အခန်း (၂၀၇)
Vol. 15 Ch. 207
“အား… သေသွားမယ်ဆိုရင်တောင် ဘယ်တော့မှ လက်လွှတ်ပေးမှာ မဟုတ်ဘူး” ဦးဆောင်သူ အမျိုးသမီး ရုတ်တရက် အော်ဟစ်ပြီးသည့်နောက် ချောင်ရှောင်း၏ဓားဆီသို့ ခေါင်းတိုးဝင်လိုက်၏။
“သေချင်တယ်ဆိုရင်တော့ ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့” ချောင်ရှောင်းသည် ရုတ်တရက် ခုတ်ပိုင်းလိုက်၏။ အမျိုးသမီးစစ်သည်တော်၏ ဦးခေါင်းသည် ခန္ဓာကိုယ်ဆီမှ လွင့်စင်ထွက်သွားတော့မည် ဖြစ်သည်။
ဒေါင်
ရုတ်တရက် သံသံချင်း ထိမှန်သည့်အသံက ထွက်ပေါ်လာခဲ့၏။ ထိုအရာသည် ရွှေဒင်္ဂါးတစ်ပြားပင် ဖြစ်၏။ ရုတ်တရက် ချောင်ရှောင်း၏ဓားသွားက နောက်ဘက်သို့ လွင့်စင်သွားခဲ့၏။
ရွှေဒင်္ဂါးတစ်ပြားနှင့် ပစ်လွှတ် လိုက်သောကြောင့် မီးပွင့်များပင် ထွက်ပေါ်လာခဲ့၏။ ကြမ်းတမ်းလွန်းသည့် အားအင်တစ်ခုသည် ချောင်ရှောင်း၏ ဓားသွားကို နောက်ဘက်သို့ လွင့်စင်သွားခဲ့စေ၏။ လက်ညှိုးနှင့် လက်ညှိုးကြား၊ ဤနေရာသည် ကွဲထွက်သွားခဲ့ပြီး သွေးများပင် စိမ့်ထွက်လာခဲ့သည်။
သာမန်ရွှေဒင်္ဂါးလေးတစ်ပြားသည် လက်နက်ပုန်းတစ်ခုကဲ့သို့ပင် အားကောင်းလွန်းခဲ့၏။ တကယ့်ကို မာကျော လွန်းနေလေ၏။
ချောင်ရှောင်း၏ နှလုံးသားတစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သူသည် သူ၏သွေးထွက်သွားသော လက်ကို အသာ ဖမ်းကိုင်ကာ ကြည့်ရှုလိုက်သည်။ “ဘယ်သူလဲ။ ငါ့ရဲ့ အစီအစဉ်ကို ဘယ်သူဖျက်ဆီးရဲတာလဲ”
ပြီးနောက် အရပ်ရှည်ရှည် ဆွဲဆောင်မှုရှိလွန်းလှသည့် ခန္ဓာကိုယ်သည် အမှောင်ထဲ၌ တဖြည်းဖြည်း အရိပ်ထင်လာခဲ့သည်။ အသွင်အပြင်အမူအရာကို ကြည့်ရှုလိုက်သည်နှင့် မည်သူဖြစ်ကြောင်းကို ချောင်ရှောင်းက ရှင်းရှင်းလင်းလင်း သိရှိ၏။
“ချောင်ယောင်းအာ”
ချောင်ရှောင်း၏ နှလုံးသားများက တုန်ယင်သွား၏။ ခြေထောက်များကလည်း ပျော့ခွေသွား၏။ ဘာဖြစ်သနည်း။ သူမ အခန်းထဲမှာ ရှိနေသင့်သည် မဟုတ်ပါလား။ သူ၏အမွှေးတိုင်ကြောင့် ဆေးမိနေသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် ဆေးစွမ်းအင် မပြရသနည်း။ အဘယ်ကြောင့် အပြင်ဘက်မှ ပေါ်ပေါက်လာသနည်း။
“ခင်ဗျား........ ခင်ဗျား... ခင်ဗျား........... ဘာလုပ်ချင်တာလဲ” ချောင်ရှောင်းက မေးမြန်းလိုက်၏။
“နှစ်ယောက်ချင်း တိုက်ခိုက်မယ်” ချောင်ယောင်းအာက ပြောလိုက်သည်။
“နှစ်ယောက်ချင်း တိုက်ခိုက်မယ် ဟုတ်လား”
ယနေ့ သူမသည် ကျူးဟုန်ရွှဲ့နှင့် တိုက်ခိုက်ရမည်ဖြစ်ကြောင်းကို ချောင်ရှောင်းက သိရှိ၏။ ယခုကြည့်ရှုရသည်မှာ လုံလုံခြုံခြုံနှင့် ပြန်လာနိုင်သည်ဖြစ်သောကြောင့် အနိုင်ရရှိခဲ့ပုံပေါ်၏။ ကျူးဟုန်ရွှဲ့ကဲ့သို့သော အားကောင်းလွန်းသည့် တစ်စုံတစ်ယောက်ကိုပင်လျှင် ချောင်ယောင်းအာက အနိုင်ယူတိုက်ခိုက်နိုင်ခဲ့သည်လား။ သူမ ဆေးမမိခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
အမွှေးတိုင်ထွန်းခြင်း နောက်ကျသွားသောကြောင့် ရှစ်ချင်းချင်းနှင့် အမျိုးသမီးသမားတော် နှစ်ယောက် သာလျှင် ဆေးမိခဲ့ပြီး ချောင်ယောင်းအာက ဆေးမမိခဲ့ပုံပင်။ မဟုတ်ပါက နှစ်ယောက်ချင်း တိုက်ခိုက်ရန်အတွက် သွားရောက်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် အနိုင်ပင် ယူလာခဲ့သေး၏။ သူသည် ဤအားကောင်းလွန်းသည့် နတ်ဆိုးမ ချောင်ယောင်းအာ၏ ယှဉ်ပြိုင်ဘက် မဟုတ်ချေ။
