အခန်း (၂၀၂)
Vol. 15 Ch. 202
အားလုံးသော သူတို့ နောက်ဆုတ်ထွက်ခွာ သွားခဲ့ပြီးသည့်နောက် ရှစ်ချင်းချင်းသည် မည်သို့မှ မနေနိုင်ဘဲ ပြောလိုက်၏။
“သခင်မလေး... ဒီကိစ္စကို ဒီတိုင်းပဲ လက်လွှတ်ပေးလိုက်မည်ဆိုရင် ချောင်ရှောင်း ထပ်ပြီးတော့ ဒုက္ခပေးလိမ့်မယ်။ ပြီးတော့ သခင်မလေးက သူ့ကို မောင်ငယ်လေးလို သဘောထားတာ။ သူက ရန်သူလို သဘောထားနေတာ”
“ဒီကိစ္စကို ထပ်ပြီး မပြောနဲ့တော့”
ချောင်ယောင်းအာက ပြောလိုက်၏။ ပြီးနောက် သူမသည် ရှမ့်လန်ကို ပြောလိုက်၏။ “သမားတော်... ကျွန်မကို ခေါင်းမာတယ်လို့ မထင်ပါနဲ့။ ဒါပေမဲ့ နောက် နာရီအနည်းငယ် ကြာရင် ကျွန်မမှာ တိုက်ပွဲတစ်ခု ရှိတယ်။ ကျွန်မ ကတိမဖျက်နိုင်ဘူး။ ဒါပေမဲ့ အခု ကျွန်မ မလှုပ်ရှားနိုင်ဘူး။ အတွင်းအားကို မသုံးနိုင်ဘူး။ မဟုတ်ရင် သွေးကြောတွေ ပေါက်ကွဲထွက်သွားနိုင်တယ်။ ပြီးတော့ မျက်လုံး ဖွင့်လိုက်ရင် တစ်ကိုယ်လုံး မူးဝေပြီး အပြင်းအထန် အန်ချင်စိတ်ကို မထိန်းချုပ်နိုင်ဘူး ဖြစ်နေတယ်။ ကျွန်မကို အနည်းငယ် သက်သာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းများ ရှိပါသလား။ မတ်တပ်ရပ်နိုင်ရုံဆိုရင်ကို ရပါပြီ။ ကျွန်မ တိုက်ခိုက်နိုင်ပါတယ်”
ရှမ့်လန်သည် ဒူးများပင် ခွေယိုင်သွားခဲ့မိ၏။ သူမသည် ကောင်းကင်ကို ဖီဆန်ခဲ့ပြီးပြီ ဖြစ်၏။ ခန္ဓာကိုယ် တစ်ခုလုံးက အစောကြီးကတည်းက ဤကဲ့သို့ ဖြစ်နေသည်ဆိုသည်မှာ တကယ်ကို ကံကောင်းခြင်း ဖြစ်၏။ သို့ပေမည့် သွားရောက်ကာ တိုက်ခိုက်ချင်နေသေးသည်လား။ သွေးကြောမကြီးတစ်ခုလုံး အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် အခြေအနေမျိုး ဖြစ်နေသည်ကို မသိလေသလား။
သူမ၏ ဦးခေါင်းထဲမှာ အကြိတ်လုံးတစ်ခု ဖြစ်တည်နေသည်ကို မသိရှိဘူးလား။ နာဗ်ကြောမကို ထိုအရာက ဖိနှိပ်ထားခြင်း ဖြစ်၏။ ထို့ကြောင့် မျက်လုံးဖွင့်လိုက်သည့် အချိန်တိုင်းလည်း လောကကြီးတစ်ခုလုံးက ချာချာလည်လျက် ရှိနေတုန်းပင်။ မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်ချေ။ လမ်းကိုလည်း နည်းနည်းသာလျှင် လျှောက်ရမည်။ ထိုသို့သော အခြေအနေမျိုးတွင် တိုက်ခိုက်ရန် စဉ်းစားနေလေသည်လား”
ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ မေးမြန်းလိုက်၏။ “ဘယ်သူနဲ့ သွားပြီး တိုက်ခိုက်မှာလဲ”
“ကျူးဟုန်ရွှဲ့”
ရှမ့်လန်သည် ထိုနာမည်ကို ကြားရသည့် အချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွား၏။ ကောင်းကင်၏ ဂုဏ်ယူရလောက်သော ကံကြမ္မာသားတော်...ကျူးဟုန်ရွှဲ့၊ ကောင်းကင်ပင်လယ်နန်းဆောင် ကျိုးရှီ၏ တပည့်၊ ရွှဲ့ပြည်နယ် လူငယ်မျိုးဆက်သစ်ထဲတွင် ထိပ်တန်းကျွမ်းကျင်သူ။
“အင်း... ဒါ...နှစ်ယောက်ချင်း တိုက်ခိုက်မှုလား၊ ဒါမှမဟုတ် အဖွဲ့အစည်းနဲ့ သိုင်းပညာ ယှဉ်ပြိုင်မှုလား” ရှမ့်လန်က မေးမြန်းလိုက်၏။
“နှစ်ယောက်ချင်း တိုက်ခိုက်တာပဲ”
ချောင်ယောင်းအာက ပြောလိုက်သည်။ “ဘယ်သူက ပိုပြီး ကျွမ်းကျင်တယ် ဆိုတာကို ဆုံးဖြတ်ပေးရုံပဲ။ ဒါပေမဲ့ သေခြင်းရှင်ခြင်းကိုလည်း ဆုံးဖြတ်ပေးလို့ ရတယ်”
သူမ နတ်ဆိုးမသည် လက်ရှိအခြေအနေတွင် တစ်ဖက်လူကို တိုက်ခိုက်ရန်၊ သတ်ဖြတ်ရန်ပင် စဉ်းစား နေလေသည်လား။ သူမ၌ အားအင် မည်မျှ ကျန်သနည်း။
ချောင်ယောင်းအာက ပြောလိုက်၏။ “ကျွန်မ အခု မျက်လုံးမဖွင့်နိုင်ဘူး။ ဒါပေမဲ့ မတ်တပ်မရပ်နိုင်ဘူး။ သမားတော် .... ကျွန်မကို မတ်တပ်ရပ်အောင် လုပ်ပေးနိုင်မလား။ ဒီလိုလုပ်ပေးနိုင်မယ်ဆိုရင် ကျေးဇူးပြုပြီးတော့ ကုသပေးပါ။ တကယ်လို့ မလုပ်ပေးနိုင်ဘူးဆိုလည်း အခုဒီကနေ ထွက်သွားတော့။ ရှင့်အတွက် ကျွန်မပိုက်ဆံ တော်တော်များများ ပေးလိုက်ပါ့မယ်”
ချောင်ယောင်းအာ၏ လက်ရှိခန္ဓာကိုယ်သည် တကယ်ကို အန္တရာယ်များလို့နေ၏။ ပထမဦးဆုံး သူမ၏ သွေးတိုးနှုန်းက အလွန်မြင့်မားနေခဲ့၏။ သွေးကြောမကြီးများအားလုံးသည်လည်း အကန့်အသတ်သို့ ရောက်ရှိလျက် ရှိနေလေ၏။ အချိန်မရွေး ပေါက်ထွက်သွားနိုင်သည် အလားပင်။ ထိုအရာကသာ ပေါက်ထွက်သွားသည်ဆိုပါက ကျိန်းသေပေါက် ဦးနှောက်ထဲတွင် ရှိနေသည့် ဦးနှောက် သွေးကြောမကြီး အားလုံးကလည်း ပွင့်ထွက်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ချက်ချင်း သေဆုံးမှာ ဖြစ်သည်။
