← Chapters

လျှို့ဝှက်ဆန်းကြယ်ခြင်း

Vol. 157 Ch. 2225

လျှို့ဝှက်ဆန်းကြယ်ခြင်း

Vol. 157 Ch. 2225

အဆုံးမဲ့ ကြယ်ကောင်းကင်အထက်တွင် အခြား မဟာအင်ပါယာ၏ ပုံရိပ်များ အမှန်တကယ် ရှိနေပေသည်။

သို့သော် ဤမဟာအင်ပါယာများ၏ ပုံရိပ်များက စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်ကြောင့် မှေးမှိန်သွားရခြင်း ဖြစ်သည်။ ရီဖူရှင်းသည် သူ့ရှေ့မှ ရန်ဟောင် ပြောခဲ့သော စကားကို ပြန်စဥ်းစားလိုက်သည်။ ဒဏ္ဍာရီများသည် ယခင်နေ့ရက်များတွင် စီဝေ့မဟာအင်ပါယာက ဤကြယ်ကမ္ဘာအား အုပ်စိုးသည်ဟု ပြောခဲ့၏။ သူသည် 'စီဝေ့ကြယ်အရှင်' ဟုလည်း ကျော်ကြားသည်။ သူ့ လက်အောက်တွင်  အခြား မဟာအင်ပါယာအဆင့် ကျင့်ကြံသူများလည်း ရှိသေးသည်။ လက်ရှိတွင် စီဝေ့မဟာအင်ပါယာနှင့် အခြားမဟာအင်ပါယာများက ကျယ်ပြောသော ​ကြယ်ကောင်းကင်၌ ပုန်းကွယ်နေပေသည်။

ကြည့်ရသည်မှာ စီဝေ့မဟာအင်ပါယာ ဤကြယ်ကမ္ဘာအား ချိပ်ပိတ်ခဲ့စဥ်က ကျင့်ကြံရေးကြယ်အစုအဝေး၌ တစ်စုံတစ်ခု ချန်ရစ်ခဲ့သည်မှာ သူတစ်ယောက်တည်း မဟုတ်ပုံရလေသည်။ သူ့လက်အောက်မှ အခြားသော မဟာအင်ပါယာများကလည်း သူတို့၏ စွမ်းအားများကို ဆက်ခံနိုင်ရန် ချန်ရစ်ထားခဲ့ကြပေသည်။ သူတို့က ထိုသို့ လုပ်ဆောင်ပြီးမှသာလျှင် ကြယ်ကမ္ဘာမှ ထွက်ခွာကာ ကောင်းကင်လမ်းစဥ်စစ်ပွဲ၌ ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

ဆိုလိုသ​ည်မှာ ယခု စွမ်းအားကို ခံစားမိသည့် ကျင့်ကြံသူနှစ်ယောက်က မဟာအင်ပါယာများ၏ စွမ်းအားကို ခံစားမိကြခြင်း ဖြစ်ပေသည်။ ကြယ်ရောင်က သူတို့အပေါ် ကျဆင်းလာနေပြီး ယခု သူတို့က မဟာအင်ပါယာများ၏ စွမ်းအားကို ဆက်ခံနေခြင်း ဖြစ်သည်။

ရီဖူရှင်းသည် ရုတ်တရက် သူတို့က သူမြင်သလို မြင်ခဲ့လား မမြင်ခဲ့လား သိချင်နေပေသည်။ မဟုတ်လျှင် သူတို့က မတော်တဆ အခွင့်အရေးရ၍ ကြယ်များနှင့် ပေါင်းစည်းခဲ့သည်လား။

သူက အဖြေကို မသိဘဲ ထိုကျင့်ကြံသူနှစ်ယောက်သာလျှင် သိရှိပေလိမ့်မည်။

သို့သော် ဤလျှို့ဝှက်ချက်အား ရှာဖွေတွေ့ရှိမှုသာ် လျှို့ဝှက်ဆန်းကြယ်သော ကြယ်ကောင်းကင်အား နားလည်သဘောပေါက်ခြင်းအတွက် အရေးကြီးပေသည်။