“သခင်မလေး.. အခန်းထဲမှာ အမွှေးတိုင်နဲ့ ဆေးခတ်ထားတာ။ ပြတင်းပေါက်ကတဆင့် ဆေးတွေ အပြင်ထွက်သွားအောင် ကျွန်မတို့ လုပ်ပြီးပါပြီ”
အမျိုးသမီးစစ်သည်တော် ပြောဆိုလိုက်၏။ “ကျွန်မ နဲ့ နောက်လိုက်တွေက အသုံးမဝင်ခဲ့ပါဘူး။ ဒီခွေးကောင်က ကျွန်မတို့ ညီအစ်မ ခုနစ်ယောက်ကျော်ကို ဒဏ်ရာရရှိအောင် လုပ်ခဲ့တယ်။ တချို့ကို သတ်ဖြတ်ပစ်ခဲ့တယ်”
ချောင်ယောင်းအာက ပြောလိုက်သည်။ “ချက်ချင်းခေါ်ပြီးတော့ ကုသပေးလိုက်ကြ။ ဘယ်လောက်ကုန်ကုန် ကိစ္စမရှိဘူး”
“ကောင်းပါပြီ”
ဦးဆောင်သူအမျိုးသမီးခေါင်းဆောင်က ပြောလိုက်၏။ ပြီးနောက် ကျန်သော အမျိုးသမီးများအားလုံးတို့သည် သွေးအိုင်ထဲတွင် လဲလျက်ရှိနေသည့် သူတို့၏ညီမငယ်များကို ပွေ့ချီကာဖြင့် သမားတော်များနှင့် ကုသရန် ထွက်ခွာသွားခဲ့၏။
ချောင်ရှောင်း၏ နှလုံးသားများက တုန်ယင်သွားခဲ့၏။ ချောင်ယောင်းအာသည် ဤအမျိုးသမီးစစ်သည်တော် များကို ဂရုစိုက်၏။ ဘယ်အရာက သက်သေပြရသနည်း။ ရောက်ရှိလာသည့်အထိ သူ့ကို တစ်ချက်ကလေးမှ ဂရုမစိုက်ခြင်းပင်။
ချောင်ရှောင်းသည် ချောင်ယောင်းအာနှင့် အိပ်ချင်နေသည်မှာ ဆယ်နှစ်နီးပါးခန့် ကြာမြင့်ပြီ ဖြစ်၏။ သူသည် အရာအားလုံးကို ကြိုးစားခဲ့၏။ သို့ပေမည့် သူမကို မထိခဲ့ရဲချေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ချောင်ယောင်းအာက အလွန်အားကောင်းသောကြောင့်ပင်။ သူ၏နှလုံးသားထဲတွင် ကြီးမားလွန်းသည့် အရိပ်မည်းကြီး တစ်ခုကဲ့သို့ လွှမ်းခြုံထားခြင်းကို ခံထားရသည်။
ချောင်ယောင်းအာကို မြင်ရသည့်အချိန်တိုင်းတွင် သူသည် စိုးရိမ်သိမ်ငယ်မှုကို ခံစားရ၏။ အချက်အလက်အားဖြင့် ချောင်ယောင်းအာသာ ဆေးမိခြင်းမခံရပါက သူ ကျိန်းသေပေါက် တစ်စုံတစ်ခုကို ပြုလုပ်ရဲလိမ့်မည် မဟုတ်ချေ။ ယခုကြည့်ရှုရသည်မှာ ချောင်ယောင်းအာသည် ကျိန်းသေပေါက် အရာအားလုံး ကောင်းမွန်လျက် ရှိနေ၏။
လေထုထဲမှ ပျံ့လွင့်သွားခဲ့သည့် ရွှေဒင်္ဂါးကပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည့် လက်နက်ပုန်း တစ်ခုကဲ့သို့ပင် သူ၏ဓားကို နောက်ဘက်သို့ လွင့်စင်စေခဲ့၏။ အားအင်ကို ကြည့်ရှုရမည်ဆိုလျှင် ကျိန်းသေပေါက် ဆေးမိခြင်း မဟုတ်နိုင်ချေ။ ဤတစ်ကြိမ် ချောင်ယောင်းအာဆီသို့ ပြေးဝင်ကာ တိုက်ခိုက်မည် ဆိုပါက မိမိကိုယ်ကိုယ် သေလမ်းရှာခြင်းနှင့် ဆင်တူနေပေလိမ့်မည်။
“ချောင်ရှောင်း.. ငါ့ရဲ့ မောင်ငယ်လေးဆိုတဲ့ အချက်အလက်ကြောင့် မင်းကို ငါ ထပ်တလဲလဲ သည်းခံခဲ့တယ်။ ဒါပေမဲ့ ငါ့လူတွေကို ထိခိုက်နာကျင်အောင် လုပ်ရဲတယ်။ ဒီအချိန်မှာ ငါ မင်းကို ခွင့်လွှတ်မပေးဘူး” အမှောင်ထဲမှာတော့ ချောင်ယောင်းအာ၏အသံသည် ဒေါသများနှင့် တုန်ယင်လျက်ရှိနေ၏။
ဘုန်း
ကျယ်လောင်လွန်းသောအသံကြီး ထွက်ပေါ်လာခဲ့၏။ မီးပွင့်မီးလျှံများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွား၏။ ချောင်ယောင်းအာက သူမ၏ဓားကြီးနှင့် ရှေ့ဆီသို့ လှမ်းတက်လာသည်။
