ကြောက်စရာကောင်းအောင်ဆင်းရဲခြင်း၊ ထားစရာနေရာမရှိအောင်ချမ်းသာခြင်း
Vol. 1 Ch. 3
ကျန်းယန် မြေကွက်လပ်ထဲရှိလူအနည်းငယ်ကိုကြည့်ပြီး အရင်ဆုံးရောက်လာခဲ့သူမှာ ဖက်တီးလေးဖြစ်နေသောကြောင့် အံ့အားသင့်သွားခဲ့သည်။
“သွက်လိုက်တဲ့ ဖက်တီး” သူတွေးလိုက်၏။
သူစာရွက်တစ်ရွက်နှင့် စုတ်တံတစ်ချောင်းထုတ်လိုက်ကာ ဖက်တီးကိုပေးလိုက်ပြီး ညွှန်ကြားလိုက်လေသည်။
“ငါ့မှာမင်းအတွက်တာ၀န်တစ်ခုရှိတယ် မြေကွက်လပ်ထဲက လူတိုင်းရဲ့နာမည်တွေကို သူတို့ရောက်လာတဲ့ အစဉ်လိုက်အတိုင်း စာရင်းသွင်းထား လူစုံသွားရင် ငါမင်းတို့ကို ဂိုဏ်းထဲ၀င်ရာမှာ လိုအပ်တဲ့ကိစ္စတွေရှင်းပြပေးမယ် စကားမစပ် မင်းနာမည်ကဘာလဲ”
ဖက်တီးလေး ပြုံးဖြဲဖြဲလုပ်လိုက်ကာ
“စီနီယာအစ်ကိုကိုသတင်းပို့ပါတယ် ကျွန်တော့်နာမည်က ၀မ်ေပလဲ့ ပါ နောက်ပြီး ကျွန်တော်က ပထမဆုံးရောက်တဲ့သူပါ!”
“အရမ်းကောင်းတယ်” ကျန်းယန်ခေါင်းညိတ်ပြလိုက်ကာ စာရွက်နှင့်စုတ်တံကို ၀မ်ေပလဲ့ဆီ ပေးအပ်လိုက်၏။
ထို့နောက်တွင်တော့ သူအဇူရာတိမ်ဂိုဏ်း၏ ငွေစာရင်းစာအုပ်များကိုထုတ်ကာ စစ်ဆေးကြည့်လိုက်လေသည်။
ဒါပေါ့ သူ့အဓိကတာ၀န်ကတော့ အဇူရာတိမ်ဂိုဏ်းဘယ်လောက်ချမ်းသာသလဲဆိုတာ ကြည့်ရှုဖို့ ဖြစ်၏။
၀မ်ပေလဲ့ စာရွက်နှင့်စုတ်တံကိုယူကာ ရောက်လာသူတိုင်းကိုနာမည်မေးပြီး အစဉ်လိုက် စာရင်းသွင်းနေခဲ့သည်။
ကျန်းယန် ငွေစာရင်းစာအုပ်ကို ဖွင့်လိုက်သည်နှင့် သူ့အမူအရာပြောင်းလဲသွားခဲ့ရ၏။
“ဘိုးဘေးတွေက တကယ်အသုံးမကျတာပဲ!” ကျန်းယန်ခေါင်းကို အကြိမ်ကြိမ်ခါယမ်းလိုက်ကာ ခပ်တိုးတိုးရေရွတ်လိုက်မိသည်။
အဇူရာတိမ်ဂိုဏ်းက အလွန်ဆင်းရဲလှသောကြောင့် တောင်အနည်းငယ်သာကျန်တော့သည်ဟု သူအမြဲထင်ထားခဲ့ခြင်း ဖြစ်၏။
သို့သော် မျှော်လင့်မထားဘဲ စာအုပ်၏ပထမဆုံးစာကြောင်းက သူ့ကိုတုန်လှုပ်သွားစေခဲ့သည်။
“အဇူရာတိမ်တောင်ထွတ်၏ မိုင်သုံးရာပတ်လည်သည် အဇူရာဂိုဏ်းပိုင်ဆိုင်သော နယ်မြေများ ဖြစ်ကြသည်”
မိုင်သုံးရာပတ်လည်ဆိုတာ ဘာကိုဆိုလိုနေမှန်း ကျန်းယန်ကောင်းကောင်းသိ၏။
ဤသည်က စီရင်စုတစ်ခုလုံးစာ နယ်မြေကြီး ဖြစ်ပေသည်။
ထိုမျှကျယ်၀န်းသောနယ်မြေကိုပိုင်ဆိုင်ပြီး အဘယ်သို့မွဲနေရပါသနည်း။
မွဲလွန်းလို့ တပည့်တောင် မခေါ်နိုင်ဘူးလား!
