အခန်း (၂၀၅)
Vol. 15 Ch. 205
ချောင်ထျန်းဝေက ပြောလိုက်၏။ “ပြောရမယ်ဆိုရင် ကျုပ်တို့က ဝမ်ကျားကျွန်းကို အနိုင်ယူနိုင်ဖို့ဆိုရင် စစ်သည်ပေါင်း နှစ်သောင်းလောက်ကို အသုံးပြုရမှာ မဟုတ်လား”
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်သည်။ “အင်း.. ကျုပ်တို့ မိသားစုက စစ်သည်ပေါင်း သုံးထောင် ကျော်ကို ထောက်ပံ့မယ်။ အနာဂတ်မှာ ဝမ်ကျားကျွန်းကို အနိုင်ယူသိမ်းပိုက်ပြီးရင် ကျုပ်တို့ အများကြီး မယူပါဘူး။ ဆယ့်ငါးရာခိုင်နှုန်းဆိုရင် အဆင်ပြေပြီ”
ချောင်ထျန်းဝေက နှာခေါင်းရှုံ့လိုက်၏။ “အင်း... ဆယ့်ငါးရာခိုင်နှုန်းဆိုတာလည်း များသေးတာလဲ”
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်သည်။ “နုရှောင့်နယ်စားကြီး.. ခင်ဗျား သေသေချာချာ စဉ်းစားအုံးနော်။ တစ်ချက်ကလေး နှောင့်နှေးလိုက်ပြီဆိုတာနဲ့ အပြောင်းအလဲတွေ အများကြီး ဖြစ်လာလိမ့်မယ်။ ဝမ်ကျားကျွန်းရဲ့ အကာအကွယ်က တစ်နေ့ထက်တစ်နေ့ ပိုပြီးအားကောင်းလာတယ်ဆိုတာကို မပြောနဲ့အုံး။ ကျုပ်တို့ရဲ့ အစားအစာတွေကို လုယူချင်တဲ့ လူတွေက တဖြည်းဖြည်းပိုပြီး များလာတာက အရေးကြီးတာပဲ။ အခု အိမ်ရှေ့စံမင်းသား၊ ကျုပ် နဲ့ ခင်ဗျား သုံးယောက်ပဲ သူတို့ကို တိုက်ခိုက်နေတာ။ အနာဂတ်မှာ ဒီထက်ပိုတဲ့လူတွေ ရောက်လာမယ်ဆိုရင် ဝေစုကို ပိုပြီးပေးရလိမ့်မယ်”
ချောင်ထျန်းဝေ၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ စစ်သည်ပေါင်း ၂၀၀၀၀ ကို ပေးလွှတ်ရမည်လား။ ဤအရာက များလွန်း၏။ သူ့၏ အမိန့်ပေးမှုအောက်တွင် ရှိနေသည့် စစ်သည်အားလုံးနီးပါးကို အသုံးပြုကာဖြင့် တိုက်ခိုက်ရမည်ဖြစ်၏။ စွန့်စားမှုက ကြီးမားလွန်းလှ၏။ ဝမ်ကျားကျွန်းတွင် ရွှေတွင်းသာ မရှိပါက မည်သို့လုပ်မည်နည်း။ အရာအားလုံးသည် ရှမ့်လန်၏ စီစဉ်ထားမှုသာ ဖြစ်သည်ဆိုပါက မည်သို့လုပ်မည်နည်း။
“မဟုတ်သေးဘူး”
ချောင်ထျန်းဝေက ပြောလိုက်၏။ “ဝမ်ကျားကျွန်းပေါ်မှာ ရွှေတွင်းရှိလား၊ မရှိလားကို ကျုပ်တို့ အတည်ပြုရမယ်။ မဟုတ်ရင် ကျုပ်တို့ ပေးဆပ်ရတဲ့တန်ဖိုးက အရမ်းကြီးသွားလိမ့်မယ်”
ကျန်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “ဒါပေမဲ့ အခု ဝမ်ကျားကျွန်း တစ်ခုလုံးက ကြီးကြီးမားမားနဲ့ စောင့်ကြပ်ထားတာလေ။ အဲဒီနားကို ဘယ်သူမှမကပ်ရဲဘူး။ ကပ်သွားတာနဲ့ သတ်ဖြတ်ခံရတယ်။ ကျုပ်တို့ မိသားစုက သူလျှို တစ်ဒါဇင်ကျော်ကို စေလွှတ်ပြီးသွားပြီ။ အားလုံး သတ်ဖြတ်ခံရတယ်”
ချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် သွားမယ်။ အခြေအနေကို ကြည့်ရှုဖို့အတွက် ဝမ်ကျားကျွန်းကို သွားမယ်။ ကျုပ်ရဲ့အနောက်မှာ ကျုပ်ရဲ့ အဖေရှိနေတယ်။ ပြီးတော့ နုရှောင့်မြို့ရှိတယ်။ ပင်လယ်ဓားပြပေါင်း သောင်းနဲ့ချီပြီး ရှိတယ်။ ရွှမ်ဝူက ကျုပ်ကို ကျိန်းသေပေါက် သတ်ရဲမှာမဟုတ်ဘူး။ သူ့မှာ သတ္တိ ၁၀၀ ဆလောက် ရှိတယ်ဆိုရင်တောင် ကျုပ်ရဲ့ ဆံချည်တစ်မျှင်ကို သူ ထိရဲမှာ မဟုတ်ဘူး”
ချောင်ထျန်းဝေသည် မည်သည့်စကားကိုမှ မဆိုချေ။
ချောင်ရှောင်းက ပြောလိုက်၏။ “ရှမ့်လန်က တကယ့်ကို အငြိုးအတေး ကြီးမားတဲ့ လူတစ်ယောက်။ သူ့ကို ရန်ပြုခဲ့တဲ့ လူတွေအကုန်လုံးက သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ ကျုပ်ကလွဲရင်ပေါ့။ ကျုပ် သူ့မိန်းမ ကျင်းမူလန်ကို အရှက်ခွဲခဲ့တယ်။ သူ မတုံ့ပြန်ရဲဘူး။
ကျုပ် လူတွေကို စေလွှတ်ပြီးတော့ သူတို့ပိုင်နက်ထဲမှာ ရှိနေတဲ့ ရေတွင်းတွေကို အဆိပ်ခတ်ခဲ့တယ်။ တစ်ယောက်မှ မတုံ့ပြန်ရဲဘူး။ ရှမ့်လန်ဆိုတာ ကျုပ်အတွက် သေးငယ်တဲ့ ပုရွက်ဆိတ်လေးတစ်ကောင်လိုပဲ။ ကျူးလန်ထင်နဲ့ ကျုပ် ဆည်ကိုဖောက်ဖို့ ကြိုးစားခဲ့တယ်။ ကျင်းမိသားစုရဲ့ အခြေအနေတစ်ခုလုံးကို ဖျက်ဆီးဖို့ပေါ့။ ကျူးလန်ထင် သေသွားခဲ့တယ်ဆိုပေမဲ့ ကျုပ်ကတော့ လုံလုံခြုံခြုံနဲ့ ရှိနေသေးတယ်။ ရှမ့်လန် ကျုပ်ကို ကလဲ့စား မချေရဲဘူး။ ဒါဘာကို သက်သေပြနေတာလဲ”
ကျန်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်သည်။ “ဒီရှမ့်လန် ခွေးသူတောင်းစားလေးက အားနည်းတဲ့သူအပေါ် အနိုင်ကျင့်ပြီးတော့ အားကောင်းတဲ့လူကိုတော့ ကြောက်ရွံ့တယ်ဆိုတဲ့ သဘောပေါ့။ အလုံးစုံ သန်မာ အားကောင်းတဲ့ လူတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ သူ့ရဲ့ ဆန္ဒ၊ ဒေါသတရား .. အရာအားလုံးကို လျှော့ချထားဖို့ပဲ တတ်နိုင်တယ်။ သခင်လေးချောင်ရှောင်းရဲ့ ခေါင်းပေါ်မှာ ရှိတဲ့ ဆံချည်တစ်မျှင်ကိုတောင် သူ မထိခိုက်ရဲဘူး”
ချောင်ထျန်းဝေသည် ခဏအကြာ မျက်လုံးကို မှိတ်ထားခဲ့မိ၏။ သူ့၏သား ချောင်ရှောင်းစကားများသည် အကျိုးအကြောင်း သင့်လျော်၏။ ရွှမ်ဝူအိမ်တော်ပေါ်တွင် လူသားမဆန်သည့်အရာများကို သူ၏သားက ပြုလုပ်ခဲ့သည် ဆိုလျှင်တောင်မှ ရှမ့်လန်က တစ်ချက်ကလေးမှ လက်တုံ့ မပြန်ရဲချေ။ ဤအရာက သက်သေပြနေ၏။
ပင်လယ်ဓားပြဘုရင်သည် မျက်လုံးကိုဖွင့်ကာဖြင့် ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆိုလို့ရှိရင် မင်း မနက်ဖြန် သွားတော့”
