စံချိန်သစ်။ လော့ချန်ဘယ်မှာလဲ...
Vol. 7 Ch. 98
လော့ချန် ရမှတ်နှစ်သောင်းငါးရာခြောက်ဆယ့်ခြောက်မှတ်...
ဤရလဒ်က အဆင့်စာရင်းထိပ်ဆုံးတွင် တင့်တယ်စွာ ချိတ်ဆွဲထားသည်။ ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပလျက် မျက်စိကျိန်းစရာ ဖြစ်နေသည်။
ရမှတ်များကို မှတ်တမ်းတင်နေသည့် အစိမ်းရောင်ဝတ်ရုံဝတ်အကြီးအကဲမှာ အံ့အားသင့်စွာ ကြောင်အမ်းသွားသည်။
ကျိုးရို့၊ ယွမ်ချီလန်၊ ကူးလင်ဖန်တို့ အပါအဝင် စင်မြင့်ပေါ်ရှိ ဟယ်အကြီးအကဲစသည့် လူများလည်း အလုံးစုံ မျက်စိမျက်နှာပျက်သွားကြသည်။
အထူးသဖြင့် ဟယ်အကြီးအကဲဆိုလျှင် သူပြောခဲ့သည့် စကားတစ်ခွန်းက အမှန်တကယ် ဖြစ်လာမည်ဟု ထင်မထားခဲ့ပေ။
လော့ချန်က ချင်ယွမ်စမ်းသပ်မှုတွင် အမှန်တကယ် ပထမနေရာကို ရယူလိုက်သည်ပင်။
ထိုနေရာ၌ရှိသည့် တပည့်များမှာလည်း တစ်ဦးနှင့်တစ်ဦး မျက်လုံးပြူးကာ ပါးစပ်ဟလျက် ကြက်ဥတစ်လုံးနီးပါး ထည့်လို့ရလောက်အောင် အံ့အားသင့်နေကြသည်။
ကျယ်ပြောလှသော ကွင်းပြင်တစ်ခုလုံး၌ တစ်ခဏမျှ ဆိတ်ငြိမ်လျက် ကျီးကန်းတစ်ကောင်အော်သံမျှပင် မထွက်လာခဲ့ပေ။
လော့ချန်ကိုယ်တိုင်ပင် မထင်မှတ်ထားသည့် အံ့အားသင့်မှုမျိုး ဖြစ်ပေါ်ခဲ့သည်။
သူထင်ထားသည်မှာ သူ၏ရမှတ်က တစ်သောင်းငါးထောင်ခန့်သာရှိမည်ဟု တွက်ဆထားခဲ့ရာ နှစ်သောင်းကျော်အထိ ရရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
“မဖြစ်နိုင်ဘူး… အသုံးမကျသိုင်းဝိညာဉ်နိုးကြားထားတဲ့ အသုံးမကျသူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ ရမှတ်ရမှာလဲ… သေချာပေါက် တစ်ခုခုမှားနေတာပဲ… ဒါမှမဟုတ် သူက မဖြစ်မနေတစ်ခုခုကို လှည့်ဖျားထားတာပဲ…”
ဒေါသတကြီး အော်ဟစ်သံတစ်ခုက လူအုပ်ကြီးကို နိုးကြားစေသည်။
လင်ဟန်ကုန်းက ကွင်းပြင်ထဲသို့ဝင်လာကာ လော့ချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
လင်ဟန်ကုန်းအနေဖြင့် လော့ချန်က ချီယွမ်ကျွန်းမှ အသက်ရှင်ပြန်လာရုံသာမက ချင်ယွမ်စမ်းသပ်မှု၌ ပထမနေရာကို ရယူလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
ဤသို့ဖြစ်လာခြင်းကြောင့် လော့ချန်က အပြင်စည်းတပည့်အဖြစ် ဝင်ရောက်နိုင်ပြီး သူနှင့် တန်းတူအဆင့်အတန်းရှိသူ ဖြစ်လာတော့မည် ဖြစ်၏။
