လူလိမ်စု ... ။
Vol. 46 Ch. 552
စုရီက လက်ထဲတွင် ဝိုင်ခွက်ကို ကိုင်လျက်ဖြင့် အမျိုးမျိုးသော ပစ္စည်းများဖြင့် ပြည့်နေသည့် နံရံကပ်စင်ကို ကြည့်ကာ၊
“ စိတ်မပူပါနဲ့ ဒီတစ်ခါတော့ ငါဘာကိုမှ မထိပါဘူး နောက်ပြီး ဒီမှာပြထားတဲ့ ပစ္စည်းတွေ အားလုံးကို မင်းသခင်ရဲ့တန်ခိုးနဲ့ တံဆိပ်ခတ် ထားတာပဲ ... ငါယူဖို့မသင့်ပါဘူး။ ”
သို့မှသာ တရားရုံးအရာရှိအိုကြီးမှ သက်ပြင်းချလျက် ပြုံးပြီး၊
“ ဆရာစုက အရင်လို သဘောထားကြီးပြီး မြင့်မြတ်နေတုန်းပဲ ... ဒါနဲ့ ဒီမိုးပြာတိုက်ကြီးကို ဆရာစု ဘယ်လိုရောက်နေတာလဲ ။ ”
-ဟု မြှောက်ပင့်မေးမြန်းလိုက်၏။
စုရီက မေးခွန်းကို မဖြေဘဲ၊
“ မင်းဘာလို့ ဒီကိုရောက်နေတာလဲ။ ”
-ဟု ပြန်မေးလိုက်၏။
“ ဆရာစု ... မင်းသိတဲ့အတိုင်း ဒီအပေါင်ဆိုင်ကို ငါ့သခင်က ထားခဲ့တာ သူက ကမ္ဘာမျိုးစုံကို အဆက်မပြတ် ခရီးထွက်နေပြီး သတ္တဝါတိုင်းနဲ့ စီးပွားရေးလုပ်နေပါတယ် ...
... တစ်ကြိမ်မှာတော့ ပုံမှန်အတိုင်း မိုးပြာတိုက်ကြီးမှာ အပေါင်ဆိုင် ပေါ်လာတယ် ဒါပေမယ့် အခုလိုမျုး ဆရာစုက ...
... ဒီတိုက်ကြီးမှာ ပြန်လည်မွေးဖွား နေလိမ့်မယ်လို့ ... သခင်က မျှော်လင့်ထားမှာ မဟုတ်ဘူး။ ”
သူ့စကားအဆုံးတွင် ကြောက်စိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။ စုရီက တရားရုံးအရာရှိ အိုကြီးထံ တစ်ချက်ကြည့်လိုက်သည်။
“ ဒါဆို မင်းပြောနေတာတွေက ... အမှန်လားအမှားလားဆိုတာ နှလုံးတံခါး ခေါင်းလောင်းကို မေးကြည့်ရအောင်။ ”
အပေါင်ဆိုင်ပိုင်ရှင်သည် ရတနာသုံးပါး ကျန်ထားခဲ့သည်။ ပထမရတနာမှာ နှလုံးတံခါး ခေါင်းလောင်း ဖြစ်ပြီး သက်ရှိအားလုံး၏ စိတ်ဝိညာဉ်လှိုင်းကို ခံစားသိရှိနိုင်၏။
ဒုတိယရတနာသည် ကမ္ဘာပေါ်ရှိ အရာအားလုံး၏တန်ဖိုးကို တွက်ချက်နိုင်သော ကံကြမ္မချိန်ခွင်ဖြစ်သည်။
တတိယသည် ဆုလာဘ်နှင့် အပြစ်ဒဏ်များကို ချမှတ်ပေးသည့် ကြယ်ပေသီး ပေပင်။ ရတနာတစ်ခုစီတွင် ဝိညာဉ်ရှိပြီး အလွန်မှော်ဆန်သည်။
၎င်းတို့အထဲတွင် နှလုံးတံခါး ခေါင်းလောင်းသည် မယုံနိုင်လောက်အောင် မြင့်မြတ်သော ရတနာ ဖြစ်ချေ၏။
ဤရတနာဖြင့် အပေါင်ဆိုင်သည် သက်ရှိသတ္တဝါများကြား မယုံနိုင်လောက်အောင် အရောင်းအဝယ်များကို အကြိမ်ကြိမ် လုပ်ဆောင်နိုင်ခဲ့သည်။
အကြောင်းရင်းမှာ ဤရတနာသည် သက်ရှိသတ္တဝါအားလုံး၏စိတ်ကို ပိုင်းခြားသိမြင် နိုင်သောကြောင့်ဖြစ်၏။
တရားရုံးအရာရှိအိုကြီးက အေးခဲသွားပြီး၊
“ ဆရာစု၊ မင်းရဲ့ရှေ့မှာ ငါမလိမ်ဝံ့ပါဘူး မိုးပြာတိုက်ကြီးမှာ ဒီအပေါင်ဆိုင်ပေါ်လာရတဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ ရှိနေတယ်ဆိုရင်တောင်မှ ...
