← Chapters

အခန်း (၁၉၆)

Vol. 15 Ch. 196

အခန်း (၁၉၆)

Vol. 15 Ch. 196

နောက်တစ်ရက်အတွင်း မူလန်သည် မရပ်တန့်ခဲ့ချေ။ သူမသည် အိပ်ခြင်းမရှိသလို မြို့အနှံ့အပြား၊ ရွာအနှံ့အပြား ဆီသို့ သွားရောက်ပြီး စစ်သည်များကို စုဆောင်းလျက် ရှိနေ၏။ သူမ ရောက်ရှိသွားသည့် တည်နေရာအနှံ့ရှိ ကာကွယ်ရေးစစ်သည်များကို ဆင့်ခေါ်ပြီး ထိုအထဲမှ လက်ရွေးစင်စစ်သည်များကို ထပ်မံရွေးချယ်ခဲ့၏။

ရွေးချယ်ပြီးသော စစ်သည်များအား ချပ်ဝတ်နှင့် လက်နက်များကို ချက်ချင်းပဲ ဖြန့်ဝေပေးခဲ့၏။ ပိုက်ဆံများကို သေသေချာချာ အသုံးပြုနေခဲ့ခြင်းပင် ဖြစ်၏။ ထို့အပြင် ထိုစစ်သားများအတွက် နှစ်ဝက်စာ လုပ်ခလစာ ငွေကြေးများကိုပင် ကြိုတင်ကာ ရှင်းပေးခဲ့သည်။

ရုတ်တရက် ရွှမ်ဝူအိမ်တော်၏ မြေပိုင်နက်ထဲတွင်ရှိနေသည့် လူပေါင်းများစွာတို့၏ စိတ်ဆန္ဒသည် တက်ကြွသွားခဲ့၏။ သန်မာကြံ့ခံသည့် ယောက်ျားအားလုံးသည် စစ်တပ်ထဲသို့ ဝင်ရောက်ရန် စိတ်ဆန္ဒပြင်းထန် လာခဲ့ကြ၏။

ဤသတင်း ပြန့်နှံ့သွားခဲ့ပြီးနောက် အနီးအနား ပတ်ဝန်းကျင်တွင်ရှိနေသည့် တော်ဝင်မိသားစုအားလုံးတို့သည် တုန်လှုပ်လျက် ရှိနေ၏။ ရွှမ်ဝူအိမ်တော်သည် တကယ်ပင် ၎င်းတို့၏ စစ်တပ်ကြီးကို ချဲ့ထွင်ရန် ကြိုးစားနေသည်လား။ ဤအရာသည် လောကကြီး၏ စိတ်ဆန္ဒနှင့် အလုံးစုံ ဆန့်ကျင်လျက် ရှိနေ၏။ ဘုရင်မင်းမြတ်ကို ရန်ပြုနေခြင်းပင် ဖြစ်သည်။

ဤကဲ့သို့ အရေးကြောင်းအခြေအနေမျိုးတွင် စစ်တပ်ကို ချဲ့ထွင်ခြင်းဖြင့် သူတို့ ဘာလုပ်ရန် စီစဉ်နေလေသနည်း။ လူပေါင်းများစွာတို့သည် ရွှမ်ဝူအိမ်တော်၏ မြေပိုင်နက်ထဲတွင်ရှိနေသည့် စစ်သည်များမှာ ဝမ်ကျားကျွန်းသို့ သွားမည် ဖြစ်ကြောင်း သိရှိလိုက်ကြ၏။ ဝမ်ကျားကျွန်းတွင် နောက်ထပ်စစ်တပ်ကြီးတစ်ခုကို အခြေချရန် စီစဉ်နေခြင်းပင် ဖြစ်၏။

လုပ်သားပေါင်း တစ်သောင်းကျော်တို့သည် ဝမ်ကျားကျွန်းဆီသို့ သွားရောက်ကြ၏။ ထို၏ နောက်တွင် ရွှမ်ဝူအိမ်တော်သည် ကြီးမားသည့်လှုပ်ရှားမှုကြီးတစ်ခုကို စတင်ကာ ပြုလုပ်တော့မှာ ဖြစ်၏။ အခြေအနေ တစ်ခုလုံးသည် အားလုံးသောသူတို့၏ အပူတပြင်း ဆွေးနွေးရမည့်အရာမျိုး ဖြစ်လာခဲ့၏။ ဆိုးဝါးသည့် အရာများသည် မကြာခင် ဖြစ်တည်လာပေတော့မည်။

……..

