← Chapters

ထူးဆန်းသော အပေါင်ဆိုင် ... ။

Vol. 46 Ch. 550

ထူးဆန်းသော အပေါင်ဆိုင် ... ။

Vol. 46 Ch. 550

ညသည် မှင်ကဲ့သို့ နက်မှောင်နေပြီး ကြယ်၊လနှင့်ကောင်းကင်၏ အလင်းရောင်များ ပျောက်ကွယ်နေချေပြီ။

တောတန်းကြီး တစ်နေရာတွင် အထီးကျန်ဆန်လှသော အသွင်သဏ္ဍာန်တစ်ခု အသက်မဲ့စွာ လျှောက်လှမ်းသွားနေ၏။

ဆံပင်များပွထနေပြီး တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းကာ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်သွားသကဲ့သို့ အကြည့်များ ဗလာကျင်းနေသည်။

“ ချွင် ချွင် ချွင် ... ။ ”

ရုတ်တရက် ညကောင်းကင်ယံတွင် ငြိမ့်ညောင်းသော ခေါင်းလောင်းမြည်သံများ ထွက်ပေါ်လာသည်။

ခန္ဓာကိုယ်ကြီး တောင့်တင်းလာပြီး ရှုပ်ထွေးနေသော စိတ်သဏ္ဍန်သည် ရုတ်တရက် ကြည်လင်လာ၏။ ထို့ကြောင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ၊

“ ငါ့ဓားနှလုံးသားဟာ သံလိုမာကျောပြီး ကမ္ဘာကြီး မှောက်ကျသွားရင်တောင် ယိမ်းယိုင် မနေနိုင်ဘူးလို့ထင်ခဲ့မိတယ် ဒီနေ့တော့ လုံးလုံး ပျက်ပြားသွားတာပဲ မထင်ထားခဲ့မိဘူး။ ”

-ဟု ရေရွတ်လိုက်သည်။

မည်မျှ အန္တရာယ်ကြီးခဲ့သည်ကို သူ နားလည်လာ၏။ ခေါင်းလောင်းသံကြောင့်သာ မဟုတ်သော် ရှုပ်ထွေးပြီးဖုတ်ကောင်ကဲ့သို့သော အနေအထားမျိုတွင် ဆက်ရှိနေပေလိမ့်မည်။

သို့သော် ဤဝေးလံခေါင်သီလွန်းသော အရပ်တွင် အချိန်မတော် ခေါင်းလောင်းသံသည် မည်သို့ပေါ်လာရသနည်း။

အတွေးဖြင့် လှည့်ကြည့်လိုက်ရာ အဝေးတစ်နေရာတွင် မှိန်ပျပျ လင်းနေသော ဝါးဆိုင်လေးတစ်ဆိုင်ကို မြင်လိုက်ရ၏။

“ စိတ်ဝင်စားစရာပဲ။ ”

ထို့နောက် လျှောက်လှမ်းသွားရာ တောင်ကုန်းတစ်ခု၌ ဝါးဖြင့်ဆောက်ထားသော နှစ်ထပ်ဆိုင်ခန်းလေး တစ်ခန်းဖြစ်နေသည်။

တံခါးတံစက်မြိတ်ရှေ့တွင် အထီးကျန် မီးပုံးတစ်လုံးသာရှိ၏။ ထိုသို့သောအလင်းသည် အမှောင်ညတွင် လူအများကို အေးချမ်း နွေးထွေးသွားစေသည်။

တံခါးဝတွင် ကမ္ပည်းပြားတစ်ချပ် တွဲလောင်းကျနေသည်။ ၎င်းပေါ်တွင် စာလုံးကြီး နှစ်လုံးရေးသားထား၏။

“ အပေါင်ဆိုင်။ ”

လိမ္မော်ရောင်မီးပုံး၏ အလင်းရောင်အောက်တွင် စကားလုံးနှစ်လုံး တဖျပ်ဖျပ်ခတ်ကာ ဆန်းကြယ်သော ခံစားချက်မျိုးပေးနေတော့သည်။