ရီဖူရှင်း၏ ပုံရိပ်က ကျင့်ကြံသူနှစ်ယောက်ထဲမှ တစ်ယောင် ကျင့်ကြံနေရာသို့ ရောက်ရှိသွားသည်။ ထို့နောက် ယခင်ကကဲ့သို့ သူ၏ စိတ်ဝိညာဥ်က သူ့ခန္ဓာကိုယ်မှ ထွက်ကာ အဆုံးမဲ့ ကြယ်ကောင်းကင်၌ မျောလွင့်နေခဲ့သည်။ သူက ကျင့်ကြံသူပေါ်တွင် တောက်ပနေသော အလင်းများ ဖြာကျနေသည့် ကြယ်ကို ကြည့်လိုက်သည်။ ထင်ထားသလိုပင် သူက နတ်ဘုရားပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ အလင်းများဖြာကျနေသည့် ကြယ်တွင် နတ်ရောင်ဝါနှင့် ဆင်တူသည့် ပြိုင်ဘက်ကင်း စွမ်းအားတို့ ပါဝင်နေသည်။ ထိုကြယ်က အင်ပါယာကြယ်တစ်ခုပေလား။

ဤအဆုံးမဲ့ ကြယ်ကောင်းကင်၌ အင်ပါယာကြယ်များ မည်မျှ များများ ရှိသနည်း။

သူ၏ စိတ်ဝိညာဥ်က အခြားနေရာများကို လှည့်လည်သွားလာနေကာ ထူးချွန်သော ရန်ဟောင်နှစ်ယောက်ကို ဆက်လက် စူးစမ်းလေ့လာနေခြင်း မရှိတော့ပေ။ သူတို့က အင်ပါယာကြယ်၏ တည်ရှိမှုကို ခံစားနိုင်ပြီး မဟာအင်ပါယာ၏ သင်ကြားပေးမှုအား ရယူနိုင်ပေသည်။ သူတို့သည် သေချာပေါက် အထွတ်အထိပ်၌ ရပ်တည်နိုင်သည့် မကောင်းဆိုးဝါးသဖွယ် ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များဖြစ်သည်။

...

ဘုံအသီးသီးမှ အစွမ်းထက်ဆုံး ကျင့်ကြံသူများက ဤနေရာ၌ စုစည်းနေသော်လည်း ထိုရန်ဟောင်နှစ်ယောက်ကဲ့သို့ ပုဂ္ဂိုလ်မျိုးက လက်တစ်ဆုပ်စာသာလျှင် ရှိပေသည်။

ကြယ်ကောင်းကင်အောက်ခြေသို့ ပြန်ရောက်သည့်အခါ ရီဖူရှင်းက တင်ပျဥ်ခွေ ထိုင်ချလိုက်သည်။ သူသည် ကောင်းကင်ထက်မှ လာသော ကောင်းကင်စွမ်းအားကို ခံစားမိပေသည်။ သူ၏ အမူအရာက တင်းမာလာသည်။ ၎င်းသည် အင်ပါယာကြယ်တစ်ခု၏ တည်ရှိမှုကို ခံစားနိုင်ရန်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

သူသည် ကြယ်ကောင်းကင်အတွင်းမှ အခြားသော အင်ပါယာကြယ်များကို ရှာဖွေချင်နေသည်။ ယခု ရီဖူရှင်းသည် ထိုအင်ပါယာကြယ်များက စီဝေ့မဟာအင်ပါယာ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်ရန်က အရေးကြီးသည်ဟု ယူဆမိပေသည်။ သူက ဤအင်ပါယာကြယ်များကို ရှာဖွေရန် လုပ်ဆောင်နိုင်လျှင် စီဝေ့မဟာအင်ပါယာ အုပ်စိုးခဲ့သော ဤကြယ်ကမ္ဘာ၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။

နတ်အလင်းတန်းများက ရီဖူရှင်းကို ဝန်းရံနေခဲ့သည်။ သူ၏ စိတ်ဝိညာဥ်က သူ့ခန္ဓာကိုယ်မှ ထွက်ခွာကာ မဟာလမ်းစဥ်နတ်အလင်းတို့ဖြင့် လွှမ်းခြုံခံထားရပေသည်။ မဟာအင်ပါယာ၏ နတ်ရောင်ဝါက ခပ်ဖျော့ဖျော့ ဖြာထွက်နေခဲ့သည်။ ၎င်းက တောက်ပနေ၏။ သူ၏ စိတ်ဝိညာဥ်က အဆုံးမဲ့ ကြယ်ကောင်းကင်တွင် လှည့်လည်သွားလာနေသည်။

