← Chapters

အခန်း (၁၉၅)

Vol. 15 Ch. 195

အခန်း (၁၉၅)

Vol. 15 Ch. 195

စုဖေ့ဖေ့သည် အလှအပ အကြောင်းများကိုသာ ဆက်လက်ကာ ပြောဆိုချင်၏။ အဝတ်အစားလှလှ၊ အလှကုန် နှင့် ရွှေခြည်ငွေခြည်များ အကြောင်းကို ပြောဆိုခြင်းအား မကြိုက်နှစ်သက်တတ်သည့် မိန်းကလေးဟူ၍ အဘယ်မှာ ရှိမည်နည်း။

မူလအားဖြင့် သူမသည် ထိုအကြောင်းအရာများကို သူမ၏ သမီးနှင့်သာ ပြောဆိုသင့်၏။ သို့ပေမည့် ကျင်းမူလန်သည် ဤအလှအပနှင့် ပတ်သက်သည့် အရာကိစ္စများကို စိတ်မဝင်စားချေ။ ထို့ကြောင့် သူမ စိတ်ပျက်ခဲ့ရ၏။ လက်ရှိ သူမ၏ သမက်တော်မှာတော့ တကယ့်ကို သူမနှင့် စိတ်နှလုံးသား တူညီလျက် ရှိနေ၏။ တိုင်ပင်ရသည့် မိန်းကလေး အဖော်တစ်ယောက် ရခဲ့သကဲ့သို့ပင်။

အဓိကသော့ချက်အားဖြင့် သမက်တော်သည် အလုပ်အလွန်များလျက် ရှိနေသည် ဆိုလျှင်တောင်မှ စိတ်ဝင်စားစရာအရာများကို ဖန်တီးရသည်ကို နှစ်ခြိုက်တတ်သူ တစ်ယောက် ဖြစ်သည်။ သမက်တော်သည် ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ရေမွှေး၊ နှုတ်ခမ်းနီ၊ မျက်နှာကပ်ခွာနှင့် မျက်နှာလိမ်းသည့် ဆေးရည်များကိုပါ ဖန်တီးထားခဲ့၏။ သူမအနေနှင့် ထိုအရာများကို မသုံးဘဲ မနေနိုင်ချေ။ သမက်တစ်ယောက် ရခဲ့သည်သာမက ညီမကောင်း တစ်ယောက်ကို ရရှိခဲ့သကဲ့သို့ပင် စုဖေ့ဖေ့က ခံစားနေမိ၏။

ရှမ့်လန်သည် အရေးကြီးသည့် အကြောင်းအရာများကို ဆက်လက်ကာ ပြောဆိုလိုက်သည်။ “အဖေ.. စစ်ပွဲက လာတော့မယ်။ ပြီးရင် ကျုပ်တို့ စစ်သည် တော်တော်များများကို စုဆောင်းဖို့ လိုလိမ့်မယ်။ အခု စစ်တပ်ကို နောက်ထပ် ၂၀၀၀ လောက် ထပ်ပြီး တိုးချဲ့ရမယ်”

ရွှမ်ဝူက ပြောလိုက်၏။ “အပြင်ကနေလား အထဲကလား။ ဘယ်သူတွေကို ခေါ်ရမှာလဲ”

အကယ်၍ အပြင်ဘက်ဆီမှ စစ်သည်များကို ခေါ်သည် ဆိုပါက အပြင်ဘက်သို့ လှည့်လည်သွားလာနေသည့် စစ်သည်တော်များ၏ သိုင်းပညာမသည် တော်တော်ကို မြင့်မားပေမည်။ သို့ပေမည့် သစ္စာရှိမှုမှာတော့ လုံလောက်မည် မဟုတ်ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “အင်း ... မြေပိုင်နက်ထဲမှာရှိတဲ့ လူတွေကိုပဲ ခေါ်ရအောင်။ ကျုပ်တို့ မြေပိုင်နက်ထဲမှာ ကာကွယ်ရေးအတွက် ဖန်တီးထားတဲ့ ပြည်သူ့တပ်တွေ ရှိပြီးသားပဲ မဟုတ်လား။ ဒီလူတွေထဲက လက်ရွေးစင်ကို ဆွဲခေါ်ကြတာပေါ့”

ရွှမ်ဝူက ပြောလိုက်၏။ “ဒါဆိုရင် သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကတော့ အရမ်းကြီး အားကောင်းမှာ မဟုတ်ဘူးနော်”