သူမ၏ ဦးနှောက်အနီး၊ ဦးနှောက်အမြှေးပါးအောက်တွင် သွေးခဲတစ်ခု ရှိနေပြီး ဦးနှောက်၏ အချို့သော အာရုံကြောများကို ဖိထား၏။ ဤသည်မှာ သူမ မတ်တပ်မရပ်နိုင်ခြင်း၊ မူးဝေခြင်းတို့၏ အဓိကတရားခံ ဖြစ်သည်။
“ကုသနိုင်မလား။ ကုသနိုင်ရင် မြန်မြန်လုပ်ပါ၊ နောက် နှစ်နာရီအတွင်း ကျွန်မ ကျိုးဟုန်ရွဲ့နဲ့ တိုက်ခိုက်ရမယ်”
ရှမ့်လန်သည် ခပ်မြန်မြန် ခေါင်းညိတ်လိုက်၏။ “ကုသနိုင်ပါတယ်”
သခင်လေးလန်သည် သူ၏ သမိုင်း တလျှောက်တွင် အရူးသွပ်ဆုံး ခွဲစိတ်မှုကို ပြုလုပ်ရတော့မည် ဖြစ်သည်။
“ချင်းချင်း ... မွှေးရနံ့တစ်ခု သွားထွန်းလိုက်၊ ကျုပ် စိတ်ငြိမ်အောင် လုပ်ရမယ်” ရှမ့်လန်က ရေးသားလိုက်၏။
…………
ထိုအချိန်မှာတော့ နုရှောင့်မြို့တော်၏ အခြားတစ်နေရာတွင် ...
ပင်လယ်ဓားပြဘုရင်ငယ် ချောင်ရှောင်းသည် အမျိုးသမီးတစ်ဦးကို အရူးအမူး နှိပ်စက်နေသည်။ ဤအမျိုးသမီးသည် ချောင်ယောင်းအာ၏ သီးသန့်အစေခံ လုရီပင် ဖြစ်၏။ သူမသည် နာကျင်စွာ အော်ဟစ်နေသည်။
ချောင်ရှောင်းသည် ထိုအမျိုးသမီး၏ နောက်ကျောကို ကြာပွတ်ဖြင့် ရိုက်ရင်း မေးလိုက်၏။ “အောက်တန်းစားမ.. ငါ ခိုင်းထားတဲ့ ကိစ္စကို နင်လုပ်ပြီးပြီလား”
လုရီက တုန်ယင်သောအသံဖြင့် ဖြေသည်။ “လုပ်ပြီးပါပြီ...လုပ်ပြီးပါပြီ။ အမွှေးတိုင်ကိုလည်း လဲလှယ်ပြီးပါပြီ”
ချောင်ရှောင်းက ရက်စက်စွာ ပြုံးလျက် ပြောလိုက်၏။ “နင် အသိတရားရှိသေးတယ်လို့ မှတ်ရမယ်။ အဲ့ဒီအမွှေးတိုင်က ငါဈေးကြီးပေးပြီး လုပ်ခိုင်းထားတဲ့ ပစ္စည်းကောင်းပဲ။ အတွင်းက အစွမ်းတွေက ပြင်းထန်တယ်။ ငါ ချောင်ယောင်းအာကို အောင်အောင်မြင်မြင် သိမ်းပိုက်ပြီးရင် နင့်ကိုလည်း ဆုချမှာပါ”
လုရီက တုန်ယင်သောအသံဖြင့် မေးသည်။ “သခင်လေး၊ သခင်လေး... ကျွန်မကို ကိုယ်လုပ်တော်အဖြစ် လက်ခံမယ်ဆိုတဲ့ ကိစ္စကကော၊ ကတိတည်မှာ မဟုတ်လား”
“ကတိတည်မှာပေါ့၊ လုံးဝ ကတိတည်မှာပေါ့။ နင်က ဆက်ဆံလို့ကောင်းတဲ့ မိန်းမပဲကို”
……
နာရီဝက်ခန့် လူးလွန့်ရိုက်ပုတ်အပြီးတွင် လုရီသည် ရွှံ့တစ်ပုံကဲ့သို့ပင် ပျော့ခွေသွားခဲ့သည်။ အမှန်တကယ်တွင် ဤဖြစ်စဉ်သည် လှပခြင်းမရှိဘဲ ဝမ်းနည်းပူဆွေးမှုတို့ဖြင့် ပြည့်နှက်စေ၏။ အကြောင်းအရင်းမှာ ဤချောင်ရှောင်း ဆိုသူသည် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဖြစ်သောကြောင့်ပင်။
