← Chapters

ချန်ကျဲ့ : သခင်မက မီးနဲ့ ကစားနေတာပဲ_၄

Vol. 24 Ch. 323

ချန်ကျဲ့ : သခင်မက မီးနဲ့ ကစားနေတာပဲ_၄

Vol. 24 Ch. 323

ချန်ကျဲ့ မေးလိုက်သည်။

“ခေါင်းဆောင်နန်နဲ့ ပတ်သက်တာလား”

“ရှင် ခန့်မှန်းကြည့်လေ”

“ကျွန်တော် နားမထောင်ဖို့ ရွေးချယ်လို့ရမလား”

“ဒါပေမဲ့ ကျွန်မ ရှင့်ကိုပြောပြချင်တယ်”

ချန်ကျဲ့မှ ပြောသည်။

“ဒါဆိုပြောပါ”

“အနားပိုကပ်ခဲ့၊ ခေါင်းငုံ့”

ဟွမ်ဝမ်အာ၏ အသံမှာ တိုးရှသည်။ ချန်ကျဲ့ ကိုယ်ကို ကွေးညွှတ်လိုက်ပြီး ဟွမ်ဝမ်အာ၏ တီးတိုးစကားကို နားထောင်သည်။

ထို့နောက် အံ့ဩမှုကြောင့် ချန်ကျဲ့၏မျက်လုံးများ ပြူးကျယ်သွားသည်။

“ခေါင်းဆောင်နန်က… တကယ်လား”

ဟွမ်ဝမ်အာမှ ခပ်ဖျော့ဖျော့ ရယ်မော၏။

“သွားပြီ၊ ရှင် နန်ပါးထျန်းရဲ့ လျှို့ဝှက်ချက် နောက်တစ်ခုကို သိသွားပြန်ပြီ။ ကြည့်ရတာ ရှင်က သေဖို့ကံစီမံထားပြီးသား ထင်တယ်”

ချန်ကျဲ့မှ ဟွမ်ဝမ်အာကို ကြည့်လိုက်ပြီး ပြောသည်။

“သခင်မရယ် လျှို့ဝှက်ချက်တစ်ခုကို သိတာကလည်း သေဆုံးခြင်းကို ဦးတည်နိုင်ပြီး လျှို့ဝှက်ချက်နှစ်ခုကို သိတာကလည်း သေဆုံးခြင်းကို ဦးတည်တာပါပဲ။ အဲဒီတော့ ဘာများ ကြောက်စရာရှိလို့လဲ”

“ရှင်က သတ္တိကောင်းသားပဲ။ ရှင် ကျွန်မနဲ့အတူ အဝီစိငရဲကို ကြုံတွေ့ခံစားဖို့ ဆန္ဒရှိလား”

ချန်ကျဲ့ မျက်လုံးမှေးကျဉ်းလိုက်သည်။

“ကျွန်တော် သဘောတူရင် သခင်မလည်း ဒီနေ့ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးရပါမယ်”

“ဟားဟား အဲဒါတော့ ရှင့်ရဲ့လုပ်ဆောင်ချက်အပေါ်မှာ မူတည်တယ်”

ထို့နောက် ဟွမ်ဝမ်အာသည် တစ်ဖက်ပြန်လှည့်သွားပြီး ချန်ကျဲ့၏အဖြေကို စောင့်ဆိုင်းနေသည်။

ထိုအချိန်၌ ချန်ကျဲ့သည် လက်တစ်ဖက်တွင် ပုဝါကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်သည် ဟွမ်ဝမ်အာ၏ လှပကျော့ရှင်းသည့် လည်တိုင်ကို ထိကိုင်ထားသည်။ သူ၏လက်ကို အနည်းငယ် လှုပ်ရှားလိုက်ရုံမျှနှင့် သူမကို အလွယ်တကူ လည်ပင်းညှစ်၍ သတ်ပစ်နိုင်ပေသည်။ သို့သော် ထိုစာတစ်စောင် ရှိနေသေးသည်…

မကြာမီ၌ လက်ဖက်ရည်တစ်ခွက်သောက်စာမျှအချိန် ကုန်ဆုံးသွားခဲ့သည်။ အစေခံမိန်းကလေးနှင့် သီလရှင်များ လာရောက်စစ်ဆေးတော့မည့် အချိန်သို့ ကျရောက်လေပြီ။

ထိုအခါ ဟွမ်ဝမ်အာမှ ပြောသည်။

“လူကြီးမင်းချန် အချိန်ပြည့်တော့မယ်။ ရှင် ကျွန်မကို အဖြေပေးသင့်ပြီ”

