← Chapters

အခန်း (၂၀၁)

Vol. 15 Ch. 201

အခန်း (၂၀၁)

Vol. 15 Ch. 201

ဤအရာသည် ရှမ့်လန်၏လောကအပေါ် မြင်သည့် အမြင်အားလုံးကို ပြောင်းပြန်လန်သွားစေ၏။ ကြောက်လန့်စရာ ကောင်းလွန်းလှ၏။ တစ်စုံတစ်ယောက်၏ သွေးမျိုးဆက် ပါရမီက မြင့်မားလွန်းသည် ဆိုပါက မိမိလုပ်ချင်ရာကို ပြုလုပ်နိုင်ပြီး လူသားမဆန်သည့် အခြေအနေမျိုးဆီပါ ရောက်ရှိသွားလေသည်လား။

ရှမ့်လန်သည် ချောင်ယောင်းအာ၏ သွေးမျိုးဆက် ပါရမီကို လှမ်းကာ ကြည့်ရှုနေမိ၏။ သူမ၏ သွေးထဲတွင် များပြားလွန်းသည့် သတ္တုဓာတ်များက ပါဝင်လျက်ရှိနေပြီး သွေးများသည်လည်း သတ္တုအရောင်များနှင့် ထွန်းတောက်လျက် ရှိနေ၏။ သို့ပေမည့် တစ်ဖက်လူ၏ သွေးမျိုးဆက်သည် ရွှေရောင်သွေးမျိုးဆက် ဖြစ်ကြောင်း သူ ကောင်းကောင်းမြင်နိုင်၏။ အံ့အားသင့်စရာပင်။ တစ်လောကလုံး၏ ထိပ်တန်း သိုင်းပညာ သွေးမျိုးဆက်ပင် ဖြစ်၏။ လောကကြီးထဲတွင် ဤကဲ့သို့ မွန်းစတားတစ်ယောက် မွေးဖွားတည်ရှိနေလေသည်လား။

ရှမ့်လန်က စာကို ရေးသားလိုက်၏။ “တပ်မှူး...ခင်ဗျားရဲ့ ဘယ်နဲ့ ညာဘက်ကို ကျေးဇူးပြုပြီးတော့ ပိတ်ပင်ပေးပါ”

ဘယ်နှင့် ညာဆိုသည်မှာ လုရီကို ဆိုလိုခြင်းသာလျှင် ဖြစ်၏။ ရှစ်ချင်းချင်း ပြုလုပ်သည့် အရာများကို လိုက်လံကာ တားဆီးနေသောကြောင့်ပင်။

လုရီက ဒေါသထွက်သွား၏။ ရုတ်တရက် ပေါက်ကွဲလုမတတ်ပင် ဖြစ်သွားသည်။ “ဆန်းကြယ်ချင်ယောင် ဆောင်မနေနဲ့။ အစေခံတွေ… ဒီမိန်းမကို ဆွဲထုတ်လိုက်တော့”

သို့ပေမည့် ချောင်ယောင်းအာသည် လက်ကို အသာမြှောက်ကာဖြင့် ယမ်းခါပြလိုက်၏။ သူမသည် ဘာတစ်ခုကိုမှ ထပ်ကာ မဆိုချင်ပေ။

“သခင်မလေး...” လုရီသည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။

ချောင်ယောင်းအာက မျက်မှောင်ကြုတ်လိုက်၏။ ချက်ချင်းပင် လုရီသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ပင်။ လုရီသည် ဘာတစ်ခုမှ ထပ်မံကာ မပြောဆိုရဲတော့ချေ။ သူမသည် စိတ်မပါသော်လည်း ရှမ့်လန်နှင့် ရှစ်ချင်းချင်းတို့ကို အငြိုးတကြီးနှင့် ကြည့်ကာ အသာထွက်ခွာသွားခဲ့သည်။

“သတိထား... မင်းတို့ သခင်မလေးကို ထိခိုက်ရဲတယ်ဆိုရင် ကျိန်းသေပေါက် ငါ လက်လွှတ်ပေးမှာ မဟုတ်ဘူး” လုရီသည် အေးစက်စက် ပြောလိုက်၏။

……..