သို့ပေမည့် လုရီသည် ဤသို့ဆက်ဆံခံရခြင်းကို တဖြည်းဖြည်း စွဲလမ်းလာခဲ့သည်။ အဘယ်ကြောင့်မှန်း သူမကိုယ်တိုင်ပင် မသိပေ။ ငယ်စဉ်က သူမသည် မိဘနှစ်ပါး၏ ကြေကွဲဖွယ် သေဆုံးမှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရ၏။ အထူးသဖြင့် သူမ၏ မိခင်သေဆုံးပုံသည် သူမ၏ စိတ်ထဲတွင် ဖျောက်ဖျက်မရနိုင်သော အမှတ်အသား တစ်ခုဖြစ် ကျန်ခဲ့သည်။
ထိုအချိန်မှစ၍ လုရီ၏ အတွင်းစိတ်သည် အမှောင်ထုတို့ဖြင့် ပြည့်နှက်ခဲ့၏။
ချောင်ယောင်းအာသည် သူမ၏ အသက်ကို အမှန်တကယ် ကယ်တင်ခဲ့ပြီး သူမ၏ စိတ်ဝိညာဉ်ကိုပင် ကယ်တင်ခဲ့သည်။ လုရီ ကြိုးစားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ချောင်ယောင်းအာသည် ကယ်တင်ခံရသော အမျိုးသမီးအားလုံး အတွက် နတ်ဘုရားမတစ်ပါးသဖွယ် ဖြစ်သောကြောင့်ပင်။
လုရီသည် သီးသန့်အစေခံဖြစ်လာခဲ့ပြီး သူမသည် ချောင်ယောင်းအာ၏ အလင်းရောင်ခြည်ကို ဆုပ်ကိုင်၍ အထက်သို့တက်ကာ အမှောင်ချောက်နက်ကြီးထဲမှ ရုန်းထွက်ကာဖြင့် ဘဝသစ်တစ်ခုကို အလုံးစုံ ရရှိရန် ကြိုးစားခဲ့သည်။ သူမသည် ချောင်ယောင်းအာ၏ မိသားစုဝင်တစ်ယောက် သို့မဟုတ် သွေးသားမတော်စပ်သော ညီမငယ် တစ်ယောက် ဖြစ်ချင်ခဲ့၏။
သို့ပေမည့် နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံပြီးနောက်တွင်မူ ချောင်ယောင်းအာသည် လက်လှမ်းမမီနိုင်သော သူဖြစ်ကြောင်း သူမ ရှာဖွေတွေ့ရှိခဲ့သည်။ ရှောင်ယောင်းအာသည် အမှန်ပင် နတ်ဘုရားမတစ်ပါးကဲ့သို့ ခပ်ကင်းကင်းနေတတ်ပြီး ရှောင်ယောင်းအာဆီမှ အလင်းရောင်သည် သူမကို လင်းလက်စေနိုင်ပြီး သူမ၏ အမှောင်ထုကိုပင် ပျောက်ကွယ်စေနိုင်၏။ သို့ပေမည့် အနားသို့ မကပ်နိုင်ပေ။
လုရီအတွက် ချောင်ယောင်းအာသည် တောက်ပနေသော နေတစ်စင်းနှင့် တူသည်။ ထုတ်လွှတ်သော ရောင်ခြည်သည် အလွန်နွေးထွေးတောက်ပပြီး အနီးအနားတွင် ရှိနေသယောင် ထင်ရသော်လည်း အမှန်တကယ် ချဉ်းကပ်ကြည့်သောအခါတွင်မူ ထိတွေ့၍ရသည့်အရာမျိုး မဟုတ်ကြောင်း တွေ့ရှိခဲ့၏။ သူမ၏ ရောင်ခြည်သည် အလွန်နွေးထွေးသော်လည်း သူမ၏ ခန္ဓာကိုယ်မှာမူ ရေခဲတမျှ အေးစက်နေသည်။ သူမ၏ စရိုက်သည်လည်း ရေခဲတမျှ အေးစက်၏။ သူမသည် သနားစရာကောင်းသော အမျိုးသမီးအားလုံးကို ကာကွယ်ပေးသော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ စိတ်ခံစားချက်နှင့်ရင်း၍ နှလုံးသားထဲ ထည့်သွင်းမည် မဟုတ်ပေ။