ရီဖူရှင်း၏ စိတ်ဝိညာဥ်က နေရာတစ်ခုသို့ ရောက်သောအခါ သူက ရပ်တန့်လိုက်ပြီး နတ်အလင်းများ ဝန်းရံထားသည့် သူ၏ နတ်အာရုံက ကြယ်ကောင်းကင်ကို စူးစမ်းလေ့လာကြည့်လိုက်သည်။ မကြာခင်၌ ရီဖူရှင်းသည် ကြယ်ကောင်းကင်တွင် အပြည့်အဝ နစ်မြုပ်သွားသလို ထင်မှတ်ရပေသည်။ သူက အရာအားလုံးကို မေ့ပျောက်သွားခဲ့သည်။ သူသည် ကြယ်ကောင်းကင်ကို အပြည့်အဝ အာရုံခံနိုင်ရန် ကြိုးစားနေသည်။ ၎င်းက ကျယ်ပြောကာ ခမ်းနားထည်ဝါပြီး တည်ဆိတ်ငြိမ်သက်သည့် စွန့်ပစ်နယ်မြေတစ်ခု ဖြစ်သည်။

မရေတွက်နိုင်သော ကြယ်များက ကြယ်ကောင်းကင်အတွင်း လင်းလက်နေကြသည်။ ရီဖူရှင်း၏ အသိစိတ်က အများစုကို ဖြတ်ကျော်သွားခဲ့သည်။ ကောင်းကင်၌ မရေတွက်နိုင်သော ကြယ်များစွာ ရှိနေသည်။ သူတို့ကြား၌ အင်ပါယာကြယ်များ၏ တည်ရှိမှုကို ရှာဖွေရန် ကြိုးစားနေခြင်းမှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသကဲ့သို့ ထင်မှတ်ရပေသည်။ ၎င်းက ခက်ခဲသော တာဝန်တစ်ခု ဖြစ်နေသည်။

သို့သော် ရီဖူရှင်းသည် လခု အခြားကျင့်ကြံသူနှစ်ဦး လေ့လာနေသည့်အခါ၌ ပုံစံတစ်ခုကို သတိပြုမိပေသည်။ အင်ပါယာကြယ်တစ်ခုချင်းစီ၌ ပုံသဏ္ဌာန်တစ်ခုဖြစ်တည်နေသည့် အစိတ်အပိုင်း အသေးတစ်ခုစီဖြင့် ဝန်းရံထားသည်။ ပုံရိပ်များသည် စီဝေ့မဟာအင်ပါယာနှင့် ဆင်တူပေသည်။ ရီဖူရှင်းက ဤအဆုံးမဲ့ကြယ်များ အလယ်မှ နောက်ထပ် ပုံရိပ်တစ်ခု၏ တည်နေရာကို ရှာတွေ့နိုင်လျှင် သူက နောက်ထပ် အင်ပါယာကြယ်တစ်ခုကို ရှာဖွေတွေ့ရှိနိုင်စွမ်း ရှိပေလိမ့်မည်။

သို့သော် ဤကျယ်ပြောလှသော ကြယ်ကောင်းကင်၌ ပုံရိပ်၏ တည်နေရာကို ရှာဖွေရန်မှာ ခက်ခဲလှသော တာဝန်တစ်ခုပင် ဖြစ်​လေသည်။

အခြားရန်ဟောင်နှစ်ယောက်က မည်သို့ လုပ်ဆောင်နိုင်ရသနည်း။

ရီဖူရှင်းအပြင် ကျင့်ကြံသူအများအပြားသည် ဤကြယ်ကောင်းကင် ကျင့်ကြံရေးနယ်မြေအတွင်း ပိုမိုမြင့်မားသော ကောင်းကင်သို့ တက်လာခဲ့ကြသည်။ သူတို့အားလုံးက ကျင့်ကြံသူနှစ်ဦး ကြယ်အလင်းရောင်ကို လက်ခံရရှိပြီး အောင်မြင်ခဲ့သည်ကို ​မျက်မြင်တွေ့ခဲ့ရပြီးနောက် ဤကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်ကို ရှာဖွေရန် စိတ်အားထက်သန်နေကြသည်။ သို့သော် ထိုနေရာ၌ ကျင့်ကြံသူများစွာ ရှိနေကြလျှင်ပင် သူတို့က ဤနေရာ၌ အလွန် သေးနုပ်နေကြပုံပေါ်ပေသည်။ သူတို့က မတူညီသော နေရာများ၌ ပြန့်ကျဲနေကြပြီး သူတို့၏ တည်ရှိမှုက အရေးမပါသယောင် ထင်မှတ်ရသည်။ သူတို့က သမုဒ္ဒရာထဲမှ ပဲစေ့များအသွင် ဖြစ်နေသည်။

