← Chapters

အခန်း (၂၀၄)

Vol. 15 Ch. 204

အခန်း (၂၀၄)

Vol. 15 Ch. 204

“ရှင် ကျွန်မကို ကုသပေးခဲ့တယ်။ ဘာလိုချင်လဲ” ချောင်ယောင်းအာက မေးမြန်းလိုက်၏။

“ကျုပ် နုရှောင့်မြို့ကို လိုချင်တယ်”

ဟုတ်ပေ၏။ ရှမ့်လန်သည် ထိုစကားအား စိတ်ထဲတွင် ပြောကြားလိုက်ခြင်းသာ ဖြစ်၏။ သူသည် ပြုံးကာဖြင့် ခေါင်းကိုသာ ခါယမ်းပြလိုက်၏။ ဤအရာသည် တိကျမှုအရှိဆုံးသော အဖြေသာလျှင် ဖြစ်၏။ အရာအားလုံးကို လိုချင်ခြင်းသည် ဘာတစ်ခုမှ မတောင်းဆိုခြင်းပင်ဖြစ်သည်။

ရှမ့်လန် မည်သည့်အရာကိုမှ မလိုချင်ကြောင်း အမူအရာနှင့် တုံ့ပြန်သည်ကို မြင်ရချိန်မှာတော့ ချောင်ယောင်းအာ၏ မျက်လုံးထဲတွင် ချီးကျူးမှုများနှင့် ပြည့်နှက်သွားခဲ့၏။ “အင်း..... ကျွန်မ ရှင့်ကို အကြွေးတင်သွားပြီ။ ရှင့်တောင်းဆိုမယ့် ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်မလုပ်နိုင်တဲ့အရာဆိုရင် ကျွန်မ သဘောတူညီပေးမယ်။ ကျိန်းသေပေါက် လုပ်ပေးမယ်”

ဤစကားကို ရင်းနှီးလို့နေခဲ့၏။ ဟုတ်ပေ၏။ ဓားဘုရင် လီချင်းချိုးသည် ထိုကဲ့သို့သောအရာများကို ထပ်တူညီစွာ ပြောဆိုခဲ့ဖူး၏။ သို့ပေမည့် ချက်ချင်းဆိုသလိုပင် ရှမ့်လန်သည် တစ်ဖက်လူ၏ ကျေးဇူးကြွေးကို တောင်းခံခဲ့၏။ အတွင်းခံဝတ်စုံ သွားလဲပေးလျှင် တောင်းဆိုခဲ့ခြင်းပင်။

ထိုအချိန်မှစ၍ ဓားဘုရင်သည် သူ့ကို ထပ်မံကာတွေ့ချင်စိတ်ပင် မရှိတော့ချေ။ ခွဲခွာချိန်တွင်လည်း သေသေချာချာ နှုတ်ဆက်ခြင်းကိုပင် မပြုမူဘဲ ချက်ချင်း ထွက်ခွာသွားခဲ့၏။ ပြောရမည်ဆိုလျှင် ဓားဘုရင်သည် ဤအတွင်းခံ လဲလှယ်ခဲ့သည့် ကိစ္စရပ်နှင့်ပတ်သက်၍ ကျေးဇူးကြွေးကို ထည့်မတွက်ဟု ပြောဆိုခဲ့၏။ နောက်တစ်ကြိမ် ထပ်မံကာ ခိုင်းစေနိုင်သည့် အဓိပ္ပာယ်ပင် ဖြစ်၏။

“ဟင်း”

ဤကဲ့သို့ ရိုးသားလွန်းသည့် အမူအကျင့်နှင့် လူများသည် အနိုင်ကျင့်ရန်အတွက် အလွန် လွယ်ကူလွန်းလှချေ၏။ ထိပ်တန်းကျွမ်းကျင်သူများဖြစ်နေသည်ဆိုလျှင်တောင်မှပေါ့။

ပြီးသည့်နောက် ချောင်ယောင်းအာသည် အခန်း၏ အတွင်းသို့ လျှောက်ဝင်လာခဲ့၏။ ပြီးနောက် ညဝတ် ဝတ်စုံကို စတင်ကာ လဲလှယ်၏။ သူမသည် တံခါးကို မပိတ်ခဲ့ချေ။ ရှမ့်လန်နှင့် ရှစ်ချင်းချင်းတို့ကို ရှောင်ရှားနေစရာ မလိုချေ။ အဘယ့်ကြောင့်ဆိုသော် သူမ၏ ခန္ဓာကိုယ်ကို မြင်ခဲ့ရပြီးဖြစ်သောကြောင့်ပင်။ အားလုံးသော သူတို့သည် ချောင်ယောင်းအာမှာ မိန်းကလေးများကို နှစ်သက်သည့် လူတစ်ဦး အဖြစ်သာ ထင်မှတ်ထားခဲ့ကြသည်။

တစ်ချက် ကြည့်ရှုလိုက်ရုံနှင့် ရှမ့်လန်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင် လာခဲ့၏။ သူမသည် ၁.၉ မီတာခန့် အရပ်မြင့်မား၏။ ခြေတံရှည်ကြီး နှစ်ခုကလည်း တကယ်ကို ပြိုင်ဘက်ကင်း သကဲ့သို့ပင်။ ခန္ဓာကိုယ်ကောက်ကြောင်းက အလွန်လှပ၏။

