ကြောက်ရွံ့နေသော ပေသီး၊ခေါင်းလောင်းနှင့် ချိန်ခွင်။
Vol. 46 Ch. 551
“ ဒီလောက်လွယ်လား ... ။ ”
တရားရုံးအရာရှိ အဖိုးအို စကားသည် သွမ့်ကူဖန်းကို အံ့သြသွားစေသည်။ မူလတွင် စမ်းသပ်မှုအဖြစ်သာ တောင်းဆိုခြင်းဖြစ်၏။ အမှန်တကယ် လုပ်ဆောင်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားချေ။
“ ဒါဆို ငါဒီဓားကို လိုချင်ရင် ဘယ်လိုလုပ်ရမလဲ။ ”
သွမ့်ကူဖန်းက စင်ပေါ်တွင် ချိတ်ဆွဲထားသော နက်နဲဓားကိုပြန်ကြည့်ကာ မေးမြန်းလိုက်လေသည်။ တရားရုံးအရာရှိ အဖိုးအိုက ပြုံးပြီး၊
“ ဒါလည်း အတူတူပါပဲ ဒီချိန်ခွင်ရဲ့ ခွင့်ပြုချက်ရသရွေ့တော့ ငါတို့လဲလှယ်မှုတစ်ခု လုပ်နိုင်မှာပါ။ ”
-ဟု ပြန်ဖြေသည်။
“ ဒါဆို သူလက်မခံရင် ငါလိုချင်တာကို မရနိုင်ဘူးလား။”
“ အမှန်ပါပဲ ... ။ ”
တရားရုံးအရာရှိအဖိုးအိုက အနည်းငယ်စဉ်းစားလျက်၊
“ ဧည့်သည်အတွက် ရွေးချယ်စရာတွေ များလွန်းတဲ့အခါ ... ဘယ်ဟာအကောင်းဆုံးလဲ သိဖို့ခက်ပါတယ် ... ဒီချိန်ခွင်ကသာ မင်းကို အဖြေရှာပေးနိုင်မှာပါ။ ”
“ တကယ်လား ... ။ ”
“ ငါ ဘယ်သူ့ကိုမှ လှည့်စားဖို့ ဆန္ဒမရှိပါဘူး မင်းစမ်းကြည့်တာနဲ့ သိပါလိမ့်မယ်။ ”
သွမ့်ကူဖန်းမှ ခဏမျှ တုံ့ဆိုင်းသွားပြီး အဆုံးတွင် ခေါင်းယမ်းကာ၊
“ မေ့လိုက်ပါ၊ ငါ့မှာ ဘာဆန္ဒမှ မရှိဘူးဆိုတော့ စမ်းကြည့်ဖို့ မလိုတော့ပါဘူး။ ”
-ဟု ငြင်းဆန်လိုက်၏။
တရားရုံးအရာရှိ အဖိုးအိုခမျာ မျက်လုံးများသိမ်မွေ့လာပြီး သူ့အပြုံးမှာ ပို၍ပင် နွေးထွေးလာတော့သည်။
“ ဧည့်သည်က သတိရှိနေတာ နားလည်နိုင်ပါတယ် ဒါပေမယ့် စည်းမျဉ်းတွေ အရ ဒီအပေါင်ဆိုင်ထဲဝင်ပြီး အရောင်းအဝယ် မလုပ်ရင် အပြစ်ပေးခံရမှာပါ။ ”
“ ဟမ့် ... စီနီယာ ... ငါကိုအတင်းအကြပ်လုပ်ဖို့ စီစဉ်နေတာလား။ ”
တရားရုံးအရာရှိ အဖိုးကြီးမှ ခေါင်းယမ်းကာ၊
“ ဧည့်သည် မထိတ်လန့်ပါနဲ့ ... ဒါအပေါင်ဆိုင်ရဲ့ စည်းမျဉ်းပါ ... ဒီပြစ်ဒဏ်က ပေါ့ပေါ့ပါးပါးမို့ ဧည့်သည်ရဲ့ အသက်ကို ဆုံးရှုံးမှု ရှိစေမှာ မဟုတ်ပါဘူး။ ”
-ဟု ရှင်းပြ၏။
“ ဒါဆို မင်းကို ငါ့ကိုဘယ်လို အပြစ်ပေးမလဲ။ ”
တရားရုံးအရာရှိအဖိုးအိုက ကောင်တာစားပွဲပေါ်ရှိ ပေသီးထံကောက်ယူပြီး၊
“ ငါတွက်ချက်ဖို့ လိုတယ်။ ”
-ဟု ပြောကြားလိုက်သည်။
ထိုနောက် ကြင်နာသော အပြုံးဖြင့် ပေသီးကို ပြန်ချလိုက်ကာ၊
“ သခင်လေး ...မင်းရဲ့ ကျင့်ကြံမှုက အားနည်းလွန်းတယ် ဒီအပေါင်ဆိုင်အကြောင်း မင်းမသိနိုင်ဘူး ...