ယခုနောက်ပိုင်း၌ လော့ချန်၏အသက်ကို သူ့လက်ဖြင့် ထပ်မံချေဖျက်ရန် ခက်ခဲလာတော့မည် ဖြစ်သည်။ အစ်ကိုကြီးနှင့် မိသားစုအတွက် လက်စားချေရန် မဖြစ်နိုင်တော့ပေ။ ဤရလဒ်ကို လင်ဟန်ကုန်းအနေဖြင့် လက်ခံနိုင်စရာ အကြောင်းမရှိပေ။
“ဟုတ်တယ်… သေချာပေါက် တစ်ခုခုမှားနေတာပဲ… ဒါမှမဟုတ် လော့ချန်က ချင်ယွမ်စမ်းသပ်မှုရဲ့ အားနည်းချက်တစ်ခုခုကို ရှာတွေ့ပြီး လှည့်ဖျားထားတာပဲ…”
“ကူးလင်ဖန်တို့၊ ကျိုးရို့တို့တောင် ရမှတ်အနည်းငယ်သာရခဲ့တာ… အသုံးမကျသိုင်းဝိညာဉ်နိုးကြားထားတဲ့ အသုံးမကျသူတစ်ယောက်က ဘယ်လိုလုပ်ပြီး နှစ်သောင်းကျော် ရမှတ်ရမှာလဲ…”
“ဟုတ်တယ်… အကြီးအကဲရေ… ဒါကို သေချာစစ်ဆေးပေးပါ… လော့ချန်ရဲ့ ပြိုင်ပွဲဝင်ခွင့်ကို ဖျက်သိမ်းပေးပါ…”
ထိုစကားတစ်ခွန်းက လူအုပ်ကြီးကို နိုးကြားစေသည်။ ထိုနေရာ၌ရှိသည့် အလုပ်သင်တပည့်များက အသုံးမကျသူတစ်ယောက်က သူတို့၏ထိပ်ဆုံးတွင် ရပ်တည်နေသည်ကို လက်ခံနိုင်စရာ မရှိပေ။ တစ်ဦးပြီးတစ်ဦး အော်ဟစ်ကြွေးကြော်ကာ လော့ချန်၏ရမှတ်ကို ဖျက်သိမ်းရန် တောင်းဆိုကြသည်။
အစိမ်းရောင်ဝတ်ရုံဝတ်အကြီးအကဲလည်း မှင်သက်မိနေရာမှ နိုးကြားလာကာ လော့ချန်၏ အထောက်အထားတံဆိပ်ပြားနှင့် ကျောက်စိမ်းစာအုပ်ကို သေသေချာချာ စစ်ဆေးလိုက်သည်။
“တိတ်ကြစမ်း…”
ထို့နောက် ခဏအကြာ အစိမ်းရောင်ဝတ်ရုံဝတ်အကြီးအကဲ၏ တင်းမာသော အသံက ကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ လူအုပ်ကြီးက ချက်ချင်း တိတ်ဆိတ်သွားသည်။
“ငါ သေသေချာချာ စစ်ဆေးပြီးပြီ… လော့ချန်ရဲ့ ရမှတ်မှာ ဘာမှမမှားဘူး…”
ထိုသို့ပြောရင်း အစိမ်းရောင်ဝတ်ရုံဝတ်အကြီးအကဲက အထောက်အထားတံဆိပ်ပြားကို လော့ချန်ထံ ပြန်ပေးလိုက်သည်။ သူ၏အကြည့်များထဲတွင် လှိုက်လှိုက်လှဲလှဲ အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
ဂိုဏ်းထဲသို့ ဝင်ရောက်လာခါစတွင် ချင်ယွမ်စမ်းသပ်မှုတွင် ထိပ်ဆုံးနေရာကို ရယူလိုက်နိုင်သည်။ ဤသို့သော ကိစ္စမျိုးကို မည်သူမျှ ယုံကြည်ရန် ခက်ခဲလှသည်။
အစိမ်းရောင်ဝတ်ရုံဝတ်အကြီးအကဲ၏ စကားကို ကြားလိုက်ရသည့်အခါ လော့ချန်၏ ပြိုင်ပွဲဝင်ခွင့်ကို ဖျက်သိမ်းရန် တောင်းဆိုနေသူများက ချက်ချင်း အသံပိတ်သွားကြသည်။ ထို့ကြောင့် ထပ်မံ၍ စကားမပြောရဲကြတော့ပေ။