ရှမ့်လန်သည် တုန်ယင် သွားခဲ့၏။ လျင်လျင်မြန်မြန်ပင် အကြည့်ကို လွှဲလိုက်၏။ သူ မကြည့်ချင်၍ မဟုတ်ချေ။ မကြည့်ရဲခြင်းသာလျှင်ဖြစ်၏။ ချောင်ယောင်းအာသာ သူ ယောက်ျားတစ်ယောက် ဖြစ်ကြောင်း သိရှိသည် ဆိုပါက ချက်ချင်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရိုက်ချိုးမှာ သေချာ၏။ သို့ပေမည့် မကြည့်ဘူးဆိုလျှင်တောင်မှ သူမ၏ လှပလွန်းသော ခနွ္ဓာကိုယ်ကောက်ကြောင်းလှလှသည် သူ၏ မျက်လုံးထဲတွင် ပုံရိပ်ယောင်များအဖြစ် ထပ်တလဲလဲ ပေါ်ပေါက်လျက်ရှိနေသည်။

‘မဖြစ်သေးဘူး မဖြစ်သေးဘူး။ ငါထိုင်ချမှဖြစ်မယ်။ ထိုင်မချဘူးဆိုရင် အရေးကြီးတဲ့ကောင်က ဒုက္ခပေးလိမ့်မယ်။ ဟွမ်ဖန်က ငါနဲ့ အိပ်ချင်နေပြီ။ ဟွမ်ဖန်က ငါနဲ့ အိပ်ချင်နေပြီ’

ရှမ့်လန်သည် စိတ်ထဲ၌ ဆက်တိုက်ရွတ်ဆိုလျက်ရှိနေ၏။ သို့ပေမည့် အသုံးမဝင်ချေ။ သူ့အနေနှင့် စိတ်ထဲတွင် ရှိနေသည့် အတွေးများကို ဖယ်ရှား၍ မရနိုင်ချေ။ ဘာတွေဖြစ်နေသနည်း။

ခန္ဓာကိုယ်၏ အတွင်းဘက်တွင် မီးတောက်တစ်ခုသည် ထွန်းလင်းလာသကဲ့သို့ပင်။ ထိုအရာသည် အလွန် သေးငယ်လှသည်ဆိုလျှင်တောင်မှ အလွန်အားကောင်းလှချေ၏။

သို့နှင့် ရှမ့်လန်သည် အဝတ်ဗလာဖြင့် ဟွမ်ဖန်တစ်ယောက် သူ့၏ ဆံပင်များအား လာရောက်ပွတ်သပ်နေသည့် မြင်ကွင်းကို စိတ်ထဲတွင် မြင်ယောင် ကြည့်မိ၏။ အဆုံးသတ်မှာတော့ သူ့၏ စိတ်ထဲတွင်ရှိနေသည့် စိတ်ဆန္ဒက ပျောက်ကွယ်မသွားခဲ့ချေ။ ပိုမိုကာပင် အားကောင်းလာချေ၏။

ကောင်းကင်ဘုံ…. ငါ့ရဲ့ ခံစားမှုက ပိုပြီးအားကောင်းလာခဲ့ပါလား။

အချိန်ခဏအတွင်းမှာပဲ ချောင်ယောင်းအာသည် အပြင်ဘက်သို့ လျှောက်ထွက်သွား၏။ ဤအချိန်မှာတော့ သူမသည် ပင်လယ်ဓားပြဝတ်စုံကို ပြောင်းလဲဝတ်ဆင်ခဲ့ပြီးသား ဖြစ်၏။ စောဏတုန်းက ဘာမှမဝတ်တုန်း ကတည်းက လှ၏။ ယခု အဝတ်အစားများ ဝတ်ဆင်လိုက်သည့်အချိန်မှာလည်း တကယ်ကို လှနေ၏။

ရှမ့်လန်သည် ရုတ်တရက် မတ်တပ်ထရပ်ရန်ပင် စိုးရိမ်လျက်ရှိနေ၏။ ဤအချိန်မှာတော့ အစ်မကြီးဖန်ပင်လျှင် သူ့ကို မကူညီနိုင်တော့ချေ။

“ဒီမှာနေအုံး။ ထွက်မသွားနဲ့”

ချောင်ယောင်းအာက ပြောလိုက်၏။ “မကြာခင် ပြန်လာခဲ့မယ်။ အင်း... ပြန်လာနိုင်မယ့် အခွင့်အရေးလည်း ရှိချင်မှရှိလိမ့်မယ်”

သူမသည် တိုက်ခိုက်ရန် ထွက်ခွာသွားခဲ့ခြင်း ဖြစ်လေဩ၏။ သူမသည် ယခုလေးတင်မှာပဲ ခွဲစိတ်မှု ပြုလုပ်ထားသည့် လူတစ်ယောက်ဖြစ်၏။ အနာကိုပင် ပတ်တီးမစည်းရသေးချေ။ ထို့အပြင် သွေးပေါင်းမြောက်များစွာကို ဆုံးရှုံးထားခဲ့သူတစ်ယောက်လည်း ဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ သူမသည် ကျိန်းသေပေါက် အရာအားလုံးကို လျစ်လျူရှုကာဖြင့် တိုက်ခိုက်ရန် စဉ်းစားလျက်ရှိနေသည်။

