← Chapters

ဇနီး : ယောက်ျား ကျွန်မ လုပ်နိုင်ပါတယ်_၃

Vol. 24 Ch. 328

ဇနီး : ယောက်ျား ကျွန်မ လုပ်နိုင်ပါတယ်_၃

Vol. 24 Ch. 328

“အဲဒီတော့ ဒီအမျိုးသမီးက မရှင်းလင်းတဲ့ နောက်ခံရှိနေပြီး မင်းရဲပြိုင်ဘက်က မင်းကို ထိခိုက်စေဖို့အတွင် ဆင်ထားတဲ့ ထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်ဆိုရင် မင်း အဲဒီအလှတရားထောင်ချောက်မှာ ကျဆုံးဦးမှာလား”

“ဟင့်အင်း မကျဆုံးနိုင်ပါဘူး။ ကျွန်တော်က တဏှာကြီးတဲ့တစ္ဆေမှ မဟုတ်တာဘဲ။ တဏှာကြီးတဲ့တစ္ဆေတောင်မှ အဲဒီလိုအမျိုးသမီးနဲ့ ကြုံတွေ့ရပြီဆိုရင် နှစ်ကြိမ်ပြန်စဉ်းစားလိမ့်မယ်”

“အဲဒါက အလှတရားထောင်ချောက်ရဲ့ အလှတရားပဲ။ အဲဒီထောင်ချောက်ရဲ့ အနှစ်သာရက အလှတရားမှာ မူတည်နေတာ မဟုတ်ဘဲ အကြံအစည်ပေါ်မှာ မူတည်နေတာ!”

လောင်ကျန်း မင်သက်သွား၏။

ထန်ဇီယွဲ့မှ ပြောသည်။

“မင်းမှာ ငယ်ကျွမ်းဆွေရှိခဲ့ဖူးလား။ မိန်းကလေးတစ်ယောက်ကို ချစ်မြတ်နိုးပေမဲ့ မပိုင်ဆိုင်ရတာကို ကြုံတွေ့ခဲ့ဖူးလား။ မင်းရဲ့ စိတ်နှလုံးထဲမှာ မင်းရဲ့စိတ်ကူးယဉ်အတွေးအားလုံးကို ကျေနပ်မှုပေးနိုင်မယ့် စံနှုန်းထားမိန်းကလေးတစ်ယောက် ရှိသလား”

လောင်ကျန်းသည် မိမိ၏လူငယ်ဘဝကို ပြန်ပြောင်းသတိရသွားခဲ့၍ မင်သက်နေခဲ့သည်။

အဲဒီအချိန်က သူသည် ရိုးရှင်းသည့် ကောင်လေးတစ်ယောက်ဖြစ်ခဲ့သည်။ တစ်နေ့တွင် သူသည် သစ်သီးခူးရန် သစ်ပင်တက်နေစဉ် ဘေးအိမ်မှ လိပ်ပြာဖမ်းနေသည့် မိန်းကလေးကို မြင်တွေ့ခဲ့သည်။ ထိုအကြည့်တစ်ချက်သည် ရိုးစင်းငယ်ရွယ်သည့် သူ့ကို တစ်စုံတစ်ရာအား နားလည်သွားစေခဲ့သည်။

မိန်းကလေးလည်း သူ့ကို မြင်သွားခဲ့သည်။ သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားသည့်တိုင် မိန်းကလေးလေးသည် အော်ဟစ်ခြင်း မပြုခဲ့ပေ။

စကားမပြောပါဘဲ အပြန်အလှန်နားလည်နေခဲ့၏။ သူတို့နှစ်ဦးသည် ထိုလှပသည့် နေ့လယ်ခင်းတစ်ခုတွင် ‌ဆုံတွေ့ခဲ့ကြပြီး ထို့နောက် စတင်၍ လျှို့ဝှက်ဆုံတွေ့ခဲ့ကြသည်။

လောင်ကျန်းသည် သူမအတွက် သစ်သီးများ ခူးဆွတ်ပေးခဲ့ပြီး သူမသည် သူ၏ စုတ်ပြဲနေသည့် အဝတ်များကို ပြန်ချုပ်ပေးခဲ့သည်။ သူတို့၏အချစ်သည် စိတ်အားထက်သန်ပြင်းပြခဲ့သည်။