ချောင်ရှောင်းသည် တုန်လှုပ်သွားခဲ့လေ၏။ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်ပြေးသွားခဲ့၏။ သူ၏အသက်က အရေးကြီး လွန်းလှ၏။ ထို့ကြောင့် သူ့အဖေ၏ ရဲတိုက်ဆီသို့ တိုက်ရိုက်ပြေးခြင်းပင်။
“ချောင်ယောင်းအာ ခင်ဗျား စောင့်နေလိုက်။ နုရှောင့်မြို့က ကျုပ်ပိုင်တာ။ တစ်နေ့မှာ ကျုပ် ခန္ဓာကိုယ်အောက်မှာ ခင်ဗျား ငိုကြွေးရမယ်” မျက်စိတစ်မှိတ်အတွင်း ချောင်ရှောင်းသည် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့သည်
………..
ချောင်ယောင်းအာသည် အမှောင်ထဲမှ ထွက်လျှောက်လာခဲ့၏။ သူမကို ကြည့်ရှုရသည်မှာ အလုံးစုံ မတူညီသည့် လူတစ်ယောက်ကဲ့သို့ပင်။ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးကင်ခံထားသကဲ့သို့ပင် နီရဲလျက်ရှိနေ၏။ မျက်လုံး များသည် ရေလှိုင်းများ သွားနေသကဲ့သို့ပင် တရိပ်ရိပ်နှင့် အရောင်များ ထွက်ပေါ်လျက်ရှိနေ၏။ နှုတ်ခမ်းပါး များက နီရဲလျက်ရှိနေပြီး မီးများထွက်ပေါ်မည့်သကဲ့သို့ပင်။
သူမသည် မနည်းပင် ကြိုးစားကာ ရပ်တန့်လျက် ရှိနေ၏။ ကောင်းကောင်းမရပ်တန့်နိုင်တော့သောကြောင့် ဓားကြီးနှစ်ဖက်ကို အသုံးပြုကာဖြင့် ဖေးမကာ မတ်တပ်ရပ်ထားရ၏။ ခန္ဓာကိုယ်တစ်ခုလုံးမှ ချွေးများ တပေါက်ပေါက်နှင့် ကျလျက်ရှိနေ၏။ သူမ၏အဝတ်အစားများသည် ချွေးများ စိုရွှဲလျက်ရှိနေပြီး မျက်လုံးများက ဝေဝါးလျက်ရှိနေ၏။ သူမ၏ နောက်ဆုံး အသိစိတ်တစ်ခုလုံးကို ကျွမ်းလောင်နေ၏။
လက်ရှိအချိန်တွင်တော့ ချောင်ရှောင်းကို ခြောက်လှန့်နိုင်ရန်အတွက် သူမသည် အားအင်အဆင့်အကုန်ကို အသုံးပြုခဲ့ရ၏။ ချောင်ရှောင်း ထွက်ပြေးသွားခဲ့ခြင်းက အကောင်းဆုံးဖြစ်၏။ မသွားပါက သူမသည် သူ့ကိုယ်သူမ သတ်သေရမှာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်အား ကြောက်မက်ဖွယ်ရာကောင်းသည့် ဆေးစွမ်းက တိုက်ခိုက်နေသောကြောင့်ပင်။
ချောင်ယောင်းအာ၏ မျက်လုံးများသည် သူမ၏ရှေ့တွင် ရှိနေသည့် အရာအားလုံးကို မမြင်ရတော့ချေ။ သူမသည် ရူးသွပ်သူတစ်ယောက်ကဲ့သို့ပင်။
“သမားတော် ဘယ်ရောက်သွားလဲ။ သူမ ငါ့ကို ကယ်နိုင်လိမ့်မယ်။ ကျိန်းသေပေါက် ကယ်နိုင်လိမ့်မယ်”
ပြီးနောက် သူမ၏ နောက်ဆုံး အသိစိတ်အရ ချောင်ယောင်းအာသည် အခန်းတံခါးကို ဆွဲဖွင့်လိုက်၏။ မြေပေါ်တွင် လူးလိမ့်လျက်ရှိနေသည့် လူတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုလူသည် အမျိုးသမီး သမားတော်လား။ အဘယ်ကြောင့် အမျိုးသမီးနှင့် မတူညီရသနည်း။
ယခင်တုန်းက ချောင်ယောင်းအာသည် အမျိုးသားများ၏ ကိုယ်သင်းနံ့ကို မုန်းတီး၏။ အခုအချိန်မှာတော့ ထိုအရာမှာ လိုအပ်လျက် ရှိနေသည့် အောက်ဆီဂျင်ကဲ့သို့ပင် ဖြစ်လို့နေ၏။ သူမ၏နှလုံးသားထဲတွင် ရှိနေသည့် တောက်လောင်နေသည့် မီးတောက်ကြီးသည် ထိုရနံ့၏အောက်တွင် အလုံးစုံ ပျောက်ကွယ်သွားမည့်သကဲ့သို့ပင်။
ချောင်ယောင်းအာသည် ရုတ်တရက် ခန္ဓာကိုယ်ထဲမှ ထွက်လာသည့် ကာမစိတ်ဆန္ဒများကို မဖုံးကွယ်နိုင် ခဲ့တော့ချေ။ မီးတောက်ငယ်လေး ဖြစ်ခဲ့သော ရှမ့်လန်သည် သူမ၏နှလုံးသားထဲတွင် ရှိနေသော သူမ၏ သွေးသားတောင့်တမှု ဆန္ဒအားလုံးကို မီးညှိပေးလိုက်ပြီ ဖြစ်၏။ ထိုမီးတောက်ကလေးသည် ကြီးမားလွန်းသော မီးတောင်ကြီးအဖြစ် တောက်လောင်ခဲ့၏။
