← Chapters

ချန်ကျဲ့ : သခင်မက မီးနဲ့ ကစားနေတာပဲ_၅

Vol. 24 Ch. 324

ချန်ကျဲ့ : သခင်မက မီးနဲ့ ကစားနေတာပဲ_၅

Vol. 24 Ch. 324

ဟွမ်ဝမ်အာသည် အတွေ့အကြုံမရှိသော်ငြား ရဲတင်းသည်။ မရပ်မနား ရိုက်ခတ်နေသော လှိုင်းလုံးများအလားပင်။

သူမသည် မွန်ဂိုမြက်ခင်းပြင်ဒေသ၏ မြင်းစီးနေသည့် မိန်းမပျိုလေးတစ်ဦးအလား ကြာပွတ်ကို လွှဲယမ်း၍ ကျယ်ပြောသည့် မြက်ခင်းပြင်ထက်တွင် အရှိန်ပြင်းစွာ စီးနှင်နေသည်။

သူမသည် လင်းလက်တောက်ပသော နတ်သူငယ်လေးအလား တိမ်တိုက်များအထက်သို့ ပျံတက်လိုက် ကမ္ဘာမြေသို့ ဆင်းသက်လိုက်ဖြင့် လွတ်လပ်စွာ လူးလာခတ်ပျံသန်းနေပေသည်။

သူမ ခံစားရသည့် လွတ်လပ်မှုခံစားချက်မှာ ပြင်းထန်လွန်းသောကြောင့် သူမ၏ စိတ်ဝိဉာဉ်သည် အသစ်အဆန်းသော စိတ်ကျေနပ်မှုကို ခံစားနေရသည်။

ဒါက လက်ဦးမှုရယူခြင်းရဲ့ ခံစားချက်ပဲ။ ဒါက တခြားသူရဲ့ ထိန်းချုပ်မှုမခံရတဲ့ ကံကြမ္မာပဲ။

ဒုတ် ဒုတ်.. သူမ၏ နှလုံးအိမ်သည် ရင်ဘတ်ထဲမှ ခုန်ထွက်၍ လောကအနှံ့ လွတ်လပ်စွာ ခရီးနှင်တော့မည့်အလား ခုန်လှုပ်နေခဲ့သည်။

သူမ ကျယ်လောင်စွာ တေးသီဆိုချင်သည်။ သူမ ဘယ်တော့မှ မရပ်တန့်ရန် တောင့်တမိသည်။ ဤသို့ ထာဝရတည်မြဲနေရန် သူမ မျှော်လင့်သည်။

သူမ အလွန်တရာ လွတ်လပ်နေခဲ့၏!

လူသားများ၏ စိတ်ခံစားချက်များသည် အလွန် ကူးစက်တတ်၏။ လူတစ်ယောက် အလွန်တရာ စိတ်လှုပ်ရှားနေပါက တခြားလူသည်လည်း ထိုသို့ စိတ်အခြေအနေသို့ အလွယ်တကူ ရောက်ရှိသွားတတ်ပေသည်။

ချန်ကျဲ့လည်း ဟွမ်ဝမ်အာ၏ ဆွဲဆောင်မှုတွင် ညှို့ယူခံလိုက်ရပြီး တဖြည်းဖြည်းချင်း စတင် ရဲတင်းလာခဲ့သည်။

“သခင်မ အလျင်မလိုပါနဲ့။ ကျွန်တော် အခုထိ အားမထုတ်ရသေးဘူး”

ဤသည်မှာ ဆန္ဒရှိသလို သီကျူးနိုင်သည့် တေးတစ်ပုဒ် ဖြစ်သည်။ ဆန္ဒမပါဘဲ စတင်ခဲ့သော ကစားပွဲတစ်ခုဖြစ်သော်ငြား ကစားပွဲ‌တစ်လျှောက် လုပ်ငန်းစဉ်များသည်တော့ အထက်ကောင်းကင်ထိတိုင် ပျံဝဲတက်‌ခဲ့ပေသည်။

ဤသည်မှာ ရေခဲနှင့် မီးလျံ၏ အချစ်သီချင်းတစ်ပုဒ်အလား၊ မားစ်ဂြိုဟ်နှင့် ကမ္ဘာဂြိုဟ်တို့ ထိခတ်ခြင်းအလား.. ထိန်းချုပ်မရနိုင်လောက်အောင် ပေါက်ကွဲနေခဲ့သည်။

တကယ့်ကို ပြင်းထန်လွန်းတဲ့ အဝီစိငရဲပါပဲ!