အရည်အချင်းမရှိလိုက်တဲ့လူတွေ!
အရေးအကြီးဆုံးအရာကတော့ ထိုမိုင်သုံးရာပတ်လည်အတွင်း မည်သည့်လုပ်ငန်းမှရှိမနေခြင်းပင်။
အဇူရာတိမ်ဈေးသည် အဇူရာတိမ်ဂိုဏ်းနှင့် မိုင်အနည်းငယ်သာ ဝေးပြီး အဇူရာတိမ်ဂိုဏ်း၏ နယ်ေမြထဲတွင်သာ ရှိမှန်း ကျန်းယန် ကောင်းကောင်းကြီး မှတ်မိပေသည်။ ထိုဈေးက ဂိုဏ်း၏လုပ်ငန်း ဖြစ်၏။
ပို၍ရက်စက်သောအမှန်တရားမှာ ကျန်းယန် ထိုဈေးသို့ရောက်ဖူးပြီး ထိုဈေးရှိစားသောက်ဆိုင် ဆေးဆိုင်များက အခွန်ပေးကြမှန်း သူသိနေခဲ့သည်။
ထိုအခွန်များက ဘယ်ရောက်သွားပါသနည်း။
ကျန်းယန် ငွေစာရင်းစာအုပ်ကိုကြည့်လေလေ ပိုပြီးဒေါသထွက်လာလေလေပင်။ ထိုကျင့်ကြံသူများသည် သူတို့ဦးနှောက်ကို ကျင့်ကြံရာ၌သာသုံးပြီး ဘာကိုမှ နားမလည်ခြင်းပေလော။
စာရင်းစာအုပ်ထဲရှိလက်ကျန်ငွေ စိတ်ဝိညာဉ်ကျောက်တုံး ၁၀၃ တုံးကိုမြင်သောအခါတွင်မူ ကျန်းယန်စာအုပ်ကို ဆက်ကိုင်မထားနိုင်တော့ပေ။
နှစ်ငါးထောင်အမွေအနှစ်များနှင့် အဇူရာတိမ်ဂိုဏ်းက စိတ်ဝိညာဉ်ကျောက်တုံး ၁၀၃ တုံးသာ ချမ်းသာခြင်း….
သူဆေးများ၀ယ်ဖို့ကြံတိုင်း ဆရာဒေါ်လေး ၇ က ဘာကြောင့် မ၀ယ်ဖို့သာ အကြံပေးမှန်း သူနားလည်သွားခဲ့သည်။
“ကျန်းယန် ကျင့်ကြံခြင်းအတွက် ဆေးဝါးတွေသုံးတယ်ဆိုတာ အဆင့်နိမ့်နည်းလမ်းပဲ နောက်ပြီး ဒီနည်းလမ်းနဲ့ ချီသန့်စင်တာက မသန့်စင်ဘူး ခန္ဓာကိုယ်ထဲမှာ အညစ်အကြေးတွေကျန်ခဲ့လိမ့်မယ် အဲ့တာက ငါတို့ကျင့်ကြံသူတွေအတွက် အရမ်းအန္တရာယ်များတယ် ကျင့်ကြံခြင်းရဲ့ အဆင့်အမြင့်ဆုံးနည်းလမ်းက ကောင်းကင်နဲ့မြေပြင်ရဲ့ စိတ်ဝိညာဉ်ချီကို သန့်စင်တာပဲ…”
ဘာအဆင့်နိမ့်နည်းလမ်းလဲ!