အားလုံးသော သူတို့က အလုပ်များလျက် ရှိနေသည်။

သို့ပေမည့် ထိုအရာ အားလုံးကို စတင်ပြုလုပ်သူ ရှမ့်လန်မှာတော့ တည်တည်ငြိမ်ငြိမ်နှင့် တည်ရှိနေခဲ့၏။ သူသည် မည်သည့်အရာကိုမှ စိတ်မပူတတ်ချေ။ ပြောရမည်ဆိုလျှင် တကယ့်ကို တော်လွန်းသည့် စီမံခန့်ခွဲသူများသည် စိုးရိမ်ပူပန်မှု မရှိကြချေ။ အစီအစဉ်အားလုံးကို အနှစ်ချုပ်ခဲ့ပြီးပြီ ဖြစ်၏။ ဖောက်ထွင်းဖျက်ဆီး၍မရနိုင်သော ပိုက်ကွန်ကြီးကို ချထားပြီး ဖြစ်၏။ နောက်တစ်ဆင့်သည် ရန်သူများ ထိုထဲသို့ ကျဆင်းလာရန် စောင့်မျှော်နေခြင်းပင်။

ရှမ့်လန်နှင့် ကျင်းမူကုန်းတို့သည် လက်ရှိအချိန်တွင်မှာတော့ စာအုပ်ကို အပြင်းအထန်နှင့် ရေးလျက် ရှိ၏။ ရှမ့်လန်က ရွတ်ပြလျက်ရှိနေပြီး ကျင်းမူကုန်းက သေသေချာချာ ရေးသားနေ၏။ လိုအပ်သည့် အကြောင်းအရာအားလုံးကို ရှာဖွေပြီး ရေးသားနေခြင်း ဖြစ်၏။

ဤအရာသည် ချောင်ရှောင်းအာကို ကျိန်းသေပေါက် အနိုင်ယူနိုင်ရန်အတွက် အရေးကြီးသည့် စာအုပ်ဖြစ်သည်။ သူမသည် ရှမ့်လန် နုရှောင့်မြို့ကို သိမ်းပိုက်နိုင်ခြင်း၊ သိမ်းမပိုက်နိုင်ခြင်းပေါ်တွင် မူတည်လျက်ရှိနေသည့် လူမျိုးပင်။

ကျင်းမူကုန်း၏ စာရေးသားခြင်း အမြန်နှုန်းက တကယ်မြန်ဆန်၏။ ရက်ဒါဇင်အနည်းငယ် အတွင်းမှာပဲ အနောက်အရပ်သို့ ခရီးသွားခြင်း ဇာတ်လမ်းတစ်ခုလုံးကို ကူးယူရေးသားခဲ့ပြီးဖြစ်၏။ တစ်ချက်ကလေးမှ ပင်ပန်း နွမ်းနယ်နေသည့်ပုံစံ မပေါ်ချေ။ အဘယ့်ကြောင့်ဆိုသော် စာအုပ်ရေးသားခြင်းဆိုသည်မှာ သူ့အတွက် နေ့စဉ်နေ့တိုင်း ပြုလုပ်ရသည့်အရာမျိုးဖြစ်သလို ထိုဇာတ်လမ်းကိုနားထောင်ရခြင်းဖြင့် သူ၏ စိတ်ဆန္ဒများ ကလည်း ပိုမိုကာ တတ်ကြွလာခဲ့သောကြောင့်ပင်။

ရက်အနည်းငယ်အတွင်း ရှမ့်လန်သည် ရန်သူများအား စောင့်စားလျက် ရှိနေ၏။ တစ်ချိန်တည်းမှာပဲ အကောင်းဆုံးကြိုးစားပြီး ချောင်ရှောင်းအာကို ဆွဲဆောင်နိုင်ရန်လည်း ကြိုးစားနေ၏။ လူတစ်ယောက်တည်းအတွက် စာအုပ်တစ်အုပ်ကို ရေးသားခြင်း ဖြစ်၏။ ရှမ့်လန်သည် မိန်းမတစ်ယောက်အတွက် ဤကဲ့သို့ ကြိုးစားပမ်းစား တစ်ခါမှ မပြုလုပ်ခဲ့ဖူးချေ။

သို့ပေမည့် ဤတစ်ကြိမ်မှာတော့ ရှမ့်လန် နုရှောင့်မြို့ဆီသို့ စေလွတ်ထားသည့် သူလျှိုသည် ရှစ်ချင်းချင်းဆီမှ စာကိုကိုင်ဆွဲကာ ပြန်လာခဲ့၏။

သူသည် စာကို ဖွင့်ကာ ဖတ်ကြည့်၏။ အထဲတွင် ဘာမှ မရှိချေ။ ထို့ကြောင့် မီးဖြင့် အသာကင်လိုက်၏။ ရှစ်ချင်းချင်း၏ လက်ရေးက ပေါ်ပေါက်လာခဲ့၏။ ချောင်ရှောင်းအာ၏ နာမကျန်းမှုသည် ပိုမိုကာ ကြီးမားလာခဲ့ပြီး အသက်အန္တရာယ်ပင် စိုးရိမ်ရလာခဲ့၏။ ထို့ကြောင့် ကျေးဇူးပြုပြီး မြန်မြန် လာရောက်ကယ်တင်ပါရန် တောင်းဆိုထားခြင်းပင် ဖြစ်သည်။

ချက်ချင်းပဲ ရှမ့်လန်က တုန်လှုပ်သွားခဲ့၏။ ချောင်ယောင်းအာသည် အလွန်အမင်း နာမကျန်းဖြစ်နေသည်လား။ အသက်အန္တရာယ်ပါ ကျရောက်နေလေသည်လား။ အဆိပ်သည် ပြင်းပြင်းထန်ထန်နှင့် အစွမ်းပြနေလေသည်လား။ သို့ပေမည့် ရှစ်ချင်းချင်း၏ စကားကို ကြည့်ရှုရမည်ဆိုလျှင် သူမသည် မည်သည့်ပုံစံနှင့် အဆိပ်ကို ၏ခံစားနေရကြောင်း ရှမ့်လန် သေသေချာချာ မသိရှိချေ။ ထို့ကြောင့် ဆုံးဖြတ်ရန် ခက်ခဲလို့နေခဲ့၏။

