ဒေါသအမျက်ထွက်နေသော အယ်လန်
Vol. 65 Ch. 975
ဘီလ် ဂိတ်စ်နှင့် စတိဗ် ဖော်ဘီတို့သည် အတူတကွ ထွက်ခွာခဲ့ကြသည်။ ကားပေါ်တွင် ဘီလ် ဂိတ်စ်က ပြောသည်။ “စတိဗ်၊ ဖုန်းက ဒီလောက်တောင် ချမ်းသာနေမယ်လို့ မထင်ထားမိဘူး။ ရန်ပုံငွေ လုပ်ငန်းက ပိုအမြတ်ရတာ မှန်တာပဲ။ ငါ မိုက်ခရိုဆော့ဖ်ရှယ်ယာလေး နည်းနည်း ရောင်းပြီး ရန်ပုံငွေလုပ်ငန်းမှာ ပိုရင်းနှီးမြှုပ်နှံရမလား”
ဘီလ် ဂိတ်စ်၏ ပေါ့ပေါ့ပါးပါး အမူအရာကို မြင်ရသောအခါ စတိဗ်က မနေနိုင်ဘဲ ပြောလိုက်သည်။ “ဘီလ်၊ မင်းကို တစ်ခု ပြောပြချင်တာရှိတယ်။ ငါပြောတဲ့ ဖုန်းယွီရဲ့ တရုတ်ကုမ္ပဏီတွေရဲ့ တန်ဖိုးက မနှစ်ကအစပိုင်းက တန်ဖိုးတွေပဲ ရှိသေးတယ်။ ပြီးတော့ သူ ချေးယူခဲ့တဲ့ ပမာဏနဲ့ပဲ တွက်ထားတာ။ မင်းကုမ္ပဏီက တစ်နှစ်အတွင်း အဲ့လောက်တောင် တန်ဖိုးတက်လာသေးတာပဲ၊ သူ့ဟာ မတက်နိုင်ဘူးလား။ ပြီးတော့ ချေးငွေက တကယ့်တန်ဖိုးထက် အမြဲနိမ့်တယ်။ ငါ့ခန့်မှန်းချက်အရ သူ့ရဲ့ ပြည်တွင်းပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ဘီလီယံ ငါးဆယ်ကျော် ရှိလိမ့်မယ်”
ဘီလ် ဂိတ်စ်သည် အံ့အားသင့်သွားပြီး မေးသည်။ “မင်းပြောတာက သူ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ဘီလီယံသုံးဆယ် ရှိနေပြီလို့လား”
“ဘီလ်၊ မင်းက အခြေအနေကို သေသေချာချာ နားမလည်သေးဘူး။ ဟောင်ကောင်မှာရှိတဲ့ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှာ အမြတ် ဘီလီယံ တစ်ရာ့ငါးဆယ်ပဲ ရှိတာလား။ သူ့ရဲ့ မူလရင်းနှီးငွေရော။ တကယ်တမ်း ချေးငွေတွေပဲ ရှိတာလား။ အဲ့ဒါက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဆိုတာ မမေ့နဲ့။ သူများရဲ့ ရန်ပုံငွေတွေကို စုဆောင်းပြီး ရင်းနှီးမြှုပ်နှံကာ ဝန်ဆောင်ခ ရယူနိုင်တယ်။ သူပြောတာက သူ့အမြတ်ဟာ ဘီလီယံ တစ်ရာ့ငါးဆယ်ကျော်တယ်ဆိုတာပဲ။ ဘယ်လောက် ပိုများတယ်ဆိုတာ ငါတို့ မသိနိုင်ဘူး။ ဝန်ဆောင်ခတွေကို ထပ်ပေါင်းရင်ရော။ စဉ်းစားကြည့်ပါ၊ သူ့မှာ အရင်တုန်းက ပိုင်ဆိုင်မှု ဘယ်လောက်ပဲ ရှိခဲ့လို့လဲ၊ ဘီလီယံ တစ်ဆယ်တောင် မရှိခဲ့ဘူး။ ဒါဆို သူ့ရဲ့ အမြတ်နှုန်းက ဘယ်လောက် မြင့်မားနေမလဲ။ ဝန်ဆောင်ခတွေက နည်းပါးနိုင်မလား”