ချောင်ယောင်းအာ၏ ဦးခေါင်းတစ်ခုလုံးက မူးဝေလျက်ရှိနေပြီး ခြေထောက်များကလည်း အားပျော့လျက်ရှိနေ၏။ ဤအချိန်မှာတော့ သူမ၏ သိုင်းပညာ အရည်အသွေးသည် ကျိန်းသေပေါက် လျော့ကျနေမှာ သေချာ၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သွားရောက်တိုက်ခိုက်ခြင်း ဆိုသည်မှာ မိမိကိုယ်ကိုယ် သေလမ်းရှာခြင်းနှင့် ဆင်တူသည် မဟုတ်ပါလား။ ပေါ့ပေါ့ပါးပါး ဒဏ်ရာရရှိထားခြင်း မဟုတ်ချေ။ ဦးခေါင်းခွံထဲတွင် ရှိနေသည့် သွေးခဲကို ထုတ်ခဲ့ခြင်း ဖြစ်၏။

ရှစ်ချင်းချင်းသည် ဒူးထောက်ကာဖြင့် တောင်းပန်လိုက်သည်။ “တပ်မှူး.. ဒီတိုက်ခိုက်မှုကို ခဏလောက် ရွေ့ဆိုင်းလို့ မရနိုင်ဘူးလား”

ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ သူမကို လှမ်းကြည့်လိုက်၏။ ရှစ်ချင်းချင်း၏ အသံသည် တကယ့်ကို သိသာ လွန်းလှ၏။ ယခင်ကနှင့် မတူလှချေ။ ဤနတ်ဆိုးမအပေါ်တွင် အလုံးစုံ ကြွေဆင်းလျက် ရှိနေသည့်ပုံပင်။ မဟုတ်သေးချေ။

“ကလေးဆန်လွန်းလိုက်တာ”

ချောင်ယောင်းအာက ပြောလိုက်၏။ “လူဆိုတာ ကတိသစ္စာကို တန်ဖိုးထားရမယ်”

ပြီးနောက် ကြီးမားသည့် ဓားကြီးနှစ်စင်းကို ပခုံးပေါ်သို့ ကောက်တင်ကာဖြင့် ထွက်လျှောက်သွားခဲ့၏။

ရှမ့်လန်သည် ကြက်သီးမွေးညှင်းများပင် ထသွား၏။ အဘယ်ကြောင့်ဆိုသော် ဤဓားကြီးများသည် သူ၏ အရပ်လောက်ရှိ၏။ အလွန်အမင်း လေးလံမည့်ပုံပေါ်၏။ သို့ပေမည့် ရှောင်ယောင်းအာသည် မည်သည့်အရာကိုမှ မကိုင်တွယ်သကဲ့သိုပင် ပေါ့ပေါ့ပါးပါးဖြင့် ကိုင်ဆွဲသွားခဲ့၏။ အံ့ချီးလောက်စရာပင်။ ပြိုင်ဘက်ကင်း စစ်နတ်ဘုရားမ ကဲ့သို့ပင်။ ပိုမို၍ အရေးကြီးမားသည်မှာ ဤပြိုင်ဘက်ကင်း တပ်မှူးသည် မိန်းကလေး တစ်ယောက်ဖြစ်နေခြင်းပင်။ ထို့အပြင် မိန်းကလေးပေါင်းမြောက်များစွာတို့၏ နှစ်ခြိုက်သဘောကျမှုကို ခံရသည့် သူပင် ဖြစ်၏။ ရှမ့်လန်သည် သူမကို မချီးကျူးဘဲ မနေနိုင်တော့ချေ။

ချောင်ယောင်းအားသည် တစ်စုံတစ်ခု လွှဲမှားနေသည်ကို ခံစားမိ၏။ အဘယ်ကြောင့် ဆိုသော် သူမ၏ ခြေထောက်နှင့် လက်များက အားနည်းလို့ နေ၏။ သူမ၏ နှလုံးသား အတွင်းပိုင်းထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်ခု ဖြစ်တည်လာခဲ့၏။ ဤခံစားချက်သည် သူမအတွက် သူစိမ်းဆန်လွန်းသည်။ တစ်ခါမှ မခံစားဖူးသည့် အရာမျိုးပင်။ နှလုံးသားထဲတွင် မီးတောက်တစ်ခုက တောက်လောင်နေသကဲ့သို့ပင်။

ယခင်က ထိုကဲ့သို့သော အရာများကို သူမ မနှစ်သက်ချေ။ ယောက်ျား၊ မိန်းမ မည်ကဲ့သို့ လူမျိုးနှင့်မဆို လိင် ဆက်ဆံခြင်းကို ပြုလုပ်ချင်သည် မဟုတ်ပေ။ ပိုမို၍ အရေးကြီးမားသည်မှာ သူမကိုယ်သူမ မိန်းမတစ်ယောက်ဟု မသတ်မှတ်ထားချေ။ ထို့ကြောင့် ဤခံစားချက်သည် သူမအတွက် တကယ့်ကို သူစိမ်းဆန်လွန်းလှ၏။ ဤအရာကို အလိုဆန္ဒ၊ သွေးသားတောင့်တမှု ... မည်သို့ ကင်ပွန်းတပ် ခေါ်ဆိုရမည်မှန်း မသိရှိချေ။ သွေးအထွက်လွန်သွားသောကြောင့် ဤကဲ့သို့ ခံစားနေရသည်လား။