အကြီးအကဲကပင် ဤသို့ပြောပြီးနောက် ထပ်မံမေးခွန်းထုတ်ခြင်းက အကြီးအကဲကို သံသယရှိရာ ရောက်သည်။ အကြီးအကဲကို ပြစ်မှားခြင်းက သေမင်းကို ဖိတ်ခေါ်ရာရောက်သည်။
စင်မြင့်ပေါ်တွင် ချင်ယွမ်စမ်းသပ်မှုကို တာဝန်ယူထားသည့် အကြီးအကဲဆယ်ဦးက အသံတိတ်လျက် နှုတ်ဆိတ်နေကြသည်။
လော့ချန်က ချင်ယွမ်စမ်းသပ်မှုတွင် ပထမနေရာ ရယူလိုက်သည်။ ဤရလဒ်ကို မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
အကြီးအကဲတစ်ဦးက လော့ချန်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
“ရမှတ်နှစ်သောင်းကျော်… ဒါက ချင်ယွမ်စမ်းသပ်မှုရဲ့ သမိုင်းတစ်လျှောက် အမြင့်ဆုံးရမှတ် မဟုတ်လား… ပြီးတော့ စံချိန်သစ်တင်လိုက်တဲ့သူက သူဖြစ်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ…”
အခြားအကြီးအကဲတစ်ဦးကလည်း ထပ်ပြောလိုက်သည်။
“ဒီပုံတိုင်းဆိုရင် လင်ကျင်းထိုင်ကို လော့ချန်ကပဲ သတ်လိုက်တာ သေချာတယ်… လင်ကျင်းထိုင်တစ်ယောက်တည်း မဟုတ်ဘူး… ဖိုင်ရွှမ်နဲ့ ချောင်ချင်းတို့လည်း သူ့လက်ချက်နဲ့ သေသွားတာဖြစ်မယ်… ဒီလိုမဟုတ်ရင် ဒီလောက်များတဲ့ ရမှတ်ကို ဘယ်လိုရမှာလဲ…”
“ဒါပဲ ဖြစ်နိုင်တယ်…”
အခြားအကြီးအကဲများလည်း ခေါင်းညိတ်ကြသည်။
ချင်မယ်အကြီးအကဲ၏ လှပသော မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
“ဒါပေမဲ့ ဖိုင်ရွှမ်နဲ့ ချောင်ချင်းတို့က လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးရှိသူတွေထဲမှာ ထူးချွန်သူတွေပဲ… လော့ချန်က သူတို့ကို တကယ်သတ်နိုင်ခဲ့တာလား…”
လူအုပ်ကြီးက အသံတိတ်သွားသည်။
ဤအချက်က သူတို့အားလုံးအတွက် အံ့ဩစရာဖြစ်နေသည်။ သို့သော် အမှန်တရားက သူတို့ရှေ့တွင် ထင်ရှားစွာ ရှိနေသည်။ သို့သော် မယုံကြည်ကြစေကာမူ လက်မခံ၍ မရတော့ပေ။
ထို့နောက် တစ်ဦးက မထိန်းနိုင်ဘဲ မေးလိုက်သည်။
“လော့ချန်နိုးကြားထားတဲ့ သိုင်းဝိညာဉ်က တကယ်ပဲ အသုံးမကျသိုင်းဝိညာဉ် ဖြစ်တာလား…”
ချင်မယ်က ခေါင်းညိတ်ပြသည်။
“လော့ချန်က ဂိုဏ်းဝင်ခွင့်စာမေးပွဲဝင်တဲ့အချိန်တုန်းက ချန်ရွှမ်အကြီးအကဲတို့ ကိုယ်တိုင်စစ်ဆေးခဲ့တာ… အသုံးမကျသိုင်းဝိညာဉ်ဖြစ်တာ သေချာတယ်… ပြီးတော့ ကြယ်တစ်ပွင့်တောင် မရှိဘူး…”