ထို့ပြင် အခြားကျင့်ကြံသူနှစ်ဦး လုပ်ခဲ့သလို ကောင်းကင်ရှိ ကြယ်များနှင့် ဆက်သွယ်ရန်မှာ ကျင့်ကြံသူများအတွက် စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လူတိုင်း လူတိုင်းက ကြိုးစားကြည့်ချင်နေကြပေသည်။

နေ့နှင့်ည ပိုင်းခြားခြင်းက ဤနေရာတွင် မတည်ရှိပေ။ မည်သူကမှ အချိန်များ ကုန်ဆုံးလာသည်ကို အာရုံမစိုက်နိုင်ခဲ့ချေ။ မည်သူမှ သတိမပြုမိဘဲနှင့် နောက်တစ်ရက် ကုန်ဆုံးသွားခဲ့ပေသည်။ ရီဖူရှင်း၏ စိတ်ဝိညာဥ်က ကြယ်ကောင်းကင်ကို စူးစမ်းလေ့လာနေဆဲ ရှိသေးသည်။ သူသည် လူသားပုဂ္ဂိုလ်တစ်ဦး၏ ပုံရိပ်သဏ္ဌာန်ဖြစ်တည်နေသော သေးငယ်သည့် အစိတ်အပိုင်းတစ်ခုကို ရှာဖွေစစ်ဆေးကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံး၌ သူက နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤနေရာအတွင်းမှ ကြယ်အချို့က စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်တစ်စိတ်တစ်ပိုင်းမှ ဖြစ်တည်လာခြင်း ဖြစ်ပေသည်။ သို့သော် သူက ဤနေရာရှိ ကြယ်များကို ကြည့်လိုက်သောအခါ သူက နောက်ထပ် ပုံရိပ်တစ်ခုအား ခပ်ရေးရေးခံစားမိပေသည်။ ကြယ်များဖြင့် အကြမ်းဖျင်း ဖွဲ့စည်းထားသည့် ပုံရိပ်ဖြစ်လျှင်ပင် ရီဖူရှင်းက ၎င်းမှ ထုတ်လွှတ်နေသော တည်ငြိမ်သည့် စွမ်းအားတို့ကို ခံစားမိနိုင်ပေသည်။ ရီဖူရှင်း၏ စိတ်ထဲတွင် ခမ်းနားထည်ဝါသည့် အရှိန်အဝါရှိသော မျက်နှာတစ်ခု ပေါ်ပေါက်လာသည်။

"ဒီပုဂ္ဂိုလ်က စီဝေ့ကြယ်ကမ္ဘာကို အုပ်စိုးခဲ့တဲ့ မဟာအင်ပါယာဖြစ်နိုင်လား" ဟု ရီဖူရှင်းက တွေးလိုက်မိသည်။ ထိုမျှ အချိန်များစွာ ကြာပြီးနောက် ရီဖူရှင်းသည် နောက်ဆုံးတွင် ပုံရိပ်ကို ဖော်ထုတ်နိုင်ခဲ့သောအခါ ရှာဖွေတွေ့ရှိမှုကြောင့် ထိုအောင်မြင်ခဲ့သော ကျင့်ကြံသူနှစ်ယောက်ကို ပို၍ပင် လေးစားလာမိပေသည်။ မဟာအင်ပါယာ၏ ပုံရိပ်များကို ရှာဖွေတွေ့ရှိသည့် သူတို့ အောင်မြင်မှုက အခြားလူများအတွက် အုတ်မြစ်ဖြစ်လာပေသည်။ ဤသည်မှာ ရီဖူရှင်းကို လောကထဲ၌ ပါရမီရှိသူများစွာ ရှိကြောင်း သတိပြုမိစေသည်။ အများစုသည် ရီဖူရှင်းကဲ့သို့ ထူးခြားပေသည်။

မဟာအင်ပါယာ၏ ပုံရိပ်ကို ရှာဖွေတွေ့ရှိပြီးနောက် နောက်ခြေလှမ်းမှာ အင်ပါယာကြယ်၏ တည်နေရာကို ရှာဖွေခြင်း ဖြစ်သည်။