ချောင်ယောင်းအာ၏ နောက်ဆုံးသိစိတ်တစ်ခုလုံးက ပြိုလဲသွားခဲ့၏။ သူမ၏ခန္ဓာကိုယ်ပေါ် ရှိနေသည့် ဓားပြဝတ်စုံသည် အဝေးဆီသို့ လွင့်စင်သွားခဲ့၏။ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများ ပျောက်ကွယ်သွားပြီးနောက် ကောက်ကင်ဘုံက ငြင်းပယ်ရလောက်သည်အထိ ဆွဲဆောင်မှုရှိလွန်းသော စွဲမက်ဖွယ်ရာခန္ဓာကိုယ်သည် အတိုင်းသား ပေါ်ပေါက်လာခဲ့၏။ ပြီးနောက် သူမသည် မြေပေါ်တွင် လဲလျောင်းလျက်ရှိနေသည့် ရှမ့်လန်ဆီသို့ ခုန်ဝင်သွားခဲ့သည်။
ပြီးနောက် ကြောက်မက်ဖွယ်ရာ ကောင်းသည့်အရာက ဖြစ်တည်လာခဲ့၏။ ချောင်ယောင်းအာသည် သားရဲကြီး တစ်ကောင်ကဲ့သို့ပင်။ ခဏအကြာတွင် အခန်းအတွင်းဆီမှ ရှမ့်လန်၏ ပြတ်တောင်းပြတ်တောင်း အော်ဟစ်သံက ထွက်ပေါ်လာ၏။ ဆရာလန်၏ နှစ် ၄၀ ကြာ ထိန်းသိမ်းထားခဲ့ရသော လူပျိုရည်သည် နောက်ဆုံး ဆုံးရှုံးခဲ့ရပြီ ဖြစ်၏။
ဘုန်း ဘုန်း ဘုန်း
ပင်လယ်ပြင်ဆီမှ လှိုင်းများသည် ရဲတိုက်ကြီးကို တိုက်ခိုက်လျက်ရှိနေ၏။ ဤလှိုင်းများသည် တဝုန်းဝုန်းနှင့် တိုက်ခိုက်လျက်ရှိနေ၏။ ပင်လယ်ရေလှိုင်း၊ ပင်လယ်၏အော်သံ... အရာအားလုံးက နားထောင်၍ ကောင်းသည့် လှိုင်းပုတ်သံများကဲ့သို့ပင်။ သို့ပေမည့် အခန်းတွင်းဆီမှ သာယာနာပျော်ဖွယ် ငြီးတွားသံ၊ အလိုဆန္ဒရမက်တို့၏ စေညွှန်ရာ လမ်းလျှောက်သံတို့ကို ထိုလှိုင်းပုတ်သံများက မဖုံးကွယ်ထားနိုင်ချေ။
ဦးဆောင်အမျိုးသမီးစစ်သည်တော်သည် အခန်းအပြင်ဘက်သို့ ရောက်သည့်အချိန်မှာတော့ မယုံကြည်နိုင်လောက်စရာ မြင်ကွင်းကို မြင်လိုက်ရ၏။
သူမ ပျော်ရွှင်ရမည်လား၊ ဝမ်းနည်းရမည်လား ကောင်းကောင်းမသိချေ။ မိုးကြိုးပစ်ခံရသကဲ့သို့ပင် တောင့်တင်းပြီး ရပ်မိနေ၏။ ဤအရာသည် သူမ၏သခင်မ ဖြစ်နေသည်လား။ နတ်ဘုရားကဲ့သို့သော သခင်မသည် အလုံးစုံ ခြားနားသည့် လူတစ်ယောက်ကဲ့သို့ပင် တစ်ဖက်လူကို ခွကာဖြင့် လုပ်ချင်တိုင်း ပြုလုပ်လျက်ရှိနေသည်။
အမျိုးသမီးစစ်သည်တော်သည် အနောက်ဘက်သို့ တဖြည်းဖြည်းချင်း တစ်လှမ်းချင်း ဆုတ်လိုက်၏။ ပြီးနောက် သူမသည် တံခါးကို ဖြည်းဖြည်းချင်း ပိတ်လိုက်၏။ ရောက်ရှိလာခဲ့သည့် တခြားသော စစ်သည်တော်များ အားလုံးကိုလည်း အနောက်သို့ ဆုတ်ခွာသွားရန်အတွက် လက်ဖြင့် သင်္ကေတပြလိုက်၏။
ပြီးနောက် ချောင်ယောင်းအာအခန်း၏ ခပ်ဝေးဝေး တည်နေရာတွင် အသာမတ်တပ်ရပ်ကာဖြင့် စောင့်ဆိုင်းလျက် ရှိနေ၏။ သူတို့သည် သူတို့၏ဓားများပေါ်သို့ လက်ကိုင်ကာဖြင့် အရာအားလုံးကို သတိအပြည့်နှင့် စောင့်ကြည့် နေသည်။
အထဲမှအသံများသည် တကယ့်ကို ဩချလောက်စရာပင်။ ဆယ့်ငါးမိနစ် ... နာရီဝက် ... နှစ်နာရီ ... လေးနာရီ။ နောက်ဆုံးမှာတော့ တဖြည်းဖြည်း အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
(ဘာသာပြန်သက် ၇ နှစ်အတွင်း ဒီလိုအခန်းမျိုးရေးနိုင်ခဲ့ပြီ။ သေလမ်းရှာစွန်း ၊ ဂိုဏ်းချုပ်ကျွင်း ၊ ရှန်းကျီ ၊ လီယွင် .... မင်းတို့ တော်တော်ညံ့ခဲ့ကြတာပဲ)
........