‘ဟင်း.. ဘာပဲဖြစ်ဖြစ် ဒီည တိုက်ခိုက်ပွဲမှာ ငါရှုံးတော့မယ်နဲ့ တူတယ်။ ဒါမှမဟုတ်ရင် သေတောင် သေသွားနိုင်တယ်’ ချောင်ယောင်းအာသည် တွေးတောလိုက်မိ၏။ သူမသည် များများစားစား မတွေးတော့ချေ။ ဘဝတွင် ပျော်ရွှင်မှုဆိုတာ ဘာဖြစ်သနည်း။ သေဆုံးခြင်းအတွက် ကြောက်လန့်ရမည့် အရာက ဘာဖြစ်သနည်း။

ပြီးနောက် သူမသည် ပခုံးထက်ဆီသို့ တစ်ရာကီလိုဂရမ် အလေးချိန်ရှိသည့် ဓားကြီးနှစ်စင်းကို အသာထမ်းကာဖြင့် ထွက်လျှောက်သွားခဲ့၏။ ပင်လယ်ကမ်းစပ်ဆီသို့သွားပြီး ကျူးဟုန်ရွှဲ့နှင့် တိုက်ခိုက်ယှဉ်ပြိုင်ရန်ပင်။ မည်သူက ပိုမို အားကောင်းသည်ကို ဆုံးဖြတ်ရန်၊ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ရန်ပင်။

သို့ပေမည့် ယနေ့ညသည် ခြားနားနေ၏။ ပင်လယ်ကမ်းခြေဆီသို့ သူမ လှမ်းလျှောက်ပြီး နီးကပ်သွားလေ ခန္ဓာကိုယ် တစ်ခုလုံးက ပိုမိုကာ ပူလောင်လာလေပင်။ သူမ၏ နှလုံးသားတွင် ရှိနေသော သူစိမ်းဆန်သည့် ခံစားချက်များက ပိုမိုကာ အားကောင်းလာခဲ့၏။ နှလုံးသားထဲတွင် ရှိနေသည့် မီးတောက်ငယ်လေးသည် ကြမ်းကြမ်းတမ်းတမ်း နှင့် နှလုံးသားတစ်ခုလုံးကို လောင်ကျွမ်းလျက် ရှိနေ၏။

..............

အခန်းအတွင်းမှာတော့ ရှမ့်လန်သည် သက်ပြင်းချကာ ငြီးသွားသံတစ်ခုကို ပြုလုပ်လိုက်မိ၏။ ချောင်ယောင်းအာ နောက်ဆုံး၌ မရှိတော့ချေ။ ထို့ကြောင့် သူသည် မြေပေါ်တွင် ထိုင်ချလိုက်မိ၏။ ရုတ်တရက် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတချို့သည် သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားခဲ့လေ၏။ သူ၏ အဝတ်အစားအတွင်းမှ တချို့သောအရာတစ်ခုက ထိုးထောင်ကာထွက်လာသည်။

ရှစ်ချင်းချင်းသည် အသာလှမ်းကြည့်လိုက်၏။ သူမ၏ ခန္ဓာကိုယ်ကလည်း ပူလောင်လျက်ရှိ၏။

“အရှက်မဲ့ လိုက်တာ... ထိန်းထိန်းသိမ်းသိ်မး မရှိဘူး” ရှစ်ချင်းချင်းသည် ထကာ ကျိန်ဆဲလိုက်လေ၏။ သူမ ကျိန်ဆဲလျက် ရှိနေသည်ဆိုသော်လည်း အဘယ့်ကြောင့်မှန်း မသိချေ။ သူမ၏ ခန္ဓာကိုယ်က ထိုအရာကို လိုချင်နေပြန်သည်။

မီးတောက်များက ခန္ဓာကိုယ်ကို လောင်ကျွမ်းနေ၏။ သူမကို ဖိနှိပ်နာကျင်စေ၏။ သူမ၏ အသားအရေတစ်ခုလုံးက ပိုမိုကာနီမြန်းပြီး ပိုမိုကာပူလောင်လာခဲ့၏။ စိတ်ထဲတွင်တော့ ထူးဆန်းသည့် ခံစားချက်များသည် ထပ်တလဲလဲ ဖြစ်တည်လာခဲ့၏။ မာယာမျဉ်းပြိုင် စာအုပ်ထဲမှ တချို့သော ဇာတ်ဝင်ခန်းများကို ပြန်လည်ကာ မြင်ယောင်လာခဲ့မိ၏။