ရီဖူရှင်း၏ ယခင် စူးစမ်းလေ့လာမှုကို အ​ခြေခံလျှင် အင်ပါယာကြယ်က မဟာအင်ပါယာ၏ ပုံရိပ်အတွင်း ရှိသင့်ပေသည်။ ထို့ကြောင့် ဤနေရာတစ်ဝိုက်တွင် ရှိပေလိမ့်မည်။

ရီဖူရှင်း၏ သိစိတ်အာရုံက ကြယ်များထဲမှ တစ်ခုချင်းစီ လှည့်လည်သွားလာနေသည်။ ထို့နောက် သူက နောက်ထပ် ကြယ်တစ်ခုသို့ ပြောင်းရွှေ့သွားသည်။ တူညီစွာပင် သူက မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ ဤကြယ်သည် သူ ယခင်က အာရုံခံမိသော ကြယ်များနှင့် အလားတူပေသည်။ ၎င်းတို့အားလုံးက မဟာအင်ပါယာ ချန်ရစ်ထားခဲ့သည့် လမ်းစဥ် ဖြစ်စေ မည်သည့် လူသားအငွေ့အသက်များဖြစ်စေ လုံးဝအစအနမရှိသော စွန့်ပစ်ကြယ်များ ဖြစ်သည်။

ရီဖူရှင်းက တစ်ခါပြီးတစ်ခါ ကြိုးစားကြည့်နေသည်။ သို့သော် သူ၏ ကြိုးစားမှုက ကျရှုံးခြင်းနှင့်သာ ရင်ဆိုင်နေရသည်။ အချိန်အတော်ကြာပြီးနောက် သူသည် ဤနေရာရှိ ကြယ်များအားလုံးကို သွားခဲ့သော်လည်း ရလဒ်က ကျရှုံးခြင်းသာ ဖြစ်နေဆဲပင်။ သူက မည်သည့်အရာမှ ရှာမတွေ့ခဲ့ပေ။

လေထဲတွင် မျောလွင့်နေသော ရီဖူရှင်းက ဗလာဖြစ်နေသည့် အမူအရာနှင့် ကြယ်ကောင်းကင်သို့ ငေးကြည့်နေခဲ့သည်။

ဤနေရာ၌ အင်ပါယာကြယ်မရှိပေ။

ဤသည်က မည်သို့ ဖြစ်နိုင်ပါမည်နည်း။

တစ်ခုခု မှားယွင်းနေသည်လား။

ယခင်က သူသည် အခြားကျင့်ကြံသူနှစ်​ယောက်နှင့် လိုက်လျောညီထွေ ဖြစ်နေသည့် အင်ပါယာကြယ်များကို စူးစမ်းလေ့လာခဲ့သည်။ အမှန်တွင် သူက မှန်ကန်သော လမ်းကြောင်းပေါ်၌ ရှိနေသင့်ပေသည်။ သို့သော် အမှန်တရားက သူ၏ မျက်လုံးရှေ့၌ ရှိနေ၏။ သူက ကျရှုံးခဲ့ပေသည်။ ဤနယ်​မြေအတွင်းရှိ မည်သည့် ကြယ်ကမှ သူ ရှာနေသည့် တစ်ခု မဟုတ်ပေ။ ၎င်းသည် အင်ပါယာကြယ်က မတည်ရှိသကဲ့သို့ ထင်မှတ်ရပေသည်။

တိတိကျကျ မည်သည့်အရာက မှားယွင်းနေသနည်း။ ရီဖူရှင်းက တွေးလိုက်သည်။ သူက ပဟေဠိဖြစ်နေခဲ့ပေသည်။ သူသည် မည်သည့်က မှားယွင်းနေသည်ကို နားမလည်နိုင်ပေ။

ပုန်းကွယ်နေသော ကြယ်တစ်ပွင့်များ ရှိနေသည်လား။

ရီဖူရှင်းက သူ မြင်တွေ့ခဲ့ရသော အခြေအနေကို ပြန်စဥ်းစားလိုက်သည်။ အကယ်၍ ပုန်းကွယ်နေသော ကြယ်တစ်ခု ရှိနေပါလျှင် သူက ၎င်း၏ တည်ရှိမှုကို ဖော်ထုတ်ရန် မည်သို့ လုပ်ဆောင်နိုင်မည်နည်း။

