုက်လေသည်။ သွမ့်ကူဖန်းမှ နှုတ်ဆိတ်လျက် သူ့နှလုံးသားတွင် ဒေါသများ တိုးလာနေတော့၏။

“ ဖွဲ့စည်းမှု ပုံစံ ... ။ ”

“ ဝှစ် ... ။ ”

သွမ့်ကူဟိုင်မှ အမိန့်ပေးလိုက်သည်။ လေထဲရှိ အကြီးအကဲငါးဦးသည် အရိုးဓားများ ချက်ချင်းထုတ်လျက် နေရာယူ၏။

“ ဝှစ် ... ။ ”

အရိုးဓားခြောက်လက်မှ ထာဝရ အမှောင်ညစွမ်းအားများနှင့် တံဆိပ်များကို ဖန်တီးလေသည်။

“ အမှောင်ည တိုက်ပွဲဝင်ပုံစံ ... ။ ”

အနက်ရောင် တံဆပ်(၅)ခုသည် မှောင်မိုက်ပြီးသန့်ရှင်းကာ ထူးခြားသောကမ္ဘာ ကဲ့သို့ မြင်ကွင်းမျိုးပုံဖော်ထားသည်။

ကျန်တစ်ခုသည် ကောင်းကင်နတ်မိစ္ဆာ ယင်ကျောက်၏ အသွင်သို့ ဖန်တီးထားတော့၏။ ဤသည်မှာ သွမ့်ကူမျိုးနွယ်စု၏ ဘိုးဘေးထံမှ ဆင်းသက်လာသော ထိပ်တန်းတိုက်ပွဲပုံစံ အစီရင်တစ်ခုဖြစ်သည်။

၎င်းသည် နတ်မိစ္ဆာသားရဲ၏ စစ်မှန်သောသွေးကို အသုံးပြုကာ ထာဝရ အမှောင်ညစွမ်းအား ဆင့်ခေါ်နိုင်၏။

တိုက်ပွဲဝင်ပုံစံ အသက်ဝင်သည်နှင့် ကမ္ဘာကြီးတစ်ခုလုံး အလင်းများပျောက်ကွယ် သွားကာ ချက်ချင်း ထာဝရအမှောင်ည ကျဆင်းလာတော့သည်။

တောင်များ၊ မြစ်များနှင့် အရာအားလုံး အဆုံးမဲ့ မှောင်မိုက်နေသော တွင်းနက်ကြီးထဲသို့ ရုတ်တရက် ကျဆင်းသွား၏။

ထိုစွမ်းအားမျိုးသည် သရဲတစ္ဆေများနှင့် နတ်ဘုရားများကိုပင် ကြောက်ရွံ့ရန် လုံလောက် ချေသည်။

လူတိုင်း၏ဝိညာဉ်များ တုန်လှုပ်ကုန်၏။ ဤအမှောင်ညစွမ်းအားသည် အလွန်ပြင်းထန် သဖြင့် အားငယ်မှုများနှင့် အကူအညီမဲ့မှုများ ဝင်ရောက်လာသည်။

“ သတ် ... ။ ”

မြေကြီးတုန်လှုပ်စေသော ဟောက်သံများကြားတွင် အရိုးဓားခြောက်လက် အသက်ဝင်လာသည်။

အဆုံးတွင် အမှောင်ထုသည်လည်း နတ်မိစ္ဆာသားရဲယင်ကျောက်နှင့် ပေါင်းစပ်ကာ စုရီထံသို့ ခုန်ဆင်းသွား၏။

“ ဝူး ... ။ ”

ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွား ပြီးနောက် တုနှိုင်းမဲ့သော တိုက်စားနိုင်စွမ်းများ ပြိုကျလာချေပြီ။