... ဒီကမ္ဘာကြီးမှာ ရှားပါးပြီး ကောင်းကင်ဘုံကိုအံတုနိုင်တဲ့ အခွင့်အရေးတွေ အပြည့်ရှိနေတာကို မင်းနားမလည်နိုင်တာ နှမျောစရာပါပဲ ...
... အပေါင်ဆိုင် သမိုင်းတလျှောက် အရည်အချင်းရှိတဲ့ ဧကရာဇ်တွေ အများအပြား မွေးဖွားနိုင်ခဲ့ပြီး ကံကြမ္မာကို ပြောင်းလဲပေး နိုင်ခဲ့တဲ့ သာမန်စစ်သည်တော်တွေလည်း အများအပြားရှိခဲ့တယ် ...
... ကောင်းပြီ ... ဆန္ဒမရှိရင် ငါမင်းကို အတင်းအကြပ်မလုပ်ဘူး ဒီအခွင့်အရေးအပေါ် လက်လွတ်ခံချင်တာ သေချာလား ...
... အပေါင်ဆိုင်သမိုင်းမှာ ခေါင်းလောင်းထိုးပြီး ဖိတ်ခေါ်ခံရတဲ့ လူက လက်တစ်ဆုပ်စာပဲရှိတယ်။ ”
သွမ့်ကူဖန်းက အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီး အဆုံးတွင် ခေါင်းယမ်းကာ၊
“ ငါလိုတဲ့အရာက ပြင်ပအရာဝတ္ထုတွေနဲ့ အရောင်းအ၀ယ်လုပ်ပြီး ရနိုင်တဲ့ အခွင့်အရေး မဟုတ်ဘူး ကိုယ်ပိုင်ကြိုးစား အားထုတ်ပြီး ယူရမဲ့ ကံကြမ္မာပါ။ ”
-ဟု ခိုင်မာစွာ ပြောကြားလိုက်တော့၏။
တရားရုံးအရာရှိအဘိုးအိုမှ စိတ်မကောင်းဟန်ဖြင့် ခေါင်းညိတ်လျက်၊
“ ဒါဆို ... ဧည့်သည်ကို ဘယ်လို အပြစ်ပေးရမလဲဆိုတာတွက်ဖို့ ... ဒီပေသီးကို အခုငါသုံးလိုက်မယ်။ ”
-ဟု အတည်ပြုလိုက်၏။
သူ့ဟကားကြောင့် သွမ့်ကူဖန်းခမျာ အနည်းငယ်တုန်လှုပ်သွားပြီး သတိကြီးစွာ စောင့်ကြည့်လာခဲ့သည်။
“ ဂျောက် ... ဂျောက် ... ဂျောက် ... ။ ”
ပေသီးသည် ရုတ်တရက် လျင်မြန်စွာ ရွေ့လျားလာပြီး တစ်စုံတစ်ရာကို တွက်ချက် နေသံများ မြည်နေခဲ့လေသည်။
“ ဂျောက် ... ဂျောက် - ။ ”
“ ချွင် ချွင် ချွင် ... ။ ”
ထိုစဉ် ရုတ်တရက် ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ပေသီသည်လည်း လျင်မြန်စွာ တဂျောင်းဂျောင်း မြည်ဟည်းလာ၏။
တရားရုံးအရာရှိ အဖိုးအိုခမျာ မျက်နှာပျက်ယွင်းလျက် တုန်လှုပ်သွားသည်။ ချိန်ခွင်သည်လည်း အလင်းများ တောက်ပလျက် ပြင်းထန်စွာတုန်ခါလာ၏။
“ ဘာတွေဖြစ်နေတာလဲ ... ။ ”