…

အရမ်း စိတ်လှုပ်ရှားစရာကောင်းတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ လူကို အရမ်းကိုမှ ရင်ဖိုစိတ်လှုပ်ရှားစေတယ်!

နောက်ဆုံးတိုက်ပွဲ၌ ချန်ကျဲ့၏ ခြေလက်များမှာ ထုံကျင်နေခဲ့လေပြီ။ ဟွမ်ဝမ်အာလည်း လုံးလုံးလျားလျား အားနည်းနေခဲ့ပြီဖြစ်ကာ မလှုပ်ရှားနိုင်တော့ပေ။

ရူးလောက်တယ်!

ဟွမ်ဝမ်အာသည် ပြုံးရယ်နေခဲ့၏။

ယောက်ျားဆိုတာ ဒါပဲ၊ ယောက်ျားဆိုတာ ဒါပဲလို့ နန်ပါးထျန်း!

ရှင့်လို အမှိုက်ကောင်ကို ငရဲတောင်မှ လက်ခံမှာ မဟုတ်ဘူး။

ဟွမ်ဝမ်အာသည် ကြွက်သားတစ်ခုတစ်လေမျှပင် လှုပ်ရှားလိုစိတ်မရှိတော့ဘဲ ကြမ်းပြင်ထက်တွင် လဲလျောင်းနေခဲ့သည်။ သူမ လုံးဝ အားအင်ကုန်ခမ်းနေပြီဖြစ်၏။

သို့သော် သူမ အရမ်းပျော်ရွှင်နေသည်။ သူမ၏ တစ်ဘဝလုံးတွင် ဘယ်တုန်းကမျှ ဤသို့ မလွတ်လပ်ဖူးပါ‌ချေ။

ပြင်းစွာသော နာကျင်မှုတဲ့…

သူမ၏ နှလုံးအိမ်သည် ယခုထိတိုင် အရူးအမူး ခုန်လှုပ်နေဆဲဖြစ်ပြီး သေလုမြောပါး ခံစားနေရ၏။

သေမလိုပဲ၊ အရမ်းလွတ်လပ်လွန်းလို့ သေမလိုပဲ!

ချန်ကျဲ့လည်း ဘေးတွင် အနားယူနေသည်။ ချန်ကျဲ့သည် မလှုပ်ရှားနိုင်တော့သည့် ဟွမ်ဝမ်အာကိုကြည့်ရင်း သူမသည် အမှန်တကယ်ပင် အထင်ကြီးလောက်စရာ ပြိုင်ဘက်တစ်ဦးဖြစ်ကြောင်း အသိအမှတ်ပြုမိရလေသည်။

စူးယွင်ကျင်းသည် ဘယ်တော့မှ ဤသို့ပုံစံမျိုးဖြစ်လိမ့်မည် မဟုတ်ပေ။

စူးယွင်ကျင်းကို ‌ဖြေးဖြေးနှေးနှေး စီးဆင်းနေသည့် စမ်းချောင်းလေးတစ်ခုဟု သတ်မှတ်ပါက

ဟွမ်ဝမ်အာသည် ဟွမ်းကော်ရှုရေတံခွန်ကဲ့သို့ ဖြစ်ပေသည်။

အလွန်ခက်ထန်လွန်သောကြောင့် ချန်ကျဲ့ပင်လျှင် မတည်ငြိမ်နိုင်လုနီးပါး ဖြစ်ခဲ့ရ၏။ ထို့နောက် ချန်ကျဲ့ ဟွမ်ဝမ်အာကို ကြည့်လိုက်သည်။