ချောင်ရှောင်းက ပြောလိုက်၏။ “ကောင်းပါပြီ အဖေ။ ချောင်မိသားစုရဲ့ ဂုဏ်သိက္ခာ လုံးဝမကျစေရပါဘူး။ ကျင်းမိသားစုက ကျုပ်ကို တားဆီးရဲတယ်ဆိုရင် အကုန်လုံးကို အညှာအတာကင်းမဲ့စွာဖြင့် သတ်ပစ်မယ်။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက ကျုပ်တို့အားနည်းတဲ့အချိန်မှာ ကျင်းယု မြို့စားကြီးက စစ်သည်ပေါင်းများစွာကို ခေါ်လာပြီး ကျုပ်တို့ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒီလို အခြေအနေမျိုးမှာတောင်မှ သူတို့အားလုံး သေဆုံးသွားခဲ့ကြတယ်။ အခု ကျုပ်တို့က သူတို့ထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းနေပြီ”
ပင်လယ်ဓားပြ ချောင်ထျန်းဝေသည် ပြုံးလိုက်၏။ မည်သည့်စကားကိုမှ မဆိုချေ။ လွန်ခဲ့သည့်နှစ် နှစ်ဆယ်က ကြီးမားသည့် အောင်ပွဲကြီးသည် ဤနုရှောင့်မြို့၏ အခြေခံတစ်ခု ဖြစ်လာခဲ့၏။ ချောင်ထျန်းဝေ၏ ကြီးမားသည့် အောင်ပွဲကြီးတွင် လူနှစ်ယောက်ကို ကျေးဇူးတင်ရမှာဖြစ်၏။
ယင်ယွမ်အဖွဲ့အစည်းဆီမှ ရှုပိုတောက်။ ပြီးနောက် လက်ရှိ ဝူအန်းမြို့စားကြီးပင် ဖြစ်၏။ ထိုအချိန်တုန်းက ကျင်းယုမြို့စားကြီးသည် အရေးကြီးသည့် မဟာမိတ်နှစ်ခုကို အသုံးပြုခဲ့၏။ ထိုနှစ်ဖွဲ့သည် ယင်ယွမ်အဖွဲ့အစည်း နှင့် ရွှယ်မိသားစုပင် ဖြစ်၏။ သို့ပေမည့် ဤအဖွဲ့တို့သည် ကျင်းယုကို သစ္စာဖောက်ပြီး သူ့ကို ကောင်းချီးများ ပေးအပ်ခဲ့၏။ သို့ဖြင့် ကျင်းယုမြို့စားကြီးသည် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့သည်။
ချောင်ရှောင်းက ပြောလိုက်၏။ “အဖေ.. တခြားအရာတွေ မရှိဘူးဆိုရင် ကျုပ်အရင်သွားတော့မယ်။ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ရအုံးမယ်။ ပြီးတော့ မနက်ဖြန် စောစောစီးစီး ဝမ်ကျားကျွန်းကို သွားလိုက်မယ်”
ချောင်ထျန်းဝေက မျက်မှောင်ကြုတ်လိုက်၏။ သားအကြောင်းကို မသိသည့်အဖေဆိုသည်မှာ မရှိချေ။ သူ့သား ကျိန်းသေပေါက် အမျိုးသမီးများကို ထိခိုက်နာကျင်အောင် ပြုလုပ်တော့မည်ဖြစ်ကြောင်း သိရှိ၏။ ချက်ချင်းပင် လက်ကို ယမ်းခါလိုက်သည်။
ချောင်ရှောင်းက ပျော်ရွှင်သွားခဲ့၏။ မြန်မြန်ဆန်ဆန် ထွက်ခွာသွားခဲ့၏။ သူသည် ချောင်ယောင်းအာ၏ ရဲတိုက်ဆီသို့ ဦးတည်ကာ သွားနေခြင်းပင်။
“ချောင်ယောင်းအာ.. အစ်မကြီး ကျုပ်လာနေပြီ။ အလှလေး သုံးယောက် ကျုပ်လာပြီနော်။ ကြည့်လိုက်တော့။ သေချင်စိတ်ပေါက်တဲ့အထိ ခင်ဗျားတို့ရဲ့ဆန္ဒတွေကို ဖြေဖျောက်ပေးမယ်”
…..