မူလန်သည် ရက်အနည်းငယ်ကြာ မအိပ်ခဲ့ရသေးချေ။ သူမသည် နေ့စဉ်နေ့တိုင်းဆိုသလို စစ်သည်များကို သွားရောက် စုဆောင်း ခေါ်ယူနေရ၏။ သူမသည် သူမကိုယ်တိုင် အရာအားလုံးကို ပြုလုပ်ခဲ့ရ၏။ ကာကွယ်ရေး တပ်ဆီမှ လက်ရွေးစင်စစ်သည်တော်တော်များများကို သူမကိုယ်တိုင်ရွေးချယ်ပြီး သီးသန့်စစ်တပ်ဆီသို့ ခေါ်ယူနေ၏။
ကိုယ်တိုင်ကိုယ်ကျ ဆိုသလိုပင် ထိုသူတို့၏ မိသားစုဆီသို့ ငွေကြေးများကို သွားရောက်ကာ ပေးအပ်ခဲ့သေး၏။ ထိုအရာသည် နှစ်ဝက်စာသော လုပ်အားခများပင် ဖြစ်၏။ ဤအရာသည် ကျင်းမိသားစု၏ ရိုးရာဓလေ့ပင် ဖြစ်၏။ သူမသည် ဤကဲ့သို့သောအရာများကို သေသေချာချာ ပြုလုပ်တတ်၏။ ထိုမှသာလျှင် တစ်ဖက်လူများလည်း သူမတို့အတွက် တိုက်ခိုက်ပေးမည် မဟုတ်ပါလား။
အတိတ်တုန်းက မူလန်သည် ရက်အနည်းငယ်လောက် မအိပ်ရခြင်းနှင့် ပတ်သက်၍ ဂရုစိုက်မည် မဟုတ်ချေ။ သို့ပေမည့် လက်ရှိအချိန်မှာတော့ စိုးရိမ်ပူပန်လျက် ရှိနေ၏။ သူမသည် မှန်ကို ခဏခဏ ထုတ်ကြည့်တတ်၏။ သူမ၏ အသားအရေသည် မဲမသွားသေးချေ။ ထို့အပြင် ဝက်ခြံများလည်း မထွက်လာခဲ့ချေ။ တခြားမည်သူမှ မရှိသည့် အချိန်မျိုးတွင် သူမသည် မျက်နှာကပ်ခွာကို ထုတ်ကာ ကပ်တတ်သေး၏။
သူမသည် လှပ၏။ သို့ပေမည့် ပိုမိုကာလှပရန် လိုအပ်၏။ မဟုတ်ပါက သူမ၏ယောက်ျားက စိတ်ကျေနပ်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် အပြင်ဘက်သို့ ထွက်သည့်အချိန်မျိုးတွင်ပင် သူမသည် တစ်ရက်ကို နှစ်ကြိမ်တိတိ ရေမိုးချိုးတတ်၏။ ရေပူမရှိလျှင်တောင်မှ ရေအေးကို နှစ်ခြိုက်စွာ ချိုး၏။ ဆောင်းတွင်းဘက် ရောက်သည် ဆိုလျှင်လည်း ကိစ္စမရှိချေ။
အဘယ့်ကြောင့်ဆိုသော် တခြားသော နည်းလမ်းမရှိသောကြောင့်ပင်။ သူမ၏ ယောက်ျားသည် မွှေးပျံ့ခြင်းကိုသာ နှစ်သက်သူတစ်ယောက်ဖြစ်၏။ သူမကို ကြည့်ရှုပြီး မနှစ်သက်တော့လျှင် မည်သို့လုပ်မည်နည်း။ သူမ၏ ခန္ဓာကိုယ်မှ အနံ့ဆိုးများထွက်နေပါက သူမ ယောက်ျား ငြိုငြင်ပေလိမ့်မည်။ သူမသည် မည်မျှသန့်ရှင်းသနည်း ဆိုသော် ခေါင်းကိုပင် တနေ့တခါ လျှော်တတ်သေးသည်။ တနေ့တစ်ကြိမ်လည်း အဝတ်လဲတတ်သည်။
သူမ မအိပ်ရလျှင်တောင်မှ ကျိန်းသေပေါက် သူမ၏ယောက်ျား ဖန်တီးထားသည့် ချိုမွှေးသည့် ဆေးရည်များကို သောက်သုံးတတ်သေး၏။ ကော်လဂျင်ဟု ပြောသည်။ သူမ ဘာမှန်းသေချာတော့မသိချေ။
ဘေးတစ်ဖက်တွင် ရှိနေသည့် အမျိုးသမီး စစ်သည်များမှာတော့ အံကိုကြိတ်ကာဖြင့် ကြည့်ရှုနေ၏။ သူတို့၏ သခင်မလေးသည် ရက်အနည်းငယ်ကြာ မအိပ်ရသေးချေ။ သို့ပေမည့် လှပလျက် ရှိနေသည်။ မျက်နှာသွင်ပြင် တစ်ခုလုံးသည် တစ်ချက်ကလေးမှ မသက်ရောက်သလိုပင် လှပနေခဲ့၏။ ခန္ဓာကိုယ်ကလည်း အစဉ်အမြဲ မွှေးပျံ့လျက် ရှိနေ၏။
