အခန်း (၁၉၇)
Vol. 15 Ch. 197
အနောက်အရပ်သို့ ခရီးသွားခြင်း ဇာတ်လမ်း၏ စိတ်လှုပ်ရှားဖွယ်ရာများနှင့်အတူ ချောင်ယောင်းအာသည် ပို၍ စွဲလန်းလာသည်။ အထူးသဖြင့် စွန်းဝူခုံး၏ ကောင်းကင်ဘုံကို ဖျက်ဆီးခြင်း၊ ကောင်းကင်ဘုံနှင့် တန်းတူညီမျှသော သူတော်စင်ကြီးဟု ကြွေးကြော်ခြင်းတို့က သူမ၏ သွေးများကို ဆူပွက်လာစေ၏။
သူမသည် ထိုကဲ့သို့သော မြင့်မြတ်သည့် လူမျိုးကို စိတ်ဝင်စားမိ၏။ မည်သည့် အခွင့်အာဏာ၊ မည်သည့် ထိန်းချုပ်မှုကိုမှကြောက်ရွံ့ခြင်း မရှိဘဲ မိမိအားအင်အဆင့်ဖြင့် ကြိုက်သည့်အရာများကို ကြိုက်သလို ပြုလုပ်နိုင်စွမ်း ရှိနေခြင်း။
ချောင်ယောင်းအာသည် ဤဇာတ်လမ်းတစ်ခုလုံး၌ နစ်မြုပ်လျက် ရှိနေ၏။ စားချင်သောက်ခြင်းကိုပင် မပြုလုပ်နိုင်ချေ။ သူမ၌ တခြားဝါသနာများ မရှိပေ။ သူမ၏ ဝါသနာသည် ဘာမှန်းမသိသည့် တည်နေရာများ၊ ဆန်းကျယ်သော လောကကြီးများဆီသို့ လှည့်လည်သွားလာရခြင်းပင် ဖြစ်၏။
ယခု သူမသည် နုရှောင့်မြို့ထဲတွင် ပိတ်မိလျက် ရှိနေ၏။ မည်သည့်နေရာကိုမှ သွား၍ မရနိုင်ချေ။ ရှစ်ချင်းချင်း၏ ဇာတ်လမ်းသည် သူမအား လောကသစ်တစ်ခုဆီသို့ ဖွင့်လှစ်ပေးခဲ့ခြင်းပင် ဖြစ်သည်။
စွန်းဝူခုံးတစ်ယောက် တောင်ကြီး အောက်တွင် ဖိနှိပ်ခံရသည်ကိုကြားသည့် အချိန်မှာတော့ ချောင်ယောင်းအာ သည် ပိုမိုကာ စာနာ သနားလာမိ၏။
အင်း… ငါကလည်း တောင်ကြီးရဲ့ အောက်မှာ ဖိနှိပ်ခြင်းကို ခံထားရတာပါပဲလား။ ချောင်ယောင်းအာက သက်ပြင်းချလိုက်သည်။
ထိုအချိန်မှာတော့ ရှစ်ချင်းချင်းသည် မည်သို့မှ မနေနိုင်ဘဲ တုန်လှုပ်သွားခဲ့မိ၏။ အင်း… ရှင့်လိုမျိုး ကြောက်ဖို့ကောင်းတဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်တဲ့ လူတစ်ယောက်က ဘယ်လို ဖြစ်ပြီး ဖိနှိပ်ခံထားရမှာလဲ။ လောကကြီးထဲမှာ တကယ့် ထိပ်သီး သိုင်းပညာရှင် အနည်းငယ်ကလွဲရင် ရှင့်ကို ဘယ်သူက ယှဉ်နိုင်လို့လဲ။
နှစ်အနည်းငယ် ကြာပြီးသည်ဆိုပါက ထိုဆရာကြီးများပင်လျှင် ချောင်ယောင်းအာကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်တော့ချေ။
ချောင်ယောင်းအာက ပြောလိုက်၏။ “အင်း… ကျွန်မရဲ့ နှလုံးသားက ဟိုးအဝေးနေရာမှာ ရှိနေတယ်။ ခန္ဓာကိုယ်ကတော့ ဒီမှာ ပိတ်မိနေတယ်”