ထိုမြင်ကွင်းက သွမ့်ကူဖန်းကို အံ့သြသွားစေသည်။ တာရားရုံးအရာရှိ အဖိုးအိုမှ ပြန်မဖြေချေ။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေ၏။
အဆုံးတွင် မျက်နှာဖြူဖျော့လျက် မသိမသာခေါင်းညိတ်ပြလိုက်သည်။ ပေသီး၊ ခေါင်းလောင်း၊ ချိန်ခွင်နှင့် လှုပ်ရမ်းနေသော အသံများငြိမ်သက်သွား၏။
တရားရုံးအရာရှိ အဘိုးအိုမှ အသက်ပြင်းပြင်းရှူကာ လက်ကို မြှောက်လျက် ကောင်တာပေါ်ရှိ ပေသီးထံ ညွှန်ပြသည်။
“ ဂုဏ်ယူပါတယ် သခင်လေး ... တွက်ချက်မှုတွေရဲ့ ရလဒ်က မင်းကို ဒီတစ်ကြိမ် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ပေးရုံတင်မကဘဲ လက်ဆောင်တစ်ခု ပေးချင်ပါတယ်။ ”
“ ဟမ့် ... ။ ”
ထိုစကားကြောင့် သွမ့်ကူဖန်းခမျာ အနည်းငယ်စိတ်ရှုပ်သွားလေသည်။ အစောပိုင်း အဖြစ်အပျက်ပြီးနောက် ဆန်းကြယ်သော ဤအဖိုးအို၏ သဘောထားသည် သိသိသာသာ ပြောင်းလဲသွားသည်ကို သတိပြုမိ၏။
တစ်ဖက်လူ၏ မျက်လုံးများတွင် ရှုပ်ထွေးသောအကြည့်နှင့် စိုးထိတ်မှုများရှိနေ ချေပြီ။ သူက ချိန်ခွင်ကိုပုတ်လိုက်သည်။
ချိန်ခွင်ခမျာ အနည်းငယ်တုန်ခါလျက် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာ တော့၏။
အလင်းပျက်ပြယ်သွားသောအခါ ကောင်တာပေါ်တွင် ဓားသေတ္တာတစ်လုံး ပေါ်လာသည်။ ယင်းသည် နှစ်ပေရှည်လျားပြီး မျက်နှာပြင်၌ ထူးဆန်းသောပုံစံများ ရေးထွင်းထား၏။
ထိုဓားသေတ္တာကို မြင်သောအခါ တရားရုံးအရာရှိအဘိုးအို၏ နှုတ်ခမ်းများသည် တုန်င်လျက် နှလုံးသွေးများ ယိုစီးလာ၏။
( လူယုတ်မာ ... မင်းအဲဒီမျိုးရိုးကို ဘယ်လောက်ပဲ ကြောက်ပါစေ ဒီလိုရတနာမျိုး မပေးသင့်ဘူးဆိုတာ မင်းသိသင့်တယ်။ )
ဤအခိုက်တွင် သူသည် ဒေါသကို မထိန်းနိုင်တော့ဘဲ ချိန်ခွင်ထံမော့ကြည့်ကာ သတ်ဖြတ်လိုသော ဆန္ဒများ ပြသလိုက်၏။
“ စီနီယာ ... ဒါ။ ”
သွမ့်ကူဖန်းတစ်ယောက် တုန်လှုပ်သွားခဲ့သည်။ တရားရုံးအရာရှိအိုကြီးမှ အသက်ပြင်းပြင်းရှူလျက် ဒေါသများ မျိုချကာ၊
“ ဟုတ်ပါတယ် သခင်လေး ... ဒီလက်ဆောင်ကိုယူသွားပြီး အခုထွက်သွားပါ ငါ ဆိုင်ပိတ်တော့မယ်။ ”