ချောင်ရှောင်း ပြင်ဆင်ပေးခဲ့သည့်ဆေးသည် တကယ်ကိုအားကောင်းလွန်း၏။ ပထမဦးဆုံး တိတ်တဆိတ်နှင့် မည်သူမှ အာရုံခံ သတိမပြုမိဘဲ ခန္ဓာကိုယ်ထဲသို့ရောက်ရှိပြီး သွေးနှင့် ထိတွေ့သွားသည့်အချိန်မှာတော့ အလိုဆန္ဒများသည် တဖြည်းဖြည်း ပိုမိုကာ အားကောင်းလာခဲ့၏။ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ကာမမီးတောက် ကို ပိုမိုကာ မီးညှိပေးသည်။
ပထမဦးဆုံး ချောင်ယောင်းအာသည် ဘာတွေဖြစ်နေသည်ဆိုသည်ကို သေချာနားမလည်ချေ။ ခန္ဓာကိုယ်က ပူလောင်လာသလို ခံစားပြီး နှလုံးခုန်နှုန်းများက ပိုမိုကာ မြန်ဆန်လာခဲ့၏။ ပိုမို၍ အရေးကြီးသည်မှာ ပင်လယ်၏ လှိုင်းပုတ်သံများကို နားထောင်ရင်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တစ်မျိုးတစ်မည် ခံစားလာခဲ့ခြင်းပင်။ စိတ်ထဲတွင် ထူးဆန်းသည့်မြင်ကွင်းများ အထပ်ထပ် ပေါ်ပေါက်လာခဲ့၏။
ဤအချိန်မှာတော့ သူမသည် ယောက်ျား၊ မိန်းမနှင့် ပတ်သက်၍ မည်သည့်အရာမျိုးကို လျစ်လျှူရှုနိုင်သည်မဆို ဘာတွေဖြစ်နေသည်ဆိုသည်ကို ကောင်းကောင်းသိရှိပြီး ဖြစ်၏။ တစ်စုံတစ်ယောက်သည် သူမကို ဆေးခတ် ခဲ့လေပြီ။ သူမ၏စိတ်များသည် မြန်မြန်ဆန်ဆန်ပင် ချာချာလည်ကာ စဉ်းစားလိုက်၏။ အမျိုးသမီး သမားတော် ဖြစ်နေလေသလား။
မဖြစ်သေးချေ။ ကျိန်းသေပေါက် သူမ ဟုတ်လိမ့်မည်မဟုတ်ချေ။
မှန်ပေ၏။ ဤအရာသည် အမွှေးတိုင်သာလျှင် ဖြစ်ပေလိမ့်မည်။ ချောင်ယောင်းအာ၏ သိုင်းပညာသည် တကယ်ကိုမြင့်မား၏။ နတ်ဘုရား အသိစိတ်ကလည်း တကယ့်ကို မြန်ဆန်စွာ တုံ့ပြန်တတ်၏။ အမွှေးတိုင် ထဲတွင် ရှိနေသည့် အနံ့သည် ယခင်ကနှင့် ထပ်တူညီ၏။ သို့ပေမည့် အနည်းငယ်တော့ ကွာခြားလျက် ရှိနေသေးသည်။
လက်ရှိအခြေအနေမှာတော့ သူမ သတိပြုမိသွား၏။ သို့ပေမည့် အပြင်ဘက်သို့ ထွက်လာခဲ့ပြီ ဖြစ်သောကြောင့် ထိုအရာကို ထားလိုက်ရပေလိမ့်မည်။ ဆေးကုသချိန်တုန်းက အနည်းငယ် သတိထားမိသည် ဆိုလျှင်တောင်မှ သွေးထွက်လွန်သောကြောင့် ဤကဲ့သို့ ဖြစ်နေသည်ဟု သူမက ထင်မှတ်ခဲ့၏။ ကြည့်ရသည်မှာ ဤအမွှေးတိုင်ကြောင့်ပင် ဖြစ်၏။ တစ်စုံတစ်ယောက်သည် အမွှေးတိုင်ထဲတွင် ဆေးခတ်ထားခဲ့ခြင်းသာ ဖြစ်၏။
ချောင်ယောင်းအာက ချက်ချင်းပင် ဒေါသထွက်သွား၏။ တစ်စုံတစ်ယောက်သည် သူမကို သတ်ဖြတ်ပစ်ချင်သည် ဆိုပါက သူမ ဒေါသထွက်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် တစ်စုံတစ်ယောက်သည် သူမ၏ အပြစ် ကင်းစင်သည့် ခန္ဓာကိုယ်ကို ဖျက်ဆီးချင်သည်ဆိုမှာတော့ ကျိန်းသေပေါက် ဤအရာက လေးနက်လာခဲ့ပြီး ဖြစ်သည်။