လူသားချင်းစာနာထောက်ထားတတ်သူများသည် အကြမ်းကြုတ်ဆုံး ဖြစ်သည်။ ဤအချက်ကို နက်နက်ရှိုင်းရှိုင်း ခံစားမိပြီးနောက် လုရီသည် စိတ်ပျက်အားငယ်စွာ ခံစားခဲ့ရ၏။ သူမလိုချင်သည်မှာ ဤမျှသာမဟုတ်၊ သူမသည် သီးသန့် အစေခံတစ်ယောက်အဖြစ် မနေလိုချေ။ သူမသည် သခင်မဖြစ်ချင်သည်။ သူမသည် ချောင်ယောင်းအာ၏ ညီမငယ်ဖြစ်ချင်၏။
အရာတစ်ခုကို အချိန်ကြာမြင့်စွာ လိုက်လံရှာဖွေ၍ မရရှိနိုင်ပါက စိတ်ထဲတွင် မုန်းတီးမှု ဖြစ်ပေါ်လာတတ်သည်။ ဤအရာမှာ လူသားသဘာဝပင်။ လုရီသည် မုန်းတီးလာခဲ့သည်။
သို့ပေမည့် ဤအချိန်တွင် ချောင်ရှောင်း ပေါ်ပေါက်လာခဲ့ပြီး သူမကို အရိုင်းစိုင်းဆုံးပုံစံဖြင့် ဖျက်ဆီးခဲ့သည်။ ထိုစဉ်က သူမသည် သေချင်လုမတတ် ခံစားစေခဲ့၏။ သို့ပေမည့် သူမသည် ထိုအရာကိုပင် အမှန်တကယ် စွဲလမ်းသွားခဲ့၏။
ထို့အပြင် အတွင်းစိတ်ထဲတွင် မျှော်လင့်ချက်တစ်ခု ရှိလာခဲ့၏။ သူမသည် နုရှောင့်မြို့တော်၏ သခင်မ ဖြစ်လာရန် အခွင့်အရေးရှိနိုင်မည်လား။ ဥပမာအားဖြင့် ချောင်ရှောင်း၏ ကိုယ်လုပ်တော် ဖြစ်လာခြင်းမျိုးပင်။
ထိုအချိန်မှစ၍ သူမသည် ချောင်ရှောင်း၏ ခွေးတစ်ကောင် .... စိတ်ကူးယဉ်ဆန်သော ခွေးတစ်ကောင်အဖြစ် အလုံးစုံ ပြောင်းလဲသွားခဲ့သည်။
သူမသည် ချောင်ရှောင်း၏ ရင်ခွင်ထဲတွင် ပျင်းရိစွာ လဲလျောင်းရင်း မေးလိုက်၏။ “သခင်လေး...အခုတလော ရှင့်ရဲ့ အရသာခံစားမှုက ဘယ်လို့ ဒီလောက် ပြင်းထန်လာတာလဲ”
ချောင်ရှောင်းက ပြောလိုက်၏။ “ဟား ဟား ဟား ဟား... ဒါ ငါ အားကုန်မထုတ်ရသေးဘူးဆိုတာ မင်းသိမှာပါ”
လုရီက ပြောလိုက်၏။ “ရှုရှုက အသက် ၃၆ နှစ်ရှိပြီး ကလေးနှစ်ယောက်တောင် ရှိနေပြီ။ သခင်လေးက သူ့ကို ကြိုက်နိုင်သေးတယ်ပေါ့။ ပြီးတော့ သိမ်းပိုက်နိုင်သေးတယ်ပေါ့”