လူတိုင်း အာရုံခံစားမှု ဆုံးရှုံးသွားကာ ထိုထာဝရအမှောင်ည စွမ်းအားအောက်တွင် မျက်မမြင်တစ်ယောက်ကဲ့သို့ သေခြင်းတရားကို ထိုင်စောင့်နေရုံသာ တတ်နိုင်တော့၏။

စုရီအတွက်မူ မျက်လုံးများ၌ အထင်အမြင်သေးမှု အရိပ်အမြွက်များ ပြသလာခဲ့သည်။

ဤစွမ်းအားသည် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းစေကာမူ လူများစွာမှ ပေါင်းစပ်ထားသော အင်အားသာဖြစ်သည်။ ချို့ယွင်းချက်များ ရှာတွေ့နိုင်သ‌ရွေ့ ချက်ချင်းပြိုကွဲနိုင်၏။

“ ဟိတ် ... ။ ”

စုရီက လေထဲခုန်ဝင်သွားကာ ဓားရောင်ဝါများ ထုတ်လွှတ်လိုက်လေသည်။ နတ်အာရုံသည် ကောင်းကင်မျက်လုံးကဲ့သို့ ပေါင်းစည်းလျက် ရှင်းလင်းစွာ မြင်စေ၏။

“ ရွှပ် ... ။ ”

အဆုံးတွင် ကြည်လင်ပြတ်သားသော ဓားမြည်သံပဲ့တင်ထပ်လျက် သူ့အမှောင်နတ် ဓားဖြင့် ပိုင်းချလိုက်သည်။

ဓားအလင်း ပြေးထွက်သွားတော့၏။ ထာဝရအမှောင်အတွင်း တောက်ပလွန်းသော အလင်းအရင်းအမြစ် ပေပင်။

“ ဝူး ... ။ ”

“ ခရစ် ... ။ ”

အမှောင်တာအိုများ လှမ်းခြုံလျက် ခုန်ဆင်းလာသော ယင်ကျောက်သားရဲသည် ထိုဓားဖြင့် အထိုးခံလိုက်ရ၏။

ကောင်းကင်၊ မြေကြီး၊ တောင်တန်းနှင့်မြစ်များအပေါ် ဖုံးလွှမ်းနေသော ထာဝရအမှောင်ညမှာ ပျက်ပြယ်သွားချေပြီ။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

အဆုံးတွင် လူတိုင်းအမြင်အာရုံများ ပြန်ရလာတော့၏။ ကောင်းကင်အောက်တွင် လူခြောက်ယောက် ကိုင်ဆောင်ထားသော အရိုးဓားများ၌ အက်ကွဲနေခဲ့သည်။

“ ဘောင်း ... ။ ”

အဆုံးတွင် အရိုးဓားများမှာ ပေါက်ကွဲသွားတော့သည်။ ဓားတစ်ချက်ဖြင့် အမှောင်ညတိုက်ပွဲဝင်ပုံစံ ချိုးဖျက်သွားချေပြီ။

“ ဝှစ် ... ။ ”

စုရီက ရပ်တန့်ရန် ဆန္ဒမရှိချေ။ ကျောစိမ်းရောင်ဝတ်ရုံစများ လေထဲ တဖျပ်ဖျပ် လွင့်လာပြီး ရွေလျားတော့၏။

“ သတိထား ... ။ ”

အစိမ်းရောင် ဝတ်ဆင်ထားသော အဖိုကြီးသည် အကြည့်များ မှေးစင်းသွားလျက် ချက်ချင်း ဆုတ်ခွာလိုက်သည်။

“ ရွှပ် ... ။ ”

သို့​တိုင် အနည်းငယ်နောက်ကျသွားပြီး သွေးစွန်းနေသော ဦးခေါင်းသည်သာ လေထဲသို့ ပျံတက်သွားတော့၏။ တစ်ဆက်တည်းမှာပင် ဓားရောင်ဝါများပြိုကျလျက် ခန္ဓာကိုယ်ကြီးကို အမှုန်အဖြစ် ပြောင်းလဲလိုက်သည်။