ဤအချိန်တွင် ချက်ချင်း သူမ ပြန်ကာ သတ်ဖြတ်ရမှာဖြစ်၏။ သို့ပေမည့် ထိုသို့လုပ်မည်ဆိုလျှင် ကတိစကားကို ချိုးဖျက်ရာ ကျပေလိမ့်မည်။ ကျူးဟုန်ရွှဲ့နှင့် တိုက်ခိုက်ရမည့်အချိန်ကလည်း နီးကပ်လာခဲ့၏။ သူမနှင့် ကျူးဟုန်ရွှဲ့တို့ကြား ကတိစကား မဟုတ်ချေ။ ဤအရာသည် သူတို့၏ဆရာများကြားတွင် ရှိနေသည့် ကတိစကား ဖြစ်သောကြောင့်ပင်။
ဤနေရာသို့ မသွားပါက ချောင်ယောင်းအာသည် သေဆုံးသွားမည်ကို ကြောက်ရွံ့သည့်လူ ဖြစ်လိမ့်မည်ဟု တစ်ဖက်လူများက တွေးထင်သွားနိုင်၏။ ထို့အပြင် သူမသည် ကတိကို ချိုးဖျက်ရမည်ထက် သေဆုံးသွားသည် ကိုသာ ပိုမိုကာ နှစ်သက်၏။
“အစောင့်တွေ”
ချောင်ယောင်းအာက အော်လိုက်၏။ ချက်ချင်းပဲ အမျိုးသမီး စစ်သည်လေးယောက်တို့သည် သူမ၏ဘေးတွင် ပေါ်ပေါက်လာခဲ့သည်။
“စစ်သည် တစ်ဒါဇင်ကျော်ကို ခေါ်ပြီးတော့ ရှစ်ချင်းချင်းနဲ့ သမားတော်ကို သွားပြီး ကာကွယ်ပေးထားကြ။ တံခါးရဲ့အပြင်ဘက်မှာ စောင့်နေ။ အထဲကိုဝင်ရဲတဲ့ ဘယ်သူမဆို အကုန်လုံးကိုသတ်ပစ်” ချောင်ယောင်းအာက အမိန့်ပေးလိုက်၏။
“ကောင်းပါပြီ” အမျိုးသမီးစစ်သည်တော် လေးယောက်တို့သည် ရဲတိုက်ဆီသို့ အလျင်အမြန်ပင် ပြန်သည်။
ချောင်ယောင်းအာမှာတော့ တိုက်ခိုက်ရန်အတွက် ပင်လယ်ကမ်းခြေဆီသို့ အသာပင် လှမ်းလျှောက်သွားခဲ့၏။ ဤအချိန်မှာတော့ သူမ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် မီးတောက်က ပိုမိုကာ တောက်ပလာခဲ့၏။ သူမ၏ ခြေထောက်များသည် လမ်းလျှောက်ရင်းနှင့်ပင် ပျော့ခွေလျက် ရှိနေ၏။
သူမသည် မီးတောက်များ၏ တောက်လောင်မှုကြားထဲတွင် ဆန္ဒကို မဖိနှိပ်နိုင်သကဲ့သို့ပင်။ ပိုမို၍ အရေးကြီးမားသည်မှာ စိတ်ခံစားချက်တစ်ခုလုံးက ပိုမိုကာ ဆိုးရွားလာခဲ့ပြီး စိတ်များကလည်း ဝေဝါးလာခဲ့၏။ ဤကဲ့သို့သော ပုံစံမျိုးနှင့် သူမက အဘယ်သို့ နှစ်ယောက်ချင်း သွားရောက်ကာ တိုက်ခိုက်မည်နည်း။ သူမသည် အစစ်အမှန်ချီများကို လှည့်ပတ်ကာဖြင့် ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အလိုဆန္ဒများ အားလုံးကို ဖိနှိပ်လိုက်သည်။
မလုံလောက်သေးချေ။ ဓားကိုထုတ်ယူကာဖြင့် လက်ကောက်ဝတ်ကို အသာထိုးခြစ်လိုက်၏။ ချက်ချင်းပဲ သွေးများ ရဲခနဲ ထွက်လာခဲ့၏။
‘ချီးတဲ့မှ.. မည်ကဲ့သို့ မည်ကဲ့သို့ သွေးထွက်အောင် ပြုလုပ်ရမည်ဖြစ်ကြောင်း မြန်မြန်ဆန်ဆန် သင်ယူလေ့လာနိုင်ခဲ့လေသလား။’
ဤလှုပ်ရှားမှုက တကယ့်ကို အကျိုးသက်ရောက်မှုရှိ၏။ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ကာမ၏ မီးတောက် များသည် ချက်ချင်း ဖိနှိပ်ခြင်းကို ခံလိုက်ရ၏။ ပင်လယ်ကမ်းခြေဆီသို့ သူမ အလျင်အမြန်ပင် ပြေး၏။ ဖြစ်နိုင်သည် ဆိုပါက တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန် စီစဉ်ထားခဲ့၏။