ရှမ့်လန်က ပြောလိုက်သည်။ “ကိစ္စမရှိဘူး။ စစ်ပွဲတစ်ခု ဖြစ်တယ်ဆိုရင် လူတော်တော်များများ သေကြတယ်။ ဒါပေမယ့် ကျုပ်တို့ရဲ့ စစ်တပ်ကတော့ ဟန်ပြပဲ။ အနီးကပ် တိုက်ခိုက်မှုကို ဘယ်လိုမှ လုပ်မှာ မဟုတ်ဘူး။ အချိန် တော်တော်များများမှာ ထောင်ချောက်တွေ၊ တခြားသောသူတွေအတွက် အဆိပ်တွေ ဒါတွေကိုပဲ ဖန်တီးထားမှာ”

ရွှမ်ဝူက ပြောလိုက်၏။ “စစ်သည်တွေကို ၃၀၀၀ ကနေ ၅၀၀၀ ထိ ချဲ့လိုက်တယ် ဆိုတာ အရမ်းကို တိုက်ခိုက်ချင်စိတ်တွေ ပေါက်နေမယ် မဟုတ်လား။ ဒါ ဘုရင်မင်းမြတ်ကို ဒေါသထွက်စေလိမ့်မယ် ထင်တယ်”

ပြီးနောက် ရွှမ်ဝူက ဆက်လက်ကာ ပြောလိုက်သည်။ “အင်း ထားလိုက်ပါတော့။ ငါ ဒီစကားကို မပြောခဲ့သလိုပဲ သဘောထားလိုက်တော့”

မြို့စားအိမ်တော်၏ သီးသန့်စစ်တပ်သည် အများဆုံး စစ်သည် ၅၀၀၀ ထိ ထားနိုင်၏။ ဤ အရေအတွက်သည် နန်းမြို့တော်၏ ဥပဒေသကို ချိုးဖောက်ခြင်း မဟုတ်ချေ။ ဘုရင်မင်းမြတ် စိတ်ဆိုးခြင်း၊ စိတ်မဆိုးခြင်း ဆိုသည် မှာတော့ ဘာတစ်ခုမှ ထည့်သွင်းကာ စဉ်းစားရမည့်အရာမျိုး မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် မိမိ၏ လည်ဂုပ်ကို ခုတ်ဖြတ်မည့် ဓားကြီး ကျဆင်းနေသည့် အချိန်တွင် တစ်ဖက်လူ ဒေါသထွက်မလား မထွက်မလား ဆိုသည်ကို မည်သူက စိုးရိမ်ပူပန်နေမည်နည်း။

ရှမ့်လန်က ပြောလိုက်၏။ “ဖြစ်နိုင်သမျှ အမြန်ဆုံး စစ်တပ်ကို ချဲ့ထွင်ရအောင်။ အင်း ... ဖြစ်နိုင်မယ်ဆိုရင် သုံးရက်အတွင်း လုပ်ကြမယ်။ ဘာဖြစ်ဖြစ်ဖြစ်ဖြစ် ချပ်ဝတ်နဲ့ လက်နက်တွေက အဆင်သင့်ဖြစ်နေပြီ”

ရွှမ်ဝူက ပြောလိုက်သည်။ “မူလန်.. သုံးရက်အတွင်း စစ်သည် ၂၀၀၀ ကျော်ကို ခေါ်ယူဖို့ ပြဿနာ ရှိလား”

ကျင်းမူလန်က ပြောလိုက်၏။ “အချိန်က အရမ်းကျပ်တယ် ဆိုပေမယ့် ပြဿနာတော့ မရှိပါဘူး”

ရှမ့်လန်က ပြောလိုက်၏။ “ပြီးတော့ လူပေါင်းများစွာတို့က ကျုပ်တို့ကို စောင့်ကြည့်နေမှာ သေချာတယ်။ ဒါကြောင့် ကျုပ်တို့ရဲ့ သရုပ်ဆောင်မှုက တကယ့်ကို အစစ်အမှန် ဖြစ်ရမယ်။ ဝမ်ကျားကျွန်းက ရွှေကျွန်းပဲ။ ဝမ်ကျားကျွန်းဆိုတာကို အားလုံးမေ့သွားရမယ်။ ဝမ်ကျားကျွန်းရဲ့ နာမည်အစစ်အမှန်က ရွှေကျွန်းကြီး ဖြစ်သွားခဲ့ပြီ။ လောကမှာ ရှိတဲ့ လူတွေ အကုန်လုံးက ဒါကို ရွှေကျွန်းလို့လည်း မြင်နေကြပြီ”