ရှစ်ချင်းချင်း၏ နှလုံးသားများသည် အနည်းငယ် တုန်ယင်သွားခဲ့၏။ သို့ပေမည့် ချောင်ယောင်းအာ ပြောဆိုချင်သည်က ဘာဖြစ်မှန်း သူမ သေသေချာချာ မသိရှိချေ။ အဘယ်ကြောင့်ဆိုသော် ရှောင်ယောင်းအာ သည် အတွေးများကို သေသေချာချာ ထုတ်ဖော် မပြောဆိုခဲ့သောကြောင့်ပင်။ ထိုသို့ဆိုလျှင်တောင်မှ ရှစ်ချင်းချင်းသည် အရိပ်အမြွက်အနေနှင့် အနည်းငယ် နားလည်မိသည်။
သူမသည် ချောင်ယောင်းအာနှင့် အနီးကပ် နေထိုင်ချင်စိတ် ရှိ၏။ သို့ပေမည့် ဟိုခွေးမ လုရီသည် သီးသန့်အစေခံဆိုသော အခွင့်အာဏာကို အသုံးပြုကာဖြင့် အနိုင်ယူလျက် ရှိနေ၏။
ယခု ရှစ်ချင်းချင်းသည်လည်း အခွင့်အာဏာအချို့ကို ရရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူမသည် ဇာတ်လမ်းဝတ္ထုများကို ပြောဆိုခြင်းတွင် ကောင်းမွန်လွန်းသောကြောင့်ပင်။
ထို့ကြောင့် ချောင်ယောင်းအာ၏ နှစ်ခြိုက်မှုအရှိဆုံး အစေခံတစ်ယောက် ဖြစ်လာခဲ့၏။ သို့ပေမည့် လုရီ၏အောက် ဒုတိယ နေရာတွင်သာ ဖြစ်၏။ လက်ရှိ သူမအား များပြားသည့် မိန်းကလေးပေါင်း များစွာတို့က မနာလိုဝန်တိုဖြစ်လျက် ရှိနေပြီး သူမထက် ပိုမိုကာကောင်းမွန်သည့် ဇာတ်လမ်းများကို ပြောဆိုနိုင်ရန် ဦးနှောက်ခြစ်ထုတ် အလုပ်ပေးကာ ကြိုးစားလျက်ရှိနေကြသည်။
ရှစ်ချင်းချင်းသည် မည်သို့မှမနေနိုင်ဘဲ မေးမြန်းလိုက်၏။ “ဒါဆိုရင် ဘာကြောင့် ထွက်မသွားသေးတာလဲ”
ချောင်ယောင်းအာသည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးနောက် မည်သည့် စကားကိုမှ ထပ်ကာ မဆိုတော့ချေ။
ရှစ်ချင်းချင်းကလည်း ဇာတ်လမ်းကို ဆက်လက်ကာ ပြောဆိုလိုက်၏။ ထန်မင်းဆက်မှ ဘုန်းကြီး ပေါ်ထွက်လာပြီး လက်ငါးချောင်းတောင်အောက်မှ စွန်းဝူခုံးကို ကယ်တင်ခဲ့သည်။
ရုတ်တရက် ချောင်ယောင်းအာက ပြောလိုက်၏။ “ဒီစာအုပ်ရဲ့ နာမည်က ဗုဒ္ဓ ချေမှုန်းခြင်း မဟုတ်ဘူးထင်တယ်”
ရှစ်ချင်းချင်းက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ “ဟုတ်တယ်၊ သူ့နာမည်က အနောက်အရပ်သို့ ခရီးသွားခြင်း ပါ”
ချောင်ယောင်းအာက ပြောဆိုလိုက်၏။ “ဒါဆိုလည်း နာမည် ပြန်ပြောင်းလိုက်လေ။ အနောက်အရပ်သို့ ခရီးသွားခြင်း… အနောက်အရပ်သို့ ခရီးသွားခြင်း…”