လုရီ ထွက်ခွာသွားခဲ့ပြီးသည့်နောက် ရှမ့်လန်သည် စာရွက်ပေါ်တွင် ရေးသားလိုက်သည်။ “တပ်မှူးက အဆိပ်သင့်နေတာပဲ”

ရှစ်ချင်းချင်းက ဖတ်ပြလိုက်၏။

ချောင်ယောင်းအာ၏ မျက်လုံးများက မှိတ်ထားလျက် ရှိနေတုန်းပင်။ “ဘာအဆိပ်လဲ”

ရှမ့်လန်က ထပ်မံကာ ရေးလိုက်သည်။

ရှစ်ချင်းချင်းက ပြောလိုက်၏။ “အရမ်းကို အားကောင်းတဲ့ သတ္တုအဆိပ်ပဲ။ ပြောရမယ်ဆိုရင် တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ သတ္တုဓာတ်တော်တော်များများက သွေးကြောထဲမှာ စုစည်းနေတာ။ ဒါက ကြောက်စရာကောင်းတဲ့ အရာပဲ။ ဒါပေမဲ့ တပ်မှူးရဲ့ ခန္ဓာကိုယ်က လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်လို မဟုတ်ဘူး။ သာမန်လူတွေသာ ဒီလိုအဆိပ်မျိုးမိရင် သေသွားခဲ့တာ အကြိမ်တစ်ရာလောက် ကြာနေပြီ။ ဒါပေမဲ့ တပ်မှူးရဲ့ ခန္ဓာကိုယ်ကတော့ ပိုပြီးတောင် အချိုးအစား လှပလာသေးတယ်”

ရှမ့်လန်သည် ဤအရာကို မြှောက်ပင့်ပြောဆိုနေခြင်း မဟုတ်ပေ။ တကယ်ဖြစ်နေခြင်းသာလျှင် ဖြစ်၏။ သာမန်လူ တစ်ယောက်သာ အဆိပ်သင့်သည်ဆိုပါက အသားအရေတစ်ခုလုံးသည် ရောင်ကိုင်းမည်းမှောင်လာမှာ ဖြစ်ပြီး ချောင်ယောင်းအာ၏ ခန္ဓာကိုယ်မှာတော့ တောက်ပ၍ ချောမွေ့လာခဲ့သည်။

သာမန်လူတစ်ယောက်၏ ဆံပင်များသည် ကျွတ်သွားမည် ဖြစ်၏။ သို့ပေမည့် ချောင်ယောင်းအာ၏ ဆံပင်များမှာတော့ နီဆွေးပြီး အလွန်လှပနေ၏။ အုံလည်း ကောင်းမွန်၏။ သာမန်လူတစ်ယောက်၏ သွားများဆိုလျှင် မည်းနက်သွားမှာ ဖြစ်ပြီး အောက်သို့ ကြွေကျရပေမည်။ ချောင်ယောင်းအာ၏ သွားများမှာတော့ ကျောက်စိမ်းကဲ့သို့ပင် ဖြူလျက် ရှိနေသေး၏။ ထို့ကြောင့် သူမသည် ရှမ့်လန်၏ အမြင်အာရုံတစ်ခုလုံးကို ပြောင်းပြန်လှန် သကဲ့သို့ပင် ဖြစ်စေခဲ့ခြင်းပင်။

မင်းသမီးနင်လော့ ခဲဆိပ်သင့်ခဲ့သည်မှာ သူမအသုံးပြုသော အသုံးအဆောင်ပစ္စည်းများ၊ အစားအစာထည့်သည့် ပန်းကန်များ၊ လက်ဖက်ရည်သောက်ခွက်များ၊ ချက်ပြုတ်သည့် အိုးများအထိ အားလုံးတွင် ခဲရောစပ်ထား သောကြောင့် ဖြစ်သည်။ သို့ပေမည့် ချောင်ယောင်းအာကို အဆိပ်ခတ်သူမှာမူ သတ္တုအဆိပ် အမျိုးအစားများစွာကို အသုံးပြုခဲ့၏။ ဤသည်မှာ မည်သို့ အဆိပ်ခတ်ခြင်းနည်း။