“‌လက်ရှိမှာ ကျွန်မက ခုခံနိုင်စွမ်းမရှိဘူး။ ရှင် နောက်ဘက်ကနေ ကျွန်မရဲ့လည်ပင်းကို ညှစ်၊ ပါးစပ်ကို ပိတ်ပြီး အသံမထွက်နိုင်အောင် လုပ်လို့ရတယ်။ ပြီးရင် သူတို့ အခန်းထဲဝင်လာတဲ့အခါကျ အခွင့်အရေးစောင့်ပြီး သူတို့အားလုံးကို သတ်လို့ရတယ်။ ဒါပေမဲ့ ဆရာတော်ကျီရှန်း သတိထားမိမသွားအောင်တော့ ဂရုစိုက်နော်။ ပြီးတော့ အဲဒီငတုံးအစေခံမလေးလည်း အထဲဝင်လာလိမ့်မယ်ဆိုတာ ကျွန်မ အာမခံတယ်”

“ရှင် လောင်းကြေးနိုင်ခဲ့ရင်တော့ ကျွန်မ ခြိမ်းခြောက်တာကို မခံရတော့ဘူးပေါ့။ ကဲ အဲဒီတော့ ရှင် လောင်းကြည့်ချင်လား။

ပြောမရဘူးလေ ရှင်တကယ်နိုင်သွားတာလည်း ဖြစ်နိုင်တာပဲ”

ဟွမ်ဝမ်အာသည် လူကို ပြစ်မှုကျူးလွန်‌ရန် ဆွဲဆောင်ဖြားယောင်းနေသည့် မြေခွေးမတစ်ကောင်အလား ချန်ကျဲ့အား ရွေးချယ်မှုပြုလုပ်ရန် တိုက်တွန်းနေခဲ့သည်။

သူမသည် စိတ်ဝင်စားသည့် ခံစားချက်တစ်မျိုးကိုပင် ခပ်ရေးရေး ခံစားမိလာခဲ့သည်။

သူမ တကယ်ကြီး ထိုအရာကို မျှော်လင့်နေခဲ့ခြင်းဖြစ်၏။ သေခြင်းတရားဖြစ်စေ၊ အဝီစိငရဲဖြစ်စေ နှစ်ခုစလုံးကို သူမ လက်ခံနိုင်သည်။ နှစ်ခုစလုံးသည် သူမ တောင့်တနေသည့်အရာများ ဖြစ်ကြ၏။

သူမသည် နန်ပါးထျန်း၏ ညှဉ်းပန်း‌နှိပ်စက်မှုကို နေ့စဉ်နေ့တိုင်း ခံယူနေရသည်။ သူမ၏ မိဘများသည် အင်အားကြီးသူအား မည်သို့ ‌ဖော်လံဖားရမည်ကိုသာ စိတ်ဝင်စားသည်။ သူမ၏ အစ်ကိုမောင်များသည် သူမ၏သွေးကို ကုန်ခမ်းသည်အထိ စုပ်ယူချင်ကြသည်။ သူမအား မိသားစုအတွက် ခွေးတစ်ကောင်လိုရှင်သန်ရန် ပစ်ထားကြသည်။ သူမကို အနစ်နာခံစေခြင်းဖြင့် မိသားစုအတွက် အကျိုးအမြတ်ရှာဖွေကြသည်။

သို့သော် သူမအတွက်တော့ လုံလောက်နေခဲ့ပြီဖြစ်၏။ သူမ ထိုသို့ဘဝမျိုးဖြင့် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဆက်မရှင်သန်ချင်တော့ပေ။

သူမ လွတ်လပ်မှုကို လိုချင်သည်။ သူမအတွက် လွတ်လပ်မှုကို ရယူခြင်းငှာ နည်းလမ်းတစ်ခုသာ ရှိ၏။ ၎င်းမှာ သေခြင်းတရားပင်။

ထို့ကြောင့် မနေ့က သူခိုး‌တစ်ယောက် နံရံခုန်ကျော်လာပြီး သူမကို ဓားစာခံလုပ်ခဲ့စဉ်က သူမသည် အမှန်တကယ် သေဆုံးလိုခြင်း ဖြစ်ခဲ့သည်။ သူမ အသက်ရှင်ရခြင်းကို စိတ်ကုန်နေခဲ့လေပြီ။

သို့သော် ချန်ကျဲ့၏လှံရှည် သူမ၏ နားအနီးမှ ဖြတ်သန်းသွားပြီး သူခိုးကို သတ်ဖြတ်ကာ သူမ၏ ပါးတစ်ဖက်နှင့် တစ်ကိုယ်လုံးကို သွေးများ စွန်းထင်းစေခဲ့ချိန်တွင် ပြင်းထန်မြန်ဆန်လာသည့် နှလုံးခုန်နှုန်းကို သူမ ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်တွင် သူမ ရှင်သန်ခြင်းကို ခံစားလိုက်ရ၏။