-ဟု ပြောကြားလာ၏။
အဘိုးအို၏အပြုံးသည် ယခင်က နွေးထွေးကြင်နာသော နေရာ၌ အလွန်အမင်း တင်းကြပ်နေသည့် အသွင်မျိုးပေါ်လာသည်။
“ အကျိုးဆောင်မှုတွေ မရှိရင် ... ဆုလာဘ်လည်း မရှိနိုင်ပါဘူး ... စီနီယာ မင်းရဲ့ ဒီလက်ဆောင်ကို ငါမယူနိုင်ဘူး။ ”
သို့သော် သူနှင့် မဆိုင်သောကြောင့် ထပ်မမေးတော့ဘဲ သွမ့်ကူဖန်မှ ချက်ချင်း ထွက်ခွာလာခဲ့၏။
“ မင်းဒီလက်ဆောင်ကို လက်ခံရမယ် မဟုတ်ရင် ... ငါအကြီးအကျယ် ဒုက္ခရောက် လိမ့်မယ်။ ”
တရားရုံးအရာရှိ အဖိုးအိုသည် ဓားသေတ္တာကိုကောက်ယူပြီး သွမ့်ကူဖန်းထံ ပစ်ပေးလိုက်တော့၏။ ထို့နောက်လက်များ ဝှေ့ယမ်းလိုက်လေသည်။
“ ဝှစ် ... ။ ”
သွမ့်ကူဖန်းတစ်ယောက် မျက်လုံးများ မှုန်ဝါးလျက် တုန့်ပြန်ခြင်း မပြုနိုင်မီ သဏ္ဍန်မဲ့ စွမ်းအား၏ တွန်းထုတ်ခြင်း ခံလိုက်ရ၏။
“ ဒီအရောင်းအဝယ်က ငါ့အတွက် အများကြီး အရှုံးပေါ်သွားပြီဆိုတာ မင်းသိလား လူယုတ်မာလေး။ ”
“ ဖြန်း ... ။ ”
ထိုစဉ် တရားရုံးအရာရှိအဖိုးကြီးခမျာ ပြိုလဲသွားမည် ပုံပြလာ၏။ ထိန်းမရတော့ဘဲ ချိန်ခွင်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး ဒေါသများထွက်ကာ မျက်ရည်များဝဲသည်။
ခေါင်းလောင်းနှင့် ပေသီးသည်လည်း တုန်လှုပ်ချောက်ချားရာမှ အလွန်စိတ်မကောင်း ဖြစ်ဟန်ပြသလာ၏။
“ ဟမ့် ... မင်းတို့တွေ ဘာလို့ငိုနေတာလဲ။ ”
ရုတ်တရက် တည်ငြိမ်သောအသံတစ်သံ ထွက်ပေါ်လာ၏။ အပေါင်ဆိုင်၏ တံစက်မြိတ်မှ လိမ္မော်ရောင် မီးရောင်အောက်တွင် ပုံရိပ် တစ်ရိပ် လှမ်းဝင်လာနေသည်။
တရားရုံးအရာရှိ အဘိုအိုက အံ့အားသင့်သွားကာ ရုတ်တရက် သူ့ပါးပြင်ကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ပြီး မျက်ရည်များ သုတ်လိုက်တော့၏။
ထို့နောက် မျက်နှာပေါ်တွင် ချက်ချင်း နွေးထွေးရွှင်လန်းသော အပြုံးတစ်ပွင့် ထွက်ပေါ် လာပြီး၊
“ သခင်စု၊ မတွေ့တာကြာပြီနော်။ ”
-ဟု နှုတ်ဆက်လိုက်တော့သည်။
ဤသည်မှာ စုရီမှ တပါးအခြားမရှိချေ။ ထိုစဉ်က ပေသီး၊ ခေါင်းလောင်းနှင့် ချိန်ခွင်သည် သူ့အငွေ့အသက်ကို ထင်ရှားစွာ ခံစားရသဖြင့် ထတ်လန့်ကုန်ခြင်းဖြစ်၏။
