ကြယ်များ၏ လျှို့ဝှက်ဆန်းကြယ်မှု
Vol. 156 Ch. 2223
ရီဖူရှင်း၏ စိတ်အာရုံက ဆက်လက်၍ အထက်သို့ တက်သွားနေသည်။ သူ့စိတ်က ကောင်းကင်၌ လှည့်လည်သွားလာနေသော ပုံရိပ်ယောင်တစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။ သူ၏ စိတ်အာရုံက အလွန် မြင့်မားသော နေရာအထိ ထိုးတက်သွားခဲ့သည်။ ကြီးမားလှသော စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်ယောင်က ကြီးမားသည်ထက် ကြီးမားလာသည်။ မကြာခင် သူ၏ စိတ်အာရုံက စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်အပြည့်ကို ထောက်လှမ်း၍ မရပါချေ။
ဆန့်ကျင်ဘက်အနေနှင့် သူ ချဥ်းကပ်လာသော အလင်းစက်လေးက တောက်ပသည်ထက် တောက်ပလာသည်။ ကြယ်က မှိတ်တုတ်မှိတ်တုတ်နှင့် လင်းလက်နေခဲ့သည်။ ရီဖူရှင်း စိတ်အာရုံက အမြင့်သို့ ရောက်၍ နီးကပ်လာလေ ကြယ်က ပိုမို ကြီးမားလာလေဖြစ်သည်။ သူသည် ကြယ်အတွင်းမှ ကုန်းမြေ၊ တောင်တန်းများနှင့် မြစ်များကိုပင် ဝိုးတဝါး မြင်တွေ့နိုင်ပေသည်။ ၎င်းက အစစ်အမှန်လောကတစ်ခုကဲ့သို့ ထင်မှတ်ရသည်။
ရီဖူရှင်းသည် ၎င်းကို မြင်သည့်အခါ အတော်လေး ထိတ်လန့်သွားခဲ့သည်။ သူ၏ စိတ်ထဲ၌ အတွေးများစွာ ဖြတ်ပြေးသွားခဲ့သည်။ ဤနေရာနှင့် ပတ်သတ်၍ ယခင်က သူ့ထံတွင် ခန့်မှန်းချက်များ ရှိနေလျှင်ပင် ထိုသည်က ခန့်မှန်းချက်သက်သက်သာ ဖြစ်သည်။ ယခု သူ၏ ထင်မြင်ယူဆချက်က မှန်ကန်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သော်လည်း အမှန်တကယ်၌ ကြီးမားသော သက်ရောက်မှု ရှိနေဆဲပင် ဖြစ်သည်။ ထိုအလင်းစက်က စင်စင်၌ ကြယ်တစ်ပွင့် ဖြစ်ပေသည်။
သို့ဆိုလျှင် ကောင်းကင်ထက်ရှိ သန်းချီသော အလင်းစက်များက အမှန်စင်စစ်၌ ကြယ်များ ဖြစ်ပါသလား။
သူတို့က မည်သည့်နေရာ၌ ရှိနေသနည်း။
သူတို့ စီဝေ့အင်ပါယာနန်းတော်၏ နတ်ဘုရားခန်းမအတွင်း ဝင်ရောက်ပြီးနောက် ဤကြယ်ကောင်းကင်သို့ ဝင်္ကပါအစီအရင်ဖြင့် ရောက်လာခဲ့သည်။ သူတို့က နတ်ဘုရားခန်းမအတွင်း၌ မဟုတ်တော့ဘဲ ကြယ်ကမ္ဘာ၏ တစ်နေရာသို့ ရောက်နေကြောင်း သတိပြုမိလိုက်သည်။ ဤနေရာ၌ ရှိနေသည့် မရေတွက်နိုင်သော ကြယ်များက စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်အဖြစ် ဖြစ်တည်နေခဲ့သည်။
သို့သော် ရီဖူရှင်း ကြည့်နေသော ကြယ်က စွန့်ပစ်ကြယ်တစ်ခု ဖြစ်ပုံရသည်။ ထိုနေရာ၌ လူသားလက္ခဏာမရှိဘဲ စွန့်ပစ်ခံကုန်းမြေများက အဆုံးမဲ့ရှိနေခဲ့သည်။ သူက ထိုနေရာများ၌ အသက်စွမ်းအင်တည်ရှိမှုကို အနည်းငယ်မျှပင် မခံစားမိခဲ့ပေ။