ဆယ့်ငါးမိနစ်ကြာပြီးနောက် ချောင်ယောင်းအာသည် လေ့ကျိုးကျွန်းစု၏ အရှေ့ဘက်ခြမ်းတွင် ရှိနေသည့် ကမ်းခြေတစ်ခုဆီသို့ ရောက်ရှိသွားသည်။
ဤနေရာရှိ သဲများသည် ဖြူဖွေးပြီး သန့်စင်လျက်ရှိနေ၏။ လ၏ အလင်းရောင်အောက်တွင် ငွေမှုန်များကဲ့သို့ပင် အလွန်လှပလွန်း၏။
ကျူးဟုန်ရွှဲ့က ရောက်နှင့်နေပြီ ဖြစ်၏။ ကမ်းခြေထက်တွင် ခြေချိတ်ထိုင်ကာဖြင့် အတွင်းအား လေ့ကျင့်နေ၏။ လရောင်အောက်တွင် ကျူးဟုန်ရွှဲ့သည် ကျောက်စိမ်းကဲ့သို့ တောက်ပသည့် လူပုဂ္ဂိုလ်တစ်ယောက်ကဲ့သို့ပင်။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤကျူးဟုန်ရွှဲ့သည် ရှမ့်လန်ထက်ပင် ပိုမိုကာ ချောမောသည်။
ရှမ့်လန်သည် ချောမောလွန်း၏။ လောကကြီးထဲတွင် သူ့နှင့် မည်သည့်ယောက်ျားကမှ နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ကျူးဟုန်ရွှဲ့၏ ချောမောခြင်းဆိုသည်မှာ ယောက်ျားဆန်သည့် ချောမောမှုမျိုးပင် ဖြစ်၏။ သူသည် ဓားကို အသာကိုင်စွဲထား၏။ ဤကဲ့သို့သောမြင်ကွင်းသည် အမျိုးသမီးများ၏ နှလုံးသားကို ချက်ချင်းပင် ထွင်းဖောက်နိုင်မည့်အရာမျိုးပင်။ သူ့ကိုမြင်ရပါက မည်သည့်အမျိုးသမီးမှ ရင်မခုန်ဘဲ နေလိမ့်မည် မဟုတ်ချေ။
ချောင်ယောင်းအာ အနားသို့ ချဉ်းကပ်လာသည့်အချိန်မှာတော့ ကျူးဟုန်ရွှဲ့က မျက်လုံးကိုဖွင့်ပြီး မတ်တပ် ထရပ်လိုက်၏။ သူသည် တကယ့်ကို အရပ်ရှည်၏။ ချောင်ယောင်းအာနှင့် ထပ်တူညီလောက်နီးပါးပင်။ ရှမ့်လန်သည် တစ်ဒသမရှစ်မီတာ ရှည်၏။ ဤကျူးဟုန်ရွှဲ့မှာတော့ သူ့ထက် ခေါင်းတစ်ဝက်စာလောက် ပိုမိုကာ မြင့်မား၏။
လောကကြီးထဲတွင် အမျိုးသမီးတစ်ယောက်အနေနှင့် တစ်ဒသမကိုးမီတာ အရပ်ရှည်ခြင်းဆိုသည်မှာ ဆိုးရွား၏။ မည်သည့်ယောက်ျားကမှ သူမကို လိုချင်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် တစ်ဒသမကိုးမီတာရှိသော ယောက်ျားတစ်ယောက် ဆိုလျှင်တော့ ကျိန်းသေပေါက် ယူဆောင်မှာ သေချာသည်။
ကျောက်စိမ်းကဲ့သို့ တောက်ပသည့် မျက်နှာအသွင်အပြင် ချောက်ကမ်းပါးကြီးကဲ့သို့ နက်ရှိုင်းသည့် ဟန်ပန်အမူအရာမျိုးနှင့် အရပ်ရှည်ရှည် ရုပ်ချောချော လူတစ်ယောက်။ ခြုံငုံပြောရမည်ဆိုလျှင် ကျူးဟုန်ရွှဲ့၏ အသွင်အပြင်အမူအရာသည် အားလုံးသောသူတို့ကို ဆွဲဆောင်စရာ ဖြစ်၏။
“ရောက်နေပြီလား”
“ရောက်နေပါပြီ”
“ခင်ဗျားဆရာက မေးခိုင်းလိုက်တယ်။ ဘယ်တော့ နုရှောင့်မြို့တော်ကနေ ထွက်ခွာပြီး သူနဲ့အတူ ပင်လယ်ရဲ့ တခြားတဖက်ကို သွားမလဲတဲ့”
ချောင်ယောင်းအာက ဖြေသည်။ “ကျွန်မ မသိဘူး”
ကျိုးဟုန်ရွဲ့က မေးလိုက်၏။ “ခင်ဗျား စောင့်နေတဲ့သူ မရောက်သေးဘူးလား”
“အင်း”