... ငါက သခင်အတွက် အလုပ်လုပ်ပေးနေရတဲ့ နိမ့်ကျတဲ့ အစေခံဆိုတာ မင်းသိပါတယ် ဒီလျှို့ဝှက်ချက်ကို ငါဘယ်လိုများ သိနိုင်မှာလဲ။”
စုရီမှ ဝိုင်တစ်ခွက် ငှဲ့ချလိုက်ပြီး၊
“ နှလုံးတံခါး မင်းဘာလို့ ဘာမှ မပြောရတာလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
“ ချွင် ချွင် ချွင် ... ။ ”
သူ့စကားဆုံးသည်နှင့် တပြိုင်နက် လက်ဝါးအရွယ် ကြေးခေါင်းလောင်းတစ်လုံး အမှောင်ရိပ်ထဲမှ ထွက်ပေါ်လာသည်။
စုရီအနား နီးကပ်လာသည်နှင့်အမျှ တုန်တုန်ယင်ယင်နှင့် ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ စိတ်မသက်သာဖြစ်မှုတို့ကို ဖော်ပြနေ၏။
“ ငါ့ကို အဲ့ဒီလောက် ကြောက်နေတာလား။ ”
စုရီမှ ခေါင်းလောင်းကို ပုတ်ကာ မေးလိုက်သည်။
“ ချွင် ချွင် ချွင် ... ။ ”
“ ဂျောက် ဂျောက် ဂျောက် ... ။ ”
“ ဝှီး ဝှီး ဝှီး ... ။ ”
ခေါင်းလောင်းသံ၊ ပေသီးနှင့် ချိန်ခွင်ကချက်ချင်း ခါယမ်းလိုက်သကဲ့သို့ မြည်သံများပေးလာ၏။
တစ်ဖက်လူသည် သည်ဆိုင်သို့ နောက်ဆုံးရောက်ခဲ့ချိန်၌ မီးတင်ရှို့လုနီးပါး ပေပင်။ သူတို့သည် ထိုဖြစ်စဉ်အပေါ် မမေ့နိုင်သေးချေ။
“ ပြောပါ ... အပေါင်ဆိုင်က ဘာလို့ ဒီမှာပေါ်လာရတာလဲ။ ”
စုရီက မေးသည်။ နှလုံးတံခါးခေါင်းလောင်းမှ တုန်ခါလျက်၊
“ သခင်စု ... ငါ ... ငါမသိပါဘူး ...၊ ဒါပေမယ့်မသွားခင်မှာ သခင်က စာတစ်စောင် ချန်ထားခဲ့ပါတယ် ... ။ ”
-ဟု တုန့်ပြန်၏။
“ ဘယ်မှာလဲ အဲဒီစာ။ ”
ချိန်ခွင်က ချက်ချင်း ထုတ်ပေးကာ၊
“ ကျေးဇူးပြု၍ သခင် ဖတ်ကြည့်ပါ။ ”
-ဟု အလင်းတန်းတစ်ခု ပေါ်လာပြီး အနက်ရောင်စက္ကူကြိုးကြာ တစ်ကောင်ကို စားပွဲပေါ် တင်ပေးလာသည်။