ထိုနေရာ၌ ရပ်နေရုံနှင့်ပင် ရီဖူရှင်း၏ စိတ်အာရုံက ကြောက်မက်ဖွယ်ဖြစ်လာသည် ဖိအားကို ခံစားမိပေသည်။ လေဟာနယ်အတွင်းတွင် ကောင်းကင်မှ ဖိနှိပ်လာသော သဏ္ဌာန်မဲ့စွမ်းအားတစ်ခု ရှိနေပုံရသည်။ သူ၏ စိတ်အာရုံက ကောင်းကင်တွင် မျောလွင့်သွားသော်လည်း အလွန် မတည်မငြိမ်ဖြစ်နေပြီး အချိန်မရွေး ပျက်ပြယ်သွားတော့မလို ထင်မှတ်ရပေသည်။
ရီဖူရှင်းက ထိုကြယ်ဆီသို့ ရောက်လာသော်လည်း သူက မည်သည့်အရာမှ မဖမ်းဆုပ်မိသေးပါချေ။ အလွန် လျင်မြန်စွာနှင့် သူ၏ စိတ်အာရုံက ၎င်းကြယ်မှ ပြန်ဆုတ်ခွာလိုက်ပြီး အဆုံးမဲ့ လေဟာနယ်အတွင်း ပြန်လည်မျောလွင့်သွားလေသည်။ ကောင်းကင်၌ ပြည့်နှက်နေသော ကြယ်အလင်းတို့က သူ့ပေါ်သို့ ဖြာကျနေသည်။ ၎င်းတို့၏ ဖိအားက ပို၍ ကြီးမားလာသည်။ ရီဖူရှင်း၏ ပုံရိပ်က ဝေဝါးလာပြီး အချိန်မရွေး ပျောက်ကွယ်သွားတော့မလိုပင်။
မည်သည့်အတွက်ကြောင့် မသိဘဲ သူက ထူးဆန်းသော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားမိလိုက်သည်။ လေဟာနယ်ဘုံအတွင်း မဟာလမ်းစဥ်ဘုံသုံးထောင်တွင် ကျင့်ကြံသူများ တည်ရှိနေသည့် လက္ခဏာတို့ ရှိသည်။ ကောင်းကင်ဒေသ၌ ကုန်းမြေတစ်ခုချင်းစီတွင် လူသားများ အသက်ရှင်နေသည့် လက္ခဏာတို့ ရှိပေသည်။ ဤနေရာရှိ သန်းပေါင်းများစွာသော ကြယ်များကြား၌ မည်သို့ဖြစ်၍ သက်ရှိလက္ခဏာ တစ်စွန်းတစ်စကိုမှ မတွေ့ရသနည်း။
ဤအဆုံးမဲ့ ကြယ်များကြားတွင် တည်ရှိနေသည့် ထူးခြားသော ကြယ်များသည် တစ်ချိန်က ၎င်းတို့ပေါ်တွင် လူသားကျင့်ကြံသူများ ကျင့်ကြံခဲ့ဖူးခြင်း ဖြစ်နိုင်ပါသလား။
သူတို့က ထူးခြားသည့် ကြယ်များအနီးကို ချဥ်းကပ်ရန် ကြိုးစားပါက မည်သို့ ဖြစ်လိမ့်မည်နည်း။
သူတို့က ကြယ်များထံ ရောက်ရှိနိုင်ပါသလား။
ရီဖူရှင်း၏ စိတ်အာရုံက ပြန်လည် ဆုတ်ခွာသွားခဲ့သည်။ သူက မျက်လုံးများကို ဖွင့်ကာ အတွေးနက်နေသော အကြည့်တို့ ဖော်ပြလာသည်။ သူက စိတ်ရှည်ရန် လိုကြောင်း သိရှိပေသည်။ စီဝေ့မဟာအင်ပါယာ၏ လျှို့ဝှက်ချက်များကို နားလည်ရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။ စီဝေ့အင်ပါယာနန်းတော်သည်ပင် ဤနှစ်များအတွင်း လျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်လေရာ ရီဖူရှင်းနှင့် အခြားလူများအတွက် အချိန်တိုအတွင်း ထိုသို့ ပြုလုပ်နိုင်ရန် မဖြစ်နိုင်သည်မှာ ပုံမှန်ပင် ဖြစ်သည်။