ဤသည်မှာ တရားရုံးအရာရှိအဖိုးကြီးမှ သဘောထား သိသိသာသာ ပြောင်းလဲသွားသည့် အကြောင်းရင်းလည်းဖြစ်ကြောင်း သွမ့်ကူဖန်း မသိခဲ့ချေ။
စုရီက ကောင်တာရှေ့သို့ လျှောက်လှမ်းလာပြီး ပေသီးနှင့်ဆော့ကစားရန် သူ့လက်ကို မြှောက်လိုက်သည်။
“ ဘရူး ... ရူး ... ။ ”
ကြောက်ရွံ့မှုကြောင့် ပေသီးပေါ်ရှိ ပေတုံးကလေးများသည် တုန်တုန်ယင်ယင် ဖြစ်လာတော့၏။
“ မင်းဆန္ဒရှိရင် ... ငါတို့ကြားက အကြွေးအတွက် ဒီပေသီးကိုသုံးပြီး တွက်ကြည့် ရအောင် ဘယ်လိုလဲ။ ”
တရားရုံးအရာရှိ အဖိုးကြီးတစ်ယောက် တုန်လှုပ်ခြောက်ခြားကာ ဒေါသမြိုသိပ်လျက်၊
“ ဆရာစု၊ ကျေးဇူးပြုပြီး ငါ့အတွက် ခက်ခဲအောင်မလုပ်ပါနဲ့ ငါအရင်က ပေးခဲ့တဲ့ ရတနာတွေက လိုလိုလားလား ပေးတာပါ။ ”
“ အိုး ... တခြားသူတွေ မသိနိုင်ပေမယ့် ... မင်းကအမြတ်ကြီးစား တစ်ယောက်ဆိုတာ ငါ ကောင်းကောင်းသိပါတယ်။ ”
စုရီက လှောင့်ပြုံးဖြင့် မှတ်ချက်ပေးပြီး လက်ညှိုးဖြင့် ချိန်ခွင်ကို လှုပ်ခါလိုက်ကာ၊
“ ငါ့ကို ဝိုင်တစ်ပုလင်းပေးပါ။ ”
-ဟု ပြောကြားလိုက်၏။
ချိန်ခွင်ခမျာ ဦးညွှတ်နေသကဲ့သို့ ယိမ်းယိုင်သွားပြီး အလင်းရောင်များဖြင့် ဝိုင်အိုး၊ ဝိုင်ခွက်နှင့် အမြည်းအချို့ပေးလာသည်။
အထူးဧည့်ဝတ်ပြုမှုအနေဖြင့် နူးညံ့သောသားမွေး ထိုင်ခုံတစ်လုံးသည်ပင် စုရီအနား၌ ပေါ်လာ၏။
စုရီက ကုလားထိုင်ပေါ် ထိုင်ချလိုက်ကာ ကိုယ်တိုင် ဝိုင်တစ်ခွက်ငှဲ့ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်၏။ ချိုမြိန်ပြီး မွှေးပျံ့နေသော ရနံ့များ ပျံ့လွင့်လာတော့၏။
“ ဒီကောင်လေးက မင်းထက်ပိုပြီး သိတတ်တယ်။ ”
ထိုမှတ်ချက်ကြောင့် တရားရုံးအရာရှိ အဘိုးအိုက သူ့လက်ဖဝါးကို ကိုးရိုးကားရားဖြင့် ဝှေ့ရမ်းပြကာ၊
“ ဆရာစု၊ ငါမင်းကို မတွေ့တာ ကြာနေပြီဆိုတော့ ... စောစောက စိတ်လှုပ်ရှား သွားခဲ့ပါတယ် ငါ့ကိုခွင့်လွှတ်ပါ။ ”
-ဟု အမြန်တောင်းပန်လိုက်တော့၏။
***