ချောင်ယောင်းအာက မေးလိုက်သည်။ “ဘယ်လို အဆိပ်ခတ်ခံရတာလဲ”

ရှမ့်လန်သည်လည်း အနည်းငယ် မစဉ်းစားတတ်အောင် ဖြစ်နေ၏။ နေ့စဉ်သုံး အသုံးအဆောင်ပစ္စည်းများတွင် သတ္တုဓာတ်များ ပါဝင်နေသည့်တိုင် ဤမျှ များပြားရန် မဖြစ်နိုင်ပေ။ ထို့ပြင် ချောင်ယောင်းအာ၏ ခန္ဓာကိုယ် အတွင်းရှိ သတ္တုဓာတ်သိပ်သည်းဆသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားနေသည်မှာ သာမန်အသုံးအဆောင်ပစ္စည်းများဖြင့် မဖြစ်နိုင်ချေ။ ဤသည်မှာ နေ့စဉ်နေ့တိုင်း သူမ၏ ပါးစပ်ထဲသို့ ဤသတ္တုဓာတ်များကို လောင်းထည့်နေသည်နှင့် တူနေသည်။ ထို့ကြောင့် အစားအစာဖြစ်ရမည်။ သို့ပေမည့် ဤလောကရှိ လူများသည် သတ္တုဓာတ်များနှင့် ပတ်သက်၍ အသိပညာမရှိကြပေ။ ဤမျှ ဉာဏ်များသော အဆိပ်ခတ်အစီအစဉ်ကို မည်သို့ ပြုလုပ်နိုင်မည်နည်း။ ရှမ့်လန်သည် နားမလည်နိုင်အောင် ဖြစ်နေသည်။

“အစားအစာကနေ အဆိပ်ခတ်တာ ဖြစ်မယ်” ရှမ့်လန်က ရေးလိုက်၏။

ရှစ်ချင်းချင်းက ခေါင်းခါလျက် ပြောလိုက်သည်။ “မဖြစ်နိုင်ဘူး.. စစ်သူကြီးရဲ့ နေ့စဉ်အစားအစာကို ကျွန်မနဲ့ လုရီ ကိုယ်တိုင် မြည်းစမ်းကြည့်ရတယ်။ ဘာလို့ ကျွန်မတို့ ဘာလို့ အဆိပ်မမိတာလဲ”

ရှမ့်လန်က ရေးလိုက်၏။ “ဒီလို သတ္တုအဆိပ်မျိုးက ဆန်းကြယ်တယ်။ အချိန်ကြာမှ အာနိသင် ပြတာ၊ နည်းနည်း စားရုံနဲ့ ဘာမှမဖြစ်ဘူး”

သို့ပေမည့် တစ်ဖက်လူ၏ အဆိပ်ခတ်သည့် အစီအစဉ်သည် အလွန်ပင် ပါးနပ်လှသည်။ လက်ရှိ ရှမ့်လန်သည် အားနည်းချက်ကို မရှာနိုင်သေးပေ။ တစ်ဖက်လူသည် မည်သို့ အဆိပ်ခတ်ခဲ့သနည်း။ ဤလောကရှိ လူများသည် ချောင်ယောင်းအာ၏ အစားအစာထဲသို့ ဤမျှများပြားသော သတ္တုများကို တစ်ပြိုင်နက်တည်း ထည့်သွင်းနိုင် လောက်အောင် အစွမ်းမရှိပေ။

ရုတ်တရက် ရှမ့်လန်၏ မျက်လုံးများ လင်းလက်သွား၏။ တစ်ဖက်လူက မည်သို့ အဆိပ်ခတ်ခဲ့သည်ကို သူသိသွားပြီဖြစ်သည်။ ‘ဆား’ ဆားတစ်မျိုးတည်းက အဆိပ်ဖြစ်နေခြင်းပင်။