“သခင်မ အခု အဝီစိငရဲကို ကြုံတွေ့ဖူးပြီလား”

ဟွမ်ဝမ်အာမှ တခစ်ခစ်ရယ်မော၏။

“တကယ့် ငရဲပဲ၊ ငါ့ကို အရမ်း မှင်တက်မိစေတယ်”

“သခင်မ နောက်တစ်ကြိမ် တိုက်ခိုက်ချင်သေးလား”

“မတိုက်တော့ဘူး။ ဒီနေ့တော့ ငါစိတ်ကျေနပ်သွားပြီ”

ဟွမ်ဝမ်အာသည် လက်ပင် မမြှောက်နိုင်ချေ။

ချန်ကျဲ့မှ ပြောသည်။

“ဒါဆို သခင်မ စိတ်ကျေနပ်တယ်မလား.. ကျွန်တော်တို့ရဲ့ သဘောတူညီချက်ကိုလေ?”

“စိတ်ချပါ၊ ကျွန်မတို့ရဲ့ သဘောတူညီချက်က အကျုံးဝင်ပါတယ်။ ကျွန်မ ရှင့်အကြောင်း ထုတ်မပြောပါဘူး”

ဟွမ်ဝမ်အာမှ ချန်ကျဲ့ကို လှည့်ကြည့်သည်။

“ရှင် လှုပ်နိုင်သေးလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“လှုပ်နိုင်ပါတယ်”

ဟွမ်ဝမ်အာမှ ညွှန်ကြား၏။

“ကျွန်မကို စိန်သုတ္တန်ကျမ်းစာ သွား‌ယူပေး”

ချန်ကျဲ့ ထလိုက်ပြီး အနီးရှိ စားပွဲပေါ်မှ ကျမ်းစာကို ယူလာပေးသည်။

ဟွမ်ဝမ်အာသည် အလွန်ပင်ပန်းနွမ်းနယ်နေသောကြောင့် ချန်ကျဲ့ကို ထပ်မံညွှန်ကြားသည်။

“စာအုပ်အဖုံးရဲ့နောက်မှာ အကန့်တစ်ခုရှိတယ်။ အဲဒါကို ဖွင့်လိုက်”

“အထဲမှာ ဘာရှိလဲ”

ချန်ကျဲ့မှ မေးသည်။

“ငွေလက်မှတ်တွေ”

ဟွမ်ဝမ်အာမှ ပြန်ဖြေသည်။

ချန်ကျဲ့ ဒေါသတကြီး တုံ့ပြန်၏။

“ခင်ဗျား ကျွန်တော့်ကို စော်ကားလိုက်တာပဲ!”

ဟွမ်ဝမ်အာမှ ရယ်မော၏။

“ရှင့်ကို နောက်တာပါ၊ ဖွင့်လိုက်”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ခင်ဗျား လှည့်စားရဲရင် ကျွန်တော် ခင်ဗျားကို နောက်တစ်ကြိမ် လုပ်ပစ်မယ်။ တကယ့်ငရဲက ဘယ်လိုမျိုးလဲ‌ဆိုတာ မြင်တွေ့သွားရစေမယ်”

“ကောင်းပါပြီ ကောင်းပါပြီ သခင်ကြီးချန်၊ ရှင်ဖွင့်လိုက်ပါတော့။ ငွေလက်မှတ်တွေ မဟုတ်ပါဘူး”

“ငွေလက်မှတ် မဟုတ်ဘူးပေါ့၊ ကောင်းပါပြီ။ သခင်မ ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာလဲ”

“သခင်ကြီးချန်”

“ဒါက…”

၎င်းအခေါ်အဝေါ်မှာ မသင့်တော်ဟု ချန်ကျဲ့ ခံစားမိ၏။ ဟွမ်ဝမ်အာမှ မေးသည်။

“ဒါဆို ကျွန်မတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဘယ်လိုခေါ်‌သင့်တယ်လို့ ရှင်ထင်သလဲ”