သူမကို ထိုသို့ အသက်ပြန်သွင်းပေးခဲ့သူမှာ သူမ၏ရှေ့ရှိ ချန်ကျိုစစ်ဖြစ်သည်။

ထို့ကြောင့်ပင် ဗုဒ္ဓကျမ်းစာများ ဖတ်ရှုနေချိန်တွင် ‘ဗုဒ္ဓပင်လျှင် လူတို့ကို ထိန်းချုပ်နေခဲ့ပြီး ဗုဒ္ဓသည် လူတို့ကို အမှန်တကယ် လွတ်မြောက်စေလိုသည့် ဆန္ဒမရှိကြောင်း’ သူမ ရှာ‌ဖွေတွေ့ရှိခဲ့ရသည်။

လောကကြီးသည် သူမကို လှောင်ချိုင့်ထဲ ထည့်ချုပ်ထားသည့် ဧရာမ အချုပ်အနှောင်ကြီးဟု သူမ ခံစားရသည်။

သူမ လက်မခံချင်ပေ။ ထို့ကြောင့် ဗုဒ္ဓမှ အသွေးအသား သာယာမှုများကို ရှောင်ကြဉ်ထိန်းချုပ်ရန် ပြောထားသည်တွင် သူမသည် ထိုသာယာမှုကို ရှာဖွေခဲ့သည်။ ဗုဒ္ဓသည် ၎င်းမှာ အဝီစိငရဲဖြစ်သည်ဟု ပြောထား၏။ သို့သော် အဝီစိငရဲမှာ မည်သို့အရာဖြစ်ကြောင်းကို သူမ မြင်တွေ့ချင်သည်။

သူမသည် ပုန်ကန်တတ်သည့် မိန်းကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်သည်။

လောကကြီးက မပြုလုပ်ရဟု တားမြစ်ထားပါက သူမသည် ထိုအရာကို ပြုလုပ်ရန် ဆန္ဒပြင်းပြနေခဲ့၏။

သေခြင်းတရားက လွတ်မြောက်မှုပဲ! အဝီစိငရဲက လွတ်မြောက်မှုပဲ! အရာအားလုံးက လွတ်မြောက်မှုပဲ!

ဟွမ်ဝမ်အာသည် ရေချိုးကန်ထဲတွင် သက်သောင့်သက်သာ ထိုင်နေခဲ့သည်။ ဤအခိုက်အတန့်ထက် မည်သည့်အရာကမျှ သက်သောင့်သက်သာ မဖြစ်နိုင်တော့ပေ။ သူမ လွတ်မြောက်တော့မည်ဖြစ်၏။

ရှင်သန်ခြင်းဖြစ်ဖြစ်၊ အဝီစိငရဲဖြစ်ဖြစ် ငါ့ရဲ့ရွေးချယ်မှုပဲ။ နောက်ဆုံးတော့ ငါ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ရွေးချယ်နိုင်ခဲ့ပြီ။

“ပြောလေ ချန်ကျိုစစ်၊ မင်း ‌ဆုံးဖြတ်ချက်ချပြီးပြီလား။ ငါ့ကိုသတ်မလား သိမ်းယူမလား!

“ငါ့ကိုသတ်မှာလား သိမ်းယူမှာလား!”

ဟွမ်ဝမ်အာ၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည်ဖြင့် ပြင်းထန်စွာ လှုပ်ရှားနေသည်။ သူမ၏ နှလုံးမှာ ရင်ဘတ်ထဲမှ ခုန်ထွက်သွားတော့မည်ဟု ခံစားနေရ၏။ သူမ ရှင်သန်မှုကို ခံစားနေရသည်။

အို အသက်ရှင်သန်နေတာကို အရမ်းကိုမှ ခံစားလို့ရနေတယ်။ ဒီခံစားချက်က အရမ်းဆန်းကြယ်တာပဲ။

ဟူး ဟူး ဟူး…

သူမ၏ အသက်ရှူနှုန်းသည် ပို၍ပို၍ လျင်မြန်လာသည်…

“ချန်ကျိုစစ် ရွေးချယ်လိုက်!”

“ငါ့ကို သတ်မလား သိမ်းယူမလား၊ ‌‌ရွေးချယ်လိုက်!”

ဟွမ်ဝမ်အာသည် အော်ဟစ်ပြောဆိုချင်နေသည့် သူမ၏အသံကို ဖိနှိပ်ချုပ်တည်းလျက် ပြော၏။

ထိုစဉ် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ သီလရှင်ငယ်လေးတစ်ပါးမှ ခေါ်လာသည်။

“သခင်မ အကူအညီလိုအပ်သေးလား”

ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို ကြည့်မနေပေ။

သူမ စောင့်ဆိုင်းနေ၏။

နောက်ဆုံးတွင်တော့ ချန်ကျဲ့ ပြောလိုက်သည်။

“ကျွန်တော်မှ မဟုတ်ရင် ဘယ်သူက ငရဲကို သွားပါ့မလဲ!”