သူ့အနေနှင့် နုရှောင့်မြို့ကို ကျိန်းသေ သွားရပေတော့မည်။ သို့ပေမည့် သွားမည်ဆိုပါက ကျိန်းသေပေါက် စွန့်စားရမည် မဟုတ်ပါလား။ သူ မသွားဘဲ ချောင်ယောင်းအာကို အသေခံခိုင်းရမည်လား။

သူမ သေဆုံး၍ မဖြစ်နိုင်ချေ။ စွန့်စားရမည့်အရာမျိုး ရှိသည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ဤအရာသည် ကြီးမားသည့် အခွင့်အရေးတစ်ခု ဖြစ်သည်မဟုတ်ပါလား။

….

ဝမ်ကျားကျွန်းတွင် ရွှေတွင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။

ထိုအရာသည် မည်သူ့ကို စိတ်မသက်မသာနှင့် ဖြစ်စေရသနည်း။ ဟုတ်ပေ၏။ ကျင်းဟိုင်မြို့စားကြီး ထန်လွမ်ပင်တည်း။ ၎င်း၏ နှလုံးသားထဲတွင် ရှိနေသည့် မနာလိုမှုများသည် ချက်ချင်း ပေါက်ကွဲလုမတတ်ပင်။

ကျင်းမိသားစုသည် သေဆုံးခါနီး အခြေအနေဆီသို့ ရောက်ရှိလာ၏။ အဘယ်သို့ ရုတ်တရက်ဖြင့် မသေဆုံးရသနည်း။ သူတို့ ကျင်းချန်ကျွန်းကို ရှုံးနိမ့်ခဲ့၏။ သို့ပေမည့် ဝမ်ကျားကျွန်းတွင် အဘယ်ကြောင့် ရွှေတွင်းတစ်ခုက ပေါ်ပေါက်လာရခဲ့သနည်း။ မည်သို့ ဖြစ်ခဲ့သနည်း။

ကောင်းကင်သည် စုံလုံးကန်းခဲ့ပုံ ပေါ်လေ၏။ ထို့ကြောင့် ထန်လွမ်သည် ဝမ်ကျားကျွန်းဆီသို့ တိတ်တဆိတ်ဖြင့် သူလျှိုပေါင်းများစွာကို စေလွှတ်ခဲ့၏။ သို့ပေမည့် ရွှမ်ဝူအိမ်တော်သည် များပြားလွန်းသည့် အစောင့်များနှင့်အတူ ဝမ်ကျားကျွန်းတစ်ခုလုံးကို စောင့်ကြပ်လျက် ရှိနေ၏။ ကျွန်း၏အနီးအနားသို့ ရွက်သင်္ဘောများ ကပ်လာသည်နှင့် တစ်ပြိုင်နက် မည်သူ၏ ရွက်သင်္ဘောကိုမဆို နှစ်မြှုပ်ပစ်တတ်၏။

ငါးဖမ်းလှေများ၊ ကုန်သည်လှေများ၊ မည်သည့်လှေများ မဆိုသည် ရေထဲသို့ နှစ်မြှုပ်ခြင်းကို ခံရ၏။ သူတို့သည် ရှာဖွေတွေ့ရှိသလောက် သူလျှိုပေါင်းများစွာကိုလည်း သတ်ဖြတ်ပစ်ခဲ့၏။ ဤအရာသည် ထန်လွမ်အား ပိုမိုကာ အံ့အားသင့်စေခဲ့၏။ ဝမ်ကျားကျွန်းထဲတွင် ကျိန်းသေပေါက် ရွှေတွင်းတစ်ခု တည်ရှိနေနိုင်သည်။

သူသည် ကျွမ်းကျင်သူများကို ခေါ်ဆောင်ပြီးသည့်နောက် ရွှမ်ဝူအိမ်တော်ဆီမှ ရွှေတုံးများကို ယူဆောင်ကာဖြင့် သေသေချာချာ စစ်ဆေးစေခဲ့၏။ ဟုတ်ပေ၏။ ဤလူများသည် ယင်ယွမ်အဖွဲ့အစည်း ဆီမှကျွမ်းကျင်သူများပင် ဖြစ်လေ၏။ ကျွမ်းကျင်သူများသည် ရွှေတုံးများကို မြင်ရသည့် အချိန်မှာတော့ မကြာသေးခင်မှ မြေကြီးထဲက ထုတ်ယူထားခဲ့သည့် ရွှေများဖြစ်ကြောင်း ပြောဆိုညွှန်ပြခဲ့၏။ အချို့သော ရွှေများသည် မည်သည့်သန့်စင်မှုကိုမှ မပြုလုပ်ခဲ့ချေ။ အတုံးလိုက် ပေးအပ်ခဲ့ခြင်းဖြစ်၏။