သို့သော် လောင်ကျန်း၏ မိသားစုသည် အလွန်ဆင်းရဲလွန်းခဲ့သည်။ မိန်းကလေး၏ မိသားစုသည် မိန်းကလေးကို လင်စီရင်စုတွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ပိုင်ဆိုင်သည့် မိသားစုအတွင်းသို့ လက်ထပ်ဝင်ရန် စေလွှတ်ခဲ့သည်။ သို့ဖြင့် သူတို့နှစ်ဦးကို ခွဲပစ်ခဲ့သည်။

သူတို့နှစ်ဦး လမ်းခွဲသည့်နေ့တွင် လောင်ကျန်းသည် နှလုံးကွဲကြေသည့်အလား ငိုကြွေးခဲ့၏။ သူမသည် သူ မြတ်နိုးတောင့်တရသော်ငြား မပိုင်ဆိုင်ရသည့် အမျိုးသမီးဖြစ်လာခဲ့သည်။

သူမ လက်ထပ်ပြီး သားသမီးများရရှိသွားသည့်တိုင်အောင် လောင်ကျန်းသည် ညသန်းခေါင် တစ်ရေးနိုးလာတိုင်းတွင် သူမ၏ပုံရိပ်ကို စွဲလမ်းနေမြဲဖြစ်ကာ နှလုံးအိမ်သည်လည်း မထိန်းချုပ်နိုင်လောက်အောင် ခုန်လှုပ်နေတတ်ခဲ့သည်။

“စဉ်းစားကြည့်လေ။ ငါ မင်းကို ကြံစည်မယ်ဆိုရင် မင်းရဲ့စိတ်နှလုံးထဲက မိန်းကလေးနဲ့ အနီးစပ်‌ဆုံး ဆင်တူတဲ့ မိန်းကလေးတစ်ယောက်ကို ရှာဖွေခဲ့လိမ့်မယ်။ အဲဒီမိန်းကလေးကို ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ပြီးတော့ကို သူ့ရဲ့ပင်ကိုစရိုက်၊ အကျင့်စရိုက်တွေအပြင် သူ့ရဲ့ မျက်မှောင်ကြုတ်တာတစ်ချက်၊ အပြုံးတစ်ပွင့်က အစ မင်းရဲ့မိန်းကလေးနဲ့ တူညီစေမယ်”

“ပြီးရင် ပြီးပြည့်စုံတဲ့ အခွင့်အရေးတစ်ခုကို ရှာဖွေပြီး ဇာတ်ဝင်ခန်းတစ်ခုကို ဖန်တီးမယ်။ အဲဒီနည်းလမ်းနဲ့ မင်းတို့ကို လှပတဲ့ ဆုံတွေ့မှုအဖြစ် တစ်ဖန်ပြန်ဆုံတွေ့စေမယ်။ အဲ့လိုဆို မင်းကိုယ်မင်း ထောင်ချောက်ထဲ ကျမယ်ထင်လား”

ထိုစကားများတွင် လောင်ကျန်းသည် ကျောရိုးတစ်လျှောက် အေးစိမ့်သွားရသည်။

ငါ ထောင်ချောက်ထဲ မကျဘဲ နေနိုင်ပါ့မလား။ အဲဒီထောင်ချောက်ထဲ ဘယ်လိုလုပ်ပြီး မကျဘဲနေနိုင်ပါ့မလဲ။

၎င်းသည် အလှတရားက အဓိက မဟုတ်ပါဘဲ နည်း‌ဗျူဟာသည် လူ၏နှလုံးသားကို ပစ်မှတ်ထားခြင်း ဖြစ်သည်။

အဲဒီလိုမိန်းကလေးနဲ့ ဆုံတွေ့ခဲ့ရင် ဘယ်သူကများ အရေးမထားဘဲ နေနိုင်ပါ့မလဲ။ ဘယ်သူကများ ထောင်ချောက်ထဲ မကျမယ့် ခံနိုင်ရည်မျိုး ရှိပါ့မလဲ”