သွေးမိုးများ ရွာကျလာတော့၏။ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးသည် ထိုကဲ့သို့သေဆုံးသွားသည်။

သွေးထွက်သံယိုနှင့် စုရီ၏ ကြီးစိုးနေသောအသွင်သည် ပရိသတ်များကို ချက်ချင်းတုန်လှုပ်သွားစေ၏။

“ မြန်မြန်၊ ဒီကောင့်ကို သတ်ပစ်။ ”

အဖြူရောင်ဝတ် အဖိုးအိုမှ ကျယ်လောင်သော ဟောက်သံနှင့် အမိန့်ပေး လိုက်လေသည်။

အင်္ကျီလက်များ တဖျပ်ဖျပ်ခတ်ကာ ရွှေရောင်ဓားရှည်ကိုဆင့်ခေါ်လျက် စုရီထံသို့ ခုတ်ပိုင်းချလိုက်၏။

ကျန်လေးဦးသည်လည်း သားမွှေးယပ်၊ ရတနာလှံနှင့် ဓားရှည်တို့ကို ထုတ်ယူလိုက်ကြ လေသည်။ လေဟာနယ်တစ်ခုလုံး တုန်ခါပြီး နေနှင့်လအလင်းရောင်များ ဆုံးရှုံးသွား၏။

“ ဝုန်း ... ။ ”

စုရီမှ ရွှေဓားအလင်းကို ရှောင်တိမ်းကာ သုံးပေအကွာရှိ မီးခိုးရောင်ဝတ် အမျိုးသမီးထံ ခုတ်ပိုင်းချလိုက်သည်။ ရုတ်တရက် သွေးနီဥများ ပန်းထွက်လာပြီး လေထဲနှစ်ခြမ်းကွဲသွား၏။

သွေးမိုးများနှင့်အတူ သူမခန္ဓာကိုယ် နှစ်ခြမ်းသည် လေထုအလယ်မှပြုတ်ကျသွား၏။ ဒုတိယမြောက် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူသေဆုံးခြင်းပေပင်။

“ ဘရူး ... ဘရူး ... ။ ”

ထိုနောက်တွင် တာအိုတံဆိပ်၊ ဓားနှင့် ရတနာလှံများသည် ပြင်းစွာဖိနှိပ်ခံလာရသကဲ့သို့ မြည်သံပြုလာ၏။

“ မကောင်းတော့ဘူး ။ ”

ဆံပင်ဖြူနှင့် အနက်ရောင်၀တ် အဘိုးအိုတစ်ဦးသည် မျက်နှာပြောင်းသွားပြီး တာအိုတံဆိပ်ကို ပြန်ခေါ်လိုက်၏။

“ ဝှစ် ... ။ ”

ထိုစဉ် ဓားရောင်ဝါတစ်ခု ရေတံခွန်ကဲ့သို့ ကျဆင်းလာပြီး သူ့အပေါ် လုံးလုံးလျားလျား ဖုံးလွှမ်းလာတော့သည်။ အဆုံးတွင် အမှုန်အဖြစ် ပြောင်းလဲသွား၏။

“ အရမ်းမြန်တယ်။ ”

ဤသွေးထွက်သံယို မြင်ကွင်းများက ပရိသတ်အားကို ပို၍ ထိတ်လန့်လာစေခဲ့ပြီး မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။

“ လာဦးမယ် ... ။ ”

ထိုစဉ်စုရီသည် အလင်းတန်းတစ်စလို ရွေ့လျားလျက် ဓားလွှဲချိန်တိုင်း လူတစ်ယောက် ပျောက်ကွယ်သွားပေလိမ့်မည်။

“ မြန်မြန် ... ။ ”

ရတနာများ သို့မဟုတ် လျှို့ဝှက်နည်းပညာများ မည်သို့ပင် ရှိစေကာမူ သူ့ရှေ့တွင် စက္ကူအလား အားနည်းနေခဲ့၏။