ရီဖူရှင်းက ယခင်က သူ့ကို စကားလာပြောဖူးသည့် ကျင့်ကြံသူအား ကြည့်ကာ မေးလိုက်သည်။ "တစ်ယောက်ယောက် အဲဒီကြယ်တွေဆီ သွားဖို့ ကြိုးစားဖူးလား။"
"သူတို့ အဲဒီကို မရောက်နိုင်ဘူးလေ။" တစ်ဖက်လူက ပြန်ဖြေလိုက်သည်။ သူ၏ အဖြေက ရီဖူရှင်းကို အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာစေသည်။ သူတို့အားလုံးက ကောင်းကင်မှ ကြယ်များကို ခံစားမိနိုင်သော်လည်း ထိုနေရာသို့ သွား၍ မရောက်နိုင်သည်လား။
ကျင့်ကြံသူများက ဤကျယ်ပြောသော ကြယ်ကောင်းကင်၌ ရှိနေပြီး ကြယ်များက သူတို့အထက် အလွန်မြင့်မားသော နေရာ၌ ရှိနေလျှင်ပင် အဆုံးမှာတော့ ကျင့်ကြံသူများနှင့် ကြယ်များကြား အကွာအဝေးက ကန့်သတ်ချက်အတွင်း ရှိသင့်ပေသည်။ မည်သည့်အတွက်ကြောင့် သူတို့က မရောက်ရှိနိုင်ရသနည်း။
ဤကြယ်များအားလုံးက သူတို့ ရှိနေသည့် နေရာနှင့် လုံးဝ ကွဲပြားခြားနားသော နေရာ၌ တည်ရှိနေခြင်း ဖြစ်နိုင်သလား။
"စီဝေ့အင်ပါယာနန်းတော်လည်း အရင်တုန်းက ကြယ်တွေဆီသွားဖို့ ကြိုးစားဖူးမယ်လို့ ထင်တယ်။" ထိုရန်ဟောင်က မှတ်ချက်ပြုလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ သဘောတူလိုက်၏။
ရီဖူရှင်းက ထိုအဖြစ်ကြောင့် ပဟေဠိ ဖြစ်နေသည့် အမူအအရာနှင့် စဥ်းစားတွေးတောနေပုံရလေသည်။
ထိုအခိုက်အတန့်တွင် တောက်ပသော နတ်အလင်းတို့က ကောင်းကင်မှ ကျဆင်းလာပြီး ကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားသွားနိုင်သည်။ ကျင့်ကြံသူများအားလုံးက တူညီသော နေရာသို့ မော့ကြည့်လိုက်ကြလျှင် ကောင်းကင်အမြင့်သို့ ပုံရိပ်တစ်ခု တက်သွားသည်ကို မြင်လိုက်ကြရသည်။
သူ့ခန္ဓာကိုယ်အနီးတွင် မဟာလမ်းစဥ်၏ ရောင်ဝါတို့ တောက်ပနေခဲ့၏။ ၎င်းက ပြိုင်ဘက်ကင်းလှသော အလင်းများ ဖြစ်လေသည်။ ကျင့်ကြံသူ၏ ဝတ်ရုံက လေထဲတွင် တဖျတ်ဖျတ်လွင့်နေပြီး အာရုံစိုက်မှုများ အလယ်သို့ ရောက်ရှိလာသည်။ ကောင်းကင်တွင် အလင်းတန်းတစ်ခုက တောက်ပနေပြီး သူ့ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာပေသည်။ ဤမြင်ကွင်းသည် အနီးဝန်းကျင်မှ ကျင့်ကြံသူများကို အံ့သြထိတ်လန့်သွားစေသည်။
လူတိုင်းက အလင်း၏ ရင်းမြစ်ကို ရှာဖွေလိုက်ကြပြီး ထိုနတ်အလင်းသညိ ကြယ်ကောင်းကင်ရှိ ကြယ်များထဲ ကြယ်တစ်ခုမှ မြစ်ဖျားခံခြင်းဖြစ်ကြောင်း ရှာတွေ့လိုက်သည်။
တောက်ပသည့် အလင်းတစ်ခုကို ထိုကြယ်မှ ထုတ်လွှတ်နေပြီး ၎င်းကျင့်ကြံသူရှိရာသို့ ဆင်းသက်လာသည်။ ချက်ချင်းပင် ကျင့်ကြံသူက နတ်ရောင်ဝါတို့ဖြင့် လွှမ်းခြုံခံလိုက်ရပေသည်။ သူသည် ကောင်းကင်ရှိ ကြယ်များထဲမှ တစ်ခု ဖြစ်လာပြီး သူ့ထံမှ တောက်ပနေသော အလင်းများက ကြယ်နှင့် တသားတည်း ဖြစ်လာသည်။