၎င်းသည် နာရူတိုကမ္ဘာကဲ့သို့ပင်။ အိုဘီတို ယုချီဟာအပေါ် အလှတရားထောင်ချောက်ကို အသုံးပြုလိုပါက ရင် နိုဟာရာနှင့် တစ်ပုံစံတည်း တူညီသည့် မိန်းကလေးကို ဖန်တီးရလိမ့်မည်။ အိုဘီတိုသည် သူမကို ငြင်းဆန်နိုင်ပါမည်လော။ သူမသည် အတုအယောင်ဖြစ်ကြောင်း သိနေလျှင်သော်မှ ခိုင်မာသည့် ဆက်နွယ်မှုကို ခံစားရမြဲသာ ဖြစ်ပေလိမ့်မည်။

သေချာပေါက်ပင် နည်းဗျူဟာကို ပို၍ ချဲ့ကားနိုင်ပါသေး၏။ မိခင်မေတ္တာငတ်မွတ်နေသူတစ်ယောက်အတွက် သူ၏မိခင်ကဲ့သို့ အမျိုးသမီးတစ်ဦးကို ရှာဖွေနိုင်သည်။ ညီမဖြစ်သူကို စွဲလမ်းနေသည့် အစ်ကိုတစ်ယောက်အတွက် ညီမဖြစ်သူနှင့် တူညီသည့်လူတစ်ယောက်ကို ရှာဖွေနိုင်သည်။

အဓိက တိုက်ခိုက်မှုမှာ လူ၏စိတ်နှလုံးအတွင်းရှိ အနူးညံ့‌ဆုံးသော အစိတ်အပိုင်းကို တိုက်ခိုက်ခြင်းဖြစ်၏။

ဤသည်မှာ အလှတရားထောင်ချောက်၏ မှန်ကန်သော အသုံးပြုနည်းဖြစ်သည်။

ရုပ်သံဇာတ်လမ်းများနှင့် မတူပေ။ စွဲမက်ဖွယ်သော အလှလေးအချို့ကို ရိုက်နှက်ရုံမျှနှင့် တစ်စုံတစ်ယောက်အား ‘’သခင်ကြီး’ဟု ခေါ်ဆိုခြင်းသည် လမ်းဘေးလူမိုက်များအတွက်သာ အလုပ်ဖြစ်လိမ့်မည်။ သို့သော် အမှန်တကယ် အရေးပါအရာရောက်သည့် ပုဂ္ဂိုလ်ကြီးများအတွက်မူ ၎င်းသည် လုံးဝ အသုံးမဝင်နိုင်ပေ။

အဲဒီလိုအဆင့်အတန်းရှိနေတာ ဘယ်သူက အမျိုးသမီးရှားပါးနေပါ့မလဲ။

သို့သော် ထိုသို့အရေးကြီးပုဂ္ဂိုလ်ကြီးများအတွက် ထောင်ချောက်တစ်ခုကို လိုအပ်ချက်အတိုင်း စနစ်တကျအသေးစိတ် ဖန်တီးထားသည့်အခါတွင် မည်သူမျှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ကောင်းယွီလျန်က ကောင်းရှောင်ဖုန်းကို ဘာလို့ ‌ချစ်မိသွားတာ ဖြစ်လိမ့်မလဲ။ အဲဒါက ၁၅၈၇ခုနှစ်ရဲ့ ကွဲပြားခြားနားတဲ့ အလှတရားထောင်ချောက်တစ်ခုပဲ မဟုတ်လား။

အတွင်းရေးမှူးကောင်းတောင်မှ ခံနိုင်ရည်မရှိတာကို ဘယ်သူကများ ခံနိုင်ရည်ရှိမှာတဲ့လဲ။

ထန်ဇီယွဲ့သည် ချွေးအေးများ ထွက်လာနေသည့် လောင်ကျန်းကို မြင်သောအခါ ပြော၏။

“ကောင်းပြီ၊ ကြောက်မနေနဲ့တော့။ မင်းရဲ့ဘဝမှာတော့ အဲဒီလို အလှတရားထောင်ချောက်မျိုးနဲ့ ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ အဲဒီလိုနည်းဗျူဟာကို အသက်သွင်းဖို့အတွက် နှစ်တွေ ဘယ်လောက်ကြာတဲ့အထိ အချိန်ယူရလဲ မင်းသိလား။ လူရွေးဖို့အတွက်တင် နှစ်အတော်ကြာတယ်။ ပြီးတော့ ကုန်ကျစရိတ်က ငွေတုံးတစ်သောင်းကျော်တယ်”

