← Chapters

ပါရမီရှင်တစ်အုပ်

Vol. 1 Ch. 12

ပါရမီရှင်တစ်အုပ်

Vol. 1 Ch. 12

ကျန်းယန် အဇူရာတိမ်ဂိုဏ်းကို၀င်ခဲ့စဉ်က အထူးပုဂ္ဂိုလ်တစ်ယောက်လို ဆက်ဆံမှုမျိုးကိုခံခဲ့ရခြင်း ဖြစ်၏။ အဇူရာတိမ်မောင်နှမ ၇ ဖော်က သူ့ကို ချီစုဆောင်းခြင်းအကြောင်း ရှင်းပြပေးခဲ့ရုံသာမက ချီစွမ်းအင်ကြွယ်၀သော ပတ်၀န်းကျင်တစ်ခုဖန်တီးဖို့ စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ၀င်္ကပါတစ်ခုပါပြုလုပ်ပေးခဲ့သောကြောင့် သူနေ့တစ်၀က်အတွင်း ချီစုဆောင်းခြင်းကို အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ လူငါးယောက်ကတော့ ၃ရက်အတွင်း ချီစုဆောင်းခြင်းကို ကိုယ်ပိုင်အစွမ်းအစဖြင့် အောင်မြင်သွားခဲ့ချေပြီ။

စိတ်ဝိညာဉ်ကျောက်တုံးအနည်းငယ်ရှိခဲ့သည် ဆိုလျှင်တောင် သူတို့ရရှိခဲ့သည့်အထောက်အပံ့က ကျန်းယန်နှင့်ကွာခြားလွန်းလှ၏။

ဒီလိုပါရမီမျိုး….စစ်မှန်တဲ့ပါရမီရှင်တွေ!

ချီစုဆောင်းခြင်းကို အောင်မြင်ရန်မှာ လူတစ်ယောက်သည် အရင်ဆုံး ကောင်းကင်နှင့်မြေပြင်၏ စိတ်ဝိညာဉ်ချီကိုအာရုံခံရပြီး ထို့နောက်တွင်မှ ထိုချီကို ခန္ဓာကိုယ်ထဲစုပ်ယူရခြင်း ဖြစ်သည်။ ထိုနှစ်ဆင့်တွင် ဒုတိယအဆင့်က ပို၍ ခက်ခဲ၏။ လူပေါင်းများစွာက ထိုအဆင့်ကိုအောင်မြင်ဖို့ သုံးလေးလတော့ အချိန်ယူရတတ်သည်။ ထိုငါးယောက်‌ကတော့ သုံးရက်သာအချိန်ယူခဲ့ပြီး သူတို့ပါရမီက ပေါ့သေးသေးတော့ မဟုတ်ခဲ့ပေ။

“မင်းတို့လုပ်ခဲ့တာ ကောင်းတယ်” ကျန်းယန် သူတို့ငါးယောက်ကို ချက်ချင်း ချီးကျူးလိုက်၏။

“စိတ်ဝိညာဉ်ချီတွေ မင်းတို့ကိုယ်ထဲ၀င်သွားရင် အဲ့ဒီချီတွေက မင်းတို့ကိုယ်ကို အလိုလိုသန့်စင်ပေးသွားလိမ့်မယ် ဒီအဆင့်ကို ဖြတ်ကျော်လိုက်ရင် စိတ်ဝိညာဉ်ချီစီးဆင်းမှုနဲ့ ရင်းနှီးသွားသလို သူ့သဘာ၀ကိုလည်း ပိုနားလည်လာလိမ့်မယ်

မင်းတို့ပါရမီနဲ့ဆိုရင် မင်းတို့က ခန္ဓာသန့်စင်ဆေးပင်တွေမလိုဘူး ဆေးပင်တွေသုံးရင် မင်းတို့အချိန်နည်းနည်းပိုယူရမယ်ဆိုပေမယ့် ဒီအဆင့်ရဲ့ အတွေ့အကြုံက ဝိညာဉ်ပင်လယ်ကိုဖွင့်တဲ့အခါနဲ့ တာအိုမျိုးစေ့ကိုပျိုးထောင်တဲ့နေရာမှာ အရမ်းအရေးကြီးတယ် ဒီအဆင့်မှာ ဆေးပင်တွေမသုံးဘဲ ကောင်းကောင်းလုပ်နိုင်ခဲ့ရင် နောက်အဆင့်တွေမှာ အားတစ်ဆစိုက်ထုတ်တာနဲ့ နှစ်ဆစာ အကျိုးရှိသွားနိုင်တယ်”