"ဒါက..." လူတိုင်းသည် သူတို့ မျက်လုံးရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်အံ့အားသင့်သွားခဲ့သည်။ သူတို့က ဤနေရာ၌ ရက်များစွာ နေခဲ့သော်လည်း စီဝေ့မဟာအင်ပါယာ၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိခဲ့ပေ။ သူတို့၏ ဆွေးနွေးမှုမှတဆင့် အကြံဉာဏ်တချို့ ရရှိခဲ့သော်လည်း ကံမကောင်းစွာနှင့် ထိုအကြံဉာဏ်များက ပုံရိပ်၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်ရန် ဝေးကွာနေဆဲ ဖြစ်သည်။
သို့သော် ယခု ဖြစ်ပွားနေသည့် မြင်ကွင်းက သူတို့ကို ကြီးမားသော အောင်မြင်မှုရရှိသွားပြီဟု ဆိုလိုပေသည်။
ကျင့်ကြံသူများက ကောင်းကင်ရှိ ကြယ်များနှင့် လိုက်ဖက်ညီစွာ ပေါင်းစည်းနိုင်ပေသည်။
"အဲဒါ သူပဲ။" တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။ ကျင့်ကြံသူအားလုံးသည်လည်း ကြယ်နှင့် ပေါင်းစပ်နိုင်သော ထိုကျင့်ကြံသူကို ချက်ချင်း သတိပြုမိလိုက်ကြသည်။ သူက ကောင်းကင်ဒေသတွင် ကျော်ကြားသူတစ်ဦး ဖြစ်သည်။ သူက ထူးချွန်ပြောင်မြောက်သော ပါရမီအရည်အချင်းများကြောင့် ကျော်ကြားပေသည့။
ထို့ကြောင့် သူက ကြယ်များ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်သည့် ပထမဆုံးသောသူ ဖြစ်လာခဲ့သည်လား။
ထိုကျင့်ကြံသူက အလွန်လျင်မြန်လှသော အရှိန်နှင့် အထက်သို့ တက်သွားသည်။ သူက ကြယ်ဆီသို့ အပြေးအလွှားသွားနေသလိုပင်။ မဟာလမ်းစဥ်နတ်အလင်းက ကြယ်မှ ဖြာကျလာပြီး ထိုကျင့်ကြံသူအား ဝါးမြိုထားသလို ထင်မှတ်ရပေသည်။ ကြယ်ကောင်းကင်မှ ကောင်းကင်ကိုပင် ထိုးခွင်းနိုင်သော အစွမ်းထက် စွမ်းအားတစ်ခုက ကျဆင်းလာသလိုပင် ဖြစ်၏။
ရီဖူရှင်းသည်လည်း ခေါင်းကိုမော့ကာ ထိုကျင့်ကြံသူရှိရာဘက်သို့ ကြည့်လိုက်သည်။ သူ၏ နှလုံးသားက တုန်လှုပ်နေခဲ့သည်။ ယခုလေးတင် သူ့စိတ်အာရုံက ကြယ်များထဲမှ တစ်ခုဆီ သွားလာခဲ့သော်လည်း သူသည် ထိုမှနေ၍ မည်သည့်အရာမှ မရရှိခဲ့ချေ။ တစ်ဖက်လူက မည်သို့ လုပ်ဆောင်နိုင်ခဲ့သနည်း။
ကောင်းကင်ရှိ ကြယ်တစ်ခုချင်းစီတိုင်းက ထူးခြားမှု ရှိနေပါသည်လား။
အချို့သော ကြယ်များသည် ၎င်းကို ရှာဖွေတွေ့ရှိသော ကျင့်ကြံသူနှင့် ပေါင်းစည်းရန် မဟာလမ်းစဥ် နတ်အလင်းများကို ထုတ်လွှတ်ပေးနိုင်သည်လား။