အကြောင်းအရာကို သိရှိသည်ဆိုပါက ကျိန်းသေပေါက် အံ့အားသင့်မှာ သေချာ၏။ အချစ်၏စွမ်းရည်သည် ဤမျှ ပြင်းထန်နေလေသည်တကား။ အချက်အလက်အားဖြင့် မူလန်တစ်ယောက် မအိပ်ရခြင်းမှာ ကိစ္စမရှိချေ။ ပြဿနာသည် အထီးကျန်ခြင်း၊ အချစ်နာကျခြင်းကို ခံစားနေရခြင်းပင်ဖြစ်၏။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူမသည် နေ့စဉ်နေ့တိုင်းဆိုသလို သူမ၏ယောက်ျားနှင့်အတူတူ ယှဉ်တွဲနေထိုင်ခဲ့၏။ ရုတ်တရက် ရက်အနည်းငယ်ကြာ ခွဲခွာခဲ့ရခြင်းကြောင့် မသက်မသာ ခံစားနေရ၏။ တစ်ရက်လောက် ခွဲခွာရခြင်းသည် သုံးနှစ်နီးပါးလောက် ခွဲခွာရခြင်းကဲ့သို့ပင်။
ထို့ကြောင့် မူလန်သည် အိမ်ကို အကြိမ်ပေါင်းများစွာ ပြန်သွားချင်၏။ တခြား ထူးထူးခြားခြား ဘာတစ်ခုမှ ပြုလုပ်ချင်ခြင်း မဟုတ်ချေ။ သူမ၏ယောက်ျား၏ မျက်နှာကိုကြည့်ပြီး အသာလေးဖက်ပြီး နမ်းရှိုက်လိုက်လျှင် ကျေနပ်ပြီဖြစ်၏။ ထို့ကြောင့် သူမသည် စစ်တပ်စခန်းချရာမှ မိုင်တစ်ရာပတ်လည် အဝေးဆီသို့ အလျင်အမြန်နှင့် သွားခဲ့၏။
အရာအားလုံးပြုလုပ်ပြီးသည့် အဆုံးသတ်မှာတော့ သူမသည် ကိစ္စတစ်ခုကို စတင်ကာ တွေးတောခဲ့၏။ အချိန်က သိပ်မရှိလှချေ။ ဖြစ်နိုင်သမျှ အတိုင်းအတာအတွင်း စစ်သည်ခေါ်ယူမှုကို ပြည့်စုံအောင် ပြုလုပ်ရန် လိုအပ်၏။ ဖြစ်နိုင်သမျှ အဓိကတပ်ဖွဲ့များအားလုံးကို ဝမ်ကျားကျွန်းဆီသို့ လွှဲပြောင်းပို့ရန် လိုအပ်၏။ ရွှေကျွန်းကြီး၏ မဟာဗျူဟာသည် စတင်နေပြီဖြစ်၏။ အခြေအနေတစ်ခုလုံးကလည်း လျင်လျင်မြန်မြန် ပြောင်းလဲလျက် ရှိနေသည်။ အနည်းငယ်မှ နှောင့်နှေး၍ မဖြစ်ချေ။
သုံးရက်၊ သုံးညလုံးလုံး လှည့်ပတ်သွားလာကာ ကြိုးစားပြီးသည့်နောက် မူလန်သည် သူမ၏ မြေပိုင်နက်ထဲတွင် ရှိနေသည့် ရွာပေါင်းများစွာတို့ဆီသို့ ရောက်ရှိခဲ့ပြီးဖြစ်ပြီး သူမ၏ သီးသန့်စစ်တပ်အတွက် သန်မာအင်အား ကောင်းသည့် ယောက်ျားဘသားစစ်သည်တော် ၂၀၀၀ ကျော်ကို ခေါ်ယူခဲ့ပြီးပြီ ဖြစ်၏။
ရွာတိုင်းရွာတိုင်း၏ ကာကွယ်ရေးတပ်များဆီမှ အားအကောင်းဆုံးသောသူများကို ရွေးချယ်ခေါ်ယူခဲ့ခြင်းပင်။ စစ်သည်တော် ၃၀၀၀ ကျော်တို့အတွက် ချပ်ဝတ်နှင့် လက်နက် ၃၀၀၀ ကျော်တို့ကို ဖြန့်ဝေပေးခဲ့ပြီးပြီဖြစ်ပြီး ရွှေဒင်္ဂါးပေါင်း တစ်သိန်းကျော်ကိုလည်း ပေးခဲ့ပြီးပြီဖြစ်၏။ ကျင်းမိသားစုသည် ချပ်ဝတ်သစ်များကို သွန်းလုပ် ခဲ့သောကြောင့် မူလချပ်ဝတ်ဟောင်းများ လက်နက်များအားလုံးကို ဖယ်ရှားလိုက်ပြီ ဖြစ်သည်။