သူမနှင့်အတူ လိင်ဆက်ဆံလျက် ရှိနေသည့် မြင်ကွင်းထဲတွင် ပုံရိပ်ပေါ်နေသည်မှာ ရှမ့်လန်၏ မျက်နှာပင်ဖြစ်၏။ ရှစ်ချင်းချင်းသည် ခေါင်းကို ခပ်ကြမ်းကြမ်းခါယမ်းပြီး ထိုအတွေးအားလုံးကို ဖယ်ရှားလိုက်၏။ ‘ဘာမှားတာလဲ။ ငါဘာတွေများ မှားနေတာလဲ။ အခု ဘာတွေဖြစ်နေတာလဲ။ ငါ သရဲတစ္ဆေတစ်ကောင်များ ဝင်စီးတာ ခံနေရတာလား’

သို့ပေမည့် မျက်လုံးဖွင့်လိုက်သည့်အချိန်မှာတော့ မိန်းမအဝတ်အစားများကို ဝတ်ဆင်ထားသည့် ရှမ့်လန်ကို မြင်ရပြီး သူမ၏ နှလုံးသားထဲမှ မီးတောက်က ချက်ချင်း ပျောက်ကွယ်သွား၏။ သူမ၏ ရှေ့တွင်ရှိနေသည့် ရှမ့်လန်သည် တကယ်ကို စိတ်တိုစရာကောင်းလှ၏။ ယောက်ျားတစ်ယောက်အနေနှင့် အဘယ့်ကြောင့် ဤမျှကြည့်ကောင်းပြီး ချောမောလွန်းလှနေရသနည်း။ ထို့အပြင် ယောက်ျားချောလည်း မဟုတ်ပေ။ မိန်းကလေးတစ်ယောက်ကဲ့သို့ လှပနေ၏။

ရှစ်ချင်းချင်းသည် ဤနေရာတွင် ဆက်လက်ကာမနေနိုင်တော့ပေ။ ဤနေရာ၌ ဆက်နေသည်ဆိုပါက အန္တရာယ် ကြီးမားကြောင်းကို နားလည်မိသည်။

“အင်း ကျွန်မ ရေသွားချိုးတော့မယ်” ရှစ်ချင်းချင်းက ပြောလိုက်၏။

ပြီးနောက် အနောက်ဘက်အခန်းဆီသို့ အသာလမ်းလျှောက်သွား၏။ ဘာမှန်းမသိဘဲ သူမသည် မြေပေါ်သို့ လဲကျလုမတတ် ဖြစ်သွား၏။ “ကျွန်မ ရှင့်ကို သတိပေးလိုက်မယ်။ ရှင် ချောင်းကြည့်ရဲတယ်ဆိုရင် ရှင့်ရဲ့ မျက်လုံးကို ထိုးဖောက်ပစ်မယ်။ ကျွန်မရဲ့ သိုင်းပညာက လောကကြီးထဲမှာ နိမ့်ပါးနေတယ်ဆိုရင်တောင်မှ ရှင့်တစ်ယောက်ကို အနိုင်ယူရဖို့တော့ အေးအေးဆေးဆေးပဲ”

ရှစ်ချင်းချင်းသည် အနောက်ဘက်အခန်းဆီသို့ အသာပင်လမ်းလျှောက်သွား၏။ တံခါးကို ပိတ်လိုက်၏။ ပြီးနောက် ရေကိုစတင်ကာ ချိုး၏။ အေးစက်သည့် နေ့တစ်နေ့ဖြစ်၏။ အဘယ့်ကြောင့် သူမ ရေချိုးရသနည်း။

ရှမ့်လန်သည် တစ်စုံတစ်ခုလွဲမှားနေသလို ခံစားမိ၏။ အဘယ့်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် သူ့၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် မီးတောက်က ပိုမိုကာအားကောင်းလာလျက် ရှိနေ၏။ မည်သို့မှ ငြိမ်းသတ်နိုင်ခြင်း မရှိချေ။ ဤအရာက ပုံမှန်မဟုတ်ချေ။ ချောင်ယောင်းအာ ထွက်ခွာသွားခဲ့၏။ ရှစ်ချင်းချင်းသည်လည်း သူ့၏ မြင်ကွင်းအောက်မှာ ပျောက်ကွယ်သွားခဲ့၏။ သူ့၏ ခန္ဓာကိုယ်က ပိုမိုကာ ပူလောင်လျက်ရှိနေ၏။ စားပွဲပေါ်တွင် ရှိနေသည့် ရေနွေးကို အသာငဲ့လိုက်၏။ ပြီးနောက် အဆက်မပြတ်ဆိုသလို သောက်သုံးနေမိ၏။

..............

နုရှောင့်မြို့၏ အဓိကရဲတိုက်၏ အတွင်းမှာတော့ ...