သူတို့မှာ ပိုက်ဆံမရှိတာကြီးကို!
နောက်ဆုံးတွင် အဆင့်အနိမ့်ဆုံး ချီဆေးလုံးကတောင် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀ ကျသင့်ပေသည်။
စိတ်ဝိညာဉ်ကျောက်တုံးမရှိသည့်အပြင် မှော်လက်နက်များသန့်စင်ရန်အတွက် သတ္တုများ၊ ဆေးတာအိုအတွက်ဆေးရွက်များ သူတို့တွင် ဘာမှမရှိပေ။
ချင်းယွင်ကျိ အပါအ၀င် အဇူရာတိမ်တောင်ထွတ်၏ မောင်နှမ ၇ ဖော်မှာ အမြဲတံခါးပိတ်ကျင့်ကြံခြင်းသာ ၀င်နေခဲ့ကြ၏။
ကျန်းယန်အတွက်ကတော့ အဇူရာတောင်ထွတ်ပေါ်တွင် ဆေးပင်များရှာ၍ ရောင်းကာ ငွေရှာနိုင်ခဲ့သည်။ သို့သော် လူတစ်ယောက်စာ ဆေးပင်ရှာ၍ ရောင်းသော ငွေကြေးက ဘယ်လောက်ရနိုင်ပါမည်နည်း။
သူဆက်ပင် ကျင့်ကြံနိုင်သေးပါရဲ့လော။
ထို့ကြောင့် လွန်ခဲ့သောဆယ်နှစ်လုံးလုံး ကျန်းယန် ဒုက္ခရောက်နေခဲ့ပြီး ပြုပြင်ပြောင်းလဲဖို့သာ တောင့်တနေခဲ့ခြင်း ဖြစ်သည်။
သို့သော် အကြီးအကဲများက သူ့အပေါ်အတော်ကြင်နာကြသည်ကိုတော့ ကျန်းယန် ၀န်ခံရမည်။
သူ့ကို လွန်ခဲ့သောဆယ်နှစ်တောင်ပေါ် စခေါ်လာခဲ့ကတည်းက ချက်ချင်းဆိုသလိုပင် သူ့အတွက် မှော်အသုံးအဆောင်များ ပေးခဲ့ပြီး ထိုအထဲတွင် သိုလှောင်လက်စွပ်လို အဆင့်မြင့်ပစ္စည်းမျိုးပင် ပါ၀င်ခဲ့သေးသည်။
အသုံးအဆောင်တစ်စုံလုံးစာဆိုလျှင် စိတ်ဝိညာဉ်ကျောက်တုံး သောင်းနှင့်ချီ၍ ကုန်ကျမည် ဖြစ်၏။
ထိုသို့ကြည့်ပါက အဇူရာတောင်ထွတ်မောင်နှမ ၇ ဖော်သည် တပည့်များကို ပျိုးထောင်ရာ၌ အမှန်တကယ်ပင် တာ၀န်ကြေပြီး သူတို့ကိုယ်သူတို့ တာ၀န်ရှိသော အကြီးအကဲများအဖြစ်ခံယူထားသည်ဟု ဆိုနိုင်ပေသည်။
ဒါပေါ့ ဒါကြောင့်လည်း ကျန်းယန်က တပည့်အများကြီး အဇူရာတောင်ထွတ်ပေါ် ခေါ်လာသောအခါ ချင်းယွင်ကျိ ကမ္ဘာပျက်သလိုခံစားလိုက်ရခြင်း ဖြစ်၏။
“စီနီယာအစ်ကို စာရင်းသွင်းလို့ပြီးပါပြီ အားလုံးပေါင်း ၈၇ ယောက် ရှိပါတယ်” ၀မ်ပေလဲ့ စာရင်းကို ကျန်းယန်ဆီပြလိုက်လေသည်။
“ကျေးဇူးပြုပြီး ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ ညွှန်ကြားပေးပါ”