မျက်စိတစ်မှိတ်အတွင်း ဝိညာဉ် ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ သုံးဦးခမျာ ဆက်တိုက်အသတ်ခံလိုက်ရသည်။ ကြက်နှင့် ခွေးများသတ်သလိုပေပင်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ။ ”

“ ပြေး ... ။ ”

အဆုံးတွင် ကျန်ရှိနေသော ကျွမ်းကျင်သူသုံးဦးသည် ထိတ်လန့်စွာ ချက်ချင်း လှည့်ပြေးကြ၏။ ၎င်းတို့၏ တိုက်ပွဲဝင်ဆန္ဒများ ပြိုလဲသွားပြီးတောက် မည်သူမျှ ဆက်မနေဝံ့တော့ချေ။

“ မင်းတို့ လွတ်မယ်ထင်လား။ ”

သို့သော် ဓားရောင်ဝါက ကောင်းကင်မှ ပြိုကျလာပြီး သူတို့သုံးဦးကို ကျယ်ပြောလှသော သမုဒ္ဒရာအတွင်းမှ လှေငယ်လေးများကဲ့သို့ ခဏချင်း နစ်မြုပ်ကုန်တော့၏။

ထို့နောက်တွင် သွေးမြူများနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကူညီရန်ပြင်နေသော သွမ့်ကူဟိုင်တစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသလို တုန်ရင်သွားစေ၏။

“ မင်း ... ။ ”

ဤတိုက်ပွဲသည် အစမှအဆုံးတိုင် မြန်ဆန်လွန်းနေ၏။ သွမ့်ကူဖန်းက သက်ပြင်းချ လေသည်။

“ အကြီးအကဲဟိုင် ... စောစောက ငါ့ရဲ့ အကြံဉာဏ်ကို နားထောင်ခဲ့မယ်ဆိုရင် ... ဒီလို အဖြစ်မျိုး မင်းမကြုံရဘူး အခုတော့ အကြီးအကဲ ခြောက်ယောက်ကို မင်းသတ်လိုက်ပြီ။ ”

“ ဟမ့် ... မင်းရူးနေလား ငါက ဘာလို့သူတို့ကို သတ်ရမှာလဲ ဒီလူယုတ်မာ သတ်လိုက်တာ။ ”

“ ချင်းယာ ဒီမှာကြည့်ထား ... ။ ”

ထိုစဉ် စုရီက ချင်းယာကို နာမည်ခေါ်ပြီး သွမ့်ကူဟိုင်ထံ ခုန်ဆင်းလာ၏။ စုရီတစ်ယောက် မည်သည့်ရည်ရွယ်ချက်ရှိနေကို မြင်နိုင်သဖြင့် သွမ်ကူဟိုင်မှ အလွန်ဒေါသထွက်လာသည်။

“ ဂျိန်း ... ။ ”

လျှပ်စီးများ တောက်ပနေသော ကြေးဝါလှံတစ်စင်းကို ထုတ်ယူလျက် လေထဲရှိ စုရီထံ ထိုးချလိုက်တော့၏။ လေနှင့် မိုးတိမ်များ အရောင်ပြောင်းသွားကာ မိုးခြိမ်းသံများ ဖြစ်ပေါ်လာသည်။

“ ဟမ့် ... မင်းသေချင်နေတာပဲ။ ”

သူဟူသည် သွမ့်ကူမျိုးရိုး၌ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သို့ အောင်မြင်ရန် အခွင့်အရေးတစ်ခုသာ လိုအပ်တော့သည့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

ထို့ကြောင့် သူဒေါသထွက်သောအခါ တောင်နှင့်မြစ်များတုန်ခါလျက် သေဆုံးသွားသူ ထို(၆)ဦးထက်သာလွန်သော ထာဝရအမှောင် စွမ်းအားများ လိုက်ပါလာတော့၏။

***

All Chapters