“ ဟမ့် ... အပေါင်ဆိုင်တစ်ဆိုင်က ဘယ်လိုလုပ် ဒီတောထဲမှာ ပေါ်လာရတာလဲ။"

တစ်ခုခု မှားနေပြီမှန်း သိသော်လည်း သိချင်စိတ်ကိုတားမရဘဲ စူးစမ်းချင်စိတ်များ ဖြစ်ပေါ်လာခဲ့၏။

သို့သော် သတိပြန်ဝင်လာပြီး ခဏတာ တိတ်ဆိတ်သွားသည်။ အဆုံးတွင် သိချင်စိတ်ကို ထိန်းကာ လှည့်ထွက်လာခဲ့၏။

သူ့တွင် ဒဏ်ရာများ ပြင်းထန်စွာ ရရှိထားခဲ့ပြီး မတော်တဆမှုမျိုး ဖြစ်လာသော် အလွယ်တကူ အသတ်ခံရနိုင်၏။

“ ချွင် ချွင် ချွင် .... ။ ”

သို့သော် သူခြေလှမ်း အနည်းငယ် လှမ်းပြီးသည့်နောက်တွင် ထူးဆန်းသော ခေါင်းလောင်းသံ ထပ်မံထွက်ပေါ်လာပြန်သဖြင့် ရုတ်တရက် လှည့်ကြည့်လိုက်မိသည်။

“ ကျွီ ... ။ ”

ထိုအချိန်တွင် ပိတ်ထားသော အပေါင်ဆိုင်တံခါးသည် အတွင်းမှတွန်းဖွင့်လျက် ပုံသဏ္ဍာန်တစ်ခုကို ပေါ်လွင်လာ၏။

ဤသည်မှာ တရားရုံးအရာရှိ တစ်ယောက်ကဲ့သို့ ၀တ်ဆင်ထားသော အဖိုးအို တစ်ဦးဖြစ်သည်။

အနက်ရောင် ဦးထုပ်အဝိုင်း သေးသေးလေးကို ဦးခေါင်း၌ဆောင်းထားကာ လက်နှစ်ဖက်စလုံးသည် အင်္ကျီလက်အတွင်း ပျောက်ကွယ်နေသည့် လူပုလေးပေပင်။

တံစက်မြိတ်မှ လိမ္မော်ရောင် အလင်းတန်းများအောက်တွင် အဘိုးအိုသည် ပြုံးရွှင်သောမျက်နှာဖြင့် ဖော်ရွေနေသည်။

“ သခင်လေး ... ဒီပေါင်ဆိုင်က ပိတ်ထားတာကြာပြီ မင်းလိုဓားသမားနဲ့တွေ့ဖို့ ရှားရှားပါးပါး အခွင့်အရေးပဲ ... ကျေးဇူးပြုပြီး အထဲဝင်လာပါ။ ”

သူ စကားပြောနေစဉ်တွင် လက်ချောင်းများကိုဆုပ်ကိုင်ကာ ဖိတ်ခေါ်သည့် အမူအရာတစ်ခု ပြုလုပ်ပြခဲ့သည်။

“ စီနီယာ အစောက ခေါင်းလောင်းသံကို မင်းဖန်တီးလိုက်တာလား။ ”

သွမ့်ကူဖန်းမှ ခဏမျှတုံ့ဆိုင်းသွားပြီး ပြန်မေးလိုက်သည်။ ထိုခေါင်းလောင်းသံသည် သူ့ဓားနှလုံးသားကို ပျက်စီးခြင်းအတွင်းမှ ကယ်တင်ပေးခဲ့၏။

“ ငါ့ကို စီနီယာလို့ခေါ်ဖို့ မထိုက်တန် သေးပါဘူး ကျေးဇူးပြုပြီး အဖိုးကြီးချောင်ဖုန်းလို့ ခေါ်နိုင်ပါတယ်။ ”

တရားရုံးအရာရှိ အဘိုးအိုသည် ဤလျှို့ဝှက်ဆန်းကြယ်သော အပေါင်ဆိုင်၏ ပိုင်ရှင်ဖြစ်မည်ကို သံသယဖြစ်ဖွယ် မရှိချေ။

