← Chapters

ကြယ်ကောင်းကင်မှ ဖြစ်တည်လာသည်လား…

Vol. 156 Ch. 2221

ကြယ်ကောင်းကင်မှ ဖြစ်တည်လာသည်လား…

Vol. 156 Ch. 2221

စီဝေ့မဟာအင်ပါယာက သူ့လက်ထဲ၌ ကောင်းကင်စာလိပ်ကို ကိုင်ထားခဲ့သည်။ သူ့ ပုံရိပ်က ကျင့်ကြံသူများအားလုံး၏ အထက် ကောင်းကင်တွင် ရပ်နေကြသည်။ သူသည် သူတို့အားလုံးနှင့် အလွန် နီးကပ်နေပုံပေါ်သော်လည်း လက်လှမ်းမမီနိုင်ပေ။ ကျင့်ကြံသူများသည် ထိုပုံရိပ်နှင့် မည်သည့်အခါမှ ဆက်သွယ်နိုင်ခြင်း မရှိသလိုထင်မှတ်ရသည်။

၎င်းက ကြယ်များကြား နစ်မြုပ်နေသော မျက်နှာတစ်ခု ဖြစ်ပေသည်။ စီဝေ့မဟာအင်ပါယာက သူတို့၏ မျက်လုံးရှေ့၌ ရှိနေပြီး သူက နေရာအနှံ့တွင် ရှိနေသလို ထင်မှတ်ရသည်။ သို့သော် သူက အလွန် သိမ်မွေ့နက်နဲပုံရ​​​လေသည်။ ကျင့်ကြံသူများသည် သူ၏ စွမ်းအားကို ခံစားမိသော်လည်း သူ ရှိနေသော နေရာတိတိကျကျကို မရှာနိုင်ကြပေ။ သူက ရေထဲ၌ ရောင်ပြန်ဟပ်နေသော လရိပ်ကဲ့သို့ပင် ဖြစ်သည်။

သို့သော် စီဝေ့မဟာအင်ပါယာ၏ စွမ်းအားများက စစ်မှန်ပြီး တည်ငြိမ်ကာ ရှေးကျသော ခံစားချက်မျိုးကို ပေးစွမ်းပေသည်။ ၎င်းသည် သူက ကောင်းကင်ထက်၌ ရပ်နေကာ အချိန်နှင့် ​လေဟာနယ်ကို ဖြတ်ပြီး ကျင့်ကြံသူများအား စိုက်ကြည့်နေသလို ထင်မှတ်ရပေသည်။

ထို့အပြင် စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်က ရှေးခေတ်အခါမှပင် ဤနေရာ၌ တည်ရှိခဲ့ခြင်း ဖြစ်သည်။ သူ၏ ပုံရိပ်က ဤကြယ်ကမ္ဘာတစ်ခုလုံးကို ကာကွယ်ပေးနေသည့် လျှို့ဝှက်နက်နဲသော တည်ရှိမှုတစ်ခု ဖြစ်သည်။

ထိုမျက်နှာက မည်သည့်အရာမှ ဖြစ်ပေါ်နေသနည်း။ ၎င်းက စီဝေ့မဟာအင်ပါယာ ချန်ရစ်ထားခဲ့သည့် စွမ်းအားပေလား။ ရီဖူရှင်းက တွေးကြည့်လိုက်သည်။ ရှေးဟောင်းနတ်ဘုရားတစ်ပါးကဲ့သို့ စီဝေ့မဟာအင်ပါယာက သူ၏ စွမ်းအားကို ချန်ရစ်ခဲ့လျှင် ပြန်လည်ရှင်သန်လာရန် ဖြစ်နိုင်ပါသလား။

အဆုံးမှာတော့ စီဝေ့မဟာအင်ပါယာက အလွန် အစွမ်းထက်သော နတ်ဘုရားတစ်ပါး ဖြစ်သည်။ သူ၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ဤလောကအတွင်း ချန်ရစ်ခဲ့လျှင်ပင် သူ၏ တည်ရှိမှုက အပြည့်အဝ ပျောက်ဆုံးသွားလိမ့်မည် မဟုတ်သည့် အမတတစ်ဦးဖြစ်သည်ဟု ပြောနိုင်ပေသည်။