သူမသည် ပြတင်းပေါက်ဆီသို့ အသာပင် လှမ်းလျှောက်သွားပြီး ပင်လယ်ပြင်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပင်လယ်ပြင်၏ အခြားသောတစ်ဖက်တွင် ဘာရှိနေမည်နည်း။ ထူးခြားစွာဖြင့် အရောင်အသွေး စုံလင်သည့် လောကကြီးတစ်ခု တည်ရှိနေမည်လား။ မဖြစ်နိုင်သေးချေ။ လောကကြီးသည် ယခုထက် ပိုကာ ထူးခြားသည် ဖြစ်ကြောင်းကို သူမ ထင်မြင်မိ၏။ စာအုပ်ထဲတွင် ရှိနေသည့် လောကကြီးနှင့် နှိုင်းယှဉ်၍ မရနိုင်သည်ဆိုလျှင်တောင်မှ ကောင်းမွန်သည့် လောကကြီးတစ်ခုတော့ တည်ရှိနေနိုင်သည်။
‘စွန်းဝူခုံးနဲ့ ဆရာတော်တို့က အနောက်အရပ်ကို ခရီးသွားကြတယ်။ ဒါပေမဲ့ ငါက အရှေ့ဘက်ကို ခရီးသွားမယ်။ ပင်လယ်ပြင်ရဲ့ အရှေ့ဘက်က ဘာမှန်းမသိတဲ့ လောကကြီးတစ်ခုကို သွားပြီး ရှာဖွေရမယ်။ ဒါပေမဲ့ကံဆိုးစွာနဲ့ ငါ ထွက်သွားလို့ မရဘူး။ ငါ ဒီနေရာမှာ ပိတ်မိနေတယ်’
ချောင်ယောင်းအာသည် စိတ်ထဲတွင် ဆက်တိုက်ဆိုသလိုပင် တွေးတောလျက် ရှိနေ၏။ သူမသည် စိတ်ကူးထဲတွင် ဘာမှန်းမသိသည့် လောကကြီးတစ်ခုကို ပွေ့ဖက်သည့်ဟန်ဖြင့် လက်များကိုပင် ဆန့်ကား လိုက်မိ၏။
အနောက်ဘက်ကို လှမ်းကာကြည့်ရှုသည့်အချိန်မှာတော့ ရှစ်ချင်းချင်းသည် တကယ့်ကို အံ့အားတသင့် ဖြစ်လို့နေ၏။ အလွန်လှပ၏။ အလွန် ဆွဲဆောင်မှု ရှိလွန်း၏။ ဤခန္ဓာကိုယ် အချိုးအစားသည် ကျိန်းသေပေါက် သွားရည်တစက်စက် ယိုချင်စရာပင်။
ရှစ်ချင်းချင်းသည် လောကတွင်ရှိသည့် အမျိုးသမီးများထဲတွင် အတော်အတန် လှပသည့် မိန်းကလေးဟု သတ်မှတ်ရမှာ ဖြစ်၏။ သို့ပေမည့် ချောင်ယောင်းအာလောက် လှပသည့် လူဟူ၍ မည်သူမှ မရှိတော့သလိုပင် ခံစားနေမိ၏။ အမျိုးသမီးများ၏ ခြေထောက်သည် ဤမျှ မရှည်သင့်ပေ။ ဤမျှ အားမကောင်းသင့်သလို ဤမျှလည်း နူးညံ့မနေသင့်ပေ။
ရုတ်တရက် ချောင်ယောင်းအာ၏ နှာခေါင်းနှစ်ဖက်ဆီမှ သွေးများ စီးဆင်းကျလာခဲ့၏။ သူမ၏ မျက်လုံးများသည် သွေးကဲ့သို့ နီရဲလာခဲ့၏။ အမြင်အာရုံတစ်ခုလုံးက မည်းမှောင်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အနည်းငယ် ကွေးညွတ်သွားခဲ့၏။