ထိုဆားကို ‘သတ္တုဓာတ်ဆား’ ဟု ခေါ်သည်။ ဤဆားအမျိုးအစားကို ဆားငန်ရေတွင်းများမှ တူးဖော်ရရှိပြီး သဘာဝ ပင်ကိုယ် သတ္တုဓာတ်များစွာ ပါဝင်၏။ ထို့ကြောင့် အသုံးမဝင်ဘဲ စက်မှုသုံးဆားအဖြစ်သာ အသုံးပြုကြသည်။

ဤသည်မှာ မှန်ကန်ပေလိမ့်မည်။ ဤလောကရှိ လူများတွင် ဤမျှမြင့်မားသော ဓာတုဗေဒပညာရပ်များ မရှိကြသောကြောင့် အစားအစာထဲသို့ ဤမျှများပြားသော သတ္တုများကို ထည့်သွင်းရန် မဖြစ်နိုင်ပေ။ သတ္တုဓာတ်ဆားကို တိုက်ရိုက်အသုံးပြုလိုက်ခြင်းသာ ဖြစ်မည်။ သူတို့သည် ထိုသတ္တုဓာတ်ဆားများတွင် မည်သည့်ပါဝင်ပစ္စည်းများ ရှိသည်ကိုပင် မသိနိုင်သော်လည်း ဤဆားအမျိုးအစားကို အချိန်ကြာမြင့်စွာ စားသုံးပါက လူသေဆုံးနိုင်သည်ကိုမူ သိကြပေလိမ့်မည်။

ရှမ့်လန်က ရေးလိုက်သည်။ “ဆားပဲ၊ ဆားဖြစ်ရမယ်။ မီးဖိုချောင်ကို အမြန်သွားပြီး ဆားကို သွားကြည့်ပေးပါ”

ရှစ်ချင်းချင်းက ဖတ်ပြ၏။

ချောင်ယောင်းအာက အမိန့်ပေးလိုက်သည်။ “လာကြ၊ မီးဖိုချောင်က ဆားကို သွားယူခဲ့”

အမျိုးသမီးစစ်သည်တော် အချို့သည် ပြေးထွက်သွားကြ၏။ မကြာမီမှာပင် သူတို့သည် ဆားတစ်ပန်းကန်ကို ယူဆောင်လာကြသည်။ ရှမ့်လန်က အနည်းငယ် မြည်းစမ်းကြည့်လိုက်၏။ ထူးဆန်းလှသည်။ ဤသည်မှာ သာမန်ဆားဖြစ်ပြီး အရည်အသွေးမြင့်ဆားပင် ဖြစ်၏။ သတ္တုဓာတ်ဆား လုံးဝမဟုတ်ပေ။

ရှမ့်လန်က ရေးလိုက်သည်။ “ဒါ ပုံမှန် စားသုံးတဲ့ ဆား အစစ်အမှန် ဟုတ်ရဲ့လား”

ထိုအမျိုးသမီးစစ်သည်တော်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဟုတ်ပါတယ်။ ဒီဆားက သခင်မလေးအတွက် သီးသန့်ပြင်ဆင်ထားတာပါ”

ဤသည်မှာ… ထူးဆန်းလှသည်။ ချောင်ယောင်းအာ စားသုံးသော ဆားသည် သတ္တုဓာတ်ဆား ဖြစ်သင့်သည် မဟုတ်ပါလား။ သတ္တုဓာတ်ဆားသာလျှင် ချောင်ယောင်းအာအပေါ်၌ ဤမျှများပြားသော ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည်။ ရှမ့်လန်သည် ချောင်ယောင်းအာ၏ သွေးထဲရှိ ထိုသတ္တုဓာတ်ရောင်ခြည်များကို X-Ray ဖြင့်ပင် မြင်နေရသည်။

ချောင်ယောင်းအာက ပြောလိုက်၏။ “ယူလာခဲ့ .. ငါမြည်းစမ်းကြည့်မယ်”

အမျိုးသမီးစစ်သည်တော်သည် ယူသွားပေးလိုက်၏။ ချောင်ယောင်းအာသည် လက်ညှိုးဖြင့် ဆားအနည်းငယ်ကို တို့ကာ လျှာဖြင့် လျက်လိုက်သည်။

“မဟုတ်ဘူး။ ဒါ ငါ ပုံမှန်စားနေကျ ဆားမဟုတ်ဘူး”