ကောင်းကင်၏ ထိုနေရာရှိ စီဝေ့မဟာအင်ပါယာ ပုံရိပ်အောက်ခြေ၌ ကျင့်ကြံသူများစွာ ရပ်နေကြသည်။ သူတို့အားလုံး၏ မျက်နှာထက်တွင် လေးနက်သော အကြည့်တို့ ရှိနေပြီး သူတို့က ခေါင်းကိုမော့ကာ ပုံရိပ်ထံ ကြည့်လိုက်ကြသည်။ သူတို့အားလုံးက ဘုံအသီးသီးမှ သူတို့နှင့် သူတို့နှင့်အဆင့်တူများကြားတွင် ထိပ်သီးအဆင့်ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ပုံရိပ်၏ အောက်တွင် မည်သူကမှ မောက်မာသည့် သဘောထားများကို မဖော်ပြကြပေ။ သူတို့အားလုံးက ရှေးခေတ်အခါမှ မဟာအင်ပါယာကို လေးစားမှုပြသကြသည်။

ထို့အပြင် ဒဏ္ဍာရီများအရ စီဝေ့မဟာအင်ပါယာက သာမန်နတ်ဘုရားတစ်ပါး မဟုတ်ပေ။ သူက အားအကောင်းဆုံး တည်ရှိမှုများထဲမှ တစ်ယောက် ဖြစ်သည်။ သူသည် နတ်ဘုရားများ အားလုံးကြားတွင် အထွတ်အထိပ်၌ ရပ်တည်နိုင်သော တစ်စုံတစ်ယောက် ဖြစ်ပေသည်။

ရှေးဟောင်းဒဏ္ဍာရီများအရဆိုလျှင် ကောင်းကင်လမ်းစဥ် မပြိုကျခင်၌ နတ်ဘုရားများ၏ ခေတ်တည်ရှိခဲ့ပေသည်။

နတ်ဘုရားများခေတ်တွင် ရှိသော နတ်ဘုရားများက မတူညီသော ခွန်အားများကို ပိုင်ဆိုင်ကြသည်။

အချို့သော ကျင့်ကြံသူများက ရီဖူရှင်း၏ ရောက်ရှိလာမှုကို ခံစားမိကြပေသည်။ အများစုက သူ့အကြောင်းကို ဂရုမစိုက်ကြဘဲ သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်း၌သာ အာရုံစိုက်နေကြသည်။ တခဏကြာပြီးနောက် သူတို့ထဲမှ အချို့က ပြန်လှည့်ကာ ရီဖူရှင်းကို ကြည့်လိုက်သော်လည်း သူတို့၏ မျက်လုံးများထဲတွင် မည်သည့် ခံစားချက်မှ ရှိမနေပေ။ သူတို့က သူ့ကို တစ်ချက်ကြည့်ပြီးနောက် မျက်လုံးများကို ပြန်၍ လွှဲဖယ်သွားကြသည်။ ထိုသည်မှာ ရီဖူရှင်းက မတည်ရှိသကဲ့သို့ပင်။

ဤနေရာ၌ ရှိနေသော ကျင့်ကြံသူအများစုက ထိပ်ဆုံးတွင် ရပ်တည်နေသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က အလွန် မာနကြီးလှသည်။ ရီဖူရှင်းကို မသိသည့်သူများကို မဆိုထားနှင့် သူ၏ တည်ရှိမှုကို အသိအမှတ်ပြု မှတ်မိသော သူများသည်ပင် လျစ်လျူရှုသော သဘောထားကို ပြသနေသည်။ သူတို့သည် သူ့ကို အထူးအလေးပေး ဆက်ဆံလိမ့်မည် မဟုတ်ပေ။

လက်ရှိ ရှိနေသော လူများကြားတွင် ရီဖူရှင်းက ရင်းနှီးသော ပုံရိပ်များကို မြင်တွေ့နေရသည်။ ဥပမာအနေနှင့် တုန်းဟွာနယ်မြေ၏ ဒုနယ်မြေသခင် နင်ဟွာသည်လည်း လူအုပ်အလယ်တွင် ရှိနေပေသည်။ ရှင်းလင်းစွာပင် သူသည်လည်း သူ့ကိုယ်သူ ထိပ်သီးအဆင့်တစ်ယောက်အဖြစ် မှတ်ယူထားသည်။ သူသည် စီဝေ့မဟာအင်ပါယာ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် ရည်ရွယ်ကာ ဤပုံရိပ်အတွင်း ပုန်းကွယ်နေသော စွမ်းရည်တစ်ခုခုကို သင်ယူချင်နေပေသည်။