ထိုစကားလုံးများမှာ သူ့ဆရာနှင့်ဆရာဦးလေးများ သူကျင့်ကြံ‌နေစဥ်က သူ့ကိုပြောခဲ့သော စကားများသာဖြစ်၏။

ယခုအခါ ထိုအတွေ့အကြုံကိုအသုံးပြုပြီး ဂိုဏ်းတပည့်များကို လမ်းပြနေခဲ့ရချေပြီ။

သူတို့ငါးယောက်ကျန်းယန်ဆီလာခဲ့ခြင်းမှာ သူတို့ကျင့်ကြံခြင်းအတွက် အမြန်အောင်မြင်နည်းလိုချင်၍ လာခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ကျန်းယန်စကားများကိုကြားသောအခါ သူတို့နားလည်သွားခဲ့ကြ၏။

“စီနီယာအစ်ကို ကျွန်တော်တို့ ပြန်သွားပြီး ဆက်ကျင့်ကြံတော့မယ်”

ကျန်းယန် ခေါင်းညိတ်ပြလိုက်သည်။

“အရင်ဆုံး မင်းတို့နာမည်တွေပြောခဲ့ ပြီးရင်တော့ ကြိုးကြိုးစားစား သွားကျင့်ကြံတော့”

ပါရမီရှင်ငါးယောက်စိတ်အားထက်သန်စွာ နာမည်များပြောခဲ့ကြပြီး ကျင့်ကြံဖို့အတွက် တက်ကြွစွာ ပြန်သွားခဲ့ကြ၏။

နောက်ရက်များတွင်လည်း ချီစုဆောင်းခြင်းအောင်မြင်သွားကြသော တပည့်များ ကျန်းယန်ဆီ သတင်းလာပို့ခဲ့ကြသည်။

ခုနှစ်ရက်မပြည့်ခင်မှာပင် ၈၇ ယောက်သော တပည့်များ ချီစုဆောင်းခြင်းအောင်မြင်သွားခဲ့ကြ၏။

ထိုကဲ့သို့သော မြင်ကွင်းမျိုးက ကျန်းယန်ကိုကြောင်အသွားစေခဲ့သည်။

အဇူရာတိမ်ဂိုဏ်းသည် ဤတစ်ကြိမ်တွင် ပါရမီရှင်အဆင့်တပည့်များကိုသာ လက်ခံခဲ့ခြင်းပေလော။ ချီစုဆောင်းခြင်းအဆင့်ကို ၇ ရက်အတွင်းအောင်မြင်ကြသည်ဆိုသည်မှာ ချီကျောက်တုံးအနည်းငယ်၏အကူအညီပါသည်‌ဆိုလျှင်တောင် ပါရမီရှင်အဆင့်ဟု သတ်မှတ်၍ ရနေပြီ ဖြစ်သည်။

အဘယ်ကြောင့် ထိုပါရမီရှင်များအားလုံးက အဇူရာတိမ်ဂိုဏ်းကို ၀င်ခဲ့ကြပါသနည်း။

တခဏစဉ်းစားပြီးနောက် ကျန်းယန် နားလည်သွားခဲ့၏။

ထိုအဖြစ်မှာ သူ့အရင်ကမ္ဘာကအဖြစ်နှင့် တူပေသည်။ အကယ်၍ ရှင်းဟွာတက္ကသိုလ်နှင့်ပေကျင်းတက္ကသိုလ်ကသာ ဤနှစ်တွင် ကျောင်းသား ၃ ယောက်သာ ခေါ်မည်ဟု ကြေငြာထားခဲ့လျှင် အမှတ် ၇၀၀ မကျော်သော မည်သည့်ကျောင်းသားမှ ထိုကျောင်းကိုသွားလျှောက်ရဲတော့မည် မဟုတ်ပေ။

အဇူရာတိမ်ဂိုဏ်းက ရာစုနှစ်တစ်ခုအတွင်း တပည့်၃ယောက်သာ လက်ခံထားခဲ့ရာ သူတို့၏ ဂိုဏ်း၀င်စနစ်တင်းကြပ်ပုံကို ညွှန်ပြနေခဲ့သည်။

ထိုအခါ အဇူရာတိမ်ဂိုဏ်းဆင်းရဲသည်ကိုမသိဘဲ ပါရမီရှင်မဟုတ်သော မည်သူက ဂိုဏ်းကို၀င်ခွင့်ကြိုးစားရဲပါတော့မည်နည်း။

ပါရမီရှင်တွေပြည့်နေတဲ့ ဂိုဏ်းတစ်ဂိုဏ်း!