ချန်ကျဲ့ ပြောစရာစကား ရှာမတွေ့ပေ။

ဟွမ်ဝမ်အာမှ ခပ်ဟဟ ရယ်မော၏။

“လာပါ၊ ဘာမှ ထပ်တွေးမနေပါနဲ့တော့။ ရှင်က ယောက်ျားပဲ၊ ဘာလို့ တုံ့ဆိုင်းနေရတာလဲ။ ကျွန်မတို့နှစ်ယောက်က အတူတူပဲ အိပ်ပြီးနေပြီ၊ ရှင်က ဘာထပ်လိုချင်သေးလို့လဲ”

ချန်ကျဲ့ ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရသည်။ ထို့နောက် အကန့်ကို ဖွင့်ကြည့်လိုက်ရာ အထဲမှ စာပိုင်းတိုလေးတစ်ခု ထွက်လာသည်။

ဟွမ်ဝမ်အာမှ ပြောသည်။

“တစ်ချက်ကြည့်လိုက်ပါဦး”

စာကို ဖွင့်ကြည့်လိုက်သောအခါ [စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံး]ဟူသည့်

အမည်နှင့်အတူ ဆေးဖက်ဝင်ပစ္စည်းအမျိုးအစားများစွာကို ရေးထားကြောင်း မြင်တွေ့လိုက်ရသည်။

၎င်းတွင် ချန်ကျဲ့ အံ့ဩသွားခဲ့၏။ ဟွမ်ဝမ်အာမှ မေးသည်။

“သိုင်းသမားတစ်ယောက်အနေနဲ့ ဒါက ဘာလဲဆိုတာ ရှင်သိမှာပါ ဟုတ်တယ်မလား”

“သံမဏိအရိုးအဆင့်ကနေ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းဖို့အတွက် အသုံးပြုတဲ့ ဆေးရဲ့ ဆေးညွှန်းပဲ”

“ဘယ်လိုလဲ? ဒီလက်ဆောင်ကိုရော ဘယ်လိုထင်လဲ”

ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။

“ဒီလိုဆိုရင်တော့ ကျွန်တော်တို့ နောက်တစ်ကြိမ်လောက် အတူထပ်အိပ်ကြရင်ရော ဘယ်လိုလဲဗျ”

“ဟင်?”

ဟွမ်ဝမ်အာသည် ရုတ်တရက် နားမလည်နိုင်ဘဲ ရှုပ်ထွေးသွား၏။ ချန်ကျဲ့မှ ပြောသည်။

“မဟုတ်ရင် ကျွန်တော့်စိတ်ထဲ ကိုယ့်ကိုယ်ကိုယ် သခင်မဆီကနေ အလွန်အကျွံ အမြတ်ထုတ်မိသလို ခံစားနေရလိမ့်မယ်”

တကယ်တစ်ခုခုပဲ။ ဒီလိုဆေးညွှန်းကို ရင်ဖိုစိတ်လှုပ်ရှားဖွယ် ရုန်းရင်းဆန်ခတ်မှုတစ်ခုနဲ့ တကယ်ကြီး လဲလှယ်ယူရနိုင်တယ်တဲ့။ ခုနကတည်းက ဒီ”စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံး”အကြောင်းကို ငါသိထားခဲ့ရင် ဟွမ်ဝမ်အာ အဝီစိငရဲကို ကြုံတွေ့ချင်တယ်ပြောတုန်းက တစ်စက္ကန့်လောက်လေးပဲ တွန့်ဆုတ်‌တွေဝေမိခဲ့ရင်တောင် ငါ ကိုယ့်ကိုယ်ကိုယ် ကျပ်မပြည့်တဲ့ကောင်လို့ သတ်မှတ်ပစ်လိုက်မှာပဲ!