နင်ဟွာသည်လည်း ရီဖူရှင်းအား လှည့်ကြည့်လိုက်သည်။ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်က သူ့မျက်လုံးများထဲ၌ လင်းလက်လာသည်။ သို့သော် သူက မကြာခင်၌ အကြည့်များကို ရွှေ့လိုက်သည်။ သူက ရီဖူရှင်းကို ဤနေရာ၌ တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။ ထို့အစား သူက စီဝေ့မဟာအင်ပါယာ၏ လျှို့ဝှက်ချက်ကို နားလည်သဘောပေါက်ရန်သာ အာရုံစိုက်ထားမည် ဖြစ်သည်။

ရောက်ရှိပြီးနောက် ရီဖူရှင်းက မတူညီသော နေရာများတွင် ရပ်နေသည့် ကျင့်ကြံသူများအားလုံးကို လျင်မြန်စွာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက လူအုပ်ကြီးထဲ ရောနှောရင်း ခေါင်းကိုမော့ကာ ပုံရိပ်ယောင်အား မော့ကြည့်လိုက်၏။ သူသည် စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်က မည်သို့ဖြစ်တည်လာသည်ကို စတင်စစ်ဆေးကြည့်လိုက်သည်။

အကြည့်တစ်ချက်နှင့် ကြယ်ကောင်းကင်တွင် ပေါင်းစပ်နေသည့် စီဝေ့မဟာအင်ပါယာ၏ ထိုပုံရိပ်က ကျင့်ကြံသူများ ရှေ့၌ ရှိနေသလို ထင်မှတ်ရသည်ကို သိလိုက်သည်။ သို့သော် ဂရုတစိုက်လေ့လာပြီးနောက်တွင် ရီဖူရှင်းသည် တစ်စုံတစ်ခုကို သတိပြုမိသွားခဲ့၏။ စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်ယောင်က ကြယ်ကောင်းကင်နှင့် ပေါင်းစပ်နေပြီး မရေတွက်နိုင်သော ကြယ်များ ဆက်သွယ်ခြင်းမှ ဖြစ်တည်လာသလို ထင်မှတ်ရသည်။ အဆုံးမဲ့ ကြယ်များက ဤပုံရိပ်ယောင်ကို ဖွဲ့စည်းထားပြီး ရှေးခေတ်မဟာအင်ပါယာအဖြစ် ကျင့်ကြံသူများကို ထင်မြင်စေပေသည်။

ထိုစီဝေ့မဟာအင်ပါယာက ဤပုံရိပ်ယောင် ဖြစ်တည်လာစေရန် ကြယ်များ အားလုံးကို နေရာချပေးခဲ့ခြင်း ဖြစ်နိုင်သလား။

ထိုအလင်းစက်လေးများအားလုံးက ကြယ်များမှ ဖြစ်တည်လာသည်လား။ ရီဖူရှင်းက ခေါင်းမော့ကာ ကြည့်နေရင်း တွေးလိုက်သည်။

ကောင်းကင်၌ ရပ်နေသော ကျင့်ကြံသူများက ထိုမြင်ကွင်းကို နားလည်သဘောပေါက်အောင် အချိန်အကြာကြီး ကြိုးစားခဲ့သော်လည်း ယခုထိတိုင် မည်သူကမှ ၎င်းကို နားလည်သဘောပေါက်ခြင်း မရှိသေးပေ။ သူတို့သည် ကြီးမားကာ ခမ်းနားထည်ဝါသည့် စွမ်းအားကိုသာလျှင် ခံစားမိပေသည်။ ရီဖူရှင်းနှင့် တူညီစွာပင် သူတို့က ခေါင်းထက်မှ ရှေးခေတ်နတ်ဘုရားတစ်ပါးကို မြင်နိုင်သော်လည်း ပုံရိပ်ယောက်နှင့် ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

ထိုကျင့်ကြံသူများက အချင်းချင်း အတွေးများ ဖလှယ်နေကြပြီး သူတို့၏ ခန့်မှန်းချက် အမြင်များကို ပွင့်လင်းစွာ မျှဝေနေကြကာ လျှို့ဝှက်ချက်အား ဖော်ထုတ်ရာ၌ အတူတူ ပူးပေါင်းရန် ရည်ရွယ်နေကြသည်။