“ဒီလိုဆက်ဆံမှုမျိုးက တကယ့်ပုဂ္ဂိုလ်ကြီးတွေပဲ ခံစားခွင့်ရနိုင်မှာ”

ထန်ဇီယွဲ့သည် လောင်ကျန်းကို ပခုံးပုတ်လျက် ပြောသည်။

“ဒီသေနင်္ဂဗျူဟာ၃၆ပါးစာအုပ်က မင်းအတွက်ပဲ။ ပြီးတော့ ဒီနေရာကနေ အရုဏ်မတက်ခင် ပြောင်းရွှေ့လိုက်တော့။ ဒီနေရာက အသုံးမဝင်တော့ဘူး~”

ထန်ဇီယွဲ့ ထွက်ခွာသွားသည်ကို စောင့်ကြည့်ရင်း လောင်ကျန်းသည် နဖူးမှ ချွေးအေးများကို သုတ်လိုက်သည်။

ဒီအလှတရားထောင်ချောက်ကို ထန်ဇီယွဲ့က တစ်ယောက်ယောက်အပေါ် အသုံးပြုခဲ့တာလား?

…

မျန့်ရွှေစီရင်စုမြို့ အပြင်ဘက်၌ ကျီရှန်းဘုရားကျောင်းမှ ထွက်ခွာလာပြီးနောက် ချန်ကျဲ့သည် မြို့ထဲသို့ ပြန်ဝင်ရန် အလျင်မလိုပေ။ ညသန်းခေါင်ကြီး မြို့ထဲပြန်ဝင်ပါက မြို့တံခါးအစောင့်များသည် သူ့ကို သေချာပေါက် မှတ်မိသွားကြလိမ့်မည်။ ၎င်းသည် သူ့အတွက် မကောင်းပေ။ ချန်ကျဲ့သည် သူ၏အရိပ်အယောင်များကို တတ်နိုင်သမျှ ဖျောက်ဖျက်ပစ်ရန် လိုအပ်သည်။ ထို့ကြောင့် မြို့ပြင်ထွက်လာချိန်ကပင် လူသတိမထားမိအောင် ထွက်လာခဲ့သည်။

ဤသည်မှာ သူ၏အစီအစဉ်ဖြစ်၏။

ရှူး…

ချန်ကျဲ့ သူ၏အဝတ်များပေါ်မှ သစ်ခွရနံ့ဖျော့ဖျော့ကို ခံစားမိနေ၏။

တစ်ဖန်ပြန်စဉ်းစားပြီးနောက် ချန်ကျဲ့သည် မြင်းပေါ်ခုန်တက်၍ မျန့်ရွှေနှင့် အနီးဆုံးမြို့ဖြစ်သော ရှကျွေ့မြို့သို့ ဦးတည်ထွက်ခွာခဲ့သည်။

ဤမြို့သည် အတော်လေး ကြီးပွားချမ်းသာ၏။ ချန်ကျဲ့သည် အရင်ဆုံး ရှကျွေ့မြို့တွင် နေလိုက်ရန် ဆုံးဖြတ်ခဲ့ပြီး ရှကျွေ့မြို့သို့ ‌လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

မျန့်ရွှေနှင့် ထိစပ်နေသည့်မြို့ဖြစ်သောကြောင့် ဤမြို့၏ စီးပွားရေးအခြေအနေသည်လည်း တိုးတက်ကြီးပွား၏။ ဤမြို့ကို မျက်မှောက်ခေတ်တွင် ဆင်ခြေဖုံးနယ်မြေဟု သတ်မှတ်‌နိုင်လိမ့်မည်။

ထို့ပြင် ရှကျွေ့မြို့သည် မြို့ပြ၏ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့် မသက်ရောက်သောကြောင့် ဤမြို့ရှိ လောင်းကစားရုံများမှာ စည်ကားသိုက်မြိုက်နေပေသည်။