ရွှမ်ဝူအိမ်တော်အနေနှင့် ရွှေတွင်းနှင့်ပတ်သက်၍ အတုပြုလုပ်ချင်သည်ဆိုလျှင်တောင်မှ ဤသို့ ရွှေကြမ်းတုံးများကို မည်သို့ရှာမည်နည်း။ လွယ်လွယ်ကူကူ ရရှိနိုင်သည့်အရာမျိုး မဟုတ်ချေ။ ဈေးကွက်တွင် ဝယ်ယူရရှိနိုင်သည့် ရွှေကြမ်းတုံးများမဟုတ်သောကြောင့်ပင်။

ထန်လွမ်က အံ့အားသင့်သွားမိ၏။ “ဝမ်ကျားကျွန်းမှာ အရင်တုန်းက ရွှေတွင်းကိ ရှာမတွေ့ခဲ့ပါဘူး။ ကျင်းမိသားစုကလည်း သံမဏိမိုင်းတွင်းတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတည်းက တူးနေခဲ့တာပဲ”

ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်သည်။ “တချို့ရွှေတွင်းတွေဟာ ဟိုးအတွင်းအနက်ပိုင်းမှာ ရှိနေတတ်တယ်။ ဒါကြောင့် ရှာဖွေတွေ့ရှိဖို့ဆိုတာလည်း ခက်ခဲတယ်။ မတော်တဆ ရှာဖွေ တွေ့ရှိသွားတာပဲ ဖြစ်လိမ့်မယ်”

ဤအရာမှာ အမှန်ပင် ဖြစ်၏။ အမေရိကန်နှင့် ဩစတေးလျတွင် ရှိနေသည့် ရွှေတွင်းအားလုံးတို့သည် အမှတ်မထင်နှင့် ရှာဖွေတွေ့ရှိခဲ့ခြင်းသာလျှင် ဖြစ်၏။

ထို့ကြောင့် ထန်လွမ်သည် ပိုမိုကာ စိတ်စနိုးစနှောင့် ဖြစ်လာခဲ့၏။ သို့ပေမည့် သူသည် ရှမ့်လန်တစ်ယောက် ဇာတ်ကွက်ရိုက်ထားမည်ကိုလည်း စိုးရိမ်မိ၏။ ဤခွေးသူတောင်းစားလေးကို သူ အမှန်ပင် ကြောက်ရွံ့မိသည်။

“တစ်စုံတစ်ယောက်ကို ထပ်စေလွှတ်ပြီး စုံစမ်းလိုက်ရအောင်။ ရွှေဒင်္ဂါး အတုလုပ်ထားတာတော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အထဲမှာ ရွှေတွေက တော်တော် စစ်မှန်နေတယ်”

ထန်လွမ်က ပြောလိုက်၏။ “ဆိုးတာက ဒါ ပင်လယ်ပြင်မှာ ဖြစ်နေတာပဲ။ မဟုတ်ရင် ငါတို့ သေချာစုံစမ်းစစ်ဆေးလို့ ရသေးတယ်။ အခုတော့ ဘာတစ်ခုမှ မလုပ်နိုင်ဘူး ဖြစ်နေတယ်”

ဆက်ခံသူ ထန်ယွမ်က ပြောလိုက်သည်။ “အဖေ…ကျင်းမိသားစုရဲ့ အစောင့်အကြပ်တွေက တကယ့်ကို တင်းကျပ်တယ်။ သူလျှိုတွေ ဘယ်လောက် ပို့ပို့ အားလုံး သေကုန်တာပဲ။ ကျင်းမိသားစုအနေနဲ့ သူတို့ စစ်တပ်ကြီးကိုလည်း ဆက်တိုက် တိုးချဲ့နေသေးတယ်။ ဝမ်ကျားကျွန်းမှာ အဓိက အင်အားစုတွေ အကုန်လုံး အခြေချပြီး နေထိုင်ကြမယ်လို့ ထင်တယ်”

ထန်လွမ်က ပြောလိုက်၏။ “ခွေးသူတောင်းစား ထန်ယင် ဘယ်ရောက်နေလဲ။ သူ့ဆီက ဘာသတင်း ကြားသေးလဲ”

လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် သူ၏ အကြီးဆုံးသား ထန်ချုံးကို ဓားကျွန်းဆီသို့ စေလွှတ်ကာဖြင့် ထန်ယင်ကို ရှာဖွေစေခဲ့၏။ သူ့အနေနှင့် ထန်ယင်အား ဝမ်ကျားကျွန်းဆီသို့ စေလွှတ်ကာဖြင့် ကိုယ်တိုင် သွားရောက်ကာ ကြည့်ရှုစေချင်၏။ ထို့အပြင် ထန်ယင်သည် ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက် ဖြစ်၏။ ဝမ်ကျားကျွန်းထဲသို့ ခိုးကာ ဝင်ရောက်ခြင်းသည် ထန်ယင်အတွက် ထမင်းစား၊ ရေသောက်သာ ဖြစ်ပေမည်။

“အစ်ကိုကြီးက ပြန်မလာသေးဘူး။ မကြာခင် ပြန်လာပါလိမ့်မယ်” ထန်ယွင်က ပြောလိုက်၏။

တစ်နာရီခန့်ကြာပြီးသည့်နောက် ထန်ချုံး ပြန်ရောက်လာခဲ့သည်။

“ထန်ယင် ဘယ်ရောက်နေလဲ” ကျင်းဟိုင်မြို့စားကြီးက မေးခွန်းထုတ်လိုက်၏။

“သူ မလာပါဘူး”