မဟာအင်ပါယာ ဤနေရာတွင် အမှန်တကယ် တည်ရှိလျှင် ဤမျှ နှစ်ပေါင်းများစွာ ကြာပြီးနောက် ပညာရပ်များအား နားလည်သဘောမပေါက်သည့်သူ တစ်ယောက်မျှပင် မရှိသည်မှာ ထူးဆန်းကြောင်း သတိပြုမိပေသည်။ သူတို့က ကိုယ့်ကိုယ်ကိုယ်သာ မှီခိုလျှင် လျှို့ဝှက်ချက်အား ဖြေရှင်းရန်မှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပေလိမ့်မည်။ ထိုသည်က မဖြစ်နိုင်သည့် တာဝန်တစ်ခု ဖြစ်လုနီးပါးပင် ဖြစ်၏။ ထို့ကြောင့် သူတို့က လူတိုင်း၏ အကြံဉာဏ်များကို မျှဝေစုဆောင်းခြင်း ပြုလုပ်ရန် ကြိုးစားလာကြခြင်း ဖြစ်သည်။

မဟာအင်ပါယာ၏ အမွေအနှစ်က အမှန်တကယ် ဤနေရာ၌ မြှုပ်နှံထားလျှင် ထိုအမွေအနှစ်အား ရယူရန် တစ်ယောက်နှင့် တစ်ယောက် ဆန့်ကျင်တိုက်ခိုက်ဖို့ရာ တွေဝေနေကြလိမ့်မည် မဟုတ်ပေ။ သို့သော် သူတို့က အမွေအနှစ်၏ တည်နေရာကို အရင် ထောက်လှမ်းစုံစမ်းရဦးမည် ဖြစ်၏။ ယခု သူတို့ထဲရှိ မည်သူကမှ တစ်ခုခုကို ဖော်ထုတ်နိုင်ခြင်းမရှိပေ။ သူတို့က လျှို့ဝှက်ချက်ကို အတူတကွ ရှာဖွေဖော်ထုတ်ရန် ကြိုးစားပြီးနောက်မှ အမွေအနှစ်အား လုယူရန် အချင်းချင်း ပြန်လည်တိုက်ခိုက်ကြမည် ဖြစ်သည်။

ထူးချွန်ပြောင်မြောက်သော လူများက ထူးခြားသည့် သဘောထားကို ပိုင်ဆိုင်ထားကြပေသည်။

ထို့နောက် တစ်စုံတစ်ယောက်၏ အကြည့်များက ရီဖူရှင်းထံ ကျရောက်လာသည်။ သူက ပြောလိုက်သည်။ "တက်လာခဲ့လေ။ မဟာအင်ပါယာရဲ့ ပုံရိပ်ကို လေ့လာပြီးတော့ ဘယ်လိုထင်လဲ။"

ရီဖူရှင်းက စကားပြောလာသူကို ကြည့်လိုက်၏။ ထိုသူက ထူးခြားပြောင်မြောက်သော အရှိန်အဝါကို ပိုင်ဆိုင်ထား၏။ သူ၏ စကားလုံးများတွင် မည်သည့်မကောင်းသော ရည်ရွယ်ချက်မှ ရှိနေပုံမရပေ။ ရီဖူရှင်းက ပြောလိုက်သည်။ "ကျုပ်က အခုလေးတင်မှ ရောက်တာဆိုတော့ အသေးစိတ် မလေ့လာကြည့်ရသေးဘူး။ ပြီးတော့ ကျုပ်ရဲ့ ရှာဖွေတွေ့ရှိမှုက နားလည်သဘောပေါက်တယ်လို့ သတ်မှတ်မရနိုင်ပါဘူး။ ဒါပေမယ့် လေ့လာကြည့်သလောက် မဟာအင်ပါယာရဲ့ ပုံရိပ်က ကြယ်ကောင်းကင်နဲ့ ပေါင်းစပ်နေတယ်။ ကျုပ် ခန့်မှန်းမိတာတော့ မဟာအင်ပါယာရဲ့ ပုံရိပ်က ကြယ်တွေကနေ ဖြစ်တည်လာတာ ဖြစ်မယ်။"