ချောင်ဖုန်းသည် နာမည်တစ်ခုမျှသာ ဖြစ်ပုံရ၏။ သူ့မေးခွန်းကြောင့် တရားရုံးအရာရှိ အဘိုးအိုက၊

“ အဲဒီခေါင်းလောင်းသံကို ... ငါ ထိန်းချုပ်ထားတာ မဟုတ်ဘူး ဒီအပေါင်ဆိုင်ကို ဝင်ဖို့ထိုက်တန်တဲ့ ဧည့်သည်တစ်ယောက်ကို တွေ့ချိန်တိုင်းမှာ ... သူ့ အလိုအလျောက် မြည်လာပါလိမ့်မယ်။ ”

ထို့နောက် ချောင်ဖုန်းက အဓိပ္ပါယ်ပါရှိသော အကြည့်များဖြင့်၊

“ နှစ်တွေ ဒီလောက်တောင်ကြာနေပြီ မိုးပြာတိုက်ကြီးမှာ ... အပေါင်ဆိုင်ထဲကိုဝင်နိုင်ဖို့ အရည်အချင်းပြည့်မီတဲ့ တစ်စုံတစ်ယောက် ရှိနေလိမ့်မယ်လို့ မထင်ထားဘူး အထူးသဖြင့် ဓာသမား။ ”

‘ဓားသမား’ဟူသော စကားလုံးကို တရားရုံးအရာရှိအဘိုးအို ပါးစပ်မှ ထွက်ပေါ်လာ သောအခါ ထူးဆန်းပြီး အရသာရှိနေ၏။

“ ဒါဆို ... ဒီခေါင်းလောင်းက ရွေးချယ်ထားတဲ့ လူတွေသာ ဒီအပေါင်ဆိုင်ကို ဝင်ခွင့်ရတယ်လို့ ပြောနေတာလား။ ”

တရားရုံးအရာရှိအဘိုးအိုမှ ပြုံးပြီး ခေါင်းညိတ်သည်။ သွမ့်ကူဖန်းက တုန်လှုပ်သွား တော့၏။ ထို့နောက်တွင် တရားရုံးအရာရှိ အဘိုးအိုမှ၊

“ သခင်လေး၊ ကျေးဇူးပြု၍ ဝင်ပါ။ ”

-ဟု ဖိတ်ခေါ်၏။

သွမ့်ကူဖန်းမှ အသက်ပြင်းပြင်းရှူကာ လှမ်းဝင်လာခဲ့သည်။ ဝါးအဆောက်အအုံအတွင်း ပထမထပ်သည် အလွန်ကျယ်ဝန်းပြီး ပေသီး တစ်လုံး၊ ကြေးမီးခွက်တစ်ခုနှင့် ချိန်ခွင်တစ်ခုကို ကောင်တာပေါ်တွင် တင်ထားသည်။

ကောင်တာနောက်တွင် ပစ္စည်းများ အပြည့်ထည့်ထားသော နံရံကပ်စင်ကြီးတစ်ခု ရှိနေ၏။

ကြေးမီးခွက်ရှိ မီးတောက်သည် ပဲစေ့ကဲ့သို့ မှိန်ဖျော့လျက် အလင်းရောင်နှင့် အခိုးအငွေ့များ ထုတ်လွှတ်နေသည်။

လေထုသည် အလွန်အုံ့မှိုင်းလှ၏။ တရားရုံးအရာရှိ အဘိုးအိုက ကောင်တာထံသို့ လျှောက်လှမ်းသွားကာ ခြေနင်းခဲ့အမြင့်ပေါ် ကုပ်ဖက်တက်လိုက်ပြီး ကြင်နာစွား ပြုံးပြလာလေသည်။

သွမ့်ကူဖန်းအကြည့်က ဓားတစ်လက်ထံ ရောက်ရှိသွား၏။ ပုစဉ်းရင်ကွဲ တောင်ပံကဲ့သို့ ပါးလွှာပြီး ကြည်လင်သည်။

ဓားရိုးတွင် ‘နက်နဲခြင်း’ဟူသော စာလုံးသေးသေးလေးနှစ်လုံးကို ရေးထိုးထား၏။ သွမ့်ကူဖန်းမှ နတ်အာရုံဖြင့် စစ်ဆေးသည်။

သို့သော် မည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားစေကာမူ ထိုဓား၏အငွေ့အသက်ကို ခံစား၍မရချေ။

“ ဒီဓားကို လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းကျော်လောက်က ရွှမ်အဆင့် ဧကရာဇ်တစ်ပါး အပေါင်ထားခဲ့တာပါ ...