ရွှေဒင်္ဂါး လေးသိန်း... ယင်ယွမ်အဖွဲ့အစည်းဆီသို့ ရွှေဒင်္ဂါး ခုနစ်သိန်း ပြန်လည်ပေးအပ်ပြီးသည့်နောက် ရွှမ်ဝူ အိမ်တော်တွင် စုစုပေါင်း ရွှေဒင်္ဂါး သုံးသိန်းနှစ်သောင်းကျော် ကျန်ရှိနေ၏။ သို့ပေမည့် မနေ့က ဟွမ်တုံ သည် နောက်ထပ် ရွှေဒင်္ဂါး တစ်သိန်းကို လာရောက်ကာ ပို့ဆောင်ခဲ့၏။ ဤရွှေဒင်္ဂါးသည် သီးသန့် ပေးအပ်ခဲ့သည့် အရာ ဖြစ်ပြီး ရွှေတွင်းထဲမှ ထုတ်ယူကာစအရာမျိုးပင် ဖြစ်၏။ ရွှေတုံးပေါ်တွင် ရွှေမှုန် အချို့ပင် ကပ်လျက် ရှိနေသေး၏။ တော်တော်များများသည် ရွှေမှုန့် ရွှေသဲများပင် ဖြစ်သည်။

ရှမ့်လန်သည် ဤပိုက်ဆံကို တောင်းခဲ့ခြင်း မဟုတ်ချေ။ သို့ပေမည့် ကောင်းကင်တာအို အဖွဲ့အစည်းက အလုံးစုံ ပေးပို့လိုက်ခြင်း ဖြစ်၏။ ဤအရာသည် အတိုးမဲ့ ချေးငှားသည့်အရာ ဖြစ်ပြီး အချိန်အကန့်အသတ်မရှိ ပြန်လည် ပေးအပ်နိုင်သည့် အရာမျိုး ဖြစ်၏။ အနာဂတ်တွင် ပေးချင်ပေး၊ မပေးချင်နေ ဆိုသည့် သဘောနှင့် ငွေကြေးမျိုးပင်။

ကောင်းကင်တာအိုအဖွဲ့အစည်း၏ အကြီးအကဲများသည် ရှမ့်လန်၏ အံ့အားသင့်စရာ မဟာဗျူဟာများကို သိရှိခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် ထောက်ပံ့သည့်အနေနှင့် ကူညီခဲ့ခြင်း ဖြစ်၏။ ထိုမှသာလျှင် ၎င်းတို့၏ စိတ်ထဲတွင် ရှိနေသည့် ခံစားချက်များသည် အစစ်အမှန်ဖြစ်ကြောင်း ရွှမ်ဝူအိမ်တော်က သိရှိပေမည်။

ဟွမ်တုံနှင့် အကြီးအကဲကြီးတို့သည် ရှမ့်လန်၏ ရည်မှန်းချက်မှာ နုရှောင်မြို့ ဖြစ်ကြောင်း ကောင်းကောင်း သိရှိ နားလည်ကြပြီ ဖြစ်၏။ ရွှဲ့ပြည်နယ်၏ အရှေ့ဘက် ပင်လယ်ပြင် တစ်ခုလုံးသည် ကုန်သွယ်ရေးဇုန်တစ်ခု ဖြစ်၏။ ထိုအရာကြီးကိုသာ ရရှိမည် ဆိုပါက ကျိန်းသေပေါက် ကြီးမားသည့် အခွင့်အရေးကြီးပင် ဖြစ်၏။

ထိုအချိန်မှာတော့ ရှမ့်လန်၏ မဟာမိတ် အဖွဲ့အစည်းတစ်ခု အနေနှင့် ကောင်းကင်တာအို အဖွဲ့အစည်းသည် ချက်ချင်းပဲ နုရှောင်မြို့တွင် အခြေချ နေထိုင်ရမှာ ဖြစ်ပြီး ကုန်သွယ်ခွင့်နှင့် ပတ်သက်သည့် အရာအားလုံးကို အလုံးစုံ ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်၏။ ထိုကဲ့သို့သောအရာသည် ပိုက်ဆံနှင့် ဝယ်ယူ၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။