ထိုအကြောင်းတွေးရုံနှင့်ပင် ကျန်းယန် အလိုလိုစိတ်လှုပ်ရှားလာခဲ့၏။

သို့သော် ထိုသတင်းကို အဇူရာတိမ်မောင်နှမ ၇ ဖော်ဆီမျှဝေလိုက်သောအခါ သူတို့မျက်နှာများ ချက်ချင်းပြောင်းလဲကုန်ခဲ့ကြသည်။

“ဒါကဆိုးတယ် ဒါကဆိုးတယ်!” ချင်းယွမ်ကျိ တစ်ယောက်တည်းရေရွတ်နေခဲ့၏။

“ကျွန်တော်တို့ ဘာလုပ်သင့်‌လဲ”

အခြား ၆ ယောက်လည်းသုန်မှုန်နေခဲ့ကြသည်။

ကျန်းယန်ကတော့ ပဟေဠိဖြစ်သွားခဲ့၏။ ဂိုဏ်းများက ပါရမီရှင်တပည့်များကို လိုချင်ခြင်းမဟုတ်ပါလော။

အဘယ်ကြောင့် သူ့ဆရာနှင့်ဦးလေးများက ထိုပါရမီရှင်များကြောင့် စိတ်မကျေမနပ်ဖြစ်သွားရပါသနည်း။

“ဆရာ ပြဿနာတစ်ခုခုရှိလို့လား” ကျန်းယန် စိတ်၀င်တစားမေးလိုက်သည်။

“လက်ရှိအခြေအနေအရ ဆယ်နှစ်အတွင်း အဇူရာတိမ်ဂိုဏ်းမှာ ရွှေအမြုတေအဆင့် ၈၀ ကျော်ရှိလာလိမ့်မယ် သူတို့တစ်ယောက်ချင်းစီကလည်း ဝိညာဉ်အခြေတည်အဆင့် ရောက်လာဖို့ ခက်နေမှာမဟုတ်ဘူး”

ချင်းယွင်ကျိ ခေါင်းယမ်းကာ ခါးသက်သက်ပြုံးလိုက်ပြီး

“ကျန်းယန် မင်းနားမလည်ပါဘူးကွာ ပါရမီရှင်တွေပိုများများရှိလေလေ အရင်းအမြစ်တွေလည်း ပိုများများလိုလေပဲကွ ငါတို့သူတို့ကို ဘယ်လိုပျိုးထောင်မှာလဲ”

ကျန်းယန် လက်ကာပြလိုက်ကာ

“ဆရာ အဇူရာတိမ်ဂိုဏ်းက စတင်ပြုပြင်ပြောင်းလဲနေပြီလေ အနာဂတ်မှာ အရင်းအမြစ်ကိစ္စက ပြဿနာတစ်ခုဖြစ်လာမှာ မဟုတ်တော့ပါဘူး”

ဆရာဦးလေး ၅ ဟွာလင်းကျိ လေးလေးနက်နက်ပြောလိုက်၏။

“အရင်းအမြစ်ပြဿနာကိုက အားနည်းနည်းစိုက်လိုက်ရင် ဖြေရှင်းနိုင်ပါတယ် လွန်ခဲ့တဲ့ဆယ်နှစ်က ငါတို့အဇူရာတိမ်ဂိုဏ်းက အရမ်းဆင်းရဲခဲ့ပေမယ့် မင်းကိုပျိုးထောင်နိုင်ခဲ့သေးတာပဲ

ဒါပေမယ့် အရင်းအမြစ်ကိစ္စဆိုတာ ပြဿနာသေးသေ‌းလေးပဲ ရှိပါသေးတယ် ပိုပြီးအရေးကြီးတာက အဲ့ဒီတပည့်တွေရဲ့ကျင့်ကြံခြင်းမြင့်လာရင် သူတို့ ဂိုဏ်းရဲ့ကျင့်စဉ်တွေကို နားလည်သဘောပေါက်ဖို့ လိုလာလိမ့်မယ်”

ကျန်းယန် ပိုပြီးရင်စိတ်ရှုပ်သွားခဲ့ရသည်။ ဂိုဏ်းကျင့်စဉ်များနှင့်ပတ်သက်ပြီး ဘာများမှားနေပါသနည်း။