ချောင်ရှောင်းသည် အံ့အားသင့်သွားသည်။ ထိုအမျိုးသမီးကို သူ မသိမ်းပိုက်ဖူးပေ။ သူသည် ထိုအမျိုးသမီးနှင့် လိင်ဆက်ဆံဖို့ ငြင်းပယ်မည် မဟုတ်သော်လည်း သူသည် အပျိုစင်များကို ပို၍ နှစ်သက်၏။ ထို့ကြောင့် အသက် ၃၆ နှစ်အရွယ် လှပသော အမျိုးသမီးစားဖိုမှူးသည် သူ၏ လက်တွင်းသို့ ယာယီအားဖြင့် မကျရောက်သေးပေ။
“တော်ပါပြီ၊ ဘယ်လိုပဲဖြစ်ဖြစ် သူမကို သခင်လေးက သတ်လိုက်ပြီးပြီပဲ” လုရီက ပြောလိုက်သည်။
ချောင်ရှောင်းသည် ရုတ်တရက် ထထိုင်လိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ငါသူ့ကို မသတ်ခဲ့ရပါလား”
လုရီက ပြောလိုက်သည်။ “သခင်လေး...ကျွန်မရှေ့မှာ လာပြီး ဟန်ဆောင်နေစရာတော့ မလိုပါဘူး။ ဟုတ်ပြီလား”
ဖြောင်း….
ချောင်ရှောင်းသည် ရုတ်တရက်ထကာ ပါးပိတ်ရိုက်လိုက်၏။
လုရီသည် ကုတင်ပေါ်မှ အောက်သို့ လွင့်စင်သွားခဲ့၏။ လုရီ၏ နှုတ်ခမ်းမှ သွေးများထွက်ပေါ်လာခဲ့၏။ သူမသည် မြေပေါ်တွင် ဒူးထောက်ထိုင်ကာဖြင့် ချောင်ရှောင်း၏ ခြေထောက်ဆီသို့ အသာပြေးသွားကာ ဖက်လိုက်သည်။ “လု...လုရီ မှားသွားပါတယ်။ လုရီ မှားသွားပါတယ်။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ သခင်လေး။ စိတ်မဆိုးပါနဲ့”
ချောင်ရှောင်းသည် ပြင်းပြင်းထန်ထန်ပင် ကန်ကျောက်လိုက်၏။ လုရီသည် နောက်ဘက်သို့ လွင့်စင်သွားခဲ့၏။ သူမသည် သွေးတစ်လုတ်အန်ထုတ်ပြီးနောက် ထပ်မံကာဖြင့် လေးဘက်ထောက်ကာ တောင်းပန်ရန် ပြင်ဆင်လာခဲ့၏။
“ခွေးမ... နားထောင်စမ်း။ ငါ့ရှေ့မှာ ဟန်ထုတ်မနေနဲ့။ ပြီးတော့ ငါ့ကို မစမ်းသပ်နဲ့”
ချောင်ရှောင်းက ဒေါသတကြီး ပြောလိုက်သည်။ “ငါသတ်ခဲ့တဲ့လူတွေ အကုန်လုံးကို ငါရဲရဲဝံ့ဝံ့ ဝန်ခံရဲတယ်။ ဒါပေမဲ့ ငါမလုပ်တဲ့အရာတစ်ခုကို ငါ့ကို လာပြီး ခေါင်းပေါ်ပုံချလို့ မရဘူး”
“လု...လုရီ မှားပါတယ်။ လုရီ မှားပါတယ်”
လုရီသည် သူမ၏ မျက်နှာနှင့် ချောင်ရှောင်း၏ ခြေထောက်ကို ပွတ်တိုက်ကာ ပြောလိုက်၏။ “လုရီ...မှားခဲ့ပါတယ်။ သခင်လေး စိတ်မဆိုးပါနဲ့။ စိတ်မဆိုးပါနဲ့”
ချောင်ရှောင်းက ပြောလိုက်သည်။ “ရှုရှု သေသွားပြီလို့ မင်းပြောတယ်။ ဘာဖြစ်တာလဲ”
