ဘာ? မင်းက ဖိုးဖိုးချန်ရဲ့ အိပ်ရာပေါ်ကို တက်ချင်တယ်ပေါ့လေ?_၅
Vol. 24 Ch. 336
“လာ ငါမင်းကို စာရေးသင်ပေးမယ်”
…
“ဟုတ်တယ်၊ ကြည့် ဒီစကားလုံးသုံးလုံးက မင်းရဲ့နာမည်ပဲ”
စူးယွင်ကျင်းသည် ယင်ဟုန်မိန်ကို လက်ချင်းထပ်၍ စာရေးသင်ပေးနေခဲ့သည်။ ယင်ဟုန်မိန်သည်တော့ တစ်ကိုယ်လုံးတောင့်တင်းနေလျက် အကြောင်းအရင်းမသိပါဘဲ မျက်လုံးအစုံတွင် မျက်ရည်များ ရစ်ဝဲနေခဲ့သည်။ သို့သော် သူမသည် ခံစားချက်များကို ဖုံးကွယ်နေခဲ့ပြီး မျက်ရည်ကျခြင်းလည်း မရှိပေ။ ရစ်ဝဲလာသည့် မျက်ရည်များသည် ခဏတွင်းချင်း ပျောက်ကွယ်သွားခဲ့သည်။
သို့ဖြင့် ညအိပ်ရာဝင်ချိန်အထိ စာသင်ခဲ့ကြသည်။
အေစခံမိန်းကလေး၄ဦးသည် တစ်ခန်းထဲတွင် အိပ်စက်ကြရပြီး ကျန်၃ဦးသည် စကားပြောနေကြသည်။
အထူးသဖြင့် လှပသည့် အစေခံမိန်းကလေး ချွေ့ကျူဖြစ်သည်။ ချွေ့ကျူမှ ပြော၏။
“နင်တို့မြင်လား။ သခင်က ဒီနေ့ အရမ်းခံ့ညားတာပဲ။ ငါဒီနေ့ သခင် သိုင်းလေ့ကျင့်နေတာကို မြင်ခဲ့တယ်။ သခင်က ကျောက်တုံးအကြီးကြီးကို လက်တစ်ဖက်တည်းနဲ့ မ,လိုက်တာဆို”
“ဒါပေါ့။ ငါတို့သခင်က ဘယ်သူလဲဆိုတာ နင်တို့မသိဘူးလား။ သူက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ သခင်၅၊ ကျားဖြူခန်းမရဲ့ သခင်ငယ်ပဲ။ အနာဂတ်မှာ ငါတို့သခင်က ကျားဖြူခန်းမကြီးကို ဆက်ခံရမှာ”
“ဝါး ကျားဖြူခန်းမရဲ့သခင်ငယ်လား.. အရမ်းကြီးကျယ်ခမ်းနားတာပဲ”
ချွေ့ကျူ : “ဟုတ်ပါရဲ့။ ဒီလိုအင်အားအာဏာကြီးမားတဲ့ သခင့်မှာ ဘာလို့ ဇနီးတစ်ယောက်ပဲ ရှိရတာလဲနော်”
“အမ် ချွေ့ကျူ၊ နင် အဲဒါ ဘာကိုဆိုလိုတာလဲ”
ချွေ့ကျူမှ ပြောသည်။
“ငါဘာကိုဆိုလိုတာလဲဆိုတာ ဘာပြောတာလဲ။ သခင့်လို အရည်အချင်းရှိတဲ့ ယောက်ျားတစ်ယောက်က ဇနီးသုံးယောက်နဲ့ ကြင်ယာတော်လေးယောက်လောက် ရှိသင့်တယ် မဟုတ်ဘူးလား။ ဇနီးတစ်ယောက်တည်းနဲ့ ဘယ်လို…”
“အာ ချွေ့ကျူ၊ နင်ပြောချင်တာက သခင်က ကြင်ယာတော်တွေ ထပ်ယူဦးမှာလို့လား”
ချွေ့ကျူမှ ပြောသည်။
“ဒါပေါ့၊ ငါတို့သခင့်လို အသက်အရွယ်မျိုးက အမျိုးသမီးတွေကို အလိုအပ်ဆုံးပဲ။ ဇနီးတစ်ယောက်တည်းက မလုံလောက်နိုင်ဘူး”
“ချွေ့ကျူ နင့်မှာ တခြားရည်မှန်းချက်တွေ ရှိနေတာလား”
အခြားအစေခံမိန်းကလေးနှစ်ဦးသည် ချွေ့ကျူကို ကြည့်နေသည်။ ချွေ့ကျူမှ အမြန်ပြောလိုက်၏။
“အာ ပေါက်ကရတွေ မပြောစမ်းပါနဲ့။ အိပ်ကြစို့”
“ဟဲ့ ငါက ဒီတိုင်းပြောလိုက်တာပါ ဟုတ်ပြီလား”