ချောင်ထျန်းဝေသည် ဧည့်သည်တစ်ယောက်ကို လက်ခံ တွေ့ဆုံလျက်ရှိ၏။ ကျန်းဟိုင်မြို့စားကြီး ထန်လွမ်ပင်ဖြစ်သည်။

ချောင်ထျန်းဝေ၏ မျက်လုံးများတွင် လိုချင် လောဘမှုများနှင့် ပြည့်နှက်နေ၏။ သူက ပြောဆိုလိုက်၏။ “ဝမ်ကျားကျွန်း ထဲမှာ ရွှေတွင်းရှိတယ်ဆိုတာက သေချာလို့လား”

ထန်လွမ်သည် အမှတ်မထင်ပင် အဝေးဆီသို့ လှမ်းကြည့်လိုက်၏။ သူသည် ချောင်ထျန်းဝေကို အကြိမ်ပေါင်း များစွာ မြင်ခဲ့ဖူးသည်ဆိုလျှင်တောင်မှ ဤတစ်ကြိမ် ကြည့်ရှုရသည်မှာ စိတ်မသက်မသာသလို ခံစားနေ၏။ တစ်ဖက်လူ၏ နှာခေါင်းက အလွန်ရှည်လျားပြီး ကောက်ကွေးလွန်း၏။ အမျိုးသမီးများသည် ထိုအရာကို မည်သို့ ခုခံနိုင်မည်ဖြစ်ကြောင်းကို သူ မသိရှိချေ။ သူပင်လျှင် ကြက်သီးထမိသည်။

“၉၉ ရာခိုင်နှုန်းပဲ”

ထန်လွမ်က ပြောလိုက်၏။ “မဟုတ်ရင် ရွှမ်ဝူအိမ်တော်က အချိန်အတိုင်းတာတိုအတွင်းမှာ ရွှေဒင်္ဂါး ရှစ်သိန်းကို ဘယ်လိုလုပ်ထုတ်ယူနိုင်မှာလဲ။ ပြီးတော့ တော်ဝင်မျိုးနွယ်ဖြစ်တဲ့ ကျုပ်တို့ မိသားစုက ချမ်းသာတယ်။ ဒါပေမဲ့ အဲဒီပမာဏရဲ့ တစ်ဝက်လောက်ကို ကျုပ်တို့ မထုတ်နိုင်ဘူး”

ချောင်ထျန်းဝေက ပြောလိုက်သည်။ “တခြားဆီက ငှားထားတာ၊ ချေးထားတာရော မဖြစ်နိုင်ဘူးလား။ သူတို့ တစ်စုံတစ်ခု လုပ်ခဲ့တာပေါ့”

ထန်လွမ်က မဖြေခဲ့ချေ။ လောကကြီးထဲတွင် ရွှေဒင်္ဂါး ရှစ်သိန်းကို တစ်ခါတည်း ရရှိနိုင်သည့် စီးပွားရေးလုပ်ငန်း ဆိုသည်မှာ မည်သည့်အရာမျိုးဖြစ်မည်နည်း။ ကျင်းကျိုးသည် ရဲတိုက်ကြီးတစ်ခုလုံးကို ရောင်းချပြီး မြေဧကပေါင်း သောင်းနှင့်ချီကို ရောင်းချသည်ဆိုလျှင်တောင်မှ ထိုမျှ များပြားသည့်ပိုက်ဆံကို ရလိမ့်မည် မဟုတ်ချေ။ ချေးငှားရန်အတွက် ဆိုသည်မှာ အဓိပ္ပာယ် မရှိချေ။ ကျင်းကျိုးသည် ရွှေဒင်္ဂါး ရှစ်သိန်းကို ချေးနိုင်သည်ဆိုပါက ဤမျှ ဆိုးရွားနေလိမ့်မည် မဟုတ်ချေ။

ပင်လယ်ဓားမြဘုရင် ချောင်ထျန်းဝေက ပြောလိုက်၏။ “မဟုတ်သေးဘူး။ ဒီရွှေတွင်းက အချိန်အတိအကျကြီး ပေါ်လာတဲ့ ပုံစံပဲ”

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်သည်။ “ရွှေတွင်းက အစောကြီးတည်းက ရှိနေတာ ဖြစ်လိမ့်မယ်။ အချိန်အတော်ကြာတည်းက တွေ့နေတာပေါ့။ ဒါပေမဲ့ ဒီလောက် ကြီးမားမယ်လို့ သူတို့မထင်တာဖြစ်မယ်။ ဒါမှမဟုတ် ရှမ့်လန်က ကျုပ်တို့ရဲ့ ပါးတွေကို ရိုက်ချင်လို့ တမင်တကာ သတင်းဖုံးထားတာလည်း ဖြစ်လိမ့်မယ်”

“အဲလောက်လုပ်ဖို့ လိုလို့လား”

ချောင်ထျန်းဝေက ပြောလိုက်၏။ “ရှမ့်လန်က တကယ့်ကို အကြံအစည်တွေနဲ့ ကောက်ကျစ်တဲ့ လူတစ်ယောက်ဖြစ်တယ် ဆိုပေမယ့် ကျင်းကျိုးကတော့ အဲလိုလူမျိုး မဟုတ်ဘူးလေ။ ကျင်းကျိုးက ခေါင်းမာလွန်းတဲ့ လိပ်အိုကြီးတစ်ယောက်ပဲ။ ဘေးဒုက္ခတွေကို ရှောင်လွှဲဖို့ သူ ဒီလိုကိစ္စမျိုးကို အချိန်ကုန်ခံပြီး လုပ်နေမှာ မဟုတ်ဘူး”