စတိဗ်သည် ခေါင်းခါလိုက်သည်။ ဘီလ် ဂိတ်စ်သည် ဆော့ဖ်ဝဲလ် သုတေသနတွင် ပါရမီထူးခြားသူ ဖြစ်သည်မှာ မှန်သော်လည်း ရင်းနှီးမြှုပ်နှံမှုတွင်မူ သာမန်သာ ရှိသည်။ သူသည် ဖုန်းယွီ၏ ပိုင်ဆိုင်မှုမှာ အပေါ်ယံတွင် မြင်ရသည်ထက် ပိုမိုများပြားသည်ကို မသိခဲ့ပေ။
“မင်းပြောတာက သူ့ရဲ့ တကယ့်ပိုင်ဆိုင်မှုက ငါ့ထက်တောင် ကျော်လွန်သွားနိုင်တယ်လို့လား”
ဘီလ် ဂိတ်စ်၏ လက်ရှိပိုင်ဆိုင်မှုသည် အမေရိကန်ဒေါ်လာ ဘီလီယံသုံးရာ့လေးဆယ်ခန့်ရှိပြီး၊ အများစုမှာ မိုက်ခရိုဆော့ဖ်ရှယ်ယာများ ဖြစ်သည်။ ထို့အပြင် အခြားကုမ္ပဏီများ၏ ရှယ်ယာများ၊ အိမ်ခြံမြေ၊ လေယာဉ်များ၊ ရှေးဟောင်းပစ္စည်းများ အစရှိသည့် ရင်းနှီးမြှုပ်နှံမှုများလည်း ရှိသည်။
“ငါ မသိဘူး။ ဒါပေမဲ့ မကျော်ရင်တောင် သိပ်ကွာခြားမှာ မဟုတ်ဘူး။ ဖုန်းက ရုရှားနဲ့ ကုန်သွယ်မှုတွေ မကြာခဏ လုပ်တယ်။ ရုရှားမှာ သူ ရင်းနှီးမြှုပ်နှံမှုတွေ မရှိဘူးလို့ မင်းထင်လား။ ငါတို့ စာရင်းပြုစုထားတဲ့ တရုတ်ပြည်က ရင်းနှီးမြှုပ်နှံမှုတွေက အားလုံးပဲလား။ နှစ်နှစ်လောက်ကြာရင် ကမ္ဘာ့အချမ်းသာဆုံးနေရာဟာ မင်းရဲ့နေရာ ဖြစ်ချင်မှ ဖြစ်တော့မယ်”
ကမ္ဘာ့အချမ်းသာဆုံး ဘွဲ့ကို လက်လွှတ်ပေးရမည် ဟုတ်လား။ ဤသို့ဆိုလျှင် မာနကြီးသော ဘီလ် ဂိတ်စ် မည်သို့ လက်ခံနိုင်မည်နည်း။ သို့သော် စတိဗ်သည် ယခုနှစ်တွင် လည်ပတ်မှုစနစ်အသစ် ဈေးကွက်တင်ပြီးနောက်တွင် မိုက်ခရိုဆော့ဖ်၏ အမြတ်အစွန်းများ ထပ်မံတိုးတက်လာပြီး၊ ရှယ်ယာများလည်း တက်လာကာ သူ၏ ပိုင်ဆိုင်မှုများ ထပ်မံတိုးလာမည်ကို မသိနိုင်ချေ။
ကမ္ဘာ့အချမ်းသာဆုံးနေရာကို သူ လုံးဝ လက်လွှတ်မည်မဟုတ်ပေ။
…
နယူးယောက်တွင် အကျိုးဆောင်အချို့ကို ရှယ်ယာအချို့ ရင်းနှီးမြှုပ်နှံခိုင်းပြီးနောက် ဖုန်းယွီသည် ဝါရှင်တန်ရှိ သူ၏အိမ်သို့ လေယာဉ်ဖြင့် ပြန်လာခဲ့သည်။