ရီဖူရှင်းက ရန်ဟောင်နှစ်ယောက်အား ကြည့်လိုက်သည်။ အဝေးတွင်ကြယ်အလင်းတန်းနှစ်ခုက သူတို့အပေါ်တွင် ဖြာကျကာ တောက်ပနေခဲ့သည်။ ၎င်းမှာ ကြယ်အလင်းများက ထာဝရတောက်ပနေသလိုပင် ထင်မှတ်ရပေသည်။ ထို့ပြင် ထိုရန်ဟောင်တစ်ပါးချင်းစီ ကျင့်ကြံသော လမ်းစဥ်နှင့် ကိုက်ညီသည့် ကြယ်စင်နတ်စွမ်းအားက သူတို့ပေါ် ဖြာကျနေခဲ့သည်။ ဆိုလိုသည်မှာ ကျင့်ကြံသူ၏ လမ်းစဥ်နှင့် ထိုကြယ်၏ လမ်းစဥ်က သဟဇာတဖြစ်နေသည်ဟုပင် ဖြစ်သည်။

ရီဖူရှင်းက ၎င်းကို တွေးလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်အတွင်း မဟာလမ်းစဥ်နတ်အလင်းတို့ လှည့်ပတ်လာ၏။ သူ၏ သက်စောင့်ဟော်နန်းအတွင်းရှိ ကမ္ဘာ့သစ်ပင်မှ ဆူညံသံများ ထွက်ပေါ်လာသည်။ ချက်ချင်းပင် ရှေးဟောင်းသစ်ပင် သွေးကြောများက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလာပြီး နတ်ရောင်ဝါတို့အား ထုတ်လွှတ်လာသည်။ တစ်ချိန်တည်းတွင် မရေတွက်နိုင်သော စွမ်းအားများက ရီဖူရှင်း၏ မဟာလမ်းစဥ် ခန္ဓာကိုယ်ပေါ်၌ ပေါ်ပေါက်လာပေသည်။ သူ့အနောက်တွင် နေမင်းနှင့် လမင်းတို့က တောက်ပနေပြီး ကြယ်များဖြင့် ဝန်းရံထားသည်။ အသင်္ချေနတ်သဘာဝဖြစ်စဥ်တို့က သူ၏ ခန္ဓာကိုယ်မှ တပြိုင်နက်တည်း ထွက်ပေါ်လာနေ၏။ သူ့ သိစိတ်အာရုံက ထိုနေရာအတွင်း တည်မြဲနေခဲ့သည်။ သူ၏ ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်ကို ခံစားမိပေသည်။

တခဏကြာပြီးနောက် တောက်ပသည့် ကြယ်အလင်းက တစ်နေရာမှ ဖြေးညင်းစွာ လင်းလက်လာသည်။ ၎င်းက ကြယ်ကောင်းကင်၏ လေဟာနယ်၌ ရုတ်တရက် ထွက်ပေါ်လာသလို ထင်မှတ်ရသည်။

ဘုန်း...

ရီဖူရှင်း၏ နတ်အာရုံက ကြယ်အလင်းရောင် ရှိရာသို့ ခုန်ဝင်သွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ​တောက်ပနေပြီး သူ့အနီးတွင် ဝန်းရံနေသည့် နတ်အလင်းများက ပို၍ပင် တောက်ပနေခဲ့သည်။ သူသည် ယခု ကြယ်ကို ရှင်းလင်းစွာ အာရုံခံနိုင်ပြီ ဖြစ်၏။ ကြယ်က တောက်ပသည်ထက် တောက်ပလာပြီး ၎င်းမှ စွမ်းအားတစ်ခု မွေးဖွားလာပုံရသည်။ ရီဖူရှင်းနှင့် ဆက်သွယ်နေသော စွမ်းအားက ကောင်းကင်ကို ဖြတ်သန်းကာ ၎င်းတို့နှစ်ခုက တသားတည်း ဖြစ်လာပုံရသည်။

သူ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်၏။

ရီဖူရှင်း၏ နှလုံးသားက ​ပြင်းထန်စွာ တုန်ယင်လာခဲ့သည်။ သူက အောင်မြင်ရန် ခြေတစ်လှမ်းအလို၌ ရောက်ရှိနေပြီ ဖြစ်သည်။ အင်ပါယာကြယ်က သူ့ကြောင့် ထွက်ပေါ်လာခဲ့ပြီ ဖြစ်လေသည်။

***

All Chapters