← Chapters

ဇနီး : ယောက်ျား ကျွန်မ လုပ်နိုင်ပါတယ်_၂

Vol. 24 Ch. 327

ဇနီး : ယောက်ျား ကျွန်မ လုပ်နိုင်ပါတယ်_၂

Vol. 24 Ch. 327

ထို့နောက် ဟွမ်ဝမ်အာသည် စာကို ဆီမီးအိမ်အနီးသို့ ယူကာ မီးရှို့လိုက်ပြီး စာရွက်အား မီးလျံများ ဝါးမျိုသွားသည်ကို စောင့်ကြည့်နေခဲ့သည်။

သူမသည် တစ်ဦးတည်း သူမကိုယ်သူမ စကားပြောနေပုံရ၏။

“သက်သေအားလုံး မီးရှို့လိုက်ပြီ။ အခုချိန်မှာ တစ်ယောက်ယောက်က ငါ့ကို သတ်လိုက်ရင်တောင်မှ သူလုပ်ခဲ့တဲ့အရာတွေကို ဘယ်သူက သိနိုင်တော့မှာလဲ”

ဟွမ်ဝမ်အာ၏ အသံသည် ချန်ကျဲ့၏နားထဲသို့ ရောက်ရှိနိုင်သည့် မှော်စွမ်းရည်တစ်မျိုး ပိုင်ဆိုင်ထားသည့်အလား၊ ထိုစကားများကို ချန်ကျဲ့ကြားစေရန် ရည်ရွယ်ပြောဆိုနေသည့်အလားပင်..

ဒါမှမဟုတ် ဒါက တစ်ခုခုကို အရိပ်အမြွက်ပြနေတာလား?

“တကယ်ရူးနေတာပဲ”

ချန်ကျဲ့သည် အုတ်ကြွပ်များကို နေရာတကျ ပြန်စီထားခဲ့ပြီး အဝေးသို့ ခုန်ထွက်ကာ အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားတော့သည်။ ဟွမ်ဝမ်အာသည် မီးတောက်များ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေပြီးနောက် ခဏ‌မျှ စောင့်ဆိုင်းနေသည်။ ထို့နောက် မည်သူမျှ ပြန်လာမကြည့်ကြောင်း စူးစမ်းအတည်ပြုသည်။

ဟွမ်ဝမ်အာသည် အနည်းငယ် စိတ်ပျက်မှုနှင့်အတူ အံ့အားသင့်‌နေခဲ့လျက် ပြောသည်။

“ငါ့ကို သတ်နိုင်မယ့် ဒီလိုအခွင့်အရေးကောင်းမျိုးကိုတောင် မယူခဲ့တာ.. သူ တကယ်ပဲ ငါ့ကို မေတ္တာသက်ဝင်သွားတာ ဖြစ်နေမလား”

ဟုတ်သား၊ စိတ်ဝိဉာဉ်ပြောင်းလဲမြက်က သူ့လက်ထဲ မရောက်သေးဘူးပဲ။

“ဟွမ်ဝမ်အာ ဟွမ်ဝမ်အာ ကြည့်ရတာ နင် လတ်‌တလောတော့ မသေနိုင်သေးဘူးထင်တယ်… အဝီစိငရဲ~”

သူမသည် တစ်ကိုယ်တည်းရေရွတ်နေရင်း အဝီစိငရဲ၏ သာယာကြည်နူးဖွယ်ကောင်းမှုကို ပြန်လည်အမှတ်ရသွားကာ အိပ်ရာထက်သို့ ခြေပစ်လက်ပစ် လဲလျောင်းလိုက်သည်။ သို့ဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

အိပ်မက်ကမ္ဘာထဲတွင် သူမသည် သူမမြတ်နိုးရသော မြင်းထက်တွင် တစ်ဖန်ပြန်လည် စီးနှင်နေခဲ့သည်။ ကျယ်ပြောသည့် မြက်ခင်းပြင်တစ်လျှောက် လွတ်လပ်စွာ စီးနှင်နေခဲ့သည်မှာ အချုပ်အနှောင်ကင်းမဲ့၍ အရိုင်းဆန်သော မာနဂုဏ်တို့ဖြင့် ပြည့်နှက်နေပေသည်။