ရှစ်ချင်းချင်း၏ နှလုံးသားတစ်ခုလုံးသည် ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ သူမသည် ရှေ့ဆီသို့ လှမ်းတက် သွားခဲ့ပြီးနောက် ချောင်ယောင်းအာကို ပွေ့ဖက်ကာဖြင့် ဖေးမရန်ကြိုးစားလိုက်၏။ သို့ပေမည့် သူမသည် ချောင်ယောင်းအာ၏ ခန္ဓာကိုယ်ဖြင့် ဖိနှိပ်ခြင်းကို ခံရပြီး မြေပေါ်သို့ပင် ပြုတ်ကျသွားခဲ့ရသည်။
ပြီးသည့်နောက် ချောင်ထျန်းဝေသည် တကယ့်ကို ကျွမ်းကျင်လွန်းသည့် ထိပ်တန်း သမားတော်ပေါင်းများစွာကို ခေါ်ဆောင်ကာဖြင့် ချောင်ယောင်းအာကို ကုသစေခဲ့၏။ သို့ပေမည့် မည်သည့်သမားတော်ကမှသည် ရောဂါ၏အကြောင်းအရင်းကို ရှာဖွေ မတွေ့ရှိခဲ့ချေ။
ချောင်ထျန်းဝေသည် အလွန်အမင်း ဒေါသထွက်ခဲ့ပြီး သမားတော် အနည်းငယ်ကိုပင် သတ်ဖြတ်ပစ် ခဲ့၏။ ချောင်ယောင်းအာ၏ ရောဂါသည် တကယ့်ကို ထူးဆန်းလွန်းလှချေ၏။ သမားတော်များသည် တစ်ခါမှ မမြင်ခဲ့ရဖူးချေ။ ထို့အပြင် ချောင်ယောင်းအာသည် ဆန့်ကျင်ဘက်လိင်များ၏ ထိတွေ့မှုကို လက်မခံချေ။ ထို့ကြောင့် သူမကို ကိုင်တွယ်ထိတွေ့ကုသ၍ မရနိုင်ပေ။
သူမ၏ ခန္ဓာကိုယ်ဆီမှ သတ်ဖြတ်လိုခြင်း အော်ရာများက အရမ်းကို အားကောင်းလွန်း၏။ ထို့ကြောင့် ယောက်ျားလေး သမားတော်များသည် သူမနှင့် ဆယ်ပေအနီးဆီသို့ပင် မချဉ်းကပ်ရဲကြချေ။
စိတ်မရှည်မှုအောက်တွင် ရှစ်ချင်းချင်းသည် ရှမ့်လန်ထံသို့ လျှို့ဝှက်စာရေး၍ အကူအညီတောင်းရန်မှတစ်ပါး အခြားနည်းလမ်းမရှိတော့ပေ။
ရှမ့်လန်သည် ရှစ်ချင်းချင်း၏ စာကို လက်ခံရရှိပြီးသည့်နောက် ပထမဦးဆုံး သုံးသပ်ရသည့် အရာသည် ဤအမျိုးသမီး သူ့ကို သစ္စာဖောက်မည်လား ဆိုသည့်အရာပင် ဖြစ်၏။ မည်သို့မှလည်း မတတ်နိုင်ချေ။ ဉာဏ်ကောင်းလေ.. သူသည် ပိုမိုကာ သံသယဝင်တတ်လေပင်။
ရှစ်ချင်းချင်းသည် သူနှင့် နက်ရှိုင်းသည့် ရန်ငြိုးတည်ရှိနေခဲ့၏။ ရှမ့်လန်တစ်ယောက် ချောင်ယောင်းအာကို ရှာဖွေပြီး ချောင်ယောင်းအာ၏ အနားဆီသို့ ရောက်ရှိသည်ဆိုပါက ဒုက္ခမရောက်နိုင်ဟု မပြောဆိုနိုင်ချေ။
သို့ပေမည့် ရှမ့်လန်သည် ဆက်လက်ကာ သုံးသပ်ကြည်၏။ ဤကဲ့သို့သော ဖြစ်နိုင်ချေက နည်းပါးလွန်းလျက် ရှိနေလေ၏။ ထို့အပြင် ကျန်းချုံးနှင့် သူ၏သား မသေဆုံးမချင်း ရှစ်ချင်းချင်းသည် သူ့ကို သစ္စာဖောက်လိမ့်မည် မဟုတ်ဟု ကောက်ချက်ချလိုက်သည်။