... သဘောတူညီချက်အရ အနှစ်တစ်သောင်းအတွင်း သူ မရွေးနိုင်ခဲ့တဲ့ အတွက် ဒီဓားဟာ အပေါင်ဆိုင်ရဲ့ပိုင်ဆိုင်မှု ဖြစ်လာပါပြီ ...

... သခင်လေးဆန္ဒရှိရင် ဒီဓားအတွက် ထိုက်တန်တဲ့ တန်ကြေးတစ်ခု ပေးနိုင်သရွေ့ လဲလှယ်လို့ ရပါတယ် ဒါပေမယ့် ဒီဓားဟာ အရမ်းပြင်းထန်လွန်းတာမို့ သခင်လေးနဲ့ မသင့်လျော်ပါဘူး။ ”

တရားရုံးအရာရှိ အဖိုးအိုက ပြုံး၍ ရှင်းပြလာသည်။ သွမ့်ကူဖန်းက လန့်သွား၏။ ရွှမ်အဆင့်ဓားဧကရာဇ်၏ လက်နက်ပင်လော။ မည်သို့သော ဓားဧကရာဇ်သည် သူ့ဓားကို အပေါင်ထားဖို့ ဆန္ဒရှိနေသနည်း။

အတွေးများ ငြိမ်သက်သွားပြီးနောက် အခြားသောရတနာများထံ အကြည့်ရွေ့လိုက် လေသည်။

တာအိုတံဆိပ်၊ ရတနာပန်းအိုး၊ ကျောက်စိမ်းသပိတ်၊ မီးဖိုများနှင့် ဆံညှပ်၊ ကျောက်စိမ်းဆွဲသီး၊ ဆံပင်၊ တိရစ္ဆာန်အရေခွံ၊ အရိုးတစ်ပိုင်း အစရှိသည့် အခြားထူးဆန်းသော အရာများလည်း ရှိနေသေးသည်။

မည်သည့်ရတနာမဆို မမြင်နိုင်သော စွမ်းအင်အလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသည်။ ထိုစဉ် လက်ကောက်ဝတ်မှ ဖြတ်ထားသော လက်ဖဝါးတစ်ဖက်ကို မြင်လိုက်ရ၏။

ထိုလက်သည် သွယ်လျပြီး ကြည်လင် ရှည်လျားသော အဖြူရောင်လက်ချောင်းများကို ပိုင်ဆိုင်ထားချေပြီ။

မြင်ရုံဖြင့် ပိုင်ရှင်သည် မှင်သပ်ဖွယ် အလှတရားများ ပိုင်ဆိုင်သော အမျိုးသမီးမျိုး ဖြစ်မည်ကို ပြောနိုင်သည်။

“ ဒါဟာ သူ့ချစ်သူအတွက် အသက်ပြန်ရှင်စေနိုင်တဲ့ အံ့ဖွယ်ဆေးပင်နဲ့ လဲလှယ်ခဲ့တဲ့ ဧကရီလက်တစ်ဖက်ပါ။ ”

“ ဧကရီတစ်ပါး ချန်ထားခဲ့တဲ့ လက်လား။ ”

သွမ့်ကူဖန်းတစ်ယောက် နှလုံးသားများ တုန်လှုပ်သွားပြီး၊

“ ဒါဆိုစင်ပေါ်က ပစ္စည်းတွေက ဧကရာဇ်နယ်ပယ် တန်ခိုးရှင်တွေ ချန်ထားခဲ့တဲ့ ရတနာတွေလား ... ။ ”

-ဟု မေးမြန်းလိုက်သည်။

တရားရုံးအရာရှိအဖိုးအိုမှ ခေါင်းယမ်းပြလာပြီး၊

“ အဲဒီလိုမျိုးတော့ မဟုတ်ပါဘူး ... ခေါင်းလောင်းသံကနေ ဖိတ်ခေါ်ခြင်းခံရတဲ့ ဧည့်သည်တွေဟာ ဧကရာဇ်တွေကနေ သာမာန်စစ်သည်တော်တွေအထိ ...