ထန်ချုံးက ပြောလိုက်သည်။ “သူ မအားဘူးလို့ ပြောတယ်”

“မအားဘူး ဟုတ်လား”

ထန်ယွင်သည် ရုတ်တရက် ဒေါသတကြီးနှင့် ထကာ အော်ဟစ်လိုက်၏။ “ဒီခွေးကောင်ကတော့… ဒီလောက် မိသားစုထဲမှာ ပြဿနာဖြစ်နေတာကို လာကူညီမယ် မရှိဘူး။ မအားဘူး ဟုတ်လား”

ထန်ချုံးက ပြောလိုက်သည်။ “အနာဂတ်မှာ သူ့ကို လာမရှာရင်လည်း အကောင်းဆုံးလို့ ပြောတယ်။ သူက ဒီကိစ္စရပ်တွေမှာ ဝင်ပါဖို့အတွက် စိတ်ဝင်စားမှု မရှိဘူးတဲ့”

“ခွေးသား… ခွေးသားပဲ”

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် ဒေါသတကြီး ဆဲဆိုလိုက်၏။ “ဒီ… ဒီလိုသားမျိုးကို မွေးထုတ်ထားမိတာ ငါ့အတွက် ဘာမှ ထူးခြားမလာဘူး။ သူ့ရဲ့ ဦးနှောက်က လီချင်းချိုးဆီကနေ ဓာတ်ကူးသွားတာပဲ ဖြစ်လိမ့်မယ်”

ပြီးနောက် ကျင်းဟိုင်မြို့စားကြီးက အော်ဟစ်လိုက်သည်။ “ရထားလုံး ပြင်ထားစမ်း။ ငါ ရွှမ်ဝူမြို့ကို သွားမယ်”

ညနေခင်းမှာတော့ ...

ကျင်းဟိုင်မြို့စားကြီးထန်လွမ်သည် ကျန်းမိသားစု၏ အိမ်အဟောင်းဆီသို့ ရောက်ရှိလာခဲ့၏။ ၎င်းသည် အိပ်ရာထဲတွင် လဲလျောင်းရှိနေသည့် အုပ်ချုပ်ရေးမှူး ကျန်းချုံးကို သွားရောက်တွေ့ဆုံ၏။

အုပ်ချုပ်ရေးမှူးသည် တကယ်ပင် ပိန်ပါးသွားခဲ့၏။ ဝိတ်လည်း တော်တော်ကျသွားခဲ့လေ၏။

ထန်လွမ်သည် မည်သို့မှမနေနိုင်ဘဲ တစ်ဖက်လူကို ငုံ့ကြည့်မိ၏။ ကျင်းချန်ကျွန်းတိုက်ပွဲသည် တစ်ဖက်လူအား ဤမျှထိပင် သက်ရောက်စေခဲ့သည်လား။ လအနည်းငယ်ဖျားနာလျှင် လုံလောက်ပြီ ဖြစ်၏။ သို့ပေမည့် ကြည့်ရှုရသည်မှာ ထိုအရာဆီမှ ပြန်လည် မကောင်းမွန်သေးသည့်ပုံပင် ပေါ်သည်။

‘ရွှမ်ဝူကျင်းကျိုးက နေမကောင်းချင် ယောင်ဆောင်ခဲ့တယ်။ ခင်ဗျား ကျန်းချုံးကလည်း နေမကောင်းချင်ယောင် ဆောင်နေတယ်လို့ ကျုပ်ကို မပြောနဲ့နော်။ ဒီကိစ္စက အဓိပ္ပာယ်မရှိဘူး။’

“အုပ်ချုပ်ရေးမှူး… အရာအားလုံး အဆင်သင့် ဖြစ်နေပြီ။ ခင်ဗျား အိပ်ရာထဲမှာဆက်ပြီး လှဲနေဖို့ စိတ်ရှိနေသေးလား”

ကျန်းချုံးသည် အကူအညီမဲ့စွာဖြင့် ပြောဆိုလိုက်၏။ “အရာကိစ္စတွေက ဒီလိုဖြစ်လာပြီ ဆိုမှတော့ ကျုပ် ဘာလုပ်နိုင်မှာလဲ”

သူ၏အသံကို နားထောင်ရသည်မှာ စိတ်ဓာတ်တကျဖြင့် ညှိုးငယ်နေပုံလည်း ပေါ်၏။ ထန်လွမ်က ပြောလိုက်သည်။ “ရှမ့်လန်က တကယ့်ကို ပြဿနာရှာခဲ့တာပဲ။ ဒါပေမဲ့ ကျင်းမိသားစုက မသေရုံတင် မကဘူး။ သူတို့က ပိုပြီးတော့ အလားအလာ ကြီးမားသွားခဲ့တယ်။ အုပ်ချုပ်ရေးမှူး… ခင်ဗျား ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်မပူဘူးလား”