လုရီက ပြောလိုက်၏။ “တစ်စုံတစ်ယောက်က ချောင်ယောင်းအာကို ဆားနဲ့ အဆိပ်ခတ်ခဲ့တယ်။ အဲဒီအဆိပ်ခတ် ခဲ့တဲ့လူက မီးဖိုချောင်လုပ်သားထဲက ရှုရှုပဲ။ ပြီးတော့ သူမက လွန်ခဲ့တဲ့ ရက်အနည်းငယ်တည်းက ပျောက်သွားခဲ့တာ။ ချောင်ယောင်းအာက စစ်သည်တော်တွေစေလွှတ်ပြီး ဖမ်းဆီးဖို့ကြိုးစားတဲ့အချိန်မှာ သူမရဲ့ အိမ်တစ်ခုလုံးကလည်း ပြာကျနေပြီ”
ချောင်ရှောင်း၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ ပြီးနောက် သူက ပြောလိုက်သည်။ “တစ်စုံတစ်ယောက်က ချောင်ယောင်းအာကို အဆိပ်ခတ်တယ်...ဟုတ်လား။ ဘယ်သူလဲ... ဘယ်သူလဲ”
လုရီက အံ့အားသင့်သွား၏။ ဤအရာသည် သခင်လေး ချောင်ရှောင်းလုပ်သည် မဟုတ်ပါလား။ ကြည့်ရသည်မှာ. သခင်လေး ချောင်ရှောင်း မဟုတ်ပုံပင်။
လုရီက ပြောလိုက်၏။ “ဒီရှုရှုက အချိန်အတော်ကြာတည်းက အဆိပ်ခတ်ခဲ့တာလေ။ ဒါပေမဲ့ ချောင်ယောင်းအာရဲ့ ခန္ဓာကိုယ်က အားကောင်းလွန်းတယ်။ ဒါကြောင့်မို့လို့ အခုအချိန်အထိ...အချိန်ကြာခဲ့တာပဲ”
ချောင်ရှောင်းက ဒေါသထွက်သွား၏။ “ခွေးမ... ဒီခွေးမ... ဒီခွေးမ ငါ့အစ်မကို အဆိပ်ခတ်ရဲတယ်ပေါ့။ ငါသူ့ကို အစိတ်စိတ်အပိုင်းပိုင်း ဆွဲဖြတ်ပစ်မယ်။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အရိုးတွေအကုန်လုံးကို ချေမွပြီးတော့ မီးရှို့ပစ်မယ်။ သူ့ရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်မယ်”
လုရီသည် ပိုမိုကာ ဆွံ့အသွားမိ၏။ သခင်လေး ချောင်ရှောင်း ဟန်ထုတ်နေသည်လေလား။ ချောင်ယောင်းအာ အပေါ်တွင် ဤကဲ့သို့ မေတ္တာတရား တည်ရှိနေသည်လား။
ချောင်ရှောင်းသည် စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်၏။ “ငါ့အစ်မ ဘာဖြစ်သွားသေးလဲ။ သူ့ရဲ့ ခန္ဓာကိုယ် ပျက်စီး သွားပြီလား”
လုရီသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “မပျက်စီးသေးပါဘူး။ ပိုပြီးတောင် လှလာသေးတယ်”
ချောင်ရှောင်းသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ “တော်သေးတာပေါ့။ တော်သေးတာပေါ့။ မျက်နှာ အဆင်ပြေနေတယ်။ ခန္ဓာကိုယ် အဆင်ပြေနေတယ်ဆိုရင် ရပြီ။ ဒါမှ ငါအိပ်ရင် စိတ်ဝင်စားဖို့ကောင်းမှာပေါ့။ ဟား ဟား ဟား ဟား ဟား ဟား”