ချောင်ယောင်းအာက ပြောလိုက်၏။ “ငါ ပုံမှန်စားနေကျ ဆားက ဒီထက်ပိုပြီး အရသာရှိတယ်။ အရသာက နက်နဲပြီး ငါအရမ်းကြိုက်တယ်”

ရှမ့်လန်သည် စကားမပြောနိုင်တော့ပေ။ ဆွံ့အလို့နေသည်။ သတ္တုဓာတ်ဆား၏ အရသာကိုပင် စွဲလမ်းနေလေသည်လား။ ထို့နောက် အမှန်တရားသည် ပေါ်လုနီးပါး ဖြစ်သွား၏။ တစ်စုံတစ်ယောက်သည် အစားအစာ ပြင်ဆင်ရာတွင် ချောင်ယောင်းအာအတွက် သတ္တုဓာတ်ဆားကို သီးသန့်ထည့်ပေးနေပြီး ထိုဆားများကို သူမက တိတ်တဆိတ် ခိုးသွင်းလာခြင်း ဖြစ်ရမည်။

“အမျိုးသမီးစားဖိုမှူးကို ဖမ်းကြ” ရှစ်ချင်းချင်းသည် ထကာ အော်ဟစ်လိုက်သည်။

အမျိုးသမီး စစ်သည်တော်သည် ချောင်ယောင်းအာကို တစ်ချက်ကြည့်လိုက်ပြီး တိုက်ရိုက် ပြေးထွက်သွား၏။ သူမ၏ ပုံစံတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည်။

သခင်မလေးကို နာကျင်အောင် လုပ်ရတာလား။ ဤအမျိုးသမီးစစ်သည်တော်များသည် ချောင်ယောင်းအာ ကိုယ်တိုင် ကယ်တင်ခဲ့ပြီး ကိုယ်တိုင် သိုင်းပညာသင်ကြားပေးထားသူများ ဖြစ်သည်။ သူတို့၏ စိတ်ထဲတွင် ချောင်ယောင်းအာ သည် နတ်ဘုရားတစ်ပါးနှင့် တူညီ၏။ ရဲတိုက်ထဲရှိ လူတိုင်းသည်လည်း ချောင်ယောင်းအာ ကယ်တင်ထားသော သနားစရာကောင်းသည့် အမျိုးသမီးများဖြစ်ပြီး အစားအစာပြင်ဆင်သည့် အမျိုးသမီးစားဖိုမှူးလည်း အပါအဝင်။

ထိုအမျိုးသမီးစားဖိုမှူးသည် ထိုစဉ်က ပင်လယ်ဓားပြများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ခင်ပွန်းသည် အသတ်ခံခဲ့ရပြီး သားနှင့်သမီးအား သေတ္တာထဲတွင် ထည့်သွင်းကာ ကျွန်အဖြစ် ရောင်းစားရန် စီစဉ်ခံခဲ့ရ၏။ ချောင်ယောင်းအာက သူတို့မိသားစုသုံးယောက်ကို ကယ်တင်ခဲ့ပြီး နုရှောင့်မြို့တော်တွင် အိမ်တစ်လုံး ပေးခဲ့သည်။

ယခု ထိုအမျိုးသမီးစားဖိုမှူး၏ သားသည် မိန်းမရရှိသွားခဲ့ပြီဖြစ်ပြီး သမီးမှာလည်း အိမ်ထောင်ကျသွားပြီဖြစ်၏။ အိမ်၊ တင်တောင်းပစ္စည်း အားလုံးကို ချောင်ယောင်းအာက ပေးခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ကြီးမားသော ကျေးဇူးတရား ဖြစ်သော်လည်း သူမသည် ချောင်ယောင်းအာကို အဆိပ်ခတ်ခဲ့လေသည်လား။ ရက်စက် ကြမ်းကြုတ်လွန်းလှသည်။ တိရစ္ဆာန်ထက်ပင် ဆိုးရွားလှ၏။

