← Chapters

ဇနီး : ယောက်ျား ကျွန်မ လုပ်နိုင်ပါတယ်

Vol. 24 Ch. 326

ဇနီး : ယောက်ျား ကျွန်မ လုပ်နိုင်ပါတယ်

Vol. 24 Ch. 326

“ဟားဟား… သခင်မက ကျွန်တော့်ကို တကယ် မယုံကြည်ဘူးလားဗျာ”

ချန်ကျဲ့သည် ဟွမ်ဝမ်အာ၏ စကားများကို ကြားသည်တွင် တိုက်ရိုက်မဖြေဘဲ ထိုအစား ပြန်မေးလိုက်သည်။

ဤကစားပွဲကို စတင်ရန် ဖိတ်ခေါ်နိုင်သည့် အခွင့်အရေးသည် တကယ်တမ်းတွင် ဟွမ်ဝမ်အာ၏ လက်ထဲတွင် တည်ရှိနေသည်။ သူ့ဘက်မှ သတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိသ၍ ကစားပွဲသည် စတင်လိမ့်မည် မဟုတ်ပေ။

သူမသည် နန်ပါးထျန်းကို တမင်သက်သက်ကြီး ပြောပြလိုက်လိမ့်မည် မဟုတ်ပေ။

ချန်ကျဲ့က သူမကို သတ်လိုက်မှသာ ၎င်းစာသည် နန်ပါးထျန်း၏ လက်ထဲသို့ ရောက်ရှိမည်ဖြစ်သည်။

အတိအကျဆိုရသော် ဤအရာအားလုံးသည် သူမ၏ မွေးရာပါကြင်နာမှုမှ အရင်းခံလာခြင်းဖြစ်သည်။

လက်တွေ့ဘဝတွင် ၎င်းသည် သူမကို ရူးနှမ်းနေသည့် အမျိုးသမီးတစ်ဦး၏

အသွင်အပြင်သို့ ပြောင်းလဲသွား‌စေခဲ့သည်။ သို့တိုင် သူမ၏ စိတ်နှလုံးသည်တော့ မွေးရာပါ ရူးနှမ်းနေခဲ့ခြင်း မဟုတ်ပေ။

မွေးရာပါရူးနှမ်းသူဖြစ်ပါက ဤကစားပွဲတွင် သူမသည် အချိန်ကန့်သတ်ချက်ထားရှိလိမ့်မည် ဖြစ်သည်။

ဥပမာ သူမကို တစ်လအတွင်း မသတ်ပါက သူမအနေဖြင့် နန်ပါးထျန်းကို စာကို လက်လွှဲပေးလိမ့်မည်။ သို့နည်းဖြင့် ချန်ကျဲ့အား မည်သည့်နည်းလမ်းကို ရွေးချယ်သည်ဖြစ်စေ အန္တရာယ်ထဲ တွန်းပို့နိုင်လိမ့်မည်။ သို့သော် ဟွမ်ဝမ်အာသည် ဤသို့ မလုပ်ခဲ့‌ေပေ။

သူမကိုယ်တိုင်အတွက် စိတ်တိုင်းကျ ပြုသမျှခံရနိုင်သည့် အခြေအနေကိုသာ ဖန်တီးထားခဲ့သည်။

ဆိုလိုသည်မှာ သူမ၏ သေဆုံးခြင်းသည်သာလျှင် ကစားပွဲကို စတင်စေမည်ဖြစ်ပြီး သူမ၏ မူလအရင်းခံမှာ ကြင်နာတတ်ကြောင်းကိုလည်း ပြသနေပေသည်။ သူမသည် မည်သူကိုမျှ တမင်ထိခိုက်လိုစိတ် မရှိပေ။ သူမ၏ ရူးနှမ်းမှုသည် ပြင်ပဖိအားများကြောင့် ဖြစ်တည်လာရခြင်းသာ ဖြစ်၏။

သို့မဟုတ် သူမ၏ ရူးနှမ်းမှုသည် မိမိကိုယ်ကိုယ်ကာကွယ်သည့် ပုံစံတစ်မျိုးဟုလည်း ဆိုနိုင်သည်။

ဒီအမျိုးသမီးက တကယ် သနားဖို့ကောင်းတာပဲ။

ချန်ကျဲ့ သက်ပြင်းချလိုက်သည်။ ဟွမ်ဝမ်အာသည် သူမကို ကြည့်လာ၏။

“ရှင် ဘာတွေ သက်ပြင်းချနေတာလဲ”

ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော် သက်ပြင်းချမိတာက သခင်မရဲ့ အတွင်းစိတ်က ကြင်နာနေသေးတာမို့လို့ပါ။ သခင်မရဲ့ ကစားပွဲကို အချိန်တစ်လ ကန့်သတ်ပြီး တာဝန်မပြီးမြောက်ခဲ့ရင် စာကို နန်ပါးထျန်းဆီ ပို့မယ်လို့ သတ်မှတ်ခဲ့ရင် ကျွန်တော်က လုံးဝ ပြုသမျှခံရမယ့်သူ ဖြစ်သွားမှာ။ ဒါပေမဲ့ အခု‌ကျ ကျွန်တော်က သခင်မကို မသတ်သ၍ သခင်မရဲ့ကစားပွဲက ကျွန်တော့်ကို အန္တရာယ်မပြုနိုင်ဘူး”

ဟွမ်ဝမ်အာသည် တကယ်ပဲ အဲဒီလိုဖြစ်သွားလားဟူသည့် မျက်နှာအမူအရာမျိုးဖြင့် ‘အို'ဟု ရုတ်တရက် အသံပြုသည်။

“အို ကျွန်မ ဘာလို့ အဲဒါကို မစဉ်းစားမိပါလိမ့်၊ ၇ရက်ဆိုရင်ရော ဘယ်လိုလဲ”

ချန်ကျဲ့၏ မျက်နှာအမူအရာသည် ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။

သူက ကြင်နာတာ မဟုတ်ဘဲ ဒီတိုင်း အဲဒီအချက်ကို သတိမထားခဲ့တာလား။

“ခင်ဗျား အရူးပဲ!”

ချန်ကျဲ့ ရုတ်ချည်း ဒေါသထွက်သွား၏။

ဟွမ်ဝမ်အာသည် ဉာဏ်နီဉာဏ်နက်များတတ်သော မြေခွေးမတစ်ယောက်ကဲ့သို့ တခစ်ခစ် ရယ်မောနေသည်။

“ရှင့်ရဲ့ ပျာယာခတ်သွားတဲ့ပုံစံက အရမ်းအံ့ဩဖို့ကောင်းတာပဲ။ အထူးသဖြင့် ခုနက ကျွန်မကို အဝီစိငရဲကို မြင်တွေ့နိုင်ဖို့ ခေါ်သွားပေးတုန်းက ရှင်က အရမ်း အထက်စီးဆန်ခဲ့တာ~”

“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ကျွန်မက ရှင့်ကို စနေတာပါ။ အချိန်သတ်မှတ်ချက် မရှိပါဘူး”

“ဒါပေမဲ့ ကစားပွဲက ဆက်လက်ရှိနေတာဖြစ်ပြီး ရှင့်မှာ လောင်းကြေးထပ်ဖို့ ရွေးချယ်ခွင့်ရှိသေးတယ်။ အနာဂတ်မှာ ပြဿနာရှင်းစေဖို့အတွက် ကျွန်မကို သတ်ပစ်ဖို့ ရွေးချယ်နိုင်တယ်။ အကယ်၍များ ကျွန်မက ရှင့်ကို တကယ် သဘောကျသွားပြီး စာကို မရေးခဲ့တာလည်း ဖြစ်နိုင်တာပဲလေ”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“သခင်မက ကျွန်တော့်ကို မယုံကြည်သေးဘူးပဲ။ ဘာလို့ အမြဲ ကျွန်တော်က သခင်မကို သတ်ချင်နေပါတယ်လို့ တွေးရတာလဲ”

ဟွမ်ဝမ်အာမှ ပြောသည်။

“ဘာလို့ဆို ကျွန်မက ရှင့်ရဲ့လျှို့ဝှက်ချက်ကို သိနေလို့လေ။ ကျွန်မသာ ထုတ်ပြောလိုက်ရင် ရှင်က လုံးဝ အဆုံးသတ်ပြီလေ။ ကျွန်မသာ ရှင့်နေရာမှာဆိုရင် ကျွန်မရဲ့လျှို့ဝှက်ချက်ကို သိနေတဲ့သူကို သတ်ပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး”

ချန်ကျဲ့ သူမကို ကြည့်လိုက်သည်။

“အဲဒီတော့ ကျွန်တော်က သခင်မကို သတ်သင့်တယ်လို့ ထင်‌တယ်ပေါ့?”