လူအုပ်ကြီးက နှုတ်ဆိတ်သွားသည်။
ချန်ရွှမ်အကြီးအကဲက အပြင်စည်းအကြီးအကဲ ဆယ်ဦးထဲမှတစ်ဦး ဖြစ်သည်။ သူကိုယ်တိုင် စစ်ဆေးခဲ့သည်ဆိုလျှင် မမှားနိုင်ပေ။
ကြယ်တစ်ပွင့်မျှမရှိသည့် အသုံးမကျသိုင်းဝိညာဉ်။
ဤသို့သော အရည်အချင်းကို ဆိုးရွားလှသည်ဟု ဖော်ပြရုံသာမက ဆိုးရွားလွန်းသည်ဟု ဆိုရမည်။
“တခြားထူးခြားတဲ့ အရည်အချင်းတွေ ရှိတာလည်း ဖြစ်နိုင်တယ်လေ… ဥပမာ ဉာဏ်အမြော်အမြင်သန်တယ်ဆိုရင်… သိုင်းပညာမှာ ထူးချွန်တဲ့ ထူးချွန်သူတစ်ယောက် ဖြစ်နိုင်တယ်…” အကြီးအကဲတစ်ဦးက ခန့်မှန်းပြောဆိုလိုက်သည်။
အခြားသူများလည်း ခေါင်းညိတ်ကြသည်။
အသုံးမကျသိုင်းဝိညာဉ် နိုးကြားထားသူများထဲတွင် အခြားနယ်ပယ်များ၌ ထူးချွန်သူများ မရှိသည် မဟုတ်ပေ။
“အင်း… နှမျောစရာပဲ…”
ချင်မယ်က သက်ပြင်းချလိုက်သည်။
သိုင်းဝိညာဉ်သည်သာ သိုင်းပညာ၏ အခြေခံအုတ်မြစ် ဖြစ်သည်။ အရာအားလုံး၏ အဓိကဖြစ်သည်။
အခြားနယ်ပယ်များတွင် မည်မျှ ထူးချွန်နေစေကာမူ သိုင်းဝိညာဉ်မကောင်းပါက စွမ်းအားအဆင့်တက်လှမ်းလာသည်နှင့်အမျှ တဖြည်းဖြည်း သာမန်လူများထဲတွင် ရောနှောပျောက်ကွယ်သွားလိမ့်မည်။
ဤသို့သောသူများက ကြယ်ကြွေတစ်လုံးကဲ့သို့ဖြစ်သည်။ တစ်ခဏမျှ တောက်ပခဲ့သော်လည်း နောက်ဆုံး၌ မှိန်ဖျော့ပျောက်ကွယ်သွားမည်သာ...။
ဤသည်မှာ သံမဏိစည်းမျဉ်း ဖြစ်သည်။
ဟယ်အကြီးအကဲက တစ်ဖက်တွင် ထိုင်နေရင်း တစ်ခွန်းမျှ မပြောဘဲ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများဖြတ်ပြေးလျက် လော့ချန်ကို စူးစိုက်ကြည့်နေသည်။
ယခု မကြာသေးမီကပင် သူက ဘေးဖယ်ထောင်ထိပ်တွင်ရှိသည့် အလုပ်သင်တပည့်တစ်ဦးထံမှ လော့ချန်က လင်ကျင်းထိုင်ကို သတ်ဖြတ်ခဲ့သည့် အကြောင်းအမျိုးမျိုးကို သိရှိခဲ့သည်။
သူ၏ အစီအစဉ်အားလုံးကို လော့ချန်က သိရှိထားပြီးဖြစ်သည်ကို နားလည်လိုက်သည်။
“ကောင်စုတ်လေး… မင်းကို သေးသေးလေးထင်မိသွားတာ… ဒီလိုဆိုရင် မင်းကို ဘယ်လိုမှ အသက်ရှင်ခွင့်ပေးထားလို့ မဖြစ်တော့ဘူး…”
ဟယ်အကြီးအကဲက တစ်ခုခုကို ဆုံးဖြတ်လိုက်သလို နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။ သူ၏မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်တစ်ခု ဖြတ်ပြေးသွားသည်။