…

ညဉ့်နက်အချိန် လော့ကူလမ်းကြား၌

ဆီမီးအိမ်ထွန်းညှိထားသည့် ဆိုင်ခန်းငယ်တစ်ခု၌ မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ဖိနပ်ချုပ်သမားသည် ဖိနပ်တစ်ရံကို ငုံ့ကိုင်း၍ ကြိုးကြိုးစားစား ပြုပြင်နေသည်။ လက်ထဲတွင် တူအသေးတစ်လက်ကို ကိုင်စွဲထားလျက် ဖိနပ်ချုပ်ရာတွင် အသုံးပြုသည့် သံမှိုတို့ကို ထုရိုက်နေသည်။

သူ၏ရှေ့တွင် အနက်ရောင်သားရေဖိနပ်တစ်ရံ၊ အထပ်တစ်ထောင်ဖိနပ်ရှည်များ နေရာယူထား၏။

တစ်ချက်ကြည့်ရုံဖြင့်ပင် ၎င်းဖိနပ်များမှာ ချမ်းသာကြွယ်ဝသူများသာ အသုံးပြုနိုင်သည့် ဖိနပ်များဖြစ်ကြောင်း သိနိုင်ပေသည်။

ဤခေတ်ကာလ၌ ဖိနပ်ဖြင့် လူ၏အဆင့်အတန်းကို ခွဲခြားသိနိုင်သည်။ အရာရှိနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် ဖိနပ်ရှည်များကို ဝတ်ဆင်ကြသည်။ သာမန်ပြည်သူများနှင့် ကုန်သည်များသည် အဝတ်ဖိနပ်များကို ဝတ်ဆင်ကြသည်။ ဆင်းရဲနွမ်းပါးသူများသည် ကောက်ရိုးဖိနပ်များကို ဝတ်ဆင်ကြသည်။

ယေဘုယျအားဖြင့် ဖိနပ်ချုပ်သမားများသည် ဖိနပ်ရှည်ဝတ်သူများ၏ လိုအပ်ချက်ကို ဖြည့်တင်းပေးရခြင်းဖြစ်သည်။ အဝတ်ဖိနပ်များသည် အိမ်မှာ ပြန်ချုပ်ပြီး ပြန်ဝတ်ရ၏။ ကောက်ရိုးဖိနပ်များ ပျက်စီးသွားပါက မိမိဘာသာ နောက်တစ်ရံ ရက်လုပ်လိုက်လျှင် ရပေသည်။

ပိုက်ဆံအနည်းငယ် ချမ်းသာပြီး အောင်မြင်သော အိမ်‌ထောင်စုများ၊ မိမိတို့၏ အသွင်အပြင်ကို ထိန်းသိမ်းရန် လိုအပ်သူများသာလျှင် ဖိနပ်ပြင်ရန် လာရောက်ကြသည်။ ထို့ပြင် ထိုသို့ဖောက်သည်များသည် မနည်းပါးပေ။

မည်သို့ပင်ဖြစ်စေ အိမ်တိုင်းလိုလိုတွင် ဖိနပ်ကောင်းကောင်း တစ်ရံ၊နှစ်ရံမျှ ရှိနေလိမ့်မည် မဟုတ်ပါလော။

ဒင် ဒင် ဒင်…

ဖိနပ်ချုပ်သမားသည် ဖိနပ်ပြုပြင်ခြင်းကို အာရုံစိုက်နေစဉ် လူတစ်ယောက်သည် လမ်းကြား‌တစ်လျှောက် သူ့ထံ လျှောက်လှမ်းလာနေသည်။ ထိုလူသည် ဓားတစ်လက်ကို ကိုင်ဆောင်ထားကာ ဖိနပ်ချုပ်သမား၏ရှေ့သို့ ရောက်သောအခါ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ဖိနပ်ချုပ်သမားသည် ခေါင်းမော့မကြည့်ပေ။

“ဖိနပ်ပြင်ဖို့လား”

ဖချိုက်သည် ကပျစ်ကညစ်ပုံစံရှိသော ဖိနပ်ချုပ်သမားကို ကြည့်၍ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်ငြား ပြောခဲ့သည်။

“ ဆွေ့ယန်က ထီးနန်းကို သိမ်းယူခဲ့တယ်။ အဲဒါကြောင့် သူက ၉-၅အဆင့်ကို တက်သွားခဲ့တယ်။ ငါ သူ့ရဲ့လမ်းအတိုင်း လိုက်လိုတယ်”