ကျန်းချုံးက ပြောလိုက်၏။ “အင်း…ကျုပ်စိုးရိမ်ပူပန်နေတော့လည်း ဘာလုပ်လို့ရမှာလဲ။ နောက်ဆုံးအကြိမ် ရွှမ်ဝူအိမ်တော်ကို ဝိုင်းပြီးတိုက်ခိုက်တဲ့အချိန်တုန်းက ကျုပ်ရဲ့ ဉာဏ်ပညာနဲ့ ကျုပ်ရဲ့ စွမ်းရည်တွေ အကုန်လုံး ကုန်ဆုံးသွားခဲ့ပြီ။ ကျုပ် အကုန်သုံးခဲ့တယ်။ ဒါပေမဲ့ ကျုပ် ရှုံးနိမ့်ခဲ့တယ်။ ဘုရင်မင်းမြတ်ကလည်း ကျုပ်ကို အနားယူဖို့ အမိန့်ချပေးထားတယ်။ အခုကျုပ်က နုကျန့်စီရင်စု ကနေပြီးတော့ ဌာနလွှဲပြောင်းခံရဖို့ စောင့်နေရတာ မဟုတ်လား”

ထန်လွမ်က နှာခေါင်းရှုံ့လိုက်သည်။ “ရှမ့်လန်က အငြိုးအတေး ကြီးမားတဲ့ လူတစ်ယောက်နော်။ အုပ်ချုပ်ရေးမှူးအနေနဲ့ ဒီအတိုင်း ထွက်ခွာသွားလို့မရမှာ စိုးရိမ်ရတယ်။ သူ အားပြီဆိုတာ နဲ့ ကျိန်းသေပေါက် အုပ်ချုပ်ရေးမှူးကို လက်စားချေလိမ့်မယ်”

“မှားတယ်”

ကျန်းချုံးက ပြောလိုက်၏။ “ကျုပ်က ရှမ့်လန်နှင့် ဘယ်လို ပုဂ္ဂိုလ်ရေးရန်ငြိုးမှ မရှိဘူး။ ကျုပ်က ရှမ့်လန်ကို တိုက်ရိုက်ဆိုသလို အပြစ်ပြုမိနေတာမျိုး တစ်ခါမှ မရှိခဲ့ဘူး။ ကျုပ် နေရာရွေ့ပြောင်းခံရပြီဆိုတာနဲ့ ကျုပ်တို့ကြားထဲမှာရှိနေတဲ့ အငြိုးအတေးတွေ အကုန်လုံး ပျောက်ကွယ် သွားလိမ့်မယ်။ လောကကြီးထဲမှာ ကျုပ်တို့ တစ်ယောက်နဲ့ တစ်ယောက် မေ့လျော့သွားလိမ့်မယ်”

ထန်လွမ်က ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူး… ခင်ဗျား လိုလိုချင်ချင်နဲ့ ရှမ့်လန်ကို အရှုံးပေးလိုက်ပြီလား”

ကျန်းချုံးက ပြောလိုက်၏။ “ကျုပ်က တိုက်ခိုက်ရတာကို နှစ်သက်တဲ့လူတစ်ယောက် မဟုတ်ဘူး။ ကစားပွဲတစ်ခုကို ရှုံးနိမ့်သွားပြီဆိုရင် ချက်ချင်း ထွက်သွားရမယ်။ ဒီထဲမှာ ထပ်ပြီးတော့ ပိတ်မိနေတာမျိုး မဖြစ်စေချင်ဘူး”

ကျန်းချုံး၏ ကျော်ကြားသည့် အစစ်အမှန် စကားတစ်ခုပင် ဖြစ်၏။ သူသည် ထိုအရာကို အကြိမ်ပေါင်း များစွာ ပြောဆိုခဲ့ဖူး၏။ ပြီးနောက် ကျန်းချုံးက နာနာကျင်ကျင်နှင့် ပြောလိုက်သည်။

“တကယ့်ကို… လိမ္မာပါးနပ်တဲ့ အိမ်ရှင်မတစ်ယောက်တောင်မှ ဆန်မရှိဘဲ မချက်ပြုတ်နိုင်ဘူးလေ။ နောက်ဆုံးအကြိမ် ကျုပ်တို့ ရွှမ်ဝူအိမ်တော်ကို တိုက်ခိုက်တဲ့ အချိန်တုန်းက ကျုပ်ရဲ့ အမိန့်ပေးမှုကို တော်ဝင်မျိုးနွယ် တော်တော်များများက နားထောင်ခဲ့ကြတယ်။ ဒါပေမဲ့ အခု ကျုပ် အမိန့်ပေးဖို့အတွက် ဘယ်လို လူတွေ ရှိလဲ။ ဘယ်သူမှ ကျုပ် စကားကို နားထောင်မှာ မဟုတ်ဘူး”

ကျင်းချန်ကျွန်း တိုက်ပွဲ ရှုံးနိမ့်ခဲ့ပြီးသည့်နောက် ကျန်းချုံး ဦးဆောင်သည့် မဟာမိတ်အဖွဲ့များသည် ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်လေ၏။ ထို့အပြင် ထန်လွမ်သည် ပိုမိုအားကောင်းပြီး ကြမ်းတမ်းလှသည့် မဟာမိတ်တစ်ဖွဲ့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်၏။ ပင်လယ်ဓားပြ ချောင်ထျန်းဝေပင် ဖြစ်လေ၏။