ယခုအခါ ယွမ်မန်လီက တရားဝင်တပည့်အဖြစ် ရာထူးတက်လှမ်းသွားပြီး ဂုဏ်သိက္ခာမြင့်မားသူ ဖြစ်သည်။
ဟယ်အကြီးအကဲအနေဖြင့် လော့ချန်က ဤအကြောင်းအားလုံးကို ယွမ်မန်လီထံ ပြောပြပါက ယွမ်မန်လီက သူ့ကို စစ်ဆေးလာမည်ကို အလောင်းအစား မလုပ်ရဲပေ။ ထို့ကြောင့် တစ်ခုတည်းသော နည်းလမ်းမှာ လော့ချန်နှင့် ယွမ်မန်လီတို့ မတွေ့ဆုံမီ လော့ချန်ကို သတ်ဖြတ်ပစ်ပြီး သက်သေမရှိအောင် ဖျက်ဆီးပစ်ရန်သာ ဖြစ်သည်။
မကြာမီအချိန်အတွင်း လူအားလုံး သင်္ဘောပေါ်မှဆင်းကာ ရမှတ်များကို မှတ်တမ်းတင် ပြီးစီးသွားသည်။
ဤတစ်ကြိမ် ချင်ယွမ်စမ်းသပ်မှု၏ အဆင့်စာရင်းလည်း အတည်ပြုပြီး ဖြစ်သည်။
လော့ချန်က နှစ်သောင်းငါးရာ့ခြောက်ဆယ့်ခြောက်မှတ်ဖြင့် အခြားသူများကို အလှမ်းဝေးစွာ ဦးဆောင်ကာ ပထမနေရာကို တည်ငြိမ်စွာ သိမ်းပိုက်ထားသည်။
ဒုတိယနေရာတွင် ကျိုးရို့...
တတိယနေရာတွင် ကူးလင်ဖန်...
စတုတ္ထနေရာတွင် ယွမ်ချီလန်...
ပဉ္စမနေရာတွင် ကျိုးပင်ရွဲ့…
ထိပ်ဆုံးဆယ်ဦးထဲတွင် ဗိုလ်စွဲရွေးချယ်ခံရသူ ငါးဦးသာ ပါဝင်သည်။
သို့သော် ပိုဆိုးသည်မှာ လူသာမန်ဘဝဖြတ်ကျော်အဆင့်လေးရှိသူတစ်ဦးပင် ထိပ်ဆုံးဆယ်ဦးထဲသို့ ဝင်ရောက်လာသည်။ ဤသည်မှာ ယခင်ကာလများတွင် မဖြစ်နိုင်သည့်အရာ ဖြစ်သည်။
လူအုပ်ကြီးက ကွင်းပြင်အလယ်တွင် စုဝေးကာ ရမှတ်ကြေညာမှုနှင့် ဆုလာဘ်ပေးအပ်မှုကို စောင့်ဆိုင်းနေကြသည်။
“လော့ချန်… ဂုဏ်ပြုပါတယ်…”
ယွမ်ချီလန်နှင့် ကူးလင်ဖန်တို့က လျှောက်လာကြသည်။
ယွမ်ချီလန်က လေးစားအားကျသည့်အကြည့်ဖြင့် ပြုံးလျက် ပြောလိုက်သည်။
“မင်းရမှတ်က မြင့်လိမ့်မယ်ဆိုတာ ငါသိပြီးသား… ဒါပေမဲ့ ဒီလောက်အထိမြင့်မယ်လို့တော့ မထင်ထားခဲ့ဘူး…”
“ငါလည်း အံ့အားသင့်သွားတာ…”
ကူးလင်ဖန်က ပြုံးလျက် ထပ်မေးသည်။
“မင်းက ဖိုင်ရွှမ်နဲ့ ချောင်ချင်းတို့ကို သတ်လိုက်တာလား…”
ဤအရာကို ဖုံးကွယ်စရာအကြောင်းမရှိသဖြင့် လော့ချန်က ခေါင်းညိတ်ပြသည်။
“သူတို့က ငါ့ကို ဒုက္ခပေးဖို့လာကြတာ… အဲဒါကြောင့် ငါလည်း သူတို့ကို သေလမ်းပို့ပေးလိုက်ရတာပဲ…”
ဤစကားကို ကြားလိုက်ရသည့်အခါ ကူးလင်ဖန်နှင့် ယွမ်ချီလန်တို့က ခဏမျှ ကြောင်အမ်းသွားကြသည်။ သူတို့၏မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