ရှမ့်လန်သည် ပိုက်ဆံများကို တောင်းခံခဲ့ခြင်း မဟုတ်ချေ။ သို့ပေမည့် ရှမ့်လန်လိုအပ်နေလောက်ပြီကို သိရှိရသည့် အချိန်မှာတော့ ဟွမ်တုံသည် ထိုအရာအားလုံးကို ရှိရှိသမျှ နိုင်ငံများ ... ထို့အပြင် ဌာနခွဲများဆီမှ ယူဆောင်ကာဖြင့် ပို့ဆောင်ခဲ့ပေးခြင်း ဖြစ်၏။ အချိန်အကန့်အသတ်မရှိဖြစ်ပြီး အတိုးမဲ့ ချေးငှားခြင်းလည်း ဖြစ်၏။ ထို့အပြင် သဘောတူညီမှု စာချုပ်ပင် ရေးထိုးမထားခဲ့ချေ။

ရှမ့်လန်ပင်လျှင် ဤကဲ့သို့ များပြားသည့် ပိုက်ဆံများ လာရောက်ပေးအပ်ခြင်းအတွက် တွန့်ကနဲ ဖြစ်သွားခဲ့၏။ ဤလောကကြီး၏ အရှေ့ဘက်ပိုင်းကို နှစ်ပေါင်း ၁၀၀ ကျော် စီးပွားရေးလုပ်၊ အုပ်ချုပ် မင်းမူခဲ့သည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း ထိုက်တန်လှ၏။ သူတို့၏ ဆုံးဖြတ်ချက်နှင့် ပြုမူဆောင်ရွက်မှုများသည် ရဲရင့်လွန်းလှပြီး ချီးကျူးဖွယ်ရာလည်း ကောင်း၏။

ထို့ကြောင့် ဆိုရိုးစကားတစ်ခု တည်ရှိနေခြင်းပင် ဖြစ်၏။ ထိပ်တန်းစီးပွားရေး လုပ်ငန်းစုများသည် ပိုက်ဆံအတွက် အလုပ်မလုပ်ကြချေ။ အခွင့်အာဏာအတွက် အလုပ်လုပ်ကြခြင်းသာ ဖြစ်၏။ ဤကဲ့သို့သော အာဏာဆိုသည်မှာ နိုင်ငံအုပ်စိုးသူ၏ အာဏာနှင့် မတူညီပေ။ စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သော ဩဇာအာဏာပင် ဖြစ်သည်။

ဟုတ်ပေ၏။ ဝမ်ကျားကျွန်းတွင် မည်သည့် ရွှေတွင်းမှ မရှိချေ။ သို့ပေမည့် ရှမ့်လန်အနေနှင့် ရွှေတွင်းအဖြစ် ပြုလုပ်ရန် အတွက် ရွှေဒင်္ဂါး လေးသိန်းကျော်ကို လိုအပ်နေခြင်း ဖြစ်၏။ သံမဏိမိုင်းတွင်းအားလုံးကို ခဏ ရပ်တန့်ထားခဲ့၏။ အရာအားလုံးကို ရွှေမိုင်းတွင်း ကဲ့သို့ပင် ပြောင်းလဲနေခြင်း ဖြစ်၏။ ထိုအရာတင်မကသေးချေ။ ယခုမှ ဖန်တီးပြုလုပ်ထားသည့် ရွှေဒင်္ဂါးများကိုလည်း ထုတ်ဖော်နေခဲ့၏။ ထိုအရာသည် တွင်းထဲမှ နှိုက်ကာ ထုတ်ယူခဲ့သည့် အရာများကဲ့သို့ပင် အားလုံးသော သူတို့က ထင်ယောင်ထင်မှား ဖြစ်စေခဲ့၏။

“အဖေ ...”

ရှမ့်လန်က ပြောလိုက်သည်။ “ဝမ်ကျားကျွန်းသို့ စစ်သည်ပေါင်း လေးထောင်ကျော်ကို ခေါ်သွားလိုက်။ ပြီးတော့ လုပ်သားပေါင်း တစ်သောင်းလောက်ကို အသုံးပြုပြီးတော့ ရဲတိုက်ကြီး တစ်ခုကို တည်ဆောက်ရမယ်”

ကျိန်းသေပေါက် ဤအချိန်တွင် ရဲတိုက်ကြီးတစ်ခု တည်ဆောက်ရန်ဆိုသည်မှာ နောက်ကျနေပြီဖြစ်၏။ ဤအရာက သရုပ်ဆောင်နေခြင်းသာလျှင် ဖြစ်၏။ ဟန်ပြ ပြုလုပ်ခြင်းပင်။