စကားဝိုင်းအဆုံးတွင် အစေခံမိန်းကလေးနှစ်ဦးသည် စိတ်ပျက်စွာဖြင့် လှဲအိပ်လိုက်ကြသည်။ ယင်ဟုန်မိန်သည် သူတို့ကို ကြည့်နေခဲ့သည်။ ထို့နောက် တစ်ဖက်သို့ခေါင်းလှည့်ကာ သူမ၏ရင်ဘတ်ထဲမှ စာတစ်စောင်ကိုထုတ်၍ ကြည့်လိုက်သည်။
[ယင်ဟုန်မိန်]
“ဒါက ငါ့နာမည်တဲ့လား”
…
“ဝိုး ကျိုစစ်၊ ဒါက မင်းရဲ့အိမ်တော်လား။ အရမ်းခမ်းနားတာပဲ။ ကြည့်ရတာ ကျန်းချွမ်က ဒီနှစ်တွေအတွင်း ဒီအိမ်တော်ကို ပြင်ဆင်ရာမှာ ငွေအများကြီး သုံးစွဲခဲ့ပုံပဲ။ အခုတော့ မင်းက အကျိုးခံစားလိုက်ရတာပေ့ါလေ”
နောက်နှစ်ရက် နေ့လယ်ခင်း၌
ချန်ကျဲ့သည် တတိယသခင်မလေးဟွားကို အိမ်တော်သို့ ဖိတ်ခေါ်ခဲ့သည်။
စူးယွင်ကျင်းသည် တတိယသခင်မလေးဟွားကို တွေ့ရသောကြောင့် ပျော်ရွှင်နေခဲ့ကာ နှစ်ဦးသား စကားစမြည်ပြောဆိုနေကြသည်။
ဤတွေ့ဆုံမှုအတွက် ချန်ကျဲ့တွင် ရည်ရွယ်ချက်ရှိ၏။ လတ်တလောတွင် ချန်ကျဲ့သည် ရှောင်ဟူနှင့် ကျိုးချူတို့ကို ဆေးဝါးများ ဝယ်ယူရန် စေလွှတ်ထားခဲ့သော်ငြား အချို့ဆေးဝါးများသည် အလွန်တန်ဖိုးကြီးမားလွန်းသဖြင့် ဆေးဆိုင်များတွင်လည်း ၎င်းဆေးဝါးများကို လက်ဝယ်မထားရှိကြပေ။
ထို့ကြောင့် ချန်ကျဲ့သည် မှောင်ခိုဈေးကွက်တွင် ဝယ်ယူဖို့ ကြိုးစားကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
မှောင်ခိုဈေးကွက်တွင် ပစ္စည်းပိုစုံလင်၏။
တတိယသခင်မလေးဟွားအား အိမ်တော်သို့ ဖိတ်ခေါ်ရသည့်အကြောင်းအရင်းကို ရှင်းပြပြီးသောအခါ တတိယသခင်မလေးဟွားမှ ပြောသည်။
“ဒီဆေးတွေက ဝယ်ဖို့ မခက်ပါဘူး။ ဈေးကွက်ထဲက အနိမ့်ဆုံးဈေးနှုန်းနဲ့ ငါမင်းကို ကမ်းလှမ်းပေးနိုင်တယ်။ တခြားကိစ္စရှိသေးလား”
“ကျွန်တော် အရမ်းအရမ်းကျေးဇူးတင်ပါတယ် မရီးဟွား။ ဒါနဲ့ နောက်ထပ်ဆေးနှစ်မျိုးလိုသေးတယ်။ အဲဒီဆေးတွေကိုရော မရီးဟွား ရှာပေးနိုင်မယ်ထင်လားဗျ”
“ဘာဆေးတွေလဲ”
ထိုအခါ ချန်ကျဲ့ ဆေးနှစ်မျိုးကို ချရေးပြလိုက်သည်။ [သန့်စင်သော စိတ်ဝိဉာဉ်မျိုးစေ့] [နှစ်၅၀၀သက်တမ်းရှိသော သွေးလင်ဇီး]
ထိုဆေးနှစ်မျိုး၏နာမည်ကို ဖတ်ကြည့်ပြီးနောက် တတိယသခင်မလေးဟွား မျက်မှောင်ကြုတ်လိုက်သည်။
“မင်းက ဒီဆေးတွေကို ဘာအတွက် လိုအပ်တာလဲ။ ဒါတွေက ကောင်းကင်ရတနာ၊မြေရတနာတွေပဲ!”
ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော့်မှာ ဒီဆေးတွေကို အသုံးပြုပြီး စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းဖို့ ကူညီပေးနိုင်တဲ့ ဆေးလုံးဖော်စပ်နည်းရှိပါတယ်”
“စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းစေနိုင်မယ့် ဆေး?!”