“ ဒီလိုစက္ကူကြိုးကြာတွေ မင်းသခင်က သုံးနေသေးတာလား ရက်စက်ပြီးဒေါသကြီးတဲ့ သူ့လို မိန်းကလေးက တကယ် ကလေးဆန်လွန်းတယ်။”
စုရီမှ သက်ပြင်းချကာ မှတ်ချက်ပေး၏။ အပေါင်ဆိုင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ မည်သူသည် သူ့သခင်အပေါ် မှတ်ချက်ချဝံ့ မည်နည်း။ ဤလူအိုကြီးစုသည်သာ ထိုသို့ မိုက်မဲသောအမှုကို ပြုဝံ့ပေမည်။
တရားရုံးအရာရှိအိုကြီး၊ ပေသီး၊ ကြေးခေါင်းလောင်းနှင့် ချိန်ခွင်တို့မှာ တုန်ယင် လာကြသည်။
ထိုအချိန်တွင် စုရီသည် အနက်ရောင် စက္ကူကြိုးကြာကို ဖြည်လျက် စာတစ်ပုဒ်ကို ဖတ်ရှုလိုက်သည်။
“ ဟမ့် ... လူလိမ်စု၊ ထိပ်ပြောင်နေတဲ့ မြည်းအိုကြီးကျောက်တုံးနှလုံးသားက ... နင် မသေဘူးဆိုတာ ငါ့ကိုပြောခဲ့တယ် ... ။ ”
ဦးစွာနှုတ်ဆက်စာကြောင်းကြောင့် စုရီ၏နှုတ်ခမ်းထောင့်များ တုန်လှုပ်သွားသည်။ နှစ်များဤမျှကြာသွားသည့်တိုင် ထိုအရူးမသည် ဒေါသကြီးသော စိတ်နေစိတ်ထားအပေါ် ပြောင်းလဲနိုင်ပုံမရချေ။
“ ဒီစာကို ဖွင့်ဖတ်နေပြီဆိုမှတော့ နင်ဟာ ပြန်လည်မွေးဖွားလာနိုင်ပြီဆိုတာ သေချာတယ် စိတ်မကောင်းစရာပဲ ...
... ငါသာ ... ဘယ်တော့ ပြန်လာရမှန်း မသိတဲ့ ကြယ်ရောင်စုံကောင်းကင်ကြီးဆီကို သွားရမှာသာ မဟုတ်ရင် နင့်ဆီကို လိုက်လာပြီး နင့်ခေါင်းကို တူနဲ့ရိုက်ခွဲမိလိမ့်မယ်။ ”
( ဘာလဲဟ ... ဒီမိန်းက။ )
စုရီတစ်ယောက် မျက်ခုံးမွှေးများကို ကုပ်ခြစ်လျက် ကူကယ်ရာ မဲ့သွားလေသည်။ သူ့ စိတ်ထဲ ဒေါသကြီးလွန်းသည့် အမျိုးသမီး တစ်ယောက် အသွင်အပြင် ပေါ်လာသည်။
“ စိတ်ပြောင်းပြီး ... နင့်အမှားတွေကို ဝန်ခံဖို့ဆန္ဒရှိရင် ငါပြန်လာတဲ့အခါ အခွင့်အရေး ပြန်ပေးမယ် ... နင့်ရဲ့လူဝင်စားခြင်း အောင်မြင်သည် ဖြစ်စေ ...