ထိုသို့ဆိုလျှင် ရှမ့်လန်သည် နုရှောင့်မြို့ဆီသို့ သွားရောက်ပြီး ချောင်ယောင်းအာကို ကယ်တင်ရမည်လား။ သူ သွားသည်ဆိုပါက တကယ့်ကို စွန့်စားရပေလိမ့်မည်။ မသွားသည်ဆိုပါက ချောင်ယောင်းအာ သေဆုံးသွားနိုင်၏။ ထိုသို့ဆိုလျှင် နုရှောင့်မြို့ မဟာဗျုဟာတစ်ခုလုံးသည် သဲထဲရေသွန်ကဲ့သို့ ဖြစ်ကုန်မှာ သေချာ၏။
သွားရပေလိမ့်မည်။ ရှမ့်လန်သည် စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်၏။ သို့ပေမည့် နောက်ထပ် ပြဿနာတစ်ခု တည်ရှိနေ၏။ ရှမ့်လန်သည် ကြက်ပေါက်လေးကဲ့သို့ပင် အားနည်းလွန်း၏။ နုရှောင့်မြို့ကို မည်သည့် ကာကွယ်စောင့်ရှောက်မှုမှမရှိဘဲ သွား၍ မဖြစ်ချေ။ အနည်းဆုံး သူ့အနေနှင့် မူလန်ကဲ့သို့သော ကျွမ်းကျင်သူတစ်ယောက် ၏ စောင့်ရှောက်မှုကို လိုအပ်သည်။
ကျင့်ဟွေ့နှင့် ရှမ့်ဆယ့်သုံးတို့သည် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ပထမဦးဆုံးအနေဖြင့် ၎င်းတို့၏ သိုင်းပညာသည် မြင့်မားသည် မဟုတ်သောကြောင့်ပင်။ ထို့အပြင် ဒုတိယအားဖြင့် ဤနှစ်ယောက်သည် လူသိများ ထင်ရှား၏။ ဤတစ်ကြိမ် ရှမ့်လန်သည် နုရှောင့်မြို့ဆီသို့ မည်သူမှမသိအောင် သွားချင်စိတ် ရှိ၏။
ထို့သို့ဆိုလျှင် ဓားဘုရင် လီချင်းချိုးကို သွားရောက်ကာ ခေါ်ဆောင်ရမည်လား။
မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ တစ်ဖက်လူသည် ဓားဘုရင် တစ်ယောက်ဖြစ်ပြီး ထိပ်တန်း သိုင်းပညာရှင်ကြီး တစ်ယောက် ဖြစ်၏။ သူ၏ကိုယ်ရံတော်အဖြစ် မည်ကဲ့သို့ လိုက်ပါပေးမည်နည်း။ ထို့အပြင် ဤဓားဘုရင်သည် သူ့မိန်းမ၏ ဖင်ကိုယက်၍ပင် မဝသေးချေ။ ထို့အပြင် ဓားကျွန်းသည် အလွန် ဝေးကွာလွန်း၏။ ဓားဘုရင် လီချင်းချိုးကို သွားရောက် ရှာဖွေရန် လုံလောက်သည့်အချိန် သူ့၌ မရှိချေ။
ထို့ကြောင့် ရှမ့်လန်သည် ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ အစ်ကိုဟွမ်တုံကို သွားရောက်ကာ ရှာဖွေခဲ့၏။ ကောင်းကင်တာအိုအဖွဲ့အစည်း၏ ကိုယ်စားလှယ်တစ်ယောက်သည် ရွှမ်ဝူအိမ်တော်တွင် အစဉ်အမြဲ နေထိုင်လျက် ရှိ၏။ ထို့ကြောင့် နှစ်ဖက်သားအသေးစိတ် အရာများကို ဆွေးနွေးရန် မခက်ခဲခြင်းပင်။
.......