ထိုကျင့်ကြံသူက ရီဖူရှင်း၏ စကားကို ကြားသည့်အခါ အပြုံးတစ်ခု လှစ်ဟပြလာသည်။ သူက ရီဖူရှင်းကို လေးနက်သည့်အကြည့်တို့နှင့် ကြည့်ကာ ပြောလိုက်သည်။ "ဆရာ ခင်ဗျား နာမည်နဲ့ ဘယ်ကလာတာလဲဆိုတာ သိပါရစေ။"

"ကျုပ်က ရီဖူရှင်းပါ။ ကောင်းကင်ဒေသ ရှန်ချင်းနယ်မြေ လေးမျက်နှာကျေးရွာက လာခဲ့တာ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ တစ်ဖက်လူသည် သူ၏ အဖြေကို ကြားသည့်အခါ သတိပြုမိသည့်အကြည့်တစ်ခု ဖော်ပြလာသည်။ သူက ပြုံးကာ ပြောလိုက်၏။ "ဒီလိုဆိုတော့ ခင်ဗျားက မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းကို နားလည်သဘောပေါက်နိုင်ခဲ့တဲ့ ရှန်ချင်းနယ်မြေက တစ်ယောက်တည်းသော ကျင့်ကြံသူပေါ့။ ဒီလောက် ထူးချွန်တာ မအံ့သြတော့ပါဘူး။ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။"

ရီဖူရှင်းကလည်း လက်သီးဆုပ်ကာ ပြန်နှုတ်ဆက်လိုက်သည်။ တစ်ဖက်လူက အပြုံးနှင့် ပြောလိုက်သည်။ "ကျုပ်တို့ ဒီမှာ မဟာအင်ပါယာရဲ့ ပုံရိပ်ကို လေ့လာနေတာ အချိန်တချို့ကြာပြီ။ ကျုပ်တို့ အဆုံးသတ် ကောက်ချက်မချခင် အချိန်တွေ အကြာကြီး အမြင်တွေဖလှယ်ခဲ့ကြပြီးတော့ ရှာဖွေခဲ့ကြရတယ်။ နောက်ဆုံးတော့ မဟာအင်ပါယာရဲ့ ပုံရိပ်က ကောင်းကင်မှာ ရှိတဲ့ ကြယ်တွေရဲ့ ဆက်သွယ်မှုကြောင့် ဖြစ်ပေါ်လာခဲ့တာ။ အဲဒါကြောင့်ပဲ မဟာအင်ပါယာရဲ့ ပုံရိပ်က ကြယ်ကောင်းကင်မှာ ပေါ်ပေါက်လာတာလို့ ပြောနိုင်တယ်။ အမှန်မှာတော့ ကောင်းကင်ထဲက ကြယ်တွေအားလုံး အတူတကွ ချိတ်ဆက်ပြီး စီဝေ့မဟာအင်ပါယာရဲ့ ပုံရိပ်ကို ဖြစ်ပေါ်လာစေတာပေါ့။ ကျုပ် ဘယ်တော့မှ ထင်မထားမိတာက ရန်ဟောင်ရီက ချက်ချင်းပဲ အဲဒီအဓိကအချက်ကို ဖမ်းဆုပ်မိသွားနိုင်မယ်ဆိုတာကိုပေါ့။ အထင်ကြီးစရာပါပဲ။"

သူ့အနီးရှိ ကြယ်ကောင်းကင်မှ လူအများက ရီဖူရှင်းကို ငုံ့ကြည့်လာကြ၏။ သူတို့သည် သူ၏ အမြင်ကြောင့် အံ့အားသင့်သွားခဲ့ကြသည်။ အမှန်တကယ်ပင် သူတို့ အချိန်အကြာကြီး ရှာဖွေခဲ့ရသော အဖြေကို ရီဖူရှင်းက ချက်ချင်း ထောက်ပြနိုင်ခဲ့ပေသည်။ သူက အရေးပါဆုံး အချက်ကို ချက်ချင်း မြင်တွေ့နိုင်ခဲ့သည်။ ထင်ထားသလိုပင် ထိုသို့သော နားလည်သဘောပေါက်နိုင်မှုမျိုးက သူ့ဂုဏ်သတင်းနှင့် လိုက်ဖက်ညီလှသည်။ ကောလာဟလများက ​ပြောခဲ့သည်မှာ သူက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို နားလည်သဘောပေါက်နိုင်ခဲ့သည့် တစ်ဦးတည်းသောသူဟူ၍ ဖြစ်လေသည်။ ကြည့်ရသည်မှာ ကောလာဟလများက အမှန်ဖြစ်ပြီး သူက တကယ့်ကို ထူးချွန်ထက်မြက်သော ပါရမီရှိပုံရလေသည်။