ဂိုဏ်းက ထိုလူများကို ကျင့်စဉ်များ ကျင့်ကြံခွင့်ပေးဖို့ တွန့်တိုနေခြင်းပေလော။

ဆရာဦးလေး ၃ တန်ချန်ကျိသက်ပြင်းချလိုက်ကာ

“ကောင်လေး လူသားသဘာ၀ကရှုပ်ထွေးတယ် အဲ့ဒီလူ ၈၀ ကျော်ထဲမှာ အဇူရာတိမ်ဂိုဏ်းကို သစ္စာရှိတာ ဘယ်နှစ်ယောက်ပါမယ်လို့ မင်းဘယ်လိုသိနိုင်မှာလဲ

မင်းကို မေးမယ် နောက်ဆုံးရာစုနှစ်မှာ ငါတို့အဇူရာတိမ်ဂိုဏ်းက တပည့် ၃ ယောက်လက်ခံခဲ့တယ် မင်းအပြင်အခြား တပည့်၂ယောက်က ဘာဖြစ်သွားခဲ့ကြသလဲ”

ကျန်းယန် ကြောင်သွားခဲ့သည်။ သူထိုကိစ္စအပေါ် တစ်ခါမှ အာရုံမထားခဲ့မိပေ။ အကြီးအကဲများကလည်း တစ်ခါမှ ထုတ်မပြောခဲ့ဖူးပေ။

“လွန်ခဲ့တဲ့ နှစ်၁၀၀တုန်းက ငါတို့တပည့်၂ယောက်လက်ခံခဲ့တယ်”

ချင်းယွင်ကျိ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါတို့ သူတို့ကိုဂရုတစိုက်ပျိုးထောင်ပေးခဲ့ကြတယ် နောက်ပြီးသူတို့ကလည်းတကယ့်ပါရမီရှင်တွေဆိုတော့ အလျင်အမြန်ပဲ တိုးတက်လာခဲ့ကြတယ် နှစ်၂၀ ၃၀ အတွင်းမှာပဲ သူတို့က ဝိညာဉ်အခြေတည်အဆင့်ရောက်သွားကြလို့ ငါတို့ကိုလည်း အတော်လေး စိတ်ကျေနပ်စေခဲ့တယ်

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်၆၀တုန်းက သူတို့နှစ်ယောက် ဂိုဏ်းထဲက ထွက်သွားခဲ့ကြတယ်

ထွက်သွားရုံတင်မဟုတ်ဘူး ဂိုဏ်းရဲ့ကျင့်စဉ်တွေအများကြီးအပြင် အဖိုးတန် ရတနာ၂ခုကိုပါ ယူသွားခဲ့ကြတာ

အဲ့ဒီအချိန်ကတည်းက ငါတို့လည်း တပည့်ထပ်လက်ခံဖို့ တွန့်ဆုတ်နေခဲ့ကြတော့တာပဲ

ပြောရရင် အဇူရာတိမ်ဂိုဏ်းကဆင်းရဲပေမယ့် တပည့်နည်းနည်းလောက် လက်မခံနိုင်လောက်တဲ့ထိတော့ မဟုတ်ဘူး

လွန်ခဲ့တဲ့ ၁၀နှစ်က ငါတို့မင်းကိုသာမတွေ့ခဲ့ရင် ငါတို့မှာတပည့်ထပ်လက်ခံဖို့ အစီအစဉ်ရှိလာမှာ မဟုတ်ဘူး”

ချင်းယွင်ကျိ ပြောနေရင်း လွန်ခဲ့သောဆယ်နှစ်က ကျန်းယန်နှင့်တွေ့ခဲ့သောမြင်ကွင်းကို ပြန်မတွေးဘဲ မနေနိုင်ခဲ့ပေ။

ထိုအချိန်က ဂိုဏ်း၀င်စမ်းသပ်မှုတွင် သူတမင်တကာခက်ခဲလွန်းသောအရာများလုပ်ထားပြီး ဂိုဏ်းသားလက်မခံဖို့ကြိုးစားခဲ့ကာ နောက်ဆုံးတွင်တော့ ကျန်းယန်မှလွဲပြီး လူတိုင်းဘယ်သူမှ သူ့စမ်းသပ်ချက်ကို မကျော်နိုင်ခဲ့ပေ။

ကျန်းယန်ကသူ့ကိုလာစိန်ခေါ်နေသလို ဖြစ်နေသောကြောင့် နောက်ဆုံးတွင်တော့ သူကျန်းယန်ကို လက်ခံခဲ့လိုက်ရသည်။

ထို့ကြောင့် ပြောရမည်ဆိုလျှင် ကျန်းယန်ကိုဂိုဏ်းကလက်ခံခဲ့ခြင်းဆိုတာထက် ကျန်းယန်ကဂိုဏ်းထဲအတင်း၀င်ခဲ့ခြင်းလို့ ပြောရပေလိမ့်မည်။