ချောင်ရှောင်းက ပြောလိုက်သည်။ “အဖေ.. တခြား ဖြစ်နိုင်ဖွယ်ရာ တစ်ခုရှိသေးတယ်။ ကျင်းမိသားစုက ဝမ်ကျားကျွန်းမှာ ရှိနေတဲ့ ရွှေတွင်းကိစ္စကို ဖုံးကွယ်ထားချင်တာ။ ဒါပေမဲ့ အချိန်က အရမ်းကပ်နေတာမို့ တခြားသော နေရာဆီက ပိုက်ဆံလည်း မချေးနိုင်ဘူး။ ဒါကြောင့် ရွှေတွင်းဆီက ယူလိုက်တာပဲ ဖြစ်ရမယ်”

ထန်လွမ်က ပြောလိုက်၏။ “အဓိပ္ပာယ်ရှိတယ်။ ကျင်းမိသားစု နောက်ဆုံးပေးခဲ့တဲ့ ရွှေတွေကို ကြည့်လိုက်မယ် ဆိုရင် ရွှေတွေက ဘာအမှတ်အသား တံဆိပ်မှ မပါဘူး။ မကြာသေးခင်က သွန်းလုပ်ထားတဲ့ အရာမျိုးလိုပဲလေ။ အချိန်အရမ်းကပ်နေတာကြောင့် ကသောကမျောနဲ့ လုပ်လိုက်ရတဲ့ ပုံစံမျိုးပဲ”

ချောင်ရှောင်းက ပြောလိုက်သည်။ “အင်း.. ကျင်းမိသားစု ပိုက်ဆံပြန်ပေးတဲ့နေ့တုန်းက ရွှေဒင်္ဂါး တော်တော်များများကို ကျုပ် မြင်ခဲ့တယ်။ ရွှမ်ဝူအိမ်တော်ဆီကို တခြားပြင်ပကနေ ရောက်လာတာဆိုရင် အစားအစာ လာပို့တဲ့ ရထားလုံးတွေပဲ ရှိတာ။ ဒီအထဲမှာ ရွှေတွေကို ဖွက်ထားခဲ့တာပဲ ဖြစ်ရမယ်။ ဒီရထားလုံးတွေ ကလည်း ကျင်းမိသားစုရဲ့ ဆိပ်ကမ်းကနေ လာခဲ့တာလေ”

ဖြစ်နိုင်၏။ ဤအရာမှာ တကယ့်ကို အဓိပ္ပာယ် ရှိ၏။

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်သည်။ “ဘာပဲပြောပြော နုရှောင့်နယ်စားကြီး.... ကျုပ်တို့ ဒီကိစ္စကို အရင်ဆုံးလုပ်မှဖြစ်လိမ့်မယ်။ ဝမ်ကျားကျွန်းကို လုယူပြီးတော့ ကျွန်းမှာ ရှိတဲ့လူတိုင်းကို သတ်ပစ်ရမယ်။ ပြီးတော့ ကျုပ်တို့လုပ်ချင်တာကို လုပ်လို့ရနိုင်တယ်လေ”

ချောင်ထျန်းဝေက ပြောလိုက်၏။ “ဘုရင်မင်းမြတ် စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ။ ကျုပ်တို့အတွက် တကယ်ကို အန္တရာယ်များတယ်နော်”

ကျန်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်သည်။ “နုရှောင့်နယ်စားကြီး... စိတ်မပူနဲ့။ ကျုပ်သူတို့နဲ့ ပြောခဲ့ပြီးပြီ။ ဒီကိစ္စအားလုံးကို ဘာမှမဖြစ်သလို နေပေးလို့ရတယ်”

ချောင်ထျန်းဝေက ပြောလိုက်၏။ “ခင်ဗျား.. ဘယ်သူတွေကို ပြောနေတာလဲ”

ထန်လွမ်က ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသား.. ပြီးတော့ သူ့ကို ဝမ်ကျားကျွန်းက ရွှေတွေ နှစ်စဉ်နှစ်တိုင်း ပေးလိုက်ရုံပဲ”

ချောင်ထျန်းဝေက ပြောလိုက်၏။ “ဘယ်လောက်ပေးရမှာလဲ”

“အင်း.. ၂၅ ရာခိုင်နှုန်းပေါ့။ ဘုရင်မင်းမြတ်အနေနဲ့ ဝမ်ကျားကျွန်းဆီကို စစ်သည်တွေ မပို့ဖို့ အလဲအလှယ် အနေနဲ့”

ချောင်ထျန်းဝေ၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။ “ဝမ်ကျားကျွန်းပေါ်မှာ အခု စစ်သည်တွေ ဘယ်လောက် ရှိသလဲ”

ထန်လွမ်က ပြောလိုက်၏။ “သုံးထောင်လောက် ရှိတယ်။ ဒီထက်လည်း ပိုနိုင်သေးတယ်။ ကျင်းကျိုးက တကယ့်ကို ရူးသွားပြီလေ။ ရွှေဒင်္ဂါးတွေအများကြီး ရရှိပြီးတဲ့နောက်မှာ သူက စစ်တပ်ကြီးတစ်ခုကို ထပ်ပြီး ချဲ့ထွင်နေတယ်။ သာမန်မြို့စားအိမ်တော် အနေနဲ့ သီးသန့်စစ်တပ်ကို ငါးထောင်ထက် ပိုပြီးတော့ ချဲ့ထွင်လို့မှ မရတာ။ ဒီထက်ပိုပြီး ချဲ့ထွင်သွားမယ်ဆိုရင် ပြဿနာ တက်လိမ့်မယ်။ ပြီးတော့ စစ်သည်တွေကို တိုးချဲ့တယ် ဆိုတာကလည်း လက်နက်တွေနဲ့ ချပ်ဝတ်တွေကို ပံ့ပိုးပေးဖို့ လိုသေးတယ် မဟုတ်လား”