... အမျိုးမျိုး ရှိကြပါတယ် ... သူတို့ရဲ့မူလက လူသား၊ တစ္ဆေ၊ နတ်ဆိုး ဘာတွေပဲ ဖြစ်နေပါစေ ဖိတ်ခေါ်ခံရသရွေ့ ... ဒီပေါင်ဆိုင်ကိုဝင်ဖို့ အရည်အချင်း ပြည့်မီတယ်။ ”

ဤတစ်ကြိမ်၌ သွမ့်ကူဖန်းတစ်ယောက် အကြာကြီး ငြိမ်သက်သွားသည်။ သူ့အသိဉာဏ် အတွင်း၌ ရှာမတွေ့ချေ။

မည်သို့သော အပေါင်ဆိုင်မျိုးသည် ဤမျှမယုံနိုင်စရာ ကောင်းနေနိုင်သနည်း။ တရားရုံးအရာရှိအဖိုးအိုမှ၊

“ သခင်လေး ဒီပေါင်ဆိုင်ရဲ့ စည်းမျဉ်းတွေအရ ဝင်လာပြီးရင် မင်းလိုချင်တာ မှန်သမျှ တောင်းလို့ရတယ် ငါတို့မင်းကို ကျေနပ်အောင် လုပ်ပေးမယ်။ ”

-ဟု ရှင်းပြလာ၏။

ထို့နောက် တရားရုံးအရာရှိအဖိုးအိုက ကောင်တာပေါ်ရှိ ပေသီးထံလက်ညိုးထိုးကာ၊

“ ဒါပေမယ့် ... သခင်လေးက တူညီတဲ့ စျေးနှုန်း ပေးဆောင်ရပါမယ် ... ဒီနည်းလမ်းက အပေါင်ဆိုင်ရဲ့ ရည်ရွယ်ချက်ပဲ။ ”

-ဟု ပြုံးပြုံးရွှင်ရွှင်ဖြင့် ဖြည့်စွက်လိုက်၏။

“ ဒါဆို ... ငါဧကရာဇ် ဖြစ်ချင်ရင် မင်းရဲ့ပေါင်ဆိုင်မှာ ကူညီဖို့နည်းလမ်းရှိလား။ ”

“ ဒါပေါ့ ... ။ ”

တရားရုံးအရာရှိအဖိုးအိုသည် ကောင်တာပေါ်ရှိ ကံကြမ္မာကိုချိန်တွယ်ရာတွင် အသုံးပြုသည့် ချိန်ခွင်ထံ ညွှန်ပြလိုက်ပြီး၊

“ မင်းလုပ်ရမှာက မင်းရဲ့လက်ကို ဒီချိန်ခွင်ပေါ်တင်ပြီး သူ့ရဲ့အတည်ပြုချက်ယူပါ ပြီးရင်ထိုက်တန်တဲ့တန်ကြေးကို တွက်ထုတ်ပြီး အပေါင်အဖြစ်ပေးပါ ... ဒါဆို မင်းဧကရာဇ် ဖြစ်လာအောင် ငါကူညီနိုင်ပြီ။ ”

-ဟု ပြောကြားလိုက်တော့၏။

သွမ့်ကူဖန်းတစ်ယောက် မျက်ခုံးပင့်ကာ ထိတ်လန့်အံ့ဩသွားချေပြီ။ ဤကမ္ဘာကြီးတွင် ထိုသို့ ဆန်းကြယ်သောအပေါင်ဆိုင်မျိုး ရှိနေသည်လော။ မယုံနိုင်စရာပေပင်။

***

All Chapters