နောက်ဆုံးအကြိမ် ထန်လွမ်အား ကျင်းမိသားစုဆီသို့ ကျင်းချန်ကျွန်းတစ်ခုလုံးကို ပေးအပ်လိုက်ရန်အတွက် ကျန်းချုံးက ပြောဆိုခဲ့လေ၏။ ကျင်းကျိုးသည် လူပေါင်းများစွာတို့ကို စေလွှတ်ကာ ကျင်းချန်ကျွန်းကို သိမ်းဆည်းရန် ပြင်ဆင်ခဲ့၏။ သို့ပေမည့် ချောင်ထျန်းဝေသည် ထိုအရာများကို ကြားဖြတ်ကာ လုယူခဲ့၏။

အဆုံးသတ်မှာတော့ ထန်လွမ်သည် ယခု ဤနှစ်ဝက်အတွင်း ရှိနေသည့် အကျိုးအမြတ်များ အားလုံးကို မရရှိတော့ချေ။ တိုက်ရိုက်ဆိုသလိုပင် ကျင်းချန်ကျွန်းတစ်ခုလုံးကို ချောင်ထျန်းဝေဆီသို့ ပေးအပ်ခဲ့ခြင်းပင် ဖြစ်၏။ ကြည့်ရမည်ဆိုလျှင် ထန်လွမ်နှင့် ကျန်းချုံးတို့ကြား၌ ရှိနေသည့် မဟာမိတ်သည် ပျက်စီးသွားခဲ့ပြီး ဖြစ်၏။

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် လှောင်ပြောင်ရယ်မောကာ ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူး.... တခြား အတွေးတွေ ရှိနေရင်တော့ ကျုပ် ဘာမှမပြောနိုင်ဘူး။ ဒါပေမဲ့ ကျုပ် အုပ်ချုပ်ရေးမှူးကို တိုင်ပင်ချင်တဲ့ ကိစ္စတစ်ခု ရှိတယ်”

ကျန်းချုံးက ပြောလိုက်၏။ “ပြောပါ”

ထန်လွမ်က မေးလိုက်သည်။ “ခင်ဗျားထင်မြင်ချက်အရ ဝမ်ကျားကျွန်းပေါ်မှာ ရွှေသတ္တုတွင်းရှိတယ်ဆိုတဲ့ ကိစ္စက အမှန်လား ၊ အမှားလား”

ကျန်းချုံးက မျက်မှောင်ကြုတ်၍ ခဏစဉ်းစားပြီး ပြောလိုက်၏။ “ပြောရခက်တယ်”

ထန်လွမ်က မေးလိုက်သည်။ “ဘာကို ပြောရခက်တာလဲ”

ကျန်းချုံးက ပြောလိုက်၏။ “ရှမ့်လန်က အမြဲတမ်း ကောက်ကျစ်စဉ်းလဲတယ်။ လူကို လုံးဝ ခန့်မှန်းမရနိုင်အောင် လုပ်နိုင်တယ်”

ထန်လွမ်က ပြောလိုက်သည်။ “ကြီးမားတဲ့ ရွှေသတ္တုတွင်းကို မတွေ့ရှိဘဲနဲ့ ရွှမ်ဝူမြို့စားအိမ်တော်က ရွှေဒင်္ဂါး ခုနစ်သိန်း၊ ရှစ်သိန်းကို အချိန်တိုအတွင်း ထုတ်နိုင်ပါ့မလား။ ဒါ သဘာဝမကျဘူး”

ကျန်းချုံးက ပြောလိုက်၏။ “ဒါက ရှင်းပြလို့မရဘူး။ ဒါမှမဟုတ် ရှမ့်လန်နဲ့ တခြားသူတွေက ကြီးမားတဲ့ စီးပွားရေးတစ်ခုခု လုပ်ခဲ့တာလား။ ဥပမာ ကောင်းကင်တာအိုအဖွဲ့အစည်းနဲ့ ပေါင်းတာမျိုး ...”

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် လှောင်ပြောင်ရယ်မောကာ မေးလိုက်သည်။ “ဘာစီးပွားရေးက ရွှေဒင်္ဂါး ရှစ်သိန်းကို တစ်ခါတည်း ရနိုင်မှာလဲ။ အုပ်ချုပ်ရေးမှူး ... ကျုပ်ကို သင်ပေးပါလား”

ကျန်းချုံးက ခေါင်းခါပြီး မည်သည့်စီးပွားရေးက ဤမျှလောက် ငွေများများ တစ်ခါတည်း ရနိုင်သည်ကို မသိကြောင်း ဖော်ပြလိုက်၏။

ကျန်းချုံးက ပြောလိုက်သည်။ “ဝမ်ကျားကျွန်းမှာ ရွှေသတ္တုတွင်းရှိတယ်ဆိုရင် လူလွှတ်ပြီး စုံစမ်းကြည့်ပေါ့”

ထန်လွမ်က ပြောလိုက်၏။ “ရွှမ်ဝူမြို့စားအိမ်တော်က စောင့်ကြပ်နေတယ်။ ဝမ်ကျားကျွန်းနား ချဉ်းကပ်တဲ့သူတိုင်းကို သတ်ပစ်တယ်၊ အနားကပ်လို့မရဘူး။ ပြီးတော့ ကျင်းမိသားစုက စစ်သည်တွေ အရူးအမူး စုဆောင်းနေတယ်။ ကိုယ်ပိုင်စစ်တပ်ရဲ့ အဓိကအင်အားကို ဝမ်ကျားကျွန်းကို ဆက်တိုက် ပို့ဆောင်နေတယ်”