ထိုအခါ ဖိနပ်ချုပ်သမားသည် တန့်သွားပြီး ဖချိုက်ကို မော့ကြည့်လာသည်။

“ကျန်းလျောင်က ချောင်းချောင်ဆီ တင်ပြခဲ့တယ်။ အဲဒါကြောင့် သူက စစ်သူကြီးတစ်ဦး ဖြစ်လာခဲ့တယ်။ နောက်ဆုံးတော့ ဉာဏ်အလင်းပွင့်သွားခဲ့ပြီ.. ငါနဲ့လိုက်ခဲ့”

ဖိနပ်ချုပ်သမားမှ ထရပ်သည်။ သူသည် ကြမ်းပြင်ထက်ရှိ တစ်ဝက်တစ်ပျက် ပြုပြင်ဆဲ ဖိနပ်များကို ဂရုမစိုက်တော့ဘဲ အိမ်ထဲ လှည့်ဝင်သွားသည်။

ဖချိုက်သည် ဖိနပ်ချုပ်သမားနှင့်အတူ အနောက်ခြံဝင်းထဲမှ အခန်းထဲသို့ လိုက်သွားခဲ့သည်။

အခန်းထဲတွင် စာအုပ်ဖတ်နေသည့် စာသင်သားငယ်တစ်ဦး ရှိနေသည်။

ဖိနပ်ချုပ်သမားမှ ပြောသည်။

“သခင်က မင်းကို စောင့်နေတာကြာပြီ”

ထိုအချိန်၌ ဖချိုက်သည် စာသင်သားငယ်လေးကို ကြည့်လိုက်၏။ ထိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်သည်တွင် နောက်ဆုတ်မိသွားရသည်။

ထိုသူသည် နန်ပါးထျန်း၏ နောက်လိုက်များအတွင်း နန်ပါးထျန်း၏ ဦးနှောက်နှင့် ယုံကြည်ရသူ‌ဖြစ်သော သိုင်းလောကတွင် ရှောင်ကျူးကယ်ဟု ခေါ်ဆိုကြသော ထန်ဇီယွဲ့ဖြစ်ပေသည်။

စာအုပ်ဖတ်နေသော ထန်ဇီယွဲ့သည် ဖချိုက် ရောက်လာသည်ကို မြင်သောအခါ ပြောသည်။

“မင်းက ငါထင်ထားတာထက် နာရီဝက်နောက်ကျပြီး ရောက်လာတာပဲ”

ဖချိုက် မျက်မှောင်ကြုတ်လိုက်သည်။

“ကျွန်တော် ရောက်လာမှာကို သိနေတယ်လား”

ထန်ဇီယွဲ့မှ ပြောသည်။

“ဒီနေ့ စားသောက်ပွဲမှာ အဖိုးကြီးဖန်းပြောခဲ့တဲ့ စကားတွေကို ‌နားထောင်ပြီးတော့ မင်းရောက်လာမယ်ဆို‌တာ သိသွားတယ်လေ”

“အဲ့လောက်တောင် သေချာတယ်လား”

ထန်ဇီယွဲ့ ပြုံးလိုက်သည်။

“မင်းရဲ့သခင်က သူငယ်ငယ်ကတည်းက အဖိုးကြီးဖန်းရဲ့ ဆက်ခံသူအဖြစ် ပျိုးထောင်ခံခဲ့ရတာ။ သူက သူ့ကိုယ်သူ ကျားဖြူခန်းမရဲ့ ဆက်ခံသူအဖြစ် အမြဲ ခံယူထားခဲ့တာ။ အခု ကျန်းချွမ် သေသွားပြီးတော့ အဖိုးကြီးဖန်းက သူ့ကို ထည့်မတွက်ဘဲ ချန်ကျိုစစ်ကို ချက်ချင်း ရာထူးတိုးပေးလိုက်တယ်”

“ဘယ်သူမဆို အဲဒီလိုလုပ်ရပ်ကို ခံနိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ သူ မင်းကို လွှတ်လိုက်တာ အံ့ဩစရာမရှိပါဘူး”

ထိုသို့ပြောပြီးနောက် ထန်ဇီယွဲ့မှ မေးသည်။

“လောင်ကျန်း အဲဒီရေနွေးအိုးဘယ်မှာလဲ”

ထိုအခါ ဖိနပ်ချုပ်သမားမှ ချက်ချင်း ပြောသည်။

“သခင် ကျွန်တော့်ကို ခွင့်ပြုပါ၊ ခွင့်ပြုပါ”