ဟွမ်ဝမ်အာ ပြုံးလိုက်သည်။ နှလုံးခုန်နှုန်းလည်း မြန်ဆန်နေ၏။

အပြင်ဘက်ရှိ တံခါးခေါက်သံသည် ရပ်တန့်မသွားပေ။

ဟွမ်ဝမ်အာမှ ပြောသည်။

“မလိုဘူး။ အားလုံး ‌ထွက်သွားကြ၊ ဝေးဝေးမှာနေ!”

ထိုစကားအဆုံး၌ အပြင်ဘက်ရှိ သီလရှင်ငယ်လေးမှ ပြန်ပြောသည်။

“ဟုတ်ကဲ့ပါ သခင်မ”

ခြေသံများ ပျောက်ကွယ်သွားသည်နှင့် ဟွမ်ဝမ်အာမှ ညွှန်ကြားလာသည်။

“သခင်လေး ကျေးဇူးပြုပြီး တံခါးမင်းတုံးချလိုက်ပါ”

ချန်ကျဲ့ လျှောက်သွားပြီး တံခါးမင်းတုံးချလိုက်သည်။

“သခင်လေး အတူတူ ရေချိုးချင်လား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ကျွန်တော် ရေချိုးပြီးခဲ့ပါပြီ”

“အို ဒါဆို ကျေးဇူးပြုပြီး ကျွန်မကို ဘေးက ညောင်စောင်းဆီ ပွေ့ချီပေးပါဦး”

“သခင်လေး ရှင့်ပုံစံက အရမ်း စိတ်ဝင်စားပုံမပေါ်ဘူးနော်။ ရှင် ဆန္ဒမရှိဘူးဆိုရင်လည်း ကျွန်မကို သတ်လိုက်ပါလား။ တုံ့ဆိုင်းမနေနဲ့၊ ကျွန်မ ရှင့်ကို အခွင့်အရေးပေးထားပြီးသားပဲ”

ချန်ကျဲ့ ဟွမ်ဝမ်အာ၏ ကျောက်စိမ်းအလား စင်ကြယ်နူးညံ့သည့် အဝတ်ဗလာခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး ပြောသည်။

“သခင်မ ဒါက မီးနဲ့ကစားနေတာပဲ”

ဟွမ်ဝမ်အာမှ ပြောသည်။

“ကလေးတုန်းက ကျွန်မမှာ ဆော့ကစားခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ကျွန်မ စမ်းကြည့်ချင်တယ်!”

…

“အင်း အဲဒီလိုလေး!”

“သခင်လေး ဒါက အဝီစိငရဲလား? ကျွန်မ အဖြူအမည်းပုံရိပ်တွေ မြင်နေသလိုပဲ…”

“ဟုတ်လား? ကျွန်တော် သခင်မကို နွားခေါင်းမြင်းမျက်နှာငရဲသားနဲ့ မိတ်ဆက်ပေးပါရစေ!”

“မြန်မြန် မြန်မြန်လေး၊ ကျွန်မ ယမမင်းနဲ့ တွေ့ချင်တယ် ယမမင်း~~အား အား အား”

…

ဘဝဟူသည် ထိုသို့ပင်ဖြစ်၏။ သည်အရာကို မလုပ်ဆောင်နိုင်ပါက အခြားအရာကို လုပ်ဆောင်လိုက်ရုံပင်။

ချန်ကျဲ့သည် ဤတစ်ကြိမ်တွင် အလုပ်လုပ်ရန် အတင်းအကျပ် စေခိုင်းခံရခြင်းဖြစ်သည့်တိုင် အလုပ်စတင်သည်နှင့်တစ်ပြိုင်နက် အခြားသော ထူးကဲမှုတစ်ခု၏ ညှို့ဓာတ်ကို ကြုံတွေ့ခံစားလိုက်ရပေသည်။

စူးယွင်ကျင်းသည် ရေနွေးနွေးလေးကဲ့သို့ သာယာကြည်နူးဖွယ်ကောင်းပြီး လန်းဆန်းစေသည်ဟု ဖော်ညွှန်းပါက

ဟွမ်ဝမ်အာသည် ရေနွေးပူပူကဲ့သို့ ဆူပွက်ကာ ရစ်ပတ်ဝဲလည်နေသည့် ရေဝဲဂယက်ဖြစ်သည်။

ဟွမ်ဝမ်အာသည် အရိုင်းဆန်သည်၊ ရဲတင်းသည်၊ မီးလျံအလား ထက်သန်‌သည်။ သူမသည် အဆုံးမရှိ ညှို့ဓာတ်ပြင်းထန်လွန်းလှသည်။

All Chapters