ကျန်းယန် စာရင်းစာအုပ်ကိုပိတ်ကာ ၀မ်ပေလဲ့ဆီမှစာရွက်ကို ယူလိုက်ပြီး တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်သိမ်းလိုက်၏။
ထို့နောက် သူမြေကွက်လပ်ထိပ်တွင်ရပ်ကာ လူငယ် ၈၇ ယောက်ကို ကြည့်ရှုနေခဲ့သည်။
လူငယ်များ၏ ကိုယ်များ အလိုလိုမတ်သွားကြပြီး ကျန်းယန် ညွှန်ကြားမည့်အချိန်ကို စောင့်နေခဲ့ကြ၏။
သူတို့သည် ယခုအခါ အဇူရာတိမ်ဂိုဏ်း၏တပည့်များ ဖြစ်ကုန်ကြပြီဖြစ်သောကြောင့် အနာဂတ်တွင် ဂိုဏ်းစည်းမျဉ်းများကို လိုက်နာရန် လိုအပ်ပေသည်။
ကျန်းယန် လူတိုင်းကိုတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။
“အရင်ဆုံးအနေနဲ့ အဇူရာတိမ်ဂိုဏ်းကို၀င်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်
အဇူရာတိမ်ဂိုဏ်းကို လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်ထောင်ခဲ့ပြီး သမိုင်းကြောင်းအရ အမတနယ်မြေကို တက်လှမ်းသွားခဲ့သူ ၁၇ ယောက်ရှိခဲ့တယ် ဒါကြောင့် အဇူရာတိမ်ဂိုဏ်းကို၀င်နိုင်ခဲ့တာ မင်းတို့အတွက် ဂုဏ်ယူစရာပါပဲ
ဒါပေမယ့် ပြဿနာတစ်ခုရှိနေတာကို လူတိုင်းသတိထားမိကြလား
မင်းတို့အနာဂတ်မှာ ဘယ်မှာနေကြမှာလဲ”
လူတိုင်း ပတ်ပတ်လည်ကို ကြည့်လိုက်မိကြသည်။ ပင်မခန်းမနှင့်မျှော်စင်အချို့မှလွဲပြီး နေရာတိုင်းတွင် တောတောင်များသာရှိနေပြီး နေစရာအိမ်လံုး၀မရှိခဲ့ပေ။
သူတို့ ဂိုဏ်းကို၀င်လိုက်ပြီဆိုကတည်းက နေစရာစီစဉ်ပေးဖို့က ဂိုဏ်း၏တာ၀န်မဟုတ်ပါလော။
ကျန်းယန်အမူအရာလေးနက်သွားကာ ဆက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ အဇူရာတိမ်ဂိုဏ်းက ကျန်းယန်ဆိုတဲ့တပည့်တစ်ယောက်ကိုပဲ လက်ခံခဲ့တာကို မင်းတို့ကြားဖူးကြမှာပါ ပုံမှန်အရတော့ ငါတို့ဒီတစ်ကြိမ်လည်း တပည့်လက်ခံမယ့် စည်းမျဉ်းတွေကို တင်းကြပ်ဖို့ စီစဉ်ခဲ့ကြတယ်
ဒါပေမယ့် ငါတို့ဂိုဏ်းက လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်း တစ်ခါမှမကြုံဖူးတဲ့ အပြောင်းအလဲတစ်ခုနဲ့ ရင်ဆိုင်နေရတယ်