ဟွမ်ဝမ်အာမှ ပြောသည်။

“ဒါပေါ့၊ ဘာလို့ မသတ်သင့်ရမှာလဲ”

“ကျွန်တော်တို့နှစ်ယောက် အတူတူအိပ်ခဲ့ကြပြီး အဝီစိငရဲကို အတူတူကြုံတွေ့ခဲ့ကြတယ်‌”

ချန်ကျဲ့မှ ပြောသည်။

“အဲဒီတော့ ဘာဖြစ်လဲ။ သခင်ကြီးချန် ရှင် ကျွန်မကို မေတ္တာသက်ဝင်သွားပါပြီလို့တော့ မပြောနဲ့နော် ဟားဟား… အဲဒီလိုဆိုရင်တော့ ကစားပွဲက ပျော်ဖို့မကောင်းနိုင်တော့ဘူး”

“ကျွန်မတို့ရဲ့ဆက်ဆံ‌ေရးက ပူးပေါင်းမှုတစ်ခုထက် မပိုဘူး။ ကျွန်မက ကျွန်မကို အဝီစိငရဲဆီ ခေါ်ဆောင်သွားပေးနိုင်မယ့်သူ၊ ကျွန်မ တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ဖူးသေးတဲ့ မြင်ကွင်းတွေကို မြင်တွေ့စေမယ့်သူကို လိုအပ်နေခဲ့ပြီး ရှင်ကလည်း ရှင့်ကို ကူညီပေးနိုင်မယ့်သူကို လိုအပ်နေခဲ့ရုံပဲ။ ကျွန်မ ရှင့်ရဲ့ ရည်မှန်းချက်တွေကို မြင်နိုင်တယ်။ ပြီးတော့ ကျွန်မက ရှင့်ကို ကူညီပေးနိုင်မယ့်လူတစ်‌ယောက် ဖြစ်နေခဲ့ရုံပဲ”

“ကျွန်မတို့နှစ်ယောက်စလုံးက ကိုယ်လိုအပ်တာကို ကိုယ်ယူနေကြတာပဲ။ ဘာကို ချစ်ခြင်းမေတ္တာလဲ? အဲဒီလိုအရာမျိုး ဖြစ်တည်မတဲ့လား?”

“အဲဒါက လူတွေရဲ့ညစ်ညမ်းတဲ့ အပေးအယူတွေကို ဖုံးကွယ်ဖို့အတွက် အကြောင်းပြချက်ပေးတဲ့အရာသက်သက်ပဲ။ တစ်ယောက်က အသုံးမဝင်တော့ရင် နောက်တစ်ယောက်က အဲဒီသူကို စွန့်ပစ်လိုက်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းလိုပဲ.. တစ်ဖက်ရဲ့ဈေးနှုန်းက အဆမတန် ဖောင်းပွနေရင် အပေးအယူ ကျိုးပျက်သွားပြီး နောက်‌ဆုံးမှာတော့ ချစ်ခြင်းမေတ္တာက အမုန်းတရားအဖြစ်တောင် ပြောင်းလဲသွားနိုင်တယ်”

“အဲဒီတော့ သခင်ကြီးချန်၊ ရှင် တကယ်ကြီး ကျွန်မကို မေတ္တာသက်ဝင်သွားတာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား”

ဟွမ်ဝမ်အာသည် ချန်ကျဲ့အား ကျီစယ်နောက်ပြောင်သည့် အကြည့်များဖြင့် ကြည့်နေသည်။

ချန်ကျဲ့ သူမကို အချိန်အတော်ကြာ ကြည့်နေခဲ့ပြီးနောက်မှ ပြောသည်။

“ခင်ဗျားက တကယ် ရူးနှမ်းနေတဲ့မိန်းမပဲ”

“ဟုတ်တယ်၊ ကျွန်မက ရူးနှမ်းနေတာ”

“ဒါပေမဲ့ သခင်မက အရမ်းနားလည်လွယ်တဲ့ ရူးနှမ်းနေတာမျိုးပဲ။ သခင်မ ပြောတာ မှန်တယ်၊ ကျွန်တော်က ဘယ်လိုလုပ်ပြီး ရူးနှမ်းနေတဲ့မိန်းမတစ်ယောက်ကို မေတ္တာသက်ဝင်ပါ့မလဲ။ ကျွန်တော်တို့နှစ်ယောက်က အပြန်အလှန် အသုံးချနေကြရုံပါပဲ”

ဟွမ်ဝမ်အာမှ ရယ်မောသည်။

“အမှန်ပဲ။ အဲဒီတော့ ကျွန်မက ရှင့်အတွက် ဘာမှ ကမ်းလှမ်းမပေးနိုင်တော့ဘူးလို့ ခံစားလာရတဲ့အခါ ကျေးဇူးပြုပြီး ကျွန်မကို သတ်လိုက်ပါ”

“ဘာလို့ သေချာပေါက် သေခြင်းဖြစ်ရမှာလဲ”

“ဘာလို့ဆို သေခြင်းက ဂုဏ်သရေအရှိ‌ဆုံး ပြည်ဖုံးကားချခြင်းမို့လို့လေ။ ကျွန်မ စွဲမက်ဖွယ်အကောင်းဆုံး ထွက်ခွာခြင်းကို လိုအပ်တယ်~”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“အရမ်းကောင်းတယ်။ ဒါဆို ကျွန်တော်တို့ရဲ့ အပေးအယူဖြစ်မြောက်ပြီ။ ၇ရက်ကြာပြီးနောက်မှာ ကျွန်တော် ဒုတိယအကြိမ် လုပ်ငန်းလုပ်ဆောင်ဖို့အတွက် လာခဲ့ပါ့မယ်”