ချောင်ယောင်းအာက ပြောလိုက်သည်။ “သူဘယ်သူလဲ၊ ယောက်ျားလား၊ မိန်းမလား၊ လူလား၊ တစ္ဆေလား ဆိုတာတောင် ကျွန်မ မသိဘူး”
သူမ၏ လေသံကို ကြည့်ရမည်ဆိုလျှင် ချောင်ယောင်းအာနှင့် ကျူးဟုန်ရွှဲ့တို့သည် ရင်းနှီးပြီးသားဖြစ်ပုံပေါ်၏။ “ဒါဆိုရင် နင်ဟန် ဘယ်မှာလဲ။ ဘာလို့မလာရတာလဲ”
နင်ဟန်သည် ရွှဲ့ပြည်နယ်၏ မင်းသမီးဖြစ်၏။ လွန်ခဲ့သည့် ဆယ်နှစ်တုန်းက သူမသည် နံပါတ်တစ် အလှ နတ်မိမယ်အဖြစ် ဖြစ်တည်ခဲ့၏။ သို့ပေမည့် လွန်ခဲ့သည့်ဆယ်နှစ်အတွင်း အားလုံးသောသူတို့၏ မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။
ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “အင်း..မင်းသမီးက ဆရာကျိုးနဲ့အတူ ရှိနေပါတယ်။ ပင်လယ်ရပ်ခြားက ကျွန်းအချို့မှာ ရှေးဟောင်း ကျောက်စာတွေ တူးဖော်နေတယ်”
ချောင်ယောင်းအာက ပြောလိုက်သည်။ “ဒါဆိုရင် သူဘာလို့ ကျွန်မနဲ့ လာပြီးမတိုက်ခိုက်ဘဲနဲ့ ရှင့်ကို လွှတ်လိုက်ရ တာလဲ”
ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “မင်းသမီးနင်ဟန်ရဲ့ သိုင်းပညာက ကျုပ်ထက်ပိုပြီး အားကောင်းတယ်။ တကယ်လို့ ကျုပ်သာ ခင်ဗျားကို နိုင်သွားမယ်ဆိုရင် သူနိုင်မှာ သေချာတယ်။ ကျုပ်ရှုံးသွားရင်တော့ နောက်ပိုင်းမှာ သူမနဲ့ တိုက်ခိုက်တယ်ဆိုရင်လည်း နောက်မကျသေးပါဘူး။ မင်းသမီးက လက်ရှိတိုက်ခိုက်ဖို့ စိတ်မပါဘူး”
ချောင်ယောင်းအာက ပြောလိုက်သည်။ “ဒါဆို မတိုက်ခိုက်၊ မသတ်ဖြတ်ဘူးဆိုရင် ဘဝမှာနေထိုင်ရတာ ဘယ်လိုလုပ် အရသာ ရှိမှာလဲ”
ဤအချိန်မှာတော့ ချောင်ယောင်းအာသည် ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် မီးတောက်က ပိုမိုကာ တိုးတက် လာသလို ခံစားမိ၏။ သွေးထွက်နေသည်ဆိုလျှင်တောင်မှ သူမ မဖိနှိပ်နိုင်ခဲ့တော့ချေ။ ဆေးစွမ်းသည် ပိုမိုကာ ထပ်ကျလာခဲ့၏။ “ကောင်းပြီ။ အဓိပ္ပာယ်မရှိတဲ့ ကိစ္စရပ်တွေ ရပ်ပြီးတော့ တိုက်ခိုက်စရာရှိတာ တိုက်ခိုက် ကြရအောင်”
ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “ခင်ဗျားရဲ့ နှလုံးခုန်နှုန်းက မြန်ဆန်နေတယ်။ အသက်ရှူနှုန်းတွေကလည်း မြန်နေတယ်။ ပြီးတော့ သွေးထွက်လည်း လွန်နေတယ်”
“ဒါ ရှင့်ကိစ္စမဟုတ်ဘူး။ လုပ်ကြရအောင်” ချောင်ယောင်းအာသည် ရုတ်တရက် ဓားကြီးနှစ် ဓားကြီးနှစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
ကျူးဟုန်ရွှဲ့က မျက်မှောင်ကုတ်လိုက်၏။ သူ၏ဓားကို ဆွဲထုတ်လိုက်၏။ “ဘယ်သူနိုင်လဲ၊ ရှုံးလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့”