“အစ်ကိုဟွမ်…ကျုပ် ခင်ဗျားဆီကနေပြီးတော့ ကျွမ်းကျင်သူတစ်ယောက်ကို ငှားချင်တယ်” ရှမ့်လန်က ပြောလိုက်၏။
“ပြဿနာ မရှိဘူး”
ဟွမ်တုံက ပြောလိုက်သည်။ “ဘယ်လောက် အဆင့်မြင့်မြင့် လူတစ်ယောက်ကို လိုချင်တာလဲ”
တစ်ဖက်လူ၏ အဓိပ္ပာယ်ပါသည့် မျက်နှာသွင်ပြင်ကို ကြည့်ရှုပြီးသည့်နောက် သူ ပထမဦးဆုံး သဘောတူ လိုက်၏။ ပြီးနောက် မည်ကဲ့သို့သော ကျွမ်းကျင်သူကို လိုအပ်ခြင်းဖြစ်ကြောင်း တခါတည်း တန်ပြန် မေးမြန်းလိုက်ခြင်း ဖြစ်၏။
ရှမ့်လန်က ပြန်လည်ကာ ပြောဆိုလိုက်သည်။ “အင်း…ကျုပ်မိန်းမနှင့် အဆင့်တူလောက်ပေါ့။ ဖြစ်နိုင်မယ်ဆိုရင် မိန်းကလေး ဖြစ်နေရင် ပိုကောင်းမယ်”
ဟွမ်တုံ၏ သာမန်ဆန်ပြီး ရုပ်ဆိုးသည့် မျက်နှာပေါ်ရှိ ကြွက်သားများသည် လှုပ်ခါသွား၏ “ပြဿနာ မရှိဘူး”
ပြီးနောက် သူသည် ပြောဆိုရန်အတွက် တုံ့ဆိုင်းလျက် ရှိသည်။
ရှမ့်လန်က မေးမြန်းလိုက်၏။ “ခင်ဗျား ဘာဖြစ်နေတာလဲ”
ဟွမ်တုံက ပြောလိုက်သည်။ “ကျုပ်ဆီမှာ ကျွမ်းကျင်သူတစ်ယောက်တော့ ရှိတယ်။ သူမက မနီးမဝေးမှာ ရှိတယ်လေ။ ကျုပ်ကိုကာကွယ်ပေးဖို့ ရောက်နေတာ။ ပြောရမယ်ဆိုရင် သူမက ကြည့်မကောင်းဘူး။ ရုပ်ဆိုးတယ်”
ရှမ့်လန်သည် ဆွံ့အသွားခဲ့၏။ ဟွမ်တုံသည် ဘာကို ပြောဆိုရန် စဉ်းစားနေလေသနည်း။ အမျိုးသမီး သတ်တော်စောင့်နှင့် ပတ်သက်၍ သူ မဟုတ်တာ ပြုလုပ်မည်ဟု ခန့်မှန်းနေလေသည်လား။
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်က ရုပ်ဆိုးတာကိုပဲ လိုချင်တာ။ ရုပ်ဆိုးလေ ကောင်းလေပဲ”
ဟွမ်တုံသည် ချက်ချင်း စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ တစ်ချိန်တည်းမှာပင် သူ သတိအပြည့် ဖြစ်သွားခဲ့၏။ ယောက်ျားများ၏ စိတ်ဝင်စားမှု အကြောင်းကို သူကြားသိခဲ့ပြီးသား ဖြစ်၏။ ချောမောလွန်းသည့် အမျိုးသမီးများနှင့် အိပ်စက်သည့်နေရာတွင် ငြီးငွေ့သွားပါက ရုပ်ချောချော ယောက်ျားလေးတစ်ယောက်ကို ရှာဖွေကာဖြင့် အိပ်စက်တတ်သည် မဟုတ်ပါလား။ သို့မဟုတ်ပါက ရုပ်ဆိုးလွန်းသည့် မိန်းကလေးတစ်ယောက်ယောက်ကို ခေါ်ယူအိပ်စက်တတ်သည်။
ယခု ရုပ်ဆိုးလေကောင်းလေဟု ပြောနေ၏။ ပြောရမည်ဆိုလျှင် ထိပ်တန်းချောမောသည့် ယောက်ျားများသည် ဤကဲ့သို့သော ဝါသနာမျိုးကို စိတ်ဝင်စားမှု ရှိကြ၏။
သို့ပေမည့် သူ့အနေနှင့် ရှမ့်လန်ကို စိတ်ကျေနပ်စေရန် ကောင်းစွာ ပြုလုပ်ပေးရမှာ ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် မဟာဗျူဟာအရ အရေးကြီးသည့် မဟာမိတ်များ ဖြစ်သောကြောင့်ပင်။ ရွှေဒင်္ဂါးသန်းချီကိုပင် ပေးအပ်ခဲ့ပြီး ဖြစ်သည်။ ရုပ်ဆိုးသည့် မိန်းမတစ်ယောက်ကို ပေးအပ်ဖို့ဆိုသည်မှာ ဘာများအရေးကြီးပြီး ခက်ခဲသည့်အရာဖြစ်သနည်း။