ဟွမ်ဝမ်အာမှ ပြောသည်။

“ကောင်းပြီ။ ကျွန်မ စိတ်ဝိဉာဉ်ပြောင်းလဲမြက်အတွက် ပြင်ဆင်ထားလိုက်မယ်။ ရှင်လည်း ပြင်ဆင်ထားပါ…”

ချန်ကျဲ့ ရယ်မောလိုက်သည်။

“သခင်မကို ငရဲကြီး၁၈ထပ်ဆီ ခေါ်ဆောင်သွားဖို့ပေါ့…”

…

နှစ်ဦးသား သဘောတူညီချက်ရယူပြီးနောက်တွင် ချန်ကျဲ့သည် နောက်ဘက်ပြတင်းကို အကဲခတ်ကြည့်ပြီး ခုန်ထွက်သွားလိုက်သည်။ သို့သော် ဝေးဝေးမသွားပေ။ ထိုအစား ခပ်နီးနီးသို့သာ ခုန်ခဲ့ပြီး ခေါင်မိုးပေါ်သို့ ပြန်ခုန်တက်ခဲ့သည်။

ချန်ကျဲ့သည် ဟွမ်ဝမ်အာရှိရာ တည့်တည့်ရှိ ခေါင်မိုးပေါ်မှ အုတ်ကြွပ်တချို့ကို ဖယ်လိုက်သည်။

သူအဘယ်ကြောင့် နှစ်ကြိမ်ပြန်၍ စစ်ဆေးကြည့်လိုသည်ကို သူကိုယ်တိုင်လည်း မသိပေ။

အချိန်ခဏမျှ စောင့်ဆိုင်းပြီးနောက်တွင် ဟွမ်ဝမ်အာမှ အစေခံမိန်းကလေးကို ခေါ်လိုက်သည်အား ကြားလိုက်ရသည်။

သုကျွမ်း

မကြာမီ သုကျွမ်းရောက်လာပြီး ဟွမ်ဝမ်အာမှ လက်ဝှေ့ရမ်းလျက် ပြောသည်။

“ငါ့ကို အဲဒီစာပြန်ပေး”

သုကျွမ်းမှ စာကို ပြန်ပေးသည်။ ဟွမ်ဝမ်အာသည် ဖယောင်းချိတ်ပိတ်အား ဖွင့်ဖောက်ထားခြင်း ရှိ၊မရှိ စစ်ဆေးသည်။ ဖွင့်ဖောက်မထားကြောင်း သေချာသောအခါ ပြော၏။

“သုကျွမ်း ရေချိုးကန်ကို ပြန်ယူသွားပြီး တံခါးပိတ်ခဲ့။ ငါအိပ်ချင်ပြီ”

သုကျွမ်း လုပ်ဆောင်ရန် ထွက်သွားသည်။

အားလုံးထွက်သွားပြီးနောက်မှ ဟွမ်ဝမ်အာသည် စာအိတ်၏ ဖယောင်းပိတ်ကို ဖွင့်ဖောက်၍ အထဲမှ စာကို ထုတ်ယူလိုက်သည်။ စာရွက်ပေါ်တွင် စာလုံးသုံးလုံး ရေးသားထား၏: ဟားဟားဟား~

“ဟမ်?”

ချန်ကျဲ့ မင်သက်သွားရသည်။ စာထဲတွင် သူ့နာမည်မပါဘဲ ‘’ဟားဟားဟား~”ဟူသည့် စာသုံးလုံးကိုသာ ရေးထား၏။

ဒီရူးနှမ်းနေတဲ့မိန်းမတော့!

ဟွမ်ဝမ်အာသည် ချန်ကျဲ့ နောက်တစ်ကြိမ်ပြန်လာပြီး စောင့်ကြည့်နေသည်ကို မသိဘဲ စာအိတ်ကိုထုတ်၍ လူကြီးတစ်ယောက်နှင့် အလောင်းအစားထပ်ပြီး အနိုင်ရခဲ့သည့် မိန်းမငယ်လေးတစ်ဦးအလား လက်ထဲတွင် စာရွက်ကို လှုပ်ရမ်းနေခဲ့သည်။

သူမ၏ မျက်နှာထက်တွင် စစ်မှန်စွာသော၊ ပျော်ရွှင်အားရစွာသော အပြုံးတစ်ခု ဖြစ်တည်နေပေသည်။

All Chapters