အသစ်ဝင်ရောက်လာခဲ့သည့် စစ်သည်များသည် လက်နက်အသစ်နှင့် ချပ်ဝတ်အသစ်များကို ရရှိခဲ့ကြ၏။ တကယ့်ကို ကောင်းမွန်သည့် အရည်အသွေးနှင့် လက်နက်များပင်ဖြစ်၏။ ဝတ်ဆင်လိုက်သည်ဆိုပါက ပေါ့ပါးမှုကိုပင် ခံစားရမှာဖြစ်၏။
စစ်သည်တော် ၂၀၀၀ ကျော်တို့ကို လက်နက်အပြည့် တပ်ဆင်ပေးပြီးနောက် ကျင်းရှိယန်၏ ဦးဆောင်မှုနှင့်အတူ ရွှမ်ဝူအိမ်တော်ဆီသို့ အသော့နှင်လေ၏။ ထိုအထဲတွင် ၁၀၀၀ လောက်သည် မြေဧကပတ်လည်ရှိ ကာကွယ်ရေးတပ်များနှင့် ဝင်ရောက်ကာ ခိုအောင်းလျက်ရှိ၏။ တခြားသော ၁၀၀၀ မှာတော့ ဝမ်ကျားကျွန်းဆီသို့ ဦးတည်ကာ သွားရမည်။
ဤအချိန်မှာတော့ မူလန်သည် မည်သို့မှ မနေနိုင်တော့ချေ။ တစ်ယောက်တည်း အိမ်ဆီသို့ အလျင်အမြန်ဆုံး ပြန်လာခဲ့၏။ သူမသည် ဘာတစ်ခုမှ ပြုလုပ်ချင်သည် မဟုတ်ချေ။ သူမ၏ ယောက်ျားကို အသာဖက်၍ နမ်းရလျှင်ပင် ကျေနပ်ပြီဖြစ်၏။ ပြီးနောက် သူမသည် ရေမိုးချိုး အဝတ်အစားလဲပြီး သူမ ယောက်ျား၏ အိပ်ရာထက်တွင် အသာလဲလျောင်းပြီး ကောင်းကောင်းမွန်မွန် အိပ်ပစ်လိုက်မည်။ သူမ၏ ယောက်ျားသည် ဘေးတစ်ဖက်တွင် အသာလဲလျောင်းကာ အိပ်မည်ဆိုပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သူမကို အခွင့်အရေးယူမလား ၊ မယူဘူးလားဆိုသည်က ကိစ္စမရှိချေ။
အဘယ်ကြောင့်မှန်းမသိချေ။ အိမ်နှင့်နီးကပ်လာသည်အမျှ မူလန်၏မျက်ခမ်းများသည် တုန်ယင်လာ၏။ မြင်းကို အမြန်ဆုံးနှုန်းဖြင့် စီးနင်းပြီး ရဲတိုက်ထဲသို့ ဝင်ရောက်ခဲ့ပြီးသည့်နောက် မြင်းပေါ်မှ ခုန်ချကာ သူမ၏ ခြံဝင်းဆီသို့ သော့နှင်ကာပြေး၏။ သို့ပေမည့် သူမ၏ယောက်ျားကို မမြင်ရချေ။
“ပင်းအား.. သခင်လေး ဘယ်ရောက်သွားလဲ”
ရှောင်ပင်းသည် ခြံဝင်းထဲတွင် တချို့အရာများကို ဆေးကြောလျက် ရှိနေ၏။ ဤအရာအားလုံးသည် ရှမ့်လန်၏ ပစ္စည်းပစ္စယများပင်ဖြစ်၏။ အရာအားလုံးကို သေသေချာချာ စီစီရီရီနှင့် သန့်ရှင်းလျက် ရှိနေခြင်းပင်။
ရှောင်ပင်းသည် လေးလေးနက်နက်ပြုလုပ်နေ၏။ အဘယ်ကြောင့်ဆိုသော် သမက်တော်သည် သူမကို တာဝန်ပေးခဲ့သောကြောင့်ပင်။ သမက်တော်သည် အဘယ်ကြောင့် တခြားသောသူများကို တာဝန်မပေးခဲ့ ရသနည်း။ ရှောင်ပင်းကို ပေးရသနည်း။
ရှောင်ပင်းသည် သမက်တော်၏ အချစ်မြတ်ဆုံးသော အစေခံ ဖြစ်နေသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။