ခဏလောက်ကြာပြီးသည့်နောက် မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်သည် ရှမ့်လန်၏ ရှေ့၌ ပေါ်ပေါက်လာခဲ့၏။ သူမ၏ သိုင်းပညာသည် တကယ့်ကို မြင့်မားလွန်း၏။
အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် သူ၏ X-Ray အမြင်ဖြင့်အမြဲတစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲဆီမှ သွေးမျိုးဆက်ကို မြင်ခဲ့ရသောကြောင့်ပင်။ အရူးထန်ယင်ထက် အနည်းငယ်သာလျှင် နိမ့်ကျသည်။
“ဖန်အာ… မင်းရဲ့ မျက်နှာဖုံးကို ချွတ်လိုက်” ဟွမ်တုံက ပြောလိုက်၏။
အမျိုးသမီးသည် သူမ၏ မျက်နှာဖုံးကို ချွတ်လိုက်၏။ ရှမ့်လန်၏ မျက်ခမ်းစပ်များပင်လျှင် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့၏။ အလွန့်… အလွန်ကို ရုပ်ဆိုးလွန်းလှချေ၏။ ဆယ်မှတ်ပေးရမည်ဆိုလျှင် ကျိန်းသေပေါက် ဆယ်မှတ်တိတိ ရုပ်ဆိုးသူပင်။
ဤအမျိုးသမီးကျွမ်းကျင်သူ၏ မျက်လုံးများကို စူးစိုက်ကြည့်ပြီးသည့်နောက် ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ အံ့အားသင့်လို့နေခဲ့၏။
“အင်း… ဒီအမျိုးသမီးက ဘယ်သူလဲလို့ မေးချင်ပါတယ်” ရှမ့်လန်က မေးမြန်းလိုက်သည်။
“ကျုပ် ညီမ ဟွမ်ဖန်ပဲ” ဟွမ်တုံက ပြန်ပြောလိုက်၏။
ရှမ့်လန်က မေးမြန်းလိုက်၏။ “ညီမ ဟုတ်လား”
ဟွမ်တုံက ခေါင်းညိတ်လိုက်သည်။
ရှမ့်လန်က အံ့အားသင့်သွား၏။ “ဟွမ်တုံ… ခင်ဗျားတကယ့်ကို အရေးကြီးတဲ့အရာတစ်ခု လုပ်လိုက်တာပဲ။ ဘယ်လိုဖြစ်ပြီးတော့ ကိုယ့်ညီမကိုတောင် ဆွဲထုတ်ပေးရတာလဲ”
အလွန် အရေးကြီးသည့် အန္တရာယ်သည် အမျိုးသမီးတစ်ယောက်အနေဖြင့် ရုပ်ချောလွန်းသည့် အမျိုးသား တစ်ယောက်၏ ဘေးဆီ၌ နေထိုင်ရခြင်းပင် ဖြစ်၏။ အဓိကသော့ချက်အားဖြင့် ဟွမ်တုံ၏ ညီမတွင် ကောင်းမွန်သည့် အချက် နှစ်ခု ရှိ၏။ ယောက်ျားများနှင့် ထိတွေ့ဆက်ဆံဖူးခြင်း မရှိခြင်းပင်။
ထိုသို့ဆိုလျှင် သူ့၏ အနားတွင် နေထိုင်ရင်း သူ့ကို စွဲလမ်းသွားလျှင် ဘယ်လို လုပ်မည်နည်း။ သို့ပေမည့် ရှမ့်လန်က အတွေးလွန်နေခြင်းသာ ဖြစ်၏။ အမျိုးသမီးကျွမ်းကျင်သူတစ်ယောက် ဖြစ်သော ဟွမ်ဖန်သည် သူ့ကို အလုံးစုံ လျစ်လျူရှုထား၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါနဲ့ အစ်ကိုဟွမ်… ဒါ ခင်ဗျားရဲ့ ညီမ ဖြစ်ကြောင်း လူတွေသိကြလား”