ရီဖူရှင်းက တစ်ဖက်လူ၏ စကားများကို ကြားပြီးနောက် ချက်ချင်းနားလည်သွားသည်။ အမှန်တကယ် ထိုသို့ ဖြစ်နေသည်လား။ သူ ပြောလိုက်စဥ်က ခန့်မှန်းချက်သက်သက်သာ ဖြစ်သည်။ အမှန်တွင် သူ၏ ခန့်မှန်းချက်အပေါ်၌ သူ့ကိုယ်သူ ယုံကြည်ချက် သိပ်မရှိခဲ့ပေ။ သို့သော် ၎င်းက အမှန်ဖြစ်နေမည်ဟု မည်သည့်အခါကမှ ထင်မှတ်မထားခဲ့မိပေ။ တစ်ဖက်လူထံ၌လည်း တူညီသော အဖြေမျိုး ရှိနေလေရာ ၎င်းက အမှန်ပင် ဖြစ်ရပေမည်။

စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်က ကြယ်ကောင်းကင်မှ ဖြစ်တည်နေခြင်း ဖြစ်သည်။

"လာလေ။ ကျုပ်တို့တွေ အတူတူ ဆွေးနွေးကြတာပေါ့။" ကြယ်ကောင်းကင်အထက်မှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက ရီဖူရှင်းကို ခေါ်လိုက်သည်။ သူက ရီဖူရှင်းကို ကျောပေးထားကာ စီဝေ့မဟာအင်ပါယာအား မျက်နှာချင်းဆိုင်နေသည်။ သူ၏ အသံက တည်ငြိမ်သော်လည်း အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ပုံရသည်။ သူက ထူးခြားသော အရှိန်အဝါကို ပိုင်ဆိုင်ထား၏။

အခြားကျင့်ကြံသူများက သူ့ကို စိတ်ထဲ မထားကြပေ။ လူအများက ပြောလိုက်သည်။ "ရန်ဟောင်ရီတို့အဖွဲ့လည်း လာကြဗျာ။ အတူတူ လေ့လာကြမယ်။ ကျုပ်တို့ စီဝေ့မဟာအင်ပါယာရဲ့ လျှို့ဝှက်ချက်ကို အတူတူ နားလည်နိုင်မလား ကြည့်ကြတာပေါ့။"

နင်ဟွာ၏ အဖွဲ့က ရီဖူရှင်းတို့ဘက်သို့ လှမ်းကြည့်လိုက်သည်။ နင်ဟွာ မျက်လုံးများထဲတွင် အေးစက်မှုတို့ ဖြတ်ပြေးသွားခဲ့၏။ သူသည် ရီဖူရှင်းက ရောက်လာသည်နှင့် ချက်ချင်း ရှေ့ထွက်လာမည်ဟု ထင်မထားခဲ့ပေ။ သူက လူအုပ်ကြီး၏ ချီးမွမ်းမှုကိုပင် ရရှိခဲ့သည်။ လူအများက သူ့အပေါ် မြင့်မားသော မျှော်လင့်ချက်များ ထားရှိနေသည်။ ထိုသည်ကိုကြည့်လျှင် သူက ဤနှစ်အနည်းငယ်အတွင်း အလွန် လျင်မြန်လှစွာ တိုးတက်လာပုံရသည်။ ရီဖူရှင်းသည် နင်ဟွာကို ခြိမ်းခြောက်နိုင်လုနီးပါးပင် ဖြစ်သည်။

သို့သော် နင်ဟွာက သူ့ကို အများ​ကြီး အာရုံစိုက်မနေပေ။ အဆုံးမှာတော့ နင်ဟွာအတွက် ရီဖူရှင်းက သေလူပင် ဖြစ်လေသည်။

"လူတိုင်းကို ကျေးဇူးတင်ပါတယ်။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ သူက ကမ်းလှမ်းချက်ကို မငြင်းဆန်ဘဲ လူအုပ်ကြီးနှင့်အတူ လေ့လာရန် ကောင်းကင်သို့ တက်သွားခဲ့လေသည်။

***

All Chapters