ဤတစ်ကြိမ်မှာတော့ လုရီသည် စိတ်သက်သာရာရသလိုပင် သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။ သခင်လေး ချောင်ရှောင်းသည် သားရဲထက်ပင် ပိုမိုကာ ဆိုးရွားနေသည်ကို မြင်ရသည့်အချိန်မှာတော့ သူမသည် တကယ်ပင် စိတ်သက်သာရာရမိသည်။
လုရီက ပြောလိုက်၏။ “သခင်လေး... သူမကို မသေစေချင်ဘူးလား”
ချောင်ရှောင်းသည် လုရီကို အသာပါးပိတ်ရိုက်လိုက်ပြန်သည်။
နှာခေါင်းမှ သွေးများ ထွက်ပေါ်လာခဲ့၏။
“ခွေးမ... ငါပြောပြီးသား။ ငါ့ကို မစမ်းသပ်နဲ့လို့” ချောင်ရှောင်းသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ ပြီးနောက် အေးစက်စက်ပြောလိုက်သည်။ “ဟုတ်ပြီ...ချောင်ယောင်းအာ သေရင်သေသွားလိမ့်မယ်။ အနည်းဆုံးတော့ မသေခင်မှာ ငါနဲ့ အကြိမ်တစ်ရာလောက် အိပ်သွားရအုံးမယ်”
လုရီ၏ မျက်လုံးများ ချာချာလည်သွား၏။ ပြီးနောက် ပြောလိုက်၏။ “ဒါဆိုရင်တော့ အခွင့်အရေးကောင်း တစ်ခုပဲ”
ချောင်ရှောင်းက ပြောလိုက်သည်။ “အင်း... ငါပြင်ဆင်ခိုင်းထားတဲ့ အမွှေးတိုင်ကို သေသေချာချာ ထွန်းထားပြီးပြီလား”
လုရီက ပြောလိုက်၏။ “သေချာတယ်ဆိုတာတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီအမွှေးတိုင်ကို ကျွန်မ လဲထားခဲ့တာ ကြာပြီ။ ချောင်ယောင်းအာက အမွှေးတိုင်ရနံ့ကို ကြိုက်တယ်။ ဒါကြောင့် နေ့စဉ်နေ့တိုင်း ပုံမှန်အမွှေးတိုင် ထွန်းတယ်”
ချောင်ရှောင်းက ပြောလိုက်သည်။ “သူ့ရဲ့ သိုင်းပညာက အရမ်းကို မြင့်မားတယ်။ ဒီတော့ သူနဲ့မအိပ်ခင်မှာ အလုံးစုံ စိတ်ကျေနပ်မှုရစေဖို့ စိတ်ချလက်ချနဲ့ သူမ ဆေးမိနေမှ ဖြစ်လိမ့်မယ်”
လုရီ၏ မျက်လုံးများက ချာချာလည်သွား၏။ သူမ၏အသံသည် ပိုမိုကာ ရိုင်းစိုင်းကြမ်းတမ်းလာခဲ့၏။ “ချောင်ယောင်းအာက ပိုပိုပြီး လှလာတယ်။ အခု သူမက မျက်လုံးတောင် မဖွင့်နိုင်တော့ဘူး။ တကယ်လို့ မျက်လုံး ဖွင့်လိုက်မယ်ဆိုရင်လည်း လောကကြီးတစ်ခုလုံးက ချာချာလည် သွားတာ။ မတ်တပ်ရပ်လိုက်တာနဲ့ ချက်ချင်း လဲပြိုသွားတာပဲ။ လှုပ်တောင် မလှုပ်နိုင်ဘူး။ သူ့ရဲ့ သွေးကြောမတွေ အကုန်လုံးကလည်း ပေါက်ထွက်တော့မယ်။ ရှင် တစ်စုံတစ်ခုပြုလုပ်ချင်တယ်ဆိုရင် ဘာမှတားဆီးနိုင်မှာ မဟုတ်ဘူး”
ချောင်ရှောင်းက မေးလိုက်သည်။ “မင်းဘယ်လိုလုပ်သိတာလဲ”
လုရီက ပြောလိုက်၏။ “သမားတော်ပြောတာပါ”