... မအောင်မြင်သည် ဖြစ်စေ အခု ဘယ်ကမ္ဘာမှာရှိနေပါစေ ... နင့်တပည့်တွေကို သတိထားပါ အထူးသဖြင့် ပင်းမိုနဲ့ ချင်းတန်။ ”
... သူတို့က နင်မသေသေးဘူးဆိုတာ ခန့်မှန်းထားတယ် နင့်အကြောင်းသဲလွန်စတွေ အခုချိန်ထိ လျှို့ဝှက်ပြီးရှာဖွေနေတုန်းပဲ ... ဟမ့် ငါက နင့်လိုလူလိမ်ကို စိတ်ပူနေတယ်လို့ မထင်နဲ့ ....
... နင့်ကို တခြားတစ်ယောက်ယောက် သတ်တာမျိုး မမြင်ချင်ဘူး တကယ် နင်သေမယ် ဆိုရင် ... နင့်ကို ငါ့လက်နဲ့သတ်မယ် ...
... နောက်ထပ်သတိပေးမယ် ... ငါ့အပေါင်ဆိုင်ကိုထပ်ပြီး ... မီးရှို့ဦးမယ်ဆိုရင် နင်နဲ့ပတ်သက်ဖူးတဲ့ မိန်းမအားလုံးကိုဖမ်းပြီး ငါယူပစ်လိုက်မယ် ... ဒါပဲ။ ”
စုရီက စာကို ဆုံးအောင်ဖတ်ကာ မီးလျှို့ပစ်သည်။ ထို့နောက် သက်ပြင်းချကာ၊
“ နှစ်ပေါင်းများစွာ ကြာတာတောင် ဒေါသတွေနဲ့ သူ့ကိုယ်သူ ချုပ်နှောင်ထားတယ် မင်းသခင်အပေါ် သည်းခံနိုင်တဲ့ လူသားမျိုး ဒီစကြဝဠာကြီးထဲမှာ ရှိနိုင်ပါ့ဦးမလားလို့ ငါတွေးမိတယ်။”
-ဟု ညည်းတွားလိုက်၏။
တရားရုံးအရာရှိအဖိုးအိုမှ မျက်ခုံးပင့်လျက် ပေသီးထံကြည့်သည်။ ပေသီး၊ ခေါင်းလောင်းနှင့် ချိန်ခွင်က တိတ်ဆိတ်နေ၏။ မည်သူမျှ တုန့်ပြန်ခြင်း မပြုချေ။
“ မင်းသခင်က ကြယ်ရောင်စုံ ကောင်းကင်ကြီးထဲကို ဘယ်တုန်းက ထွက်သွား ခဲ့တာလဲ။ ”
“ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးရာခန့်က ... အနောက်ဘက်သုခဘုံရဲ့ ဆရာတော်ဆီကို အလည်သွားပြီး အပြန်မှာ ခရီးစဉ်ကို စီစဉ်ခဲ့တာပါ။ ”
တရားရုံးအရာရှိ အဖိုးအိုမှ ချက်ချင်း ပြန်ဖြေသည်။ စုရီက ဝိုင်တစ်ခွက် ငှဲ့သောက် လျက်ဖြင့်၊
“ ဘယ်သူနဲ့ စီးပွားရေးလုပ်ဖို့လဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ မသိပါဘူး ... ဒါပေမယ့် သခင် ထွက်မသွားခင်မှာ ကြယ်တာရာထောင်မှူးလို့ ခေါ်တဲ့ အမျိုးသားတစ်ယောက် အကြောင်း ပြောနေသံကြားပါတယ်။ ”
“ ကြယ်တာရာထောင်မှူးလား။ ”
စုရီတစ်ယောက် မျက်ခုံးများပင့်တင် လိုက်တော့သည်။ ရုတ်ချည်း အပေါင်ဆိုင် တစ်ခုလုံး တိတ်ဆိတ်သွားချေ၏။
စားပွဲခုံပေါ်ရှိ အဝါရောင်မီးအိမ်သည်ပင် အသံမထွက်ဝံ့ဘဲ တိတ်ဆိတ်စွာ လောင်မြိုက် နေခဲ့သည်။ သူသည်လည်း သူ့တည်ရှိမှုအပေါ် လူလိမ်စု သိရှိသွားမည်ကို ကြောက်နေပုံရ၏။
***
Book-46