“အင်း... ကျုပ်တို့ မိသားစုရဲ့ ဝမ်ကျားကျွန်းပေါ်မှာ ရှိနေတဲ့ စိတ်ဆန္ဒကို လောကကြီးတစ်ခုလုံးက ကောင်းကောင်း မြင်ရလိမ့်မယ်။ မြေပိုင်နက်ထဲမှာ စစ်သည် တစ်ထောင်ကျော်ပဲ ကျန်ခဲ့ရမယ်။ လေးထောင်ကျော် ... အကုန်လုံးက ဝမ်ကျားကျွန်းဆီ သွားရလိမ့်မယ်။ မြေပိုင်နက်ကြီး ဆုံးရှုံးသွားပြီ ဆိုရင်တောင်မှ ဝမ်ကျားကျွန်းကို ဆုံးရှုံးလို့ မရဘူး ဆိုတဲ့ အဓိပ္ပာယ်ကို ထုတ်ဖော်ပြသရမယ်။

ပြီးတော့ ဝမ်ကျားကျွန်းမှာ အခြေစိုက်ဖို့ ကျုပ်တို့က ရဲတိုက်ကြီးကိုတောင် တည်ဆောက်နေတယ်ဆိုတာ အားလုံးသိရမယ်။ ဝမ်ကျားကျွန်းက တကယ့်ကို ကျုပ်တို့အတွက် အရေးကြီးတဲ့အရာဖြစ်ကြောင်းကို သိရမယ်”

ရွှမ်ဝူက ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။ သုံးရက်အတွင်း စစ်သည်တွေကို ချဲ့ထွင်ပြီး စစ်သည် လေးထောင်ကို ဝမ်ကျားကျွန်းဆီ ခေါ်သွားလိုက်မယ်။ အဲဒီမှာ ရဲတိုက် တစ်ခုကို စပြီး တည်ဆောက်မယ်”

ပြီးနောက် ရွှမ်ဝူက ထပ်မေးလိုက်၏။ “လန်အာ… ဝမ်ကျားကျွန်းအကြောင်းကို သိရှိဖို့အတွက် လာပြီး စုံစမ်းချင်တဲ့လူတွေ ရှိလာနိုင်တယ်။ ငါတို့ ဒီလူတွေကို သတ်ဖြတ်ပစ်ရမှာလား။ ဒါမှမဟုတ် မသိမသာ ထားရမှာလား”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း ကျွန်းကို သေတဲ့အထိ ကာကွယ်ပေးရမှာပေါ့။ ဝမ်ကျားကျွန်းထဲကို ဝင်လာတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်ရမယ်။ သူတို့ရဲ့ နောက်ကွယ်မှာ ဘယ်သူပဲဖြစ်ဖြစ်၊ သူတို့ရဲ့ နောက်ခံက ဘယ်လောက်ကြီးကျယ် ကြီးမြတ်တဲ့ ဘယ်သူပဲဖြစ်ဖြစ် အားလုံးကို သတ်ဖြတ်ပစ်ရမယ်။ ကျုပ်တို့က ဘယ်သူမှ နှိုင်းယှဉ်လို့မရတဲ့ စိတ်ဆုံးဖြတ်မှုမျိုး ပြုလုပ်ထားတယ်ဆိုတဲ့ အကြောင်းကို သိရှိစေရမယ်။ ဒီကိစ္စမှာ ပြစ်ချက်တစ်ခုမှ ရှိလို့ မဖြစ်ဘူး။ အဖေ ... စိတ်မပူနဲ့။ လောကကြီးထဲမှာ ဖောက်ထွင်းလို့မရတဲ့ နံရံဆိုတာ မရှိဘူးလေ။ ဝမ်ကျားကျွန်းရဲ့ ရွှေတွင်းကိစ္စက အားလုံးရဲ့ ရှေ့ကို ပေါက်ကြားသွားလိမ့်မယ်”

မဟာဗျူဟာ ချမှတ်ခြင်းဆိုသည်မှာ ခက်ခဲသည်ဆိုသလို ထိုမဟာဗျူဟာအတိုင်း လိုက်နာပြုလုပ် ဆောင်ရွက်ခြင်းကလည်း အလွန်ကို ခက်ခဲလွန်းလှချေ၏။ မည်သည့် ပြစ်ချက်မှ မရှိနိုင်သလို မည်သည့် ရန်သူမှလည်း ရှာဖွေတွေ့ရှိသွား၍ မဖြစ်နိုင်ချေ။ ထို့ကြောင့် အခု လုပ်နိုင်သောအရာသည် အစစ်အမှန် ဖြစ်အောင် ဖန်တီး ပြုလုပ်ထားခြင်းသာလျှင် ဖြစ်၏။