ဤအမျိုးသမီး စစ်သည်တော်များသည် တိရစ္ဆာန်မကို အရေခွံခွာ၍ အရိုးထုတ်ပစ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့ပေမည့်လည်း ခဏအကြာတွင် အမျိုးသမီးစစ်သည်တော်အချို့ ပြန်ရောက်လာကာ ပြောလိုက်သည်။ “သခင်မလေး.. အဲဒီ စားဖိုမှူးမ ပျောက်သွားပါပြီ။ ဒါက အသစ်လဲထားတဲ့ စားဖိုမှူးမပါ”

ထိုစားဖိုမှူးမ အသစ်သည်လည်း လှပသော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး တုန်ယင်စွာဖြင့် မြေပေါ်တွင် ဒူးထောက်နေသည်။

“ကျွန်မ မလုပ်ပါဘူး၊ ကျွန်မ မလုပ်ပါဘူး။ ကျွန်မ သေရင်သေပါစေ။ သခင်မလေးကို အဆိပ် မခတ်ပါဘူး။ ကျွန်မ… ကျွန်မ သခင်မလေးကို ချစ်တယ်။ ဘယ်သူ သခင်မလေးကို အဆိပ်ခတ်လဲ။ ကျွန်မ သူ့ကို အရှင်မထားဘူး။ သခင်မလေး၊ ကျွန်မရဲ့ သန့်ရှင်းမှုကို သက်သေပြပါမယ်”

ပြီးနောက် ထိုလှပသော အမျိုးသမီးစားဖိုမှူးသည် ဦးခေါင်းကို စားပွဲထောင့်သို့ အားကုန်ဆောင့်ကာ မိမိ သန့်ရှင်းကြောင်း သက်သေပြရန် သေကြောင်းကြံသည်။ ဤသည်မှာ သရုပ်ဆောင်နေခြင်း မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် သူမ၏စကားလုံးများထဲမှ အလုံးစုံ ချစ်ခင်မှု၊ ခိုင်မာသော ဆုံးဖြတ်ချက်တို့ကို ကြားလိုက်ရသောကြောင့်ပင်။ သူမ၏ဦးခေါင်းနှင့်ဆောင့်ချက်သည် ရုတ်တရက်ဆန်ပြီး ပြင်းထန်လှသည်။

“ဝှစ်…”

သို့ပေမည့် သူမ၏ ဦးခေါင်းသည် စားပွဲထောင့်နှင့် မဆောင့်မိဘဲ ချောင်ယောင်းအာ၏ လက်ဖဝါးကို ဆောင့်မိသွား၏။

ချက်ချင်းပင် ဤစားဖိုမှူးမအသစ်သည် ချောင်ယောင်းအာ၏ ခြေထောက်နှစ်ဖက်ကို ဖက်ကာ ရှိုက်ကြီးတငင် ငိုယို ပြောဆိုလေသည်။ “သခင်မလေး၊ ကျွန်မ မလုပ်ပါဘူး၊ တကယ်ကို မလုပ်ပါဘူး”

ချောင်ယောင်းအာက ပြောလိုက်၏။ “ငါသိပါတယ်။ မကြာသေးခင်က အစားအစာတွေ အရသာပြောင်းပြီး ပေါ့သွားတာကို ငါလည်း ထူးဆန်းနေတာ”

“လုရီကို ဝင်လာခိုင်း” ခဏအကြာတွင် ချောင်ယောင်းအာ၏ သီးသန့်အစေခံ လုရီ ဝင်လာသည်။

“အရင်က စားဖိုမှူးမကော” ရှစ်ချင်းချင်းက မေးလိုက်၏။

လုရီက အေးစက်စွာဖြင့် ပြောလိုက်သည်။ “နင်က ဘာကောင်မမို့လို့လဲ။ ငါ့ကို မေးခွန်းထုတ်ဖို့ နင့်မှာ ဘာအရည်အချင်းရှိလို့လဲ”

ချောင်ယောင်းအာက အမိန့်ပေးလိုက်၏။ “ဖြေလိုက်”

လုရီက ဖြေသည်။ “လွန်ခဲ့တဲ့သုံးရက်က အရင်စားဖိုမှူးမ ရှုရှုက သူ့သမီး ကလေးမွေးလို့ သွားကြည့်မယ်ဆိုပြီး ခွင့်တိုင်သွားပါတယ်”