“သမက်တော် အပြင်ထွက်သွားပါတယ်။ ရက်အနည်းငယ်လောက်ကြာပြီ မတွေ့ရတာ” ရှောင်ပင်းသည် အားပြတ်သလို ပြောလိုက်၏။ သူမသည် နေ့စဉ်ရက်စက်ဆိုသလို သမက်တော်ကို မမြင်ရသည့်အတွက် နှလုံးသားတစ်ခုလုံး လစ်ဟင်းနေသလိုပင် ခံစားနေမိ၏။
“အပြင်ကို ထွက်သွားတယ် ဟုတ်လား။ ဘယ်ကိုသွားတာလဲ” မူလန်က မေးမြန်းလိုက်သည်။
ရှောင်ပင်းက ပြောလိုက်၏။ “မသိပါဘူး။ သမက်တော်က ကျွန်မကို မပြောခဲ့ဘူး”
ပြီးနောက် ရှောင်ပင်းသည် မူလန်၏ဦးခေါင်းထိပ်နေရာသို့ လက်ညှိုးညွှန်လိုက်သည်။ “သခင်မလေး ခ .. ေါင်းထိပ်မှာ ဘာလို့ စိမ်းစိမ်းကြီးတွေ ရှိနေတာလဲ။ ဒါဘာကြီးလဲ”
မူလန်သည် ချက်ချင်းပင် ထိုအရာကို ဖယ်ရှားလိုက်၏။ ဤအရာက သစ်ရွက်ပင်ဖြစ်၏။ အလောတကြီး ရောက်ရှိလာခဲ့သောကြောင့် သစ်ရွက်ခေါင်းပေါ်တင်နေသည်ကိုပင် သတိမပြုမိခဲ့ချေ။ အချစ်၏ စွမ်းအားသည် အရာအားလုံးကို လျစ်လျူရှုနိုင်စေ၏။
မူလန်သည် ခြံဝင်း၏အပြင်ဘက်ဆီသို့ လျှောက်ထွက်ပြီး သူမအဖေ၏ စာကြည့်ခန်းဆီသို့ အလောတကြီး သွားလိုက်၏။ အဆုံးသတ်မှာတော့ ကျင်းမူကုန်းတစ်ယောက် စာကိုရေးသားနေသည်ကိုသာ မြင်ရသည်။
“ဘာလုပ်နေတာလဲ”
ကျင်းမူကုန်းက ပြောလိုက်၏။ “စာတွေ ကူးနေတာလေ”
မူလန်သည် သေသေချာချာ ကြည့်ရှုပြီးသည့်နောက် ကျင်းမူကုန်းသည် အနောက်အရပ်သို့ ခရီးသွားခြင်းကို ကူးနေခြင်း ဖြစ်ကြောင်း သိရှိလိုက်၏။ အနောက်အရပ်သို့ ခရီးသွားခြင်း ဇာတ်လမ်း၏ ဒုတိယမြောက် စာဖတ်သူသည် မူလန်ပင်ဖြစ်၏။ သူမသည် ထိုအရာကို အလွန်အမင်း နှစ်သက်၏။
ထိုအချိန်မှာတော့ ကျင်းမူကုန်းသည် စွန်းဝူခုန်း သောင်းကျန်းနေသည့် ဇာတ်လမ်းကို ရေးသားနေခြင်းပင် ဖြစ်၏။
“ယောက်ဖ ဒီမှာ မရှိဘူး။ နောက်ထပ် အနောက်အရပ်သို့ ခရီးသွားခြင်း ဇာတ်လမ်းလည်း မရှိသေးဘူး။ ကျုပ်လည်း အဲဇာတ်လမ်း ဆက်ကူးချင်လို့ စောင့်နေတာပဲ။ အခုအရင်ကဟာတွေ ပြန်ကူးနေရတယ်။” ကျင်းမူကုန်းက ပြောလိုက်သည်။
မူလန်သည် စိတ်မရှည်စွာ မေးလိုက်၏။ “မင်းယောက်ဖ ဘယ်မှာလဲ။ ဘယ်သွားတာလဲ”
ကျင်းမူကုန်းက ပြောလိုက်သည်။ “နုရှောင့်မြို့ကို သွားတာလေ”
မူလန်က အော်ဟစ်လိုက်၏။ “သူက ဘာလို့ နုရှောင့်မြို့ကို သွားတာလဲ။ အဲမှာ အရမ်းအန္တရာယ်များတယ်။ သူ့ကို ဘယ်သူက ကာကွယ်ပေးတာလဲ”
ကျင်းမူကုန်းက ပြောလိုက်သည်။ “အမျိုးသမီးတစ်ယောက် ကာကွယ်ပေးတယ်။ ကောင်းကင်တာအို အဖွဲ့အစည်းကပဲ”
မူလန်က ပြောလိုက်၏။ “ကောင်းကင်တာအို အဖွဲ့အစည်းက မိန်းမတစ်ယောက် ဟုတ်လား။ ဘယ်လိုပုံစံလဲ”
ကျင်းမူကုန်းက ပြောလိုက်သည်။ “ယောက်ဖ ပြောတာကတော့ ကျုပ်ထက်တောင် ရုပ်ဆိုးတယ်တဲ့။ ဒါပေမဲ့ ထင်တာတော့ သူက ချောတယ်လို့ ကျုပ် ထင်တယ်”