လိုအပ်သော ရွှေပမာဏ တော်တော်များများ တည်ရှိနေပြီး စစ်သည်ပေါင်း ထောင်ချီကလည်း တည်ရှိနေ၏။ ထို့အပြင် အလုပ်လုပ်လျက် ရှိနေသည့် လုပ်သား တစ်သောင်းကျော်ကလည်း ရှိနေ၏။ ထိုအရာအားလုံးသည် အားလုံးသောသူတို့၏ မျက်လုံးရှေ့တွင် ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဟုန်နှင့် အလုပ်လုပ်နေခြင်း သာလျှင် ဖြစ်ပေလိမ့်မည်။

ရွှမ်ဝူက ပြောလိုက်၏။ “တကယ်လို့ ငါသာ အပြင်လူတစ်ယောက်ဆိုရင်တော့ ကျိန်းသေပေါက် လိမ်ညာ လှည့်စား ခံရမှာပဲ။ ဝမ်ကျားကျွန်းမှာ ကြီးမားတဲ့ ရွှေတွင်းကြီးတစ်ခု ရှိနေတယ်လို့ ကျိန်းသေပေါက် ယုံကြည်မိတယ်။ ချောင်ထျန်းဝေ နဲ့ ထန်လွမ်တို့အပေါ် ငါ့ရဲ့ နားလည်မှုအရဆိုရင် သူတို့ကလည်း ဒီထောင်ချောက်ထဲကို လုံးဝ ကျဆင်းလာခဲ့မှာပဲ။ လောကမှာရှိတဲ့ လူပေါင်းများစွာတို့ကို လှည့်စားနိုင်လိမ့်မယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ကိစ္စမရှိဘူး။ ဒါပေမယ့် ဒီကိစ္စအကုန်လုံးကို လုံးဝ မယုံကြည်တဲ့ လူတစ်ယောက် ရှိနေသေးတယ်။ သူက ဒီကိစ္စ အားလုံးကို ကြိုသိပြီး ဖြစ်လိမ့်မယ်”

ရွှမ်ဝူက မေးလိုက်၏။ “ဘယ်သူလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ကျန်းချုံးပေါ့။ သူက လအနည်းငယ်အတွင်း ပေါ်မလာခဲ့ဘူး။ အိမ်မှာ အနားယူနေတယ်လို့ ပြောခဲ့တယ်။ ဒါ ပုံမှန် မဟုတ်တဲ့ အကြီးမားဆုံး ကိစ္စရပ်ကြီးတစ်ခုပဲ”

ရွှမ်ဝူက ပြောလိုက်၏။ “ငါတို့ရဲ့ မဟာဗျူဟာနဲ့ ပတ်သက်တဲ့ကိစ္စရပ်မှာ ဘယ်ပြစ်ချက်မှ မရှိဘူးလေ။ သူ ဘယ်လိုတွေ့နိုင်တာလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “တကယ့် အားကောင်းတဲ့ စစ်တုရင်သမားတွေက တစ်ဖက်လူရဲ့ နည်းဗျူဟာ ဘာပဲဖြစ်ဖြစ် ဂရုစိုက်နေမှာ မဟုတ်ဘူး။ သူတို့အနေနဲ့ သူတို့ရဲ့ နှလုံးသားနဲ့အတူ သူတို့ လုပ်ချင်တဲ့ အကြောင်းအရာတွေကို တစ်ဖက်လူနေရာကနေ စဉ်းစားပြီး သေသေချာချာ ပြုလုပ်နိုင်တယ်။ သေသေချာချာ တွေးတောနိုင်တယ်။

တခြားသောသူများအတွက် ဤစစ်တုရင် ကစားပွဲသည် ဇဝေဇဝါဖြစ်စေမည့် အရာမျိုး ဖြစ်၏။ သို့ပေမည့် ကျန်းချုံးနှင့် ရှမ့်လန်တို့အတွက်ကတော့ တကယ့်ကို ကောင်းမွန်လွန်းသည့် ပွဲကြီးပွဲကောင်းတစ်ခုကို ဆော့ကစား နေခြင်းပင် ဖြစ်၏။