ကျန်းချုံးက ပြောလိုက်သည်။ “ဝမ်ကျားကျွန်းပေါ်မှာ တကယ် ရွှေသတ္တုတွင်းရှိတယ်ဆိုရင် အခုအချိန်က ကျင်းမိသားစုရဲ့ အားအနည်းဆုံးအချိန်ပဲ။ သူတို့ စစ်သည်တိုးချဲ့မှုပြီးဆုံးပြီး ကျွန်းပေါ်မှာခံတပ် တည်ဆောက်ပြီးသွားရင် ဝမ်ကျားကျွန်းကို သိမ်းပိုက်ဖို့ ခက်ခဲသွားလိမ့်မယ်”

ထန်လွမ်က ခေါင်းညိတ်လိုက်၏။ “ဒါကြောင့်ပဲ ကျုပ်တို့ အချိန်နဲ့ လုနေရတာ။ ဒါကြောင့်ပဲ ကျုပ် စိတ်မရှည် ဖြစ်နေတာ”

ကျန်းချုံးက သတိပေးလိုက်သည်။ “ကျင်းဟိုင်မြို့စားကြီး... လောဘကြောင့် မျက်စိမကွယ်စေနဲ့။ ဒါက ရှမ့်လန်ရဲ့ အကြံအစည်တစ်ခု ဖြစ်နိုင်ချေများတယ်။ ကျွန်းထဲမှာ ရွှေသတ္တုတွင်းရှိတယ်ဆိုတာကို အရင်ဆုံး သေချာအောင် လုပ်ပါ။ ရှမ့်လန်ဆိုတဲ့ကောင်လေးက အရမ်းကြောက်စရာကောင်းတယ်၊ ကာကွယ်ဖို့ မလွယ်ဘူး”

ထန်လွမ်က ပြောလိုက်၏။ “ကျုပ် မသိဘူး ထင်နေလား။ ဒါပေမဲ့ ကျုပ် ပြောခဲ့တယ်။ ဘယ်သူမှ ဝမ်ကျားကျွန်းကို အနားမကပ်နိုင်ဘူး။ ချဉ်းကပ်ရင် ချက်ချင်း ကွပ်မျက်ခံရတယ်။ အမှန်တကယ်အခြေအနေကို စုံစမ်းလို့ မရဘူး”

ကျန်းချုံးက ဂရုမစိုက်စွာဖြင့် အကြံပေးလိုက်သည်။ “ဒါဆိုရင် ရွှမ်ဝူမြို့စားကြီး မသတ်ဝံ့တဲ့လူကို ဝမ်ကျားကျွန်းကို အတင်းသွားခိုင်းလိုက်ပေါ့

ထန်လွမ်က ပြောလိုက်၏။ “ဘယ်လူကို ရွှမ်ဝူမြို့စားအိမ်တော်က မသတ်ဝံ့မှာလဲ။ ဆဋ္ဌမမင်းသားကို သွားခိုင်းလို့ မရဘူး။ ပြည်နယ် အုပ်ချုပ်ရေးမှူးချုပ် ကျူးကျွင်းကိုလည်း သွားခိုင်းလို့မရဘူးလေ”

ကျန်းချုံးသည် မျက်လုံးကို မှိတ်လိုက်ပြီး စကားမဆိုတော့ပေ။ ဤအမည်ကို သူ ကိုယ်တိုင် ထုတ်ဖော် ပြောဆို၍ မဖြစ်ချေ။ မဟုတ်ပါက မကောင်းကြံစည်သည်ဟု ထင်ရမည်။ ထန်လွမ်ကို ကိုယ်တိုင် စဉ်းစားစေရမည်။

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်၏ မျက်လုံးများသည် တစ်ချက်လင်းလက်သွားသည်။ သူသည် လူတစ်ယောက်ကို ချက်ချင်း စဉ်းစားမိသွားသည်။ ဤလူသည် ဝမ်ကျားကျွန်းသို့ သွားနိုင်ပြီး ကျင်းကျိုးလည်း မသတ်ဝံ့ပေ။ ဤလူမှာ ပင်လယ်ဓားပြဘုရင်ငယ် ချောင်ရှောင်းပင်။ အဘယ်ကြောင့်ဆိုသော် သူ၏ နောက်ကွယ်တွင် ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေရှိပြီး လက်အောက်တွင် ပင်လယ်ဓားပြ နှစ်သောင်း-သုံးသောင်း ရှိသောကြောင့်ပင်။

“နှုတ်ဆက်ပါတယ်။ အုပ်ချုပ်ရေးမှူး ကောင်းကောင်းအနားယူပါ” ထန်လွမ်က သရော်လိုက်သည်။ ထို့နောက် သူသည် တိုက်ရိုက် ထွက်ခွာသွား၏။

ကျန်းချုံးသည် လှဲလျောင်းနေရင်း စိတ်ထဲတွင် ပြုံးကာ ပြောလိုက်၏။ ‘ရှမ့်လန်... ကျုပ် ချောင်ရှောင်းကို မင်းရဲ့ ဓားအောက် ပို့ပေးလိုက်ပြီ’

All Chapters