“ကျင်းကျိုးက ရူးနေပြီပဲ။ သူ ဘုရင်မင်းမြတ်ကို ဒေါသထွက်အောင် လုပ်မိမှာ မစိုးရွံ့ဘူးလား”

ချောင်ထျန်းဝေသည် မယုံကြည်နိုင်သလို ဖြစ်မိနေသည်။ “ရွှေတွေကြောင့် ဘာကိုမှ ဂရုမစိုက်နိုင်တော့တာလား”

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “ဒါက ဝမ်ကျားကျွန်းပေါ်မှာ ရွှေတွင်း ရှိနေတယ်ဆိုတာ သက်သေပြလိုက်တာပဲ။ မဟုတ်ရင် ဘုရင်မင်းမြတ်ရဲ့အငြိုအငြင်ကို ခံပြီးတော့ စစ်သည်အရေအတွက်များများကို စုဆောင်းမှာ မဟုတ်ဘူး”

“နုရှောင့်နယ်စားကြီး ကျုပ်တို့ မြန်မြန်လုပ်မှ ဖြစ်လိမ့်မယ်။ ရွှေတွေရဲ့ စွမ်းအင်အောက်မှ ကျင်းမိသားစုက တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ အားကောင်းလာခဲ့တာ။ ကျုပ်တို့သာ ထပ်ပြီးတော့ နှောင့်နှေးမယ်ဆိုရင် ဝမ်ကျားကျွန်းကိုသိမ်းဖို့အတွက် ပိုပြီး ခက်ခဲလာလိမ့်မယ်။ ကျင်းကျိုးက လူပေါင်းတစ်သောင်းကျော်ကို အသုံးပြုပြီး ဝမ်ကျားကျွန်းပေါ်မှာ မြို့တစ်မြို့ကို တည်ဆောက်နေတာ။ ရဲတိုက်ကြီးကိုသာ တည်ဆောက်ပြီးသွားရင် ကျုပ်တို့ ဝမ်ကျားကျွန်းကို အနိုင်ယူ သိမ်းပိုက်ဖို့ဆိုတာ အရမ်း ခက်ခဲသွားမယ်”

ချောင်ရှောင်းက ပြောလိုက်၏။ “ကျင်းဟိုင်မြို့စားကြီး.. ဝမ်ကျားကျွန်းကို အနိုင်ယူ တိုက်ခိုက်ဖို့အတွက် စစ်သည် ဘယ်လောက်လောက် စေလွှတ်ဖို့ လိုအပ်မယ်လို့ ထင်လဲ”

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်လေ၏။ “ကျင်းကျိုးမြို့စားက တစ်နေ့ထက်တစ်နေ့ သူ့ရဲ့ စစ်တပ်တွေကို ချဲ့ထွင်နေတာ။ တစ်လလောက်ကြာပြီးသွားရင် ဝမ်ကျားကျွန်းပေါ်မှာ စစ်သည် လေးထောင်လောက် ဖြစ်သွားလိမ့်မယ်။ အရင်က ရှိတဲ့စစ်သည်ပေါင်း နှစ်ထောင်၊ သုံးထောင်နဲ့ ပေါင်းလိုက်မယ် ဆိုရင် လူအင်အား အရမ်းကြီး များသွားလိမ့်မယ်။ ကျုပ်တို့ သူတို့ထက်ပိုတဲ့ လူအင်အား သုံးဆလောက် များတဲ့ စစ်သည်တွေနဲ့ ဝင်ရောက် တိုက်ခိုက်မှ ဖြစ်မယ်”

ချောင်ရှောင်းက ပြောလိုက်၏။ “အင်း.. ရွှမ်ဝူအိမ်တော်က အစားအစာ ရထားလုံးပေါင်း များစွာကို ဘာလို့ ရုတ်တရက်ကြီး ဝယ်ယူခဲ့တာလဲ ဆိုတာကို ကျုပ် နောက်ဆုံး နားလည်သွားခဲ့ပြီ”

ထန်လွမ်က ပြောလိုက်၏။ “အမှန်ပဲ။ ဒီအစားအစာတွေ အကုန်လုံးက ဝမ်ကျားကျွန်းကို တင်ပို့တာပဲလေ။ ဒါ သန်းနဲ့ချီတဲ့ အလေးချိန်ရှိတဲ့ အစားအစာ ပမာဏတွေပဲ။ ရွှမ်ဝူရဲ့ ရည်ရွှယ်ချက်က တကယ့်ကို ရှင်းလင်းသွားခဲ့ပြီ။ သူက မြေပိုင်နက်ကို ဆုံးရှုံးရင် ဆုံးရှုံးပလေ့စေ။ ဝမ်ကျားကျွန်းကိုတော့ ဆုံးရှုံး မခံနိုင်တော့ဘူး”

All Chapters