မူလန်သည် ရဲတိုက်မှ ထွက်ခွာသွား၏။ သူမသည် ရှမ့်လန်နှင့် လောင်းကစားလုပ်ထားသည်ကို စဉ်းစားနေမိသည်။ သို့ပေမည့် ဤကိစ္စမှာ အလွန်အံ့ဩဖွယ်ကောင်းပြီး သူမနှင့် ရှမ့်လန်၏ ပထမဆုံးအကြိမ် ဖြစ်ရာ သူမသည် အလျင်စလို မဖြစ်ချင်ပေ။

ရွှမ်ဝူမြို့စားအိမ်တော် ငွေပြန်ဆပ်ပြီးနောက် သူမ အိမ်တွင် ညအိပ်ခွင့် မရတော့ပေ။ နောက်ရက်အနည်းငယ် အတွင်း အလွန်အလုပ်များလိမ့်မည်။ ထို့ကြောင့် သူမသည် ရှမ့်လန်၏ ရင်ဘတ်ကို တစ်ချက် ကိုက်လိုက်ပြီး ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ စစ်သည်တော်များစုဆောင်းရန် ထွက်ခွာသွားသည်။

“လူချောလေး.. ပြန်လာတဲ့အထိ စောင့်လိုက်။ ပြန်လာပြီဆိုတာနဲ့ ကောင်းကောင်း သင်ခန်းစာပေးလိုက်မယ်။ ကျွန်မ ရှင့်ကို ကျိန်းသေပေါက် ကိုက်စားပစ်မယ်”

ဤစကားစုသည် ရှမ့်လန်ကို အလုံးစုံ ကြောင်အသွားစေခဲ့၏။ ဤအရာသည် မူလန်၏ပါးစပ်ဆီမှ ထွက်ပေါ်လာသည့်အရာ ဖြစ်လေသည်လား။ သူမအား ရှောင်ပင်းများ ဝင်ပူးနေလေသည်လား။ မူလန်သည် ကျိန်းသေပေါက် ယဉ်ကျေးသိမ်မွေ့သည့် နတ်မိမယ်တစ်ပါးဖြစ်ပြီး အေးစက်သည့် နတ်မိမယ်တစ်ယောက်လည်း ဖြစ်၏။ ဤကဲ့သို့သော စကားလုံးများကို သူမက ပြောဆိုခဲ့လေသည်လား။

ဤတစ်ချိန် ရှမ့်လန် ဖန်တီးထားခဲ့သည့် ကံကြမ္မာအလှည့်အပြောင်းသည် တကယ့်ကို ကြီးမားလွန်းလှ၏။ မူလန်ကဲ့သို့ နတ်မိမယ်တစ်ယောက်ပင်လျှင် တုန်လှုပ်ခဲ့၏။ ပြောရမည်ဆိုလျှင် သူ၏ မဟာဗျူဟာသည် နောက်ဆုံးအချိန်အထိ အံ့အားသင့်စရာများ တည်ရှိနေသေး၏။ အလုံးစုံသော အခြေအနေအားလုံးကို ဖန်တီးပြီးသည်နောက် ရန်သူများ ထောင်ချောက်ထဲသို့ လှိမ့်ဝင်လာရန် စောင့်စားနေရုံသာ ရှိ၏။

အမျိုးသမီးများသည် စိတ်ခံစားချက် များပြားလွန်း၏။ မူလန်ကလည်း ခြွင်းချက် မဟုတ်နိုင်ချေ။ မိန်းကလေးတို့သည် အလုံးစုံအားကောင်းသူများကို ကိုးကွယ်တတ်သည့် သဘာဝ ရှိ၏။ အမျိုးသား တစ်ယောက် အနေနှင့် ပိုမိုကာ အားကောင်းလေလေ သူမတို့ အနေနှင့် ကျရှုံးရန် အခွင့်အရေး များလေလေပင်။

ကျင်းချန်ကျွန်း နောက်ဆုံးတိုက်ပွဲတွင် မူလန်သည် တစ်ဝက်လောက် ကျရှုံးခဲ့ပြီ ဖြစ်၏။ ဤတစ်ကြိမ် ဝမ်ကျားကျွန်း၏ မဟာဗျူဟာသည်သာ အောင်မြင်သည်ဆိုပါက ကျင်းမိသားစုသည် ကျိန်းသေပေါက် နှစ်တစ်ရာအတွင်း ကြီးမားလွန်းသည့် ကောင်းချီးတစ်ခုကို ဖန်တီး ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်၏။