“အင်း ဆုံးဖြတ်ကြတာပေါ့” ချောင်ယောင်းအာသည် သူမ၏အတွင်းအားများကို စုစည်းပြီးသည့်နောက် သူမ ထပ်တလဲလဲ တိုက်ခိုက်နေသည့် တိုက်ကွက်များကို အသုံးပြုကာ တိုက်ခိုက်တော့၏။ ချက်ချင်းပင် ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုကဲ့သို့ ပြောင်းလဲပြီး ကျူးဟုန်ရွှဲ့၏အနားဆီသို့ ရောက်ရှိသွားသည်။
ကျူးဟုန်ရွှဲ့၏ခန္ဓာကိုယ်ကလည်း တည်နေရာဆီမှ ပျောက်ကွယ်သွား၏။ တည်နေရာ ရွှေ့ပြောင်းလိုက်သကဲ့သို့ပင် သူသည် ချောင်ယောင်းအာ၏ အနောက်ဘက်ဆီသို့ ရောက်ရှိသွားခဲ့ပြီး ချောင်ယောင်းအာကို တိုက်ခိုက်၏။
တကယ့်ကို ခက်ခဲပြီး တိုက်ခိုက်ရန် ခက်ခဲသည့် အရာမျိုးပင် ဖြစ်၏။ ကျင်းမူလန်နှင့် ထန်ယင်တို့၏ တိုက်ပွဲနှင့် နှိုင်းယှဉ်ရသည်ဆိုပါက ဤတိုက်ပွဲသည် တကယ့်ကို အံ့ချီးလောက်စရာ ဖြစ်နေ၏။ ဆယ်စက္ကန့်အတွင်းတွင် ကျိန်းသေပေါက် သမိုင်းမှတ်တမ်းတွင် ရေးထိုးရမည့်တိုက်ပွဲမျိုးပင် ဖြစ်လာခဲ့၏။ ဤနေရာတစ်ခုလုံးတွင် တဝုန်းဝုန်းနှင့် တိုက်ခိုက်သံများဖြင့် ပြည့်နှက်လျက် ရှိနေသည်။
ဒုန်း
ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ အတွင်းအားချင်း ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ခြင်းပင်။ ဓားများဆီမှ မီးပွင့်များပင် ထွက်ပေါ်လာခဲ့၏။ ဤအစစ်အမှန်ချီများ၏ အားကြောင့် ပင်လယ်ကမ်းခြေနားတွင် ကြီးမားသည့် တွင်းကြီးတစ်ခု ဖြစ်တည်လာခဲ့၏။ ဤနေရာကို စောင့်ကြည့်နေသည်ဆိုပါက ကျိန်းသေပေါက် အားလုံးသောသူတို့သည် အံ့ချီးလောက်စရာ မြင်ကွင်းကို မြင်ရမှာ သေချာ၏။
တွင်းနက်ကြီး၏အတွင်းမှာတော့ ချောင်ယောင်းအာနှင့် ကျူးဟုန်ရွှဲ့တို့သည် ငြိမ်ငြိမ်သက်သက်ဖြင့် မတ်တပ် ရပ်ပြီး သုံးပေနီးပါးခန့် ကွာခြားနေ၏။ ကျူးဟုန်ရွှဲ့၏လက်က သွေးထွက်နေ၏။ ချောင်ယောင်းအာ၏ နှုတ်ခမ်း၊ နှာခေါင်းနှင့် လက်များတွင် သွေးများထွက်နေသည်။
“ကျုပ်ရှုံးတယ်”
“ကျွန်မရှုံးတယ်”
နှစ်ယောက်လုံးက တစ်ချိန်တည်း ပြောလိုက်၏။ ချောင်ယောင်းအာက ဒေါသတကြီးနှင့် ပြောလိုက်၏။
“ပါးစပ်ပိတ်ထား။ ကျွန်မရှုံးတယ် ... သွားတော့”
“မဟုတ်ဘူး။ ကျုပ်ရှုံးတာ”
ကျူးဟုန်ရွှဲ့က ပြောလိုက်သည်။ “ခင်ဗျား တကယ်အဆင်ပြေရဲ့လား။ ခင်ဗျားရဲ့နှလုံးခုန်သံနဲ့ အသက်ရှူနှုန်းက အခြေအနေမကောင်းဘူး”
“သွားတော့” ချောင်ယောင်းအာက ပြောလိုက်၏။
ကျူးဟုန်ရွှဲ့သည် သူမကို နက်နက်ရှိုင်းရှိုင်းပင် လှမ်းကာကြည့်လိုက်သည်။
“ဂရုစိုက်ပါ” အသာခုန်ထွက်ပြီးသည့်နောက် သူသည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့၏။
အား...
ထိုအချိန်မှာတော့ ချောင်ယောင်းအာသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပေါ်သို့ လဲကျသွားခဲ့သည်။