တတိယသခင်မလေးဟွားသည် ရုတ်တရက် ထရပ်လိုက်၏။ သူမသည် တည်ငြိမ်အေးဆေးမနေနိုင်တော့ပေ။
“ဒါက ရတနာပဲ!”
“မင်း အဲဒါကို ဘယ်လိုရလာခဲ့တာလဲ?”
တတိယသခင်မလေးဟွားမှ စိတ်အားထက်သန်စွာ မေးမြန်း၏။ ချန်ကျဲ့သည် အိပ်မက်ထဲမှ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဖြေရန် တွေးလိုက်သော်ငြား ထိုသို့ မပြောနိုင်လေရာ ဝေဝေဝါးဝါးသာ ဖြေဆိုနိုင်တော့သည်။
“ကျွန်တော် အသေးစိတ်ကိုတော့ တိတိကျကျ ပြောပြလို့မရဘူး။ မရီးဟွား ဒီဆေးတွေကို ရှာနိုင်မလားဆိုတာပဲ ကျွန်တော့်ကို ပြောပြပေးလို့ မရဘူးလား”
ထိုအခါ တတိယသခင်မလေးဟွားမှ ပြောသည်။
“ဒါဆိုရင်တော့ မင်း အဲဒီဆေးညွှန်းကို လုံခြုံအောင်သိမ်းထားတာ ကောင်းလိမ့်မယ်။ ဒီအကြောင်းကို လူတွေသိသွားခဲ့ရင် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်ကြီးတွေတောင်မှ မကောင်းတဲ့ရည်ရွယ်ချက်တွေ ပေါက်ဖွားလာလိမ့်မှာပဲ”
ချန်ကျဲ့မှ ပြောသည်။
“မရီး အကယ်၍ ဒီဆေးညွှန်းက မရီးအတွက် တစ်ခုခုအသုံးဝင်နိုင်တယ်ဆိုရင် ကျွန်တော် မရီးကို လက်ဆောင်ပေးနိုင်ပါတယ်”
တတိယသခင်မလေးဟွားသည် ချန်ကျဲ့ကို စိုက်ကြည့်လာ၏။ ထို့နောက် ပြောသည်။
“ဉာဏ်များတဲ့ကောင်စုတ်လေး။ မင်းရဲ့မရီးကို စမ်းသပ်ဖို့ ကြိုးစားနေတယ်ပေါ့လေ? မင်းရဲ့ သုံးစားမရတဲ့ဆေးညွှန်းကို မင်းဘာမင်း သိမ်းထားစမ်းပါ။ ငါက စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို ရောက်နေပြီးသားပဲ။ မင်းရဲ့ဆေးညွှန်းကို မလိုအပ်ဘူး!”
ချန်ကျဲ့မှ ချက်ချင်း ပြော၏။
“မရီး အထင်လွဲနေပါပြီ။ ကျွန်တော်က ဒီတိုင်း မရီးကို ငွေများများ ပိုရှာနိုင်အောင် ကူညီဖို့ တွေးမိရုံပါ”
တတိယသခင်မလေးဟွားမှ ပြောသည်။
“ငါက ငွေပြတ်လပ်နေတဲ့ပုံပေါက်နေလို့လား။ မျပ်စိရှေ့က ကိစ္စကိုသာ အာရုံစိုက်ရအောင်ပါ။ ဒီဆေးနှစ်မျိုးက စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်ကြီးတွေ အလိုရှိကြတဲ့ ဆေးတွေပဲ။ ရောင်းချဖို့ မလွယ်ကူဘူး။ သွေးလင်ဇီးက ဝယ်လို့ရတယ်။ ဒါပေမဲ့ သေချာပေါက် နှစ်ငါးရာသက်တမ်းမရှိနိုင်ဘူး။ အများဆုံးမှ နှစ်တစ်ရာသက်တမ်းပဲ ရှိနိုင်လိမ့်မယ်”
“သန့်စင်သော စိတ်ဝိဉာဉ်မျိုးစေ့ကတော့ အရမ်းရှားပါးပေမဲ့ တစ်ခါတလေတော့ ရတတ်တယ်။ အဲဒါကို နောက်ဆုံးအကြိမ် ရောင်းချခဲ့တာတောင် တစ်နှစ်ကြာသွားပြီ။ အိုး ငါမှတ်မိပြီ၊ အဲဒါကို နောက်ဆုံးဝယ်သွားတဲ့ ဝယ်သူက မင်းရဲ့မွေးစားအဖေ ဖန်းရှစ်ကျုံးပဲ!”
“မွေးစားအဖေလား?”