ချောင်ယောင်းအာက အမိန့်ပေးလိုက်၏။ “သူ့အိမ်ကိုသွား၊ သူ့သမီးအိမ်ကို သွား”

“ဟုတ်ကဲ့” အမျိုးသမီးစစ်သည်တော် ဒါဇင်ပေါင်းများစွာသည် ပြေးထွက်သွားကြပြီး အရင်စားဖိုမှူးမ၏ အိမ်သို့ သွားကြသည်။ ယခုအချိန်တွင် ချောင်ယောင်းအာကို အဆိပ်ခတ်သူမှာ ဤစားဖိုမှူးမ ရှုရှုဖြစ်ကြောင်း အသေအချာ ကောက်ချက်ချနိုင်ပြီဖြစ်၏။ သို့ပေမည့် သူမသည် လုပ်ဆောင်သူတစ်ဦးသာဖြစ်ပြီး နောက်ကွယ်တွင် ကြိုးကိုင်သူ ရှိနေသေးသည်။ ဤသူသည် မည်သူဖြစ်နိုင်မည်နည်း။

ချောင်ရှောင်းလား။ ချောင်ဟောင်လား။ ဤနှစ်ယောက်စလုံး ဖြစ်နိုင်ခြေရှိသည်။

ချောင်ယောင်းအာ၏ ဩဇာအာဏာသည် အလွန်ကြီးမားသောကြောင့် ချောင်ရှောင်းသည် သူမက နုရှောင့် မြို့တော်၏ သခင်မလေးနေရာကို လုယူမည်ကို စိုးရိမ်ပြီး ချောင်ယောင်းအာကို ဖယ်ရှားရန် နည်းလမ်းရှာသည်မှာ မထူးဆန်းပေ။ ချောင်ဟောင်မှာမူ ချောင်ထျန်းဝေ၏ မွေးစားသားဖြစ်ပြီး နုရှောင့်မြို့တော်၏ စတုတ္ထမြောက် အရေးပါသူဖြစ်၏။ ချောင်ယောင်းအာ သေဆုံးသွားပါက သူမ၏ စစ်သင်္ဘောများနှင့် ပင်လယ်ဓားပြများ၏ အစိတ်အပိုင်းကြီးတစ်ခုသည် သူ့လက်သို့ ရောက်ရှိလာပေမည်။

“သခင်မလေး.. ဒီရှုရှုသာ အမှန်တကယ် အဆိပ်ခတ်တယ်ဆိုရင် သေသင့်ပါတယ်”

ချောင်ယောင်းအာက သဘောတူလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီနာမည်က စားဖိုမှူးမတစ်ယောက်ရဲ့ နာမည်နဲ့ မတူဘူး”

ရှစ်ချင်းချင်းက ရှင်းပြလိုက်၏။ “ရှုရှုက အမျိုးကောင်းသမီးတစ်ယောက်ပါ။ ပင်လယ်ထွက်ရင်း ပင်လယ်ဓားပြတွေရဲ့ အရှက်ကင်းမဲ့စွာ ပြုကျင့်ခြင်းကိုခံခဲ့ရလို့ အိမ်ကိုပြန်မရတော့တာပါ။ သူမရဲ့ ပညာအရည်အချင်း က အရမ်းကောင်းမွန်ပေမယ့် သခင်မလေးရဲ့ ရဲတိုက်မှာ အသုံးမဝင်တဲ့အတွက် သူမရဲ့ ကျန်ရှိတဲ့ ထူးချွန်မှုက စားဖိုမှူးပညာပဲ ဖြစ်လို့ အစားအစာတွေ ပြင်ဆင်ပေးရတာပါ”

ရှမ့်လန်က မေးလိုက်သည်။ “သူမ ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ”