အခြေအနေက တကယ့်ကို ကြီးမားပြင်းထန်လွန်းလှ၏။ ရေတွက်၍မရအောင် များပြားသည့် ရွှေများ ကို အသုံးပြု၍ အရာအားလုံး၏ လက်မှ လွတ်မြောက်ကာ ဝင့်ဝင့်ကြွားကြွား နေထိုင်နိုင်ပေလိမ့်မည်။

မဟာဗျူဟာများကို မြင်ရပြီးသည့်နေက် နတ်မိမယ်မူလန်ပင်လျှင် ရှမ့်လန်အပေါ် အလုံးစုံ ကျရှုံးသွားခဲ့၏။ အမျိုးသမီးများ၏ နက်ရှိုင်းသည့်ချစ်ခြင်းမေတ္တာဆိုသည်မှာ ဤကဲ့သို့ ကြီးမားသည့် အခြေအနေ ၊ ရင်ခုန် လှုပ်ရှားရသည့် အလှည့်အပြောင်းများဆီမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။

မြင်မြင်ချင်း ချစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအရ တဖြည်းဖြည်း အမြစ်တွယ်လာခြင်း၊ ထိုအရာများသည် လောကတွင် မရှိမဟုတ်။ သို့ပေမည့် အများအပြားမှာ အတုများပင် ဖြစ်၏။ လူသားများသည် ဤကဲ့သို့ သန့်စင်သည့်သူများ မဟုတ်တာ သေချာသည်။

တခြားနည်းလမ်း မရှိနိုင်ချေ။ ဆရာလန်၏ ချောမောမှုကလည်း အရေးကြီးမားသည့်နေရာမှ ပါဝင်၏။ အေးစက်သည့် နတ်မိမယ်ကိုပင် ဝံပုလွေတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားစေခဲ့၏။ သို့ပေမည့် မူလန်၏ စကားလုံးများသည် ရှမ့်လန်၏ စိတ်များကို ဝေဝါးသွားစေခဲ့၏။ သူသည် နာရီအနည်းငယ်ကြာ ကြောင်အလို့ နေခဲ့၏။ ရှောင်ပင်း သူ့ကို လာရောက် စနောက်နေသည် ဆိုလျှင်တောင်မှ ရှမ့်လန်သည် စိတ်မဝင်စားနိုင်သေးချေ။

“ပင်းအာ.. ငါ့နားကို မလာနဲ့အုံး။ ငါ့နားကို မလာနဲ့အုံး။ ငါ့ကိုယ်ငါ ထိန်းချုပ်လို့ မရသေးဘူး။ တစ်စုံတစ်ခု ဖြစ်သွားနိုင်တယ်။ တစ်စုံတစ်ခုသာ ဖြစ်သွားတယ်ဆိုရင် ငါ ... ငါ့မိန်းမရဲ့ ရိုက်သတ်ခြင်းကို ခံရလိမ့်မယ်”

မူလန်သည် လက်ရှိ အခြေအနေတွင် တကယ့်ကို စိတ်ခံစားချက် ပြင်းထန်လျက် ရှိနေသည့် သားသည်အမေကဲ့သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် ရှမ့်လန်သည် မည်သည့်အမှားယွင်းကိုမှ မပြုလုပ်ရဲချေ။

“ရှင်က စိတ်တိုစရာပဲ။ ကဲ မြန်မြန်” ရှောင်ပင်းသည် သူမ၏ ခြေထောက်ကို ဆောင့်လိုက်၏။ တကယ်ပင် ရင်နှစ်မွှာက တုန်ခါသွားခဲ့၏။ ရှမ့်လန်သည် ချက်ချင်းပဲ မိမိ စိတ်ကို အလျင်အမြန် ထိန်းချုပ်ထားရ၏။

“သခင်မလေးက တကယ့်ကို စိတ်တိုစရာပဲ။ အိမ်သာကိုလည်း ဦးထားသေးတယ်။ ဒါပေမယ့် အီးမပါဘူး။ ဘယ်လိုလုပ်မလဲ”

“……..”

ဤစကားစုသည် ရှမ့်လန်အား ပါးစပ် အဟောင်းသား ဖြစ်သွားစေခဲ့၏။ ‘ချီးတဲ့မှ.. ငါက ဘယ်လိုဖြစ်ပြီး အိမ်သာ ဖြစ်သွားတာလဲ’

ထို့အပြင် ဤမျှလှပသည့် ရုပ်ရည်သွင်ပြင်နှင့် လူတစ်ယောက်ကို အိမ်သာနှင့် ခိုင်းနှိုင်းခြင်းမှာ မသင့်တော်သည် မဟုတ်ပါလား။

………

All Chapters