ဖိနပ်ချုပ်သမား လောင်ကျန်းသည် လက်ဖက်ရည်ထည့်ရန် ထွက်ခွာသွား၏။ ထန်ဇီယွဲ့မှ ပြောသည်။

“စိတ်မရှိပါနဲ့၊ ငါက ပုံမှန်ဆို ဒီမှာနေလေ့မရှိဘူး။ ဒီနေ့က မင်းကို စောင့်ဖို့ အထူးတလည် လာခဲ့တာပဲ။ ငါက ဒီနေရာနဲ့ မရင်းနှီးဘူး”

“လက်ဖက်ရည်သောက်ဦး”

လောင်ကျန်းသည် လက်ဖက်ရည်ခွက်ကို ဖချိုက်၏ရှေ့တွင် အမြန်ချပေးသည်။ ဖချိုက်မှ ပြောသည်။

“ကျွန်တော် လက်ဖက်ရည် မသောက်ပါဘူး”

“ဟင်?”

ထန်ဇီယွဲ့မှ ပြောသည်။

“စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးပဲ”

“စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံး!”

ထိုစကားတွင် ဖချိုက်၏လက်များ တုန်ယင်သွားရသည်။ ဒီစိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးက သိုင်းပညာရှင်ကြီးတွေကို စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းနိုင်အောင် ကူညီပေးနိုင်တဲ့အရာ မဟုတ်လား။ တစ်တိုင်းပြည်လုံးရဲ့ သံမဏိအရိုးအဆင့်သူရဲကောင်းတွေအားလုံး သူတို့ရဲ့တစ်ဘဝလုံး ရှာဖွေနေကြတဲ့ ရတနာဆေးလုံးလေ!

ထန်ဇီယွဲ့မှ ပြောသည်။

“အင်း မင်း ယူသွားလိုက်”

ထိုအခါ ဖချိုက်သည် ဤကိစ္စမှာ အလွန်တရာအရေးကြီးကြောင်း နားလည်သွားခဲ့ပြီး သေတ္တာကို ရုတ်ချည်း ထုပ်ပိုးယူလိုက်သည်။ ထို့နောက် ဦးညွှတ်အရိုအသေပြုခဲ့ပြီး အမြန် ထွက်ခွာလာခဲ့သည်။

ဖချိုက် အလျင်စလို ထွက်သွားသောအခါ ထန်ဇီယွဲ့သည် သူ၏လက်ထဲမှ စာအုပ်ကို ချလိုက်သည်။

ထိုအခါမှသာ လောင်ကျန်းသည် ထန်ဇီယွဲ့၏လက်ထဲရှိ စာအုပ်ကို သတိထားမိခဲ့သည်။ ၎င်းမှာ သေနင်္ဂဗျူဟာ၃၆ပါးစာအုပ်ဖြစ်ပြီး ထန်ဇီယွဲ့ ဖတ်နေသည့်အပိုင်းတွင် စာလုံးသုံးလုံးကို ရေးသားထားသည်။ [အလှတရားထောင်ချောက်]

ထန်ဇီယွဲ့သည် လောင်ကျုံးမှာ သူ၏စာအုပ်ကို ကြည့်နေကြောင်း မြင်သွားသဖြင့် မေး၏။

“လောင်ကျန်း အလှတရားထောင်ချောက်ဆိုတာ ဘာလဲ”

လောင်ကျန်း တွေဝေသွား၏။

“လှပတဲ့အမျိုးသမီးတွေကို အသုံးချ ဆွဲ‌ေ‌ဆာင်ပြီး လှည့်စားတာ မဟုတ်လားဗျ”

“အို လောင်ကျန်း မင်းက လူတိုင်းက တဏှာကြီးတယ်လို့ ပြောချင်တာလား”

ထန်ဇီယွဲ့မှ မေးခွန်းထုတ်သည်။ သူ၏ မျက်လုံးအကြည့်များမှာ လောင်ကျန်းကို အထင်မြင်သေးခြင်းများ ပြည့်နှက်နေသည်။ လောင်ကျန်းမှ ပြန်ပြောသည်။

“မလွဲမ‌ေသွတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အရမ်းကြည့်ကောင်းတဲ့ အမျိုးသမီးတစ်ယောက်က ပုံမှန်အားဖြင့် လူတွေရဲ့အကြည့်ကို နည်းနည်းပိုပြီး ဆွဲဆောင်နိုင်တယ် မဟုတ်လား”

All Chapters