အဲ့ဒီမဟာအပြောင်းအလဲကြီးက ဒီမှာရှိတဲ့ ငါတို့တစ်ယောက်ချင်းစီတိုင်းနဲ့ လုံး၀ဆက်စပ်နေတယ်
ဒါကြောင့်လည်း ငါကဒီတစ်ကြိမ်တံခါးကိုကျယ်ကျယ်ဖွင့် မင်းတို့အားလုံးကို ၀င်ခွင့်ပေးပြီး ဒီအပြောင်းအလဲကြီးကို အတူတူရင်ဆိုင်ဖို့ ခွင့်ပြုခဲ့တာပဲ
ငါတို့ဒါကိုသာ ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ရင် အနာဂတ်ကမ္ဘာကြီးမှာ ငါတို့အတွက် နေရာတစ်နေရာရှိလာပြီး အမတနယ်မြေကို တက်လှမ်းကြမယ့်သူတွေထဲမှာ ငါတို့လည်းပါ၀င်လာလိမ့်မယ်
မကိုင်တွယ်နိုင်ရင်တော့ ငါတို့ထာ၀ရငရဲကသစ်ငုတ်တိုဘ၀နဲ့ နေထိုင်သွားရလိမ့်မယ်
ဂိုဏ်းတပည့်တို့ ထွက်ပြေးဖို့တော့ မစဉ်းစားနဲ့ အဲ့တာကမင်းတို့ရှောင်လွှဲလို့မရတဲ့အရာဖြစ်လို့ပဲ
ငါမင်းတို့ကိုမေးချင်တယ် မင်းတို့ငါနဲ့အတူရင်ဆိုင်ချင်ကြလား”
မြေကွက်လပ်ရှိလူများ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။
ကျန်းယန်၏စကားများမှ လေးနက်မှုကို သူတို့ခံစားမိကြသည်။
သို့သော် ဂိုဏ်းတွင်ဘာဖြစ်သွားခဲ့ပါသနည်း။
၀မ်ေပလဲ့ တံတွေးမျိုချလိုက်ကာ မေးလိုက်၏။
“စီနီယာအစ်ကို ကျွန်တော်တို့ဘာလုပ်သင့်လဲ”
ကျန်းယန် ဖြည်းဖြည်းချင်းပြောလိုက်သည်။
“ငါတို့ဘာလုပ်မလဲဆိုတာကို ပြီးရင်ဆွေးနွေးကြမယ် အခုမင်းတို့လုပ်ရမယ့်အရာကတော့ အမြန်ဆုံး နေစရာနေရာတစ်ခု တည်ဆောက်ဖို့ပဲ ပင်မခန်းမနောက်က တောင်ထွတ် ၇ ခုမှာတော့ အကြီးအကဲတွေရှိကြတယ် အဲ့ဒီနေရာတွေကလွဲရင် တောင်ပေါ်က သင့်တော်တဲ့နေရာမှာ မင်းတို့နေဖို့ အိမ်ဆောက်ရမယ် အမြန်စတော့ နေစရာပြဿနာကို တတ်နိုင်သမျှမြန်မြန်ဖြေရှင်းကြ နှစ်ရက်ကြာရင် ငါတို့ဒီနေရာမှာ ပြန်ဆုံကြမယ် အဲ့ဒီအချိန်ကျရင် မင်းတို့ကို အမတကျင့်ကြံခြင်း သင်ပေးမယ်”
သူရပ်လိုက်ပြီးနောက် အေးစက်စက်လေသံဖြင့် ဆက်ပြောလိုက်၏။