ဟွမ်တုံက ပြောလိုက်၏။ “သူမကို ဘယ်သူမှ မသိသေးဘူး။ အရင်တုန်းက မျက်နှာဖုံးကို အမြဲတမ်း ဝတ်ထားတာ။ မျက်နှာဖုံး မဝတ်ရင်လည်း ဘယ်သူမှ သိမှာ မဟုတ်ပါဘူး”
ရှမ့်လန်ကကြောင်သွား၏။ မျက်နှာဖုံးသည် ဟန်ပြတစ်ခုသာလျှင် ဖြစ်နေ၏။ ရုပ်ဆိုးခြင်းကို ကာကွယ်သော အရာပင် ဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “မိန်းကလေး ဟွမ်ဖန်…ကျေးဇူးပြုပြီး အဆင့်သင့် လုပ်ထားပါ။ ကျုပ်တို့ ချက်ချင်း သွားကြမယ်”
ဟွမ်ဖန်က ခေါင်းညိတ်လိုက်၏။ သူမက မည်သည့် စကားမှ မဆိုချေ။
ဟွမ်တုံက ပြောလိုက်သည်။ “ဖန်အာ… ဒီနေ့ကစပြီး လူကြီးမင်းရှမ့် ဘာပဲ ခိုင်းခိုင်း လုပ်ပေးရမယ်။ နားလည်လား။”
ဟွမ်ဖန်သည် ခေါင်းညိတ်လိုက်၏။ သူမ အနေနှင့် မတူခြားနားသည့် စိတ်အခြေအနေတစ်ခုခု တည်ရှိပုံ ပေါ်၏။ တခြားတစ်ဖက်က ပြောရမည်ဆိုလျှင် သူမသည် သစ်သားချောင်းကြီးတစ်ခုကဲ့သို့ပင်။
မှန်ပေ၏။ ဤအမျိုးသမီးကျွမ်းကျင်သူ ဟွမ်ဖန်သည် အလွန်အမင်း တည်ငြိမ်လျက် ရှိနေ၏။ သူမ၏ ဆရာဆီမှ သိုင်းပညာကို လေ့လာသည့် အချိန်တွင် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး အရာများကို မြင်ခဲ့ရပြီးပြီ ဖြစ်၏။ ထို့ကြောင့် လောကကြီးထဲ၌ မည်သည့်အရာမှသည် သူမကိုတုန်လှုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
သို့ပေမည့် နာရီဝက်ခန့်ကြာမြင့်ပြီးသည့်နောက် အလွန်အမင်း တည်ငြိမ်ပါသည်ဆိုသော အမျိုးသမီး ကျွမ်းကျင်သူ ဟွမ်ဖန်သည် ကြောက်လန့်မှုများဖြင့် တုန်ယင်သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် ချောမောလှသည့် စိတ်တိုချင်စရာလူသား ရှမ့်လန်ကြောင့်ပင် ဖြစ်၏။ စောဏတုန်းက ချောမောပါသည်ဆိုသော ရှမ့်လန်က မရှိတော့ချေ။ ထိုအစား အလွန်ချောမောလှပသည့် အမျိုးသမီးတစ်ယောက်က သူမ၏ရှေ့သို့ ရောက်ရှိနေသောကြောင့်ပင်
မည်ကဲ့သို့ လုပ်လိုက်သနည်း။ လည်စလုတ်ကြီးပင် ပျောက်ကွယ်သွားခဲ့၏။ ပြောရမည်ဆိုလျှင် ဆရာရှမ့်၏ ရုပ်ပြောင်းရုပ်လွှဲသည် တကယ့်ကို ထိပ်တန်းအဆင့်ပင်။ လည်စလုတ်ကြီးပင်လျှင် ပျောက်ကွယ်သွားခဲ့၏။
ရုပ်ဆိုးလွန်းသောကျွမ်းကျင်သူ ဟွမ်ဖန်ကို ကြည့်ရှုပြီးသည့်နောက် ရှမ့်လန်က ပြောဆိုလိုက်သည်။ “ဇဝေဇဝါ ဖြစ်မနေနဲ့ သွားကြရအောင်”
ပြီးသည့်နောက် အမျိုးသမီးတစ်ယောက်ကဲ့သို့ အသွင်ပြောင်းလဲသွားခဲ့ပြီးဖြစ်သော ရှမ့်လန်သည် ရုပ်ဆိုးလှ ပါသည်ဆိုသော ကျွမ်းကျင်သူ ဟွမ်ဖန်ကို ခေါ်ဆောင်ကာဖြင့် ညသန်းခေါင်ကြီးတွင် ပင်လယ်ပြင်ဘက်ဆီသို့ ဦးတည်ကာ ထွက်ခွာသွားခဲ့၏။