ဒါက စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းဆေးနိုင်မယ့် ဆေးညွှန်းပဲ! ဒီရတနာက တန်းဖိုးကြီးလိုက်တာမှ ကျန်းချွမ်ရဲ့ ငွေတုံးတစ်သောင်းအပါအဝင် ဖန်းရှစ်ကျုံးရဲ့ မွေးစားသားတွေအားလုံးရဲ့ ပိုင်ဆိုင်မှုတွေအားလုံးပေါင်းလိုက်ရင်တောင် မလုံလောက်နိုင်ဘူး။

ဘာလို့ဆို ဒါက စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းနိုင်‌ေစမယ့် ဆေးညွှန်းလေ!

စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဟူသည် အဘယ်ကို ရည်ညွှန်းသနည်း။ မျန့်ရွှေ၏ အမြင့်မားဆုံးအဆင့်အတန်းရှိသော အထက်တန်းစားပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်လာနိုင်မည့် လက်မှတ်ကို ရရှိလိုက်ခြင်းပင်.. စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းနိင်ပါက အဖွဲ့အစည်းငယ်တစ်ခု တည်ထောင်ရန် အရည်အချင်းပြည့်မီသွားပြီဖြစ်ပြီး ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့ထံမှ ဝေစုတစ်စုကိုပင် လှီးထုတ်ယူနိုင်ပေလိမ့်မည်။

ဘယ်လိုဖြစ်ဖြစ် အဆုံးသတ်ကျ ဒီကမ္ဘာက သိုင်းလောကပဲ မဟုတ်လား!

ပြီးတော့ ဒါက အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်ဖြစ်နိုင်မယ့် လက်မှတ်လည်း ဟုတ်တယ်။

အမှန်တကယ်ပင် တန်ဖိုးဖြတ်၍ မရနိုင်လောက်အောင် တန်ဖိုးကြီးမားလှပေသည်။

ဤဆေးလုံးကို ဖော်စပ်နိုင်ပါက ချန်ကျဲ့အတွက် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းရန် အခွင့်အရေးတစ်ခု မြင်တွေ့နိုင်လိမ့်မည်ဖြစ်သည်။

ချန်ကျဲ့သည် စာရင်းထဲပါဝင်သည့် ဆေးဖက်ဝင်ပစ္စည်းများကို ဂရုတစိုက်ဖတ်ရင်း စဉ်းစားတွေးတောနေခဲ့သည်။

စာရင်းထဲတွင် တန်ဖိုးကြီးမားသော်ငြား ငွေဖြင့် ဝယ်ယူနိုင်မည့် အရန်ဆေး ၃၆မျိုး ပါဝင်သည်။ သို့ဖြစ်ရာ ထို၃၆မျိုးအတွက် စိုးရိမ်ရန် မလိုအပ်ပေ။

သို့သော် အဓိကပါဝင်ပစ္စည်း၃မျိုးသည် ရှားပါး၏။

ဆေးတစ်ဖုံ : သန့်စင်သော စိတ်ဝိဉာဉ်မျိုးစေ့။

ဆေးတစ်ဖုံ : စိတ်ဝိဉာဉ်ပြောင်းလဲမြက်။

ဆေးတစ်ဖုံ : နှစ်၅၀၀သက်တမ်းရှိသော သွေးလင်ဇီး။

ထိုအဓိကပါဝင်ပစ္စည်းများသည် ငွေဖြင့် ဝယ်ယူမရနိုင်ပေ။

ချန်ကျဲ့ အကျပ်အတည်းကို ခံစားလိုက်ရသည်။

ဒါပေမဲ့လည်း ဆေးညွှန်းရှိထားမှတော့ ပါဝင်ပစ္စည်းတွေကို ဖြည်းဖြည်းချင်း ရှာဖွေလို့ ရပါတယ်လေ။ အခွင့်အရေးဆိုတာ တစ်ချိန်မဟုတ် တစ်ချိန်တော့ ရှိလာမှာပါပဲ။

All Chapters