ကျန်းယန်မျက်မှောင်ကြုံ့သွားမိ၏။ ဂိုဏ်းတွင်ထိုကဲ့သို့သော သမိုင်းမျိုးရှိနေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။

“ဘာလို့ အဲ့ဒီစီနီယာအစ်ကို၂ယောက်က ဒါမျိုးလုပ်ခဲ့ရတာလဲ”

ကျန်းယန် ပဟေဠိဖြစ်စွာ မေးလိုက်သည်။

ချင်းယွင်ကျိ ခေါင်းယမ်းကာ ခါးသက်စွာ ပြုံးလိုက်ပြီး

“အဇူရာတိမ်ဂိုဏ်းမှာ ရှည်လျားတဲ့သမိုင်းကြောင်းနဲ့နက်ရှိုင်းတဲ့အမွေအနှစ်ရှိတယ်ဆိုပေမယ့် ငါတို့က အခြားဂိုဏ်းကြီးတွေကိုတော့ မယှဉ်နိုင်ဘူး အခြားဂိုဏ်းကြီးတွေရဲ့ မက်လောက်စရာမက်လုံးတွေအ‌ဆုံးမှာတော့ သူတို့စိတ်ထဲမယ် အခြားရည်ရွယ်ချက်တွေ ရှိလာခဲ့ကြတယ်”

ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။

“ဒါဆိုသူတို့ကဂိုဏ်းရဲ့ သစ္စာဖောက်တွေပဲ ဆရာတို့က သူတို့ကို ဘာအပြစ်မှမပေးဘဲ ဒီတိုင်းဘဲလွှတ်ပေးလိုက်ရလား”

လင်းယွမ်ကျိ အမူအရာမဲ့စွာ ပြောလိုက်သည်။

“ငါတို့ သူတို့ကိုမနိုင်ဘူး!”

ကျန်းယန် တုန်လှုပ်သွားခဲ့၏။

“ကျွန်တော့် စီနီယာအစ်ကို ၂ ယောက်က ကျင့်ကြံခြင်းမှာ ဆရာတို့ထက် သာသွားလို့လား”

“မဟုတ်ဘူး သူတို့ကိုမက်လုံးပေးသွားတဲ့ဂိုဏ်း‌တွေကို ငါတို့မနိုင်တာ!” ချင်းယွမ်ကျိ အေးအေးဆေးဆေးပြောလိုက်သည်။

“အဲ့ဒီဂိုဏ်းတွေ…ငါတို့မှာသာ ဂိုဏ်းအကာအကွယ်၀င်္ကပါမရှိရင် ဟိုးအရင်ကတည်းက သူတို့ငါတို့ကို တိုက်ခိုက်ပြီးလောက်နေပြီ”

ကျန်းယန် ခပ်ဟဟရယ်မောလိုက်ကာ

“အဲ့ဒီဂိုဏ်းတွေရဲ့နာမည်ကဘာများလဲ ကျွန်တော့်ကျင့်ကြံခြင်းမြင့်လာတဲ့အခါ ကျွန်တော့်စီနီယာအစ်ကို ၂ ယောက်နဲ့ တွေ့ကိုတွေ့ရမယ်!”

“မင်းသူတို့နာမည်ကို သိဖို့မလိုဘူး အဲ့တာက လတ်တလောမင်းကိုင်တွယ်နိုင်တဲ့အရာမဟုတ်ဘူး!” ချင်းယွင်ကျိ ကျန်းယန် အနာဂတ်တွင် ပြဿနာမဖြစ်‌‌ေစရန် ပြတ်ပြတ်သားသားတားလိုက်လေသည်။

“ဆိုတော့ ငါတို့ဘာကြောင့်ဂိုဏ်းမှာတပည့်အများကြီး လက်မခံချင်သလဲ မင်းသိပြီပေါ့ တကယ်လို့ ဒီ၈၀ကျော်တဲ့ တပည့်တွေကသာ ပြဿနာရှာရင် ပြဿနာက အရင်ထက်တောင် ပိုကြီးသွားလိမ့်မယ်”

ကျန်းယန်တခဏတွေးတောပြီးနောက် ပြုံးလိုက်၏။

“ဆရာ ဦးလေးတို့ စိတ်မပူပါနဲ့ ကျွန်တော်အဲ့ဒီလိုအခြေအနေမျိုး အဖြစ်မခံပါဘူး

မနက်ဖြန်ကစပြီး သူတို့အတွက် အတွေးအခေါ်ဆိုင်ရာ လမ်းညွှန်ချက် ပို့ချပေးမယ်!”

All Chapters