“အခုမင်းတို့က ဂိုဏ်းတပည့်တွေဖြစ်သွားပြီဆိုတာ သတိရကြပါ မင်းတို့တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ကူညီကြရမယ် တကယ်လို့တစ်ယောက်ယောက်က အခြားတစ်ယောက်ကို အနိုင်ကျင့်ရဲရင်တော့ အကျိုးဆက်က မင်းတို့တတ်နိုင်တာထက် ပိုလိမ့်မယ်”
ပြောပြီးသည့်နောက် သူအဝေးသို့ ပျံသန်းသွားခဲ့သည်။
မြေကွက်လပ်ထဲရှိလူများကတော့ အနည်းငယ်ကြောင်အနေခဲ့ကြ၏။
သူတို့တစ်ခုခုမှားနေသလိုခံစားနေကြရသော်လည်း ဤအကြိမ်က ဂိုဏ်းတစ်ခုထဲ ပထမဆုံး၀င်ဖူးကြခြင်းဖြစ်သောကြောင့် အခြားဂိုဏ်းများဘယ်လိုရှိမှန်း မသိခဲ့ကြပေ။
တခဏကြောင်အနေကြပြီးနောက် နေစရာတစ်နေရာဆောက်ဖို့ ဆုံးဖြတ်လိုက်ကြလေသည်။
နောက်ဆုံးတွင် သူတို့ဒီနေရာကိုရောက်လာပြီဖြစ်သောကြောင့် မြေကြီးပေါ်အိပ်လို့တော့ မဖြစ်ပေ။
အဇူရာတိမ်တောင်ထွတ်ပေါ်တွင် ချင်းယွင်ကျိနှင့်အကြီးအကဲ ၆ ယောက်တို့ အတူတူထိုင်နေခဲ့ကြ၏။
သူတို့သည် ပင်မခန်းမရှေ့ရှိ အခြေအနေကို ရတနာမှန်ကိုသုံး၍ ကြည့်ရှုနေခဲ့ခြင်း ဖြစ်သည်။
“စီနီယာအစ်ကို ကျွန်တော်တို့ လုပ်နေတာက နည်းနည်းမသင့်တော်ဘူးလားလို့” ညီ ၃ တန်ချန်ကျိ ချင်းယွင်ကျိကိုထူးဆန်းသော မျက်နှာထားဖြင့်ကြည့်ကာ ပြောလိုက်၏။
ချင်းယွင်ကျိကတော့ စိုးရိမ်မှုများဖြင့် ပြည့်နေခဲ့သည်။ သူလည်း မသင့်တော်ဘူးဟုခံစားနေရသော်လည်း အခုလို လူများကတောင်ပေါ်ရောက်နေပြီးသောအခါ သူဘာလုပ်နိုင်ပါမည်နည်း။
အဇူရာတိမ်ဂိုဏ်းက နှစ်ပေါင်းထောင်ချီတည်ဆောက်ထားသော ဂုဏ်သတင်းက ပျက်ဆီးသွားတော့မည်ကို သူမြင်ယောင်မိနေခဲ့သည်။
ရုတ်တရက် ဆရာဦးလေး၂ လင်းယွမ်ကျိ၏ အမူအရာပြောင်းလဲသွားခဲ့၏။
“မကောင်းတော့ဘူး ဒီကလေး ငါ့ကိုလာရှာနေပြီ”
ဒီလိုအချိန်တွင် လာရှာခြင်းက မည်သည့်ကောင်းသောအရာများ ပါလာနိုင်ပါမည်နည်း။
အခြားသူများကတော့ ဆရာဦးလေး ၂ ဒုက္ခရောက်နေပုံကို ၀မ်းမြောက်၀မ်းသာ ကြည့်ရှုနေခဲ့ကြသည်။
“အမြန်သွားတော့ ငါတို့ကိုပါဆွဲမချနဲ့” သူတို့ အလောတကြီးပြောလိုက်ကြ၏။
ဆရာဦးလေး ၂ လည်း ခါးသက်သောမျက်နှာဖြင့် သူ့တောင်ထွတ်သို့ ပျံသန်းသွားခဲ့လေသည်။