bossသည် ဖုန်းယွီကို တွေ့သောအခါ ပျော်ရွှင်စွာဖြင့် ပြေးလာသည်။ သူ နောက်ဆုံးအိမ်ပြန်လာသည်မှာ လအနည်းငယ်ကြာခဲ့ပြီဖြစ်သည်။ သို့သော် ခွေးများသည် သစ္စာရှိသည်၊ အချိန်ကြာမြင့်စွာ မတွေ့ရသော်လည်း ဖုန်းယွီကို သူ၏သခင်အဖြစ် ဆက်လက်မှတ်ယူနေသည်။(bossကခွေးနာမည်ပါ)
“ဆရာဖုန်း ပြန်လာပြီ။ ထမင်း ချက်ချင်းရပါပြီ” ဥယျာဉ်မှူး လူအိုကြီးထျန့်သည် ရေကူးကန်ကို ရေအသစ်လဲနေခြင်းကို အခုမှ ပြီးသည်။
“အင်း၊ ကျွန်တော် bossနဲ့ လမ်းလျှောက် ထွက်လိုက်ဦးမယ်”
“သူ အခု လူးလိမ့်တတ်နေပြီ။ ဆရာက လက်ဟန်ပြလိုက်ရုံနဲ့ သူ နားလည်တယ်”
ဟမ်၊ အရည်အချင်းအသစ်တွေ သင်ထားတယ်ပေါ့။ ဖုန်းယွီသည် အလွန်ဝမ်းသာနေသည်။ bossကို မှောက်အိပ်ရန် အမိန့်ပေးရာ bossသည် သူ့ရှေ့တွင် မှောက်အိပ်လိုက်သည်။ ထို့နောက် လက်ဖြင့် စက်ဝိုင်းပုံခြစ်ပြရာ bossသည် တကယ်ပင် တစ်ပတ် လှိမ့်လိုက်သည်။
ဟဲဟဲ၊ အတော်လေး ပျော်စရာကောင်းသား။ ဖုန်းယွီသည် စိတ်လှုပ်ရှားစွာဖြင့် နောက်ထပ်စက်ဝိုင်းတစ်ခု ထပ်ခြစ်ရာ bossသည် နောက်တစ်ပတ် ထပ်လှိမ့်သည်။ နောက်ထပ် စက်ဝိုင်းတစ်ခု ထပ်ခြစ်ရာ ထပ်လှိမ့်ပြန်သည်။ နောက်တစ်ခါ ထပ်ခြစ်... ချီး၊ bossရေကူးကန်ထဲ ကျသွားပြီ!
ဖုန်းယွီသည် bossကို ချက်ချင်း ဆွဲတင်ပြီး ရေချိုး၍ အခြောက်ခံရန် လူအိုထျန့်ကို ခေါ်လိုက်သည်။ bossသည် ဖုန်းယွီကို ကြည့်နေသော မျက်လုံးများက နာကြည်းနေသည့်အလားရှိသည်။ လူအိုထျန့် ခေါ်ဆောင်သွားသောအခါ အမြီးကို ပေါင်ကြားထည့်၍ လိုက်သွားသည်။
ထမင်းစားပြီးနောက် ဖုန်းယွီသည် ခဏနားပြီးနောက် မိုက်ခရိုဆော့ဖ်သို့ ကားမောင်းရန် ယာဉ်မောင်းအား ပြောလိုက်သည်။ သူ ထပ်မသွားပါက ဘီလ် ဂိတ်စ်လည်း အလွန် အခက်တွေ့ပေလိမ့်မည်။
…
ပေါလ် အယ်လန်သည် သူ၏ မိုက်ခရိုဆော့ဖ်ရုံးခန်းတွင် ထိုင်ကာ ပြီးခဲ့သည့်နေ့ကမှ ထွက်ရှိလာသော ဖော်ဘီမဂ္ဂဇင်းကို ကြည့်နေသည်။ ထိုမဂ္ဂဇင်းတွင် ကမ္ဘာ့အချမ်းသာဆုံးစာရင်း ပါဝင်သည်။
နံပါတ်တစ်နေရာသည် ဘီလ် ဂိတ်စ်ဖြစ်သည်၊ ဤအရာကို သံသယမရှိပေ။ သို့သော် ဒုတိယနေရာမှ နာမည်က ပေါလ် အယ်လန်၏ နဖူးမှ အကြောများ တောင်တင်းသွားစေသည်။
ယွီဖုန်း နိုင်ငံသားမှာ တရုတ်ဖြစ်ပြီး ပိုင်ဆိုင်မှုက ဒေါ်လာ ဘီလီယံ နှစ်ရာ့ရှစ်ဆယ်!
ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ထိုဖုန်းယွီက ဘယ်လို ဒီလောက် ပိုက်ဆံတွေ ရှိနေရတာလဲ။ စတိဗ် ဖော်ဘီ သေချာပေါက် စာရင်း မှားနေတာပဲ။
သူသည် ဖုန်းယွီ၏ နာမည်နောက်မှ လုပ်ငန်းနယ်ပယ်များကို ကြည့်လိုက်သည်။ ငွေကြေး၊ ဆော့ဖ်ဝဲလ်၊ အီလက်ထရွန်နစ်၊ လက်လီရောင်းချမှု၊ အစားအသောက်၊ ကွန်ပျူတာ၊ အိမ်ခြံမြေ အစရှိသဖြင့်။ ဒီဖုန်းယွီက ဒီလောက်တောင် လုပ်ငန်းနယ်ပယ်တွေ ကျယ်ပြန့်နေတာလား။
ခဏလေး၊ ငွေကြေးက ဆော့ဖ်ဝဲလ်ထက် ရှေ့မှာ ရှိနေတာ။ မိုက်ခရိုဆော့ဖ်ရဲ့ ရှယ်ယာတွေကိုပါ ငွေကြေးရင်းနှီးမြှုပ်နှံမှုအဖြစ် ထည့်တွက်ထားတာလား။
ကွန်ပျူတာ၊ အီလက်ထရွန်းနစ်နှင့် အိမ်ခြံမြေတို့တွင် ဖုန်းယွီ ပါဝင်ပတ်သက်နေကြောင်း ပေါလ် အယ်လန် သိသည်။ သို့သော် လက်လီနှင့် အစားအသောက်လုပ်ငန်းက ကွန်ပျူတာထက် ရှေ့မှာ ရှိနေတာက ဖုန်းယွီရဲ့ လက်လီနှင့် အစားအသောက် ရင်းနှီးမြှုပ်နှံမှုတွေရဲ့ တန်ဖိုးက ကွန်ပျူတာလုပ်ငန်းထက် ကျော်နေတာလား။
ဖုန်းယွီက တရုတ်ရဲ့ လျန်ရှန်း (Lenovo) မှာ ရှယ်ယာရှင်မဟုတ်လား။ အဲ့ဒါ တရုတ်ရဲ့ အကြီးဆုံး ကွန်ပျူတာ ထုတ်လုပ်ရောင်းချသူပဲလေ။ တရုတ်ရဲ့ ကွန်ပျူတာ အရောင်းစာရင်းမှာ သုံးနှစ်နီးပါး ထိပ်ဆုံးနေရာ ရယူထားတာဆိုတော့ တန်ဖိုး လုံးဝ မနည်းနိုင်ဘူး။ ဖုန်းယွီ လုပ်တဲ့ လက်လီနဲ့ အစားအသောက်လုပ်ငန်းက ဘာတွေလဲ။
အစားအသောက်လုပ်ငန်းက ဖုန်းယွီ တစ်ချိန်က ညွှန်းဆိုခဲ့ဖူးတဲ့ အဖျော်ယမကာလား။
သူသည် စာမျက်နှာကို နောက်သို့ လှန်လိုက်သည်။ နောက်ဆုံးတော့ သူ့နာမည်ကို တွေ့လိုက်သည်။ သို့သော် ဝမ်းနည်းစရာမှာ သူ၏နာမည်က သုံးဆယ်ကျော်မှ ပါဝင်နေသည်။ သူ၏ပိုင်ဆိုင်မှုသည် ဖုန်းယွီ၏ တစ်ဝက်ပင် မရှိပေ။
စိတ်ရှုပ်ထွေးနေသော ပေါလ် အယ်လန်သည် အချမ်းသာဆုံးစာရင်းကို အလျင်အမြန် လှန်ပစ်လိုက်သည်။ သို့သော် ထိုစာရင်းနောက်မှ ပထမဆုံး ဆောင်းပါးက ပေါလ် အယ်လန်အား ထပ်မံ၍ ဒေါသအမျက် ထွက်စေပြန်သည်။
သမိုင်းတွင် အငယ်ဆုံးသော ဘီလီယံနာ- ဖုန်းယွီ!
