← Chapters

အခန်း (၂၀၈)

Vol. 15 Ch. 208

အခန်း (၂၀၈)

Vol. 15 Ch. 208

မူလန်သည် သူမ၏မောင်ငယ်ကို တစ်ချက်လှမ်းကြည့်ပြီး စိတ်သက်သာရာရသလို ခံစားခဲ့ရ၏။ “မင်းယောက်ဖက နုရှောင့်မြို့ကို ဘာလို့သွားတာလဲ။ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြစ်ခဲ့တာလား။ မဟုတ်ရင် သူ့လို သေရမှာကြောက်တဲ့လူက ဒီလိုစွန့်စားပြီး အလုပ်လုပ်မှာ မဟုတ်ဘူး” မူလန်က ပြောလိုက်၏။

ကျင်းမူကုန်းက ပြန်လည်ကာ ပြောဆိုလိုက်သည်။ “ချင်းချင်းက သူ့ကို ဝှက်စာတစ်ခုပေးခဲ့တယ်။ ချောင်ယောင်းအာ နေမကောင်းဖြစ်နေတယ်တဲ့။ အသက်အန္တရာယ်ရှိတယ်။ ဒါကြောင့် ယောက်ဖက သွားပြီး ကယ်တာတဲ့”

ဤအရာသည် ကျိန်းသေပေါက် လျှို့ဝှက်ချက်တစ်ခုဖြစ်၏။ အသေးစိတ်ကို လူနှစ်ယောက်တည်းသာလျှင် သိရှိ၏။ တစ်ယောက်သည် ရွှမ်ဝူကျင်းကျိုးဖြစ်ပြီး တခြားသောတစ်ယောက်မှာတော့ ကျင်းမူကုန်းဖြစ်၏။ စုဖေ့ဖေ့ ပင်လျှင် မသိရှိချေ။ ကျင်းဟွေ့နှင့် ရှမ့်ဆယ့်သုံးတို့သည်လည်း မသိရှိချေ။

ရွှမ်ဝူနှင့် ရှမ့်လန်တို့သည် ကျင်းမူကုန်းကို ပြုစုပျိုးထောင်ရန်အတွက် အလွန်အမင်း အလုပ်များလျက် ရှိနေ၏။ ထို့ကြောင့်ပင်လျှင် နေ့စဉ်နေ့တိုင်း စာအုပ်များကူးကာ ရေးသားနေခြင်းထက် တခြားသောအရာများကို စိတ်ပါဝင်စားစေရန် တချို့သော လျှို့ဝှက်ချက်များကို ထုတ်ဖော်ကာ ပြောကြားထားခြင်းဖြစ်၏။ အနာဂတ် ရွှမ်ဝူဖြစ်လာမည့် ကျင်းမူကုန်းသည် ညံ့ဖျင်းလွန်းလျက်ရှိ၏။ မပြည့်စုံသည့် လူတစ်ယောက်လည်း ဖြစ်လို့နေခဲ့၏။ သို့ပေမည့် အမြင်ရှိရန် လိုအပ်၏။ ထို့ကြောင့်ပင်လျှင် နေ့စဉ်နေ့တိုင်းဆိုသလို အရေးကြီးသည့် အချက်အလက်များ ကို ခေါ်ယူဆွေးနွေးခဲ့ခြင်း ဖြစ်၏။

ချောင်ယောင်းအာကို ကယ်တင်ရန် သွားလေသည်လား။ မူလန်၏ နှလုံးခုန်သံများသည် မြန်ဆန်သွားခဲ့၏။ သူမသည် စိုးရိမ်သွားမိသည်။ “စိတ်မပူပါနဲ့။ စိတ်မပူပါနဲ့။ ငါ့စိတ်ကူးတွေ ရိုင်းစေလို့ မဖြစ်ဘူး။ ငါ့ယောက်ျားက ထိန်းမရတဲ့ လူမျိုးဆိုပေမဲ့ ချောင်ယောင်းအာကတော့ ထိန်းမှာပါ”

သူမသည် နုရှောင့်မြို့ဆီသို့သွားရောက်ပြီး ရှမ့်လန်ကို ချက်ချင်းရှာဖွေရန် စဉ်းစားလိုက်မိ၏။ သို့ပေမည့် အဆုံးသတ်မှာတော့ ထိုအတွေးကို ဖယ်ရှားလိုက်မိ၏။

ကျင