လောင်းကစားရုံများနှင့်အတူ ညဘက်ဖွင့်လှစ်သည့် ပေါက်စီပေါင်းရောင်းခြင်း၊ ဖက်ထုပ်နှင့် ညလယ်သရေစာမုန့် ရောင်းချခြင်းကဲ့သို့ အခြားလုပ်ငန်းများလည်း ရှိသည်။ ။

ဟွမ်ဝမ်အာနှင့်အတူ အားမာန်တက်ကြွစွာသော အဝီစိငရဲကို ကြုံတွေ့ပြီးနောက်တွင် ချန်ကျဲ့၏ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်နေခဲ့သည်– သူမ အရိုင်းဆန်သည့် အချိန်မျိုးတွင် သူမ၏တိုက်ခိုက်စွမ်းရည်သည် နောက်ပြောင်စရာ မဟုတ်ပေ– စူးယွင်ကျင်းနှင့် အတွေ့အကြုံမှာ‌ ‌သီချင်းတစ်ပုဒ်ကဲ့သို့ ငြိမ့်ညောင်းပြီး သာယာနာပျော်ဖွယ် ဖြစ်သည်။ စိတ်ခံစားချက်သာလျှင် အရာအားလုံးဖြစ်၏။

ဟွမ်ဝမ်အာသည်တော့ မြင်းတစ်ကောင်ကို အရိုင်းဆန်ခွင့်ပြုပေးလိုက်သည့်အလား ခန္ဓာကိုယ်အင်အားသာလျှင် အရာရာဖြစ်သည်။

ဂလုတ် ဂလုတ်~

ဆာလောင်နေသည့် ဝမ်းဗိုက်ကို ဖိကိုင်လျက် ချန်ကျဲ့သည် ပေါက်စီနှစ်ခြင်း၊ ယာဂုတစ်ပွဲကို မှာယူကာ ညစာကို စိတ်လိုလက်ရ သုံးဆောင်သည်။

ဗိုက်ပြည့်ပြီး စိတ်ကျေနပ်သွားသောအခါ ချန်ကျဲ့ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည်။ ထိုအခါ ဖွင့်လှစ်ထားမြဲဖြစ်သော ရေချိုးဆောင်တစ်ဆိုင်ကို မြင်တွေ့လိုက်ရသည်။

ချန်ကျဲ့ ဝင်သွားလိုက်သည်။

ရေချိုးဆောင်အလုပ်သမားများသည် အတွင်းပိုင်းကို သန့်ရှင်းရေးလုပ်နေကြဆဲ ဖြစ်သည်။ ရေကန်ထဲမှ ရေကို လှယ်နေကြကာ အလုပ်သမားများသည် ရေချိုးကန်များကို တိုက်ချွတ်နေကြသည်။

နေ့တိုင်း ဤအချိန်တွင် သူတို့သည် ရေချိုးကန်များကို တိုက်ချွတ်ဆေးကြော၍ ရေသန့်ပြန်လဲသည်။ အကြမ်းအားဖြင့် မနက်ခင်း ၃နာရီ၊ ၄နာရီခန့်အချိန်တွင် လူများရောက်လာကြပြီး ရေချိုးကြသည်။ ၎င်းကို “ရေအေးဖြင့် ရေချိုးသန့်စင်ခြင်း”ဟု ခေါ်ကြသည်။

ချန်ကျဲ့ရောက်လာချိန်မှာ အနည်းငယ် စောသွား၏။

သို့တိုင် ဆိုင်ပိုင်ရှင်သည် ဧည့်သည်သည် ဧည့်သည်ဖြစ်သည်ဟူသော စည်းမျဉ်းကို ကိုင်စွဲလျက် ချန်ကျဲ့အား ရေကန်အဆင်သင့်ဖြစ်သည်အထိ အချိန်ခဏ‌မျှ စောင့်ဆိုင်းပေးပါရန် တောင်းဆိုခဲ့သည်။

ချန်ကျဲ့သည် ရေချိုးကန်တစ်ခုအတွင်း စိမ်နေလိုက်သည်။ ဘေးတွင်မူ သူ၏အဝတ်များ ထည့်ထားသည့် ဝါးခြင်းတောင်းကို ချထားခဲ့သည်။

All Chapters