ဖိုင်ရွှမ်နှင့် ချောင်ချင်းတို့၏ စွမ်းအားသည် သူတို့နှင့် သိပ်မကွာခြားပေ…။
လော့ချန်က ကွင်းပြင်ကို တစ်ချက်ဝေ့ကြည့်ရင်း သက်ပြင်းချလိုက်သည်။
“လူတွေ အများကြီးသေသွားတာပဲ…”
ယွမ်ချီလန်က သက်ပြင်းချလျက် ပြောသည်။
“မှတ်တမ်းတင်အကြီးအကဲဆီက ငါသိလိုက်ရတာက ဒီတစ်ကြိမ် ချင်ယွမ်စမ်းသပ်မှုမှာ ပါဝင်တဲ့ အလုပ်သင်တပည့်တွေက တစ်သောင်းကျော်ရှိတယ်… ပြန်လာနိုင်ခဲ့တာက ခုနှစ်ထောင်တောင် မပြည့်ဘူး… သေဆုံးနှုန်းက လေးရာခိုင်နှုန်းကျော်နေတယ်…”
“ဒီလောက်များတာလား…”
လော့ချန်က အနည်းငယ်ဟု ထင်ထားခဲ့သော်လည်း ဤရလဒ်ကြောင့် အံ့အားသင့်သွားသည်။
ကူးလင်ဖန်က အနည်းငယ် ဝမ်းနည်းသလို သက်ပြင်းချလိုက်သည်။
“အလုပ်သင်တပည့်တွေပဲလေ… သေရင်သေတာပဲ… ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူး…”
ယွမ်ချီလန်ကလည်း ဆက်ပြောသည်။
“ဒါကြောင့် ငါတို့ အားထုတ်ရမယ်… စွမ်းအားကို မြှင့်တင်ရမယ်… စွမ်းအား လုံလောက်အားကောင်းမှ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံမှုကို ရရှိမယ်… ဂိုဏ်းရဲ့ အကာအကွယ်ကို ရမယ်… ဒါမှမဟုတ်ရင် နာမည်မရှိဘဲ သေဆုံးပြီး တောထဲမှာ အလောင်းဖြစ်သွားရလိမ့်မယ်…”
လော့ချန်က ခေါင်းညိတ်ပြသည်။
သန်မာသူဦးစားပေးမှုက ဂိုဏ်းအတွင်း၌ပင် ပို၍ပင် ရက်စက်ကြမ်းတမ်းသည်။ ဂိုဏ်းအတွက် လိုအပ်သည်မှာ ထူးချွန်သူများသာ ဖြစ်ကြသည်။ ထူးချွန်သူတစ်ဦးက အလုပ်သင်တပည့် ထောင်ပေါင်းများစွာနှင့် တန်ဖိုးတူညီသည်။
သင်ပြသသည့် တန်ဖိုးများလေလေ၊ ဂိုဏ်းက သင့်ကို ပိုမိုအလေးထားလေလေ ဖြစ်၏။ အကယ်၍ တရားဝင်တပည့်တစ်ဦးအား အန္တရာယ်ဖြစ်ပေါ်လာပါက ဂိုဏ်းသည် စစ်ပွဲဖြစ်ရမည်ကိုပင် မမှုဘဲ ကယ်ဆယ်ရန် လုပ်ဆောင်လိမ့်မည်။
စင်မြင့်ပေါ်တွင် အကြီးအကဲဆယ်ဦးက ထရပ်လိုက်ကြပြီး ရမှတ်ကြေညာရန်နှင့် ဆုလာဘ်ပေးအပ်ရန် ပြင်ဆင်နေကြသည်။ ထိုအချိန်၌ ဟယ်အကြီးအကဲက ရုတ်တရက် ခြေတစ်လှမ်းတိုးထွက်လာကာ တင်းမာသောအသံဖြင့် ဖိအားပေးသည့် အရိပ်အမြွက်များနှင့်အတူ ကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
“လော့ချန်ဘယ်မှာလဲ… ထွက်လာစမ်း…”