“၃၆ နှစ်ပါ” ရှစ်ချင်းချင်းက ဖြေ၏။

နာရီဝက်ခန့်အကြာတွင် အမျိုးသမီးစစ်သည် တစ်ဒါဇင်ကျော် ပြန်ရောက်လာကြသည်။ “စားဖိုမှူးမ ရှုရှုရဲ့ အိမ်၊ သူ့သားရဲ့ အိမ်၊ သူ့သမီးရဲ့ အိမ် အားလုံးမှာ ဘယ်သူမှ မရှိတော့ပါဘူး။ ပြီးတော့ သူ့သမီးရဲ့ အိမ်က မီးလောင်ထားပြီး ပြာဖြစ်သွားပါပြီ”

အမှန်ပင် သက်သေကို ရှင်းလင်းဖယ်ရှားလိုက်ပြီဖြစ်၏။

ရှစ်ချင်းချင်းက အေးစက်စွာဖြင့် မေးလိုက်သည်။ “စစ်သူကြီးကို ဘယ်သူက လုပ်ကြံဖို့ ကြိုးစားနေတာလဲ”

အမျိုးသမီးစစ်သည်တော်များက မခံမရပ်နိုင်စွာဖြင့် ပြောလိုက်၏။ “သခင်လေး ချောင်ရှောင်း ဖြစ်ရမယ်။ သူက သခင်မလေးကို အကြီးဆုံးပြိုင်ဘက်အဖြစ် သတ်မှတ်ထားတာ”

“ဟုတ်တယ်၊ ဒီကိစ္စကို ဒီအတိုင်း အဆုံးသတ်လို့ မဖြစ်ဘူး”

အမျိုးသမီးစစ်သည်တော်တစ်ဦးက ပြောလိုက်သည်။ “ကျွန်မတို့ သခင်ကြီးဆီ သွားတွေ့ပြီး အမှန်တရား ပေါ်လာအောင် စစ်ဆေးခိုင်းရမယ်။ သခင်မလေးအတွက် တရားမျှတမှုကို တောင်းဆိုရမယ်”

ထို့နောက် ဤအမျိုးသမီးစစ်သည်တော်များသည် ဒေါသတကြီးဖြင့် ထွက်သွားကြပြီး စစ်သည်တော် ရာပေါင်း များစွာကို စုစည်းကာ ချောင်ထျန်းဝေအား တွေ့ဆုံရန် သွားကြ၏။ ဤလောကတွင် သူတို့၏ နတ်ဘုရားမကို ထိခိုက်စေရဲသူသည် မည်သူဖြစ်စေ သူတို့၏ တစ်သက်တာ ရန်သူတော်ပင်။

ချောင်ယောင်းအာက လက်ဝေ့ယမ်းပြလျက် ပြောလိုက်၏။ “တော်ပြီ၊ ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်”

အမျိုးသမီးစစ်သည်တော်သည် အလိုမကျသလို မေးလိုက်သည်။ “လွှတ်ပေးလိုက်ရမှာလား”

ချောင်ယောင်းအာက ပြောလိုက်၏။ “အဆုံးသတ်လိုက်”

အခြားသူများအပေါ်တွင် သူမသည် ရက်စက်ကြမ်းကြုတ်နိုင်သော်လည်း ချောင်ရှောင်းအပေါ်တွင်မူ မည်သို့ ဆက်ဆံနိုင်မည်နည်း။ ထိုသူသည် သူမ၏ မောင်လေးပင်။ သွေးသားတော်စပ်သော မောင်လေးမဟုတ်သည့်တိုင် အတူတကွ ကြီးပြင်းလာခဲ့သည်ဖြစ်ရာ သွေးသားတော်စပ်သော မောင်လေးနှင့် ခြားနားမှုမရှိပေ။ ဤမောင်လေး သည် အသုံးမကျသူ၊ လူယုတ်မာ၊ အောက်တန်းစားတစ်ယောက် ဖြစ်နေလျှင်တောင်မှ …

“မင်းတို့ နောက်ဆုတ်ကြ”

ချောင်ယောင်းအာက ပြောလိုက်သည်။ “သမားတော်နဲ့ ချင်းချင်းပဲ ကျန်နေခဲ့”

လုရီ၏ အကြည့်ထဲမှ မုန်းတီးမှုသည် ပို၍ပင် ပြင်းထန်လာ၏။

All Chapters