"ထူးခြားတဲ့ ကြယ်တွေ ရှိတာလား။" ကောင်းကင်ဒေသမှ အစွမ်းထက်ရန်ဟောင်တစ်ပါးက ကောင်းကင်အမြင့်သို့ မျောလွင့်နေသော ထိုကျင့်ကြံသူကို မေးလိုက်သည်။ ရန်ဟောင်၏ အသံက ကြယ်ကောင်းကင်တလျှောက် ထိုးဖောက်သွားပြီး ကျင့်ကြံသူများ၏ နားစည်ထဲတွင် ပဲ့တင်ထပ်လာသည်။
"ဟုတ်တယ်။" တစ်ဖက်လူက ချက်ချင်း ပြန်ဖြေလိုက်သည်။ "မင်းနဲ့ ပေါင်းစပ်နိုင်မယ့် ကြယ်ကို ရှာ။ ကောင်းကင်မှာ သန်းချီတဲ့ ကြယ်တွေရှိပေမယ့် တချို့က ကွဲပြားတယ်။"
လူတိုင်းက သူ၏ အဖြေကို ကြားသည့်အခါ ထိတ်လန့်အံ့သြသွားငြသည်။ ဤကျင့်ကြံသူက လျှို့ဝှက်ချက်ကို ထိန်းသိမ်းမထားဘဲ သူ့အမြင်ကို လူတိုင်းနှင့် မျှဝေပေးပေသည်။
ချက်ချင်းပင် လူတိုင်းက ခေါင်းကို မော့ကာ ကောင်းကင်ရှိ မရေတွက်နိုင်သော ကြယ်များကို ကြည့်လိုက်သည်။
ကျင့်ကြံသူများက သူတို့၏ စိတ်တည်ငြိမ်မှုကို ပြန်ရရုံရှိသေးသည့်အချိန်တွင် နောက်ထပ်တစ်နေရာ၌ ကြောက်မက်ဖွယ် အမှောင်စွမ်းအင်နတ်အလင်းက ကောင်းကင်မှ ဖြာဆင်းလာပေသည်။ ကြယ်ကောင်းကင်၏ တောက်ပသော အလင်းအောက်တွင် မှင်ကဲ့သို့ နက်မှောင်သည့် စွမ်းအင်က သိသာထင်ရှားစွာ ပေါ်ပေါက်လာသည်။ ၎င်းသည် လူအများ၏ အကြည့်ကို အမှောင်စွမ်းအင်နတ်အလင်းတို့ ပေါ်ပေါက်လာရာသို့ ကြည့်လိုက်မိစေသည်။
နောက်တခဏ၌ ဤအမှောင်စွမ်းအင်နတ်အလင်းက တည့်မတ်စွာ ကျဆင်းလာပြီး ပုံရိပ်တစ်ခုပေါ် ဆင်းသက်လာသည်။ ထိုကျင့်ကြံသူက မှော်နက်လောကမှ ဖြစ်လေသည်။ သူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး နက်မှောင်သော မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသည်။ သူက ကောင်းကင်သို့ မော့ကြည့်နေစဥ် သူ့ဝတ်ရုံက တဖျတ်ဖျတ် လွင့်နေသည်။ ထို့နောက် သူက လက်များကို ဆန့်ထုတ်ကာ သူ့တစ်ကိုယ်လုံးက ကောင်းကင်သို့ မျောလွင့်လာသည်။ သူ့ခန္ဓာကိုယ်က ကောင်းကင်မှ ကျဆင်းလာသော နတ်အလင်းတို့ကို လောဘတကြီး ဝါးမြိုနေပုံရသည်။
နောက်ထပ် ကျင့်ကြံသူတစ်ယောက်ကလည်း လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
လူတိုင်း၏ နှလုံးသားက တုန်ယင်နေခဲ့၏။ တစ်ယောက်တည်းဆိုလျှင် တိုက်ဆိုင်ခြင်း ဖြစ်နိုင်သော်လည်း ထိုသို့ လုပ်ဆောင်နိုင်သူက တစ်ပြိုင်တည်းနီးပါး နှစ်ယောက် ဖြစ်လာသည့်အခါ ၎င်းက မည်သည်ကို ဆိုလိုပါသနည်း။
လူတိုင်းထံ၌လည်း ထိုသို့ ပြုလုပ်ရန် အခွင့်အရေး ရှိပေလိမ့်မည်။
ဤကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်များက နောက်ဆုံး၌ ဖော်ထုတ်ခံလိုက်ရခြင်း ဖြစ်နိုင်သလား။
***