ချန်ကျဲ့ အံ့ဩသွားခဲ့သည်။ တတိယသခင်မလေးဟွားမှ ပြန်ပြောသည်။
“ဟုတ်တယ် မင်းရဲ့မွေးစားအဖေပဲ။ အဲဒီတုန်းက သန့်စင်သော စိတ်ဝိဉာဉ်မျိုးစေ့နှစ်စေ့ ထွက်ပေါ်လာခဲ့တာ.. တစ်စေ့ကို နန်ပါးထျန်း ဝယ်သွားပြီး နောက်တစ်စေ့ကိုတော့ မင်းရဲ့မွေးစားအဖေ ဝယ်သွားတာပဲ”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“အိုး ကျွန်တော်နားလည်ပြီ”
“ဒါနဲ့ မရီး၊ တစ်ခုခုသိရတာရှိခဲ့ရင် ကျွန်တော့်ကို အကြောင်းကြားပေးပါ။ ပြီးတော့ ငွေအတွက်က ကျွန်တော့်မှာ လောလောဆယ် ငွေတုံး၆ထောင်လောက်ရှိပါတယ်။ အဲဒါကို အရင်ယူသွားလိုက်ပါ။ အကယ်၍ ဒီငွေက မလုံလောက်ဘူးဆိုရင် ကျွန်တော် ထပ်ရှာပေးပါ့မယ်”
တတိယသခင်မလေးဟွားမှ ပြောသည်။
“ချမ်းသာနေတာပေါ့လေ?”
ချန်ကျဲ့မှ တုံ့ပြန်သည်။
“နည်းနည်းကံကောင်းသွားရုံပါ”
တတိယသခင်မလေးဟွားမှ ဆက်ပြောသည်။
“ငွေကတော့ အလျင်မလိုပါဘူး”
ချန်ကျဲ့မှ ငြင်းဆိုသည်။
“မဟုတ်တာဗျာ။ ရှောင်ဟူ တစ်ယောက်ယောက်လွှတ်ပြီး မရီးရဲ့ ရထားလုံးပေါ် ငွေသေတ္တာတင်ခိုင်းလိုက်ပါ”
“အစ်မဟွားကို ပိုက်ဆံပေးထားလိုက်မှပဲ ကျွန်တော် စိတ်သက်သာနိုင်မှာမို့လို့ပါ။ ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ပိုပိုသာသာလေး အာရုံစိုက်ပေးပါဦး”
ထိုအခါ တတိယသခင်မလေးဟွားမှ ပြောသည်။
“ကောင်းပါပြီ၊ ငါလောင်ကျုံးကို သေချာအာရုံစိုက်ခိုင်းလိုက်မယ်။ မင်းရဲ့ငွေတွေကို အလဟဿသုံးစွဲလိုက်ရတာမျိုး မဖြစ်စေရဘူး”
“ဟုတ် ကျေးဇူးတင်ပါတယ် အစ်မဟွား”
တတိယသခင်မလေးဟွားကို လိုက်ပို့ပြီးနောက် ချန်ကျဲ့သည် အချိန်ခဏမျှစဉ်းစားလိုက်ပြီး အမိန့်ပေးလိုက်သည်။
“ရထားလုံးပြင်လိုက်!”
ရှောင်ဟူမှ မေးသည်။
“ဘယ်သွားမလို့လဲ”
“ကျားဖြူခန်းမကို မွေးစားအဖေနဲ့ သွားတွေ့မလို့”
သန့်စင်သော စိတ်ဝိဉာဉ်မျိုးစေ့နှင့် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးအကြောင်း တွေးလိုက်သော် ချန်ကျဲ့မှာ စိုးစဉ်းသော်မျှ မပေါ့ဆနိုင်ဘဲ မွေးစားအေဖထံ ချက်ချင်း သွားတွေ့ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
ရှောင်ဟူလည်း ချက်ချင်းသွား၍ မြင်းထိန်းကို ရထားလုံးပြင်ဆင်ရန် အကြောင်းကြားသည်။ ထို့နောက် ချန်ကျဲ့ကို စောင့်ကြပ်ပို့ဆောင်ရန် အစောင့်နှစ်ယောက်ကိုပါ ခေါ်ယူကာ ကျားဖြူခန်းမသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။
ကျားဖြူခန်းမသို့ ရောက်ရှိပြီး ချန်ကျဲ့ ရထားလုံးပေါ်မှ ထွက်လိုက်သောအခါ အစောင့်များသည် ချန်ကျဲ့ရောက်ရှိကြောင်း ချက်ချင်း အကြောင်းကြားကြသည်။
ထို့နောက် လင်းယုန်အစောင့်အရှောက်၁၂ဦးထဲမှ အစ်ကို၂ဖြစ်သူသည် အဖော်ပြုလျက် ချန်ကျဲ့ကို ကြိုဆိုရန် ထွက်လာခဲ့ကြသည်။
စာစဉ်ပြီး၏