၎င်းသည် စတိဗ် ဖော်ဘီ ကိုယ်တိုင် ရေးသားထားသော ဆောင်းပါးဖြစ်ပြီး၊ ဖုန်းယွီ၏ လက်ရှိလုပ်ငန်းများကို အကျဉ်းချုံးဖော်ပြထားသည်။ ဖုန်းယွီ၏ ကုမ္ပဏီအချို့ကိုလည်း မှတ်ချက်ပြုထားရာ အလားအလာ အနန္တရှိသည်ဟု ဆိုသည်။ အရေးအကြီးဆုံးအချက်မှာ ဟောင်ကောင်ရှိ ဖုန်းယွီ၏ Wind and Rain ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ဘီလီယံ တစ်ဆယ့်ငါးဆယ်ကျော် ရှိကြောင်းနှင့် ၎င်းပိုင်ဆိုင်မှုများသည် ငွေကြေးထုတ်ကုန်များနှင့် အနွယ်ဝင် ထုတ်ကုန်အမျိုးမျိုးတွင် ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံထားကြောင်း ဖော်ပြထားသည်။
ဖုန်းယွီက ဤမျှ ကြွယ်ဝမှုကို မည်သို့ ဖန်တီးနိုင်ခဲ့သည်ကို ဆောင်းပါးတွင် မရေးထားသော်လည်း ဖုန်းယွီ၏ အဓိက ရင်းနှီးမြှုပ်နှံမှုနှစ်ခုကိုမူ ရေးသားထားသည်။ တစ်ခုမှာ မိုက်ခရိုဆော့ဖ်ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် နောက်တစ်ခုမှာ Wind and Rain ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ပြီးခဲ့သည့်နှစ်တွင် အာရှ၏ ငွေကြေးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။
ဤရင်းနှီးမြှုပ်နှံမှု နှစ်ခုစလုံးသည် ဖုန်းယွီအား အမြတ်အစွန်းများစွာ ရရှိစေခဲ့သည်။
ဆောင်းပါးတစ်လျှောက်တွင် ဖုန်းယွီ၏ ချီးကျူးဂုဏ်ပြုစကားများ ပြည့်နှက်နေပြီး၊ ဖုန်းယွီသည် ဘီလ် ဂိတ်စ်ကို ကျော်လွန်ရန် စတော့ရှယ်ယာနတ်ဘုရား ဘာဖတ်ထက်ပင် ပိုမို မျှော်လင့်ချက်ရှိသူဖြစ်ကြောင်း ဖော်ပြထားပြီး၊ မိုက်ခရိုဆော့ဖ်အပေါ် ဖုန်းယွီ၏ အထောက်အကူပြုမှုများအကြောင်းလည်း ဖော်ပြထားသည်။
ပေါလ် အယ်လန်သည် ဖော်ဘီမဂ္ဂဇင်းကို နှစ်ခြမ်း သုံးခြမ်း ဆုတ်ဖြဲလိုက်သည်။ မိုက်ခရိုဆော့ဖ်အပေါ် ဖုန်းယွီ၏ အထောက်အကူပြုမှုသည် ဘီလ် ဂိတ်စ်ပြီးလျှင် ဒုတိယ ဟုတ်လား။ ဒါ လုံးဝ အဓိပ္ပာယ်မရှိတာပဲ။
ဖုန်းယွီက တရုတ်ဈေးကွက်ကို ချဲ့ထွင်ရုံပဲလေ၊ အဲဒီ တရုတ်ထုတ်ကုန်တွေရဲ့ ဈေးနှုန်းတွေက ဘယ်လောက်တောင် နိမ့်ကျနေလဲ။ မိုက်ခရိုဆော့ဖ်အပေါ် ဘီလ် ဂိတ်စ်ရဲ့ အထောက်အကူပြုမှုက ကြီးတယ်ဆိုရင် ငါ့ရဲ့အထောက်အကူပြုမှု မကြီးဘူးလား။ ငါက ဘီလ် ဂိတ်စ်ရဲ့ လမ်းပြပဲလေ၊ ငါမရှိရင် မိုက်ခရိုဆော့ဖ်လည်း မရှိဘူး!
ဒေါင် ဒေါင် ဒေါင်~~
“အယ်လန်ဆရာ၊ ဖုန်းဘုတ်အဖွဲ့ဝင်ရဲ့ ကိုယ်ရေးအရာရှိ ရာ့ဖ်က ဖုန်းဘုတ်အဖွဲ့ဝင်ဟာ ဘုတ်အဖွဲ့ဝင်ရဲ့ အာဏာကို သုံးပြီး ဥက္ကဋ္ဌရဲ့ သဘောတူညီမှုနဲ့ ချက်ချင်း ဘုတ်အဖွဲ့အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။ ဆရာကို လာရောက် တက်ရောက်ဖို့ ပြောပါတယ်”
ပေါလ် အယ်လန်သည် ထိုစကားကို ကြားသောအခါ ပိုမို၍ ဒေါသထွက်လာသည်။ ဖုန်းယွီ ပြန်ရောက်လာပြီတဲ့လား။ ပြီးတော့ ချက်ချင်း ဘုတ်အဖွဲ့အစည်းအဝေး ခေါ်တယ်ဟုတ်လား။ ဘာလဲ၊ သူ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး ဖြစ်လာတာကို ကြွားချင်တာလား။
“မသွားဘူး။ သူ့ကို ပြောလိုက်၊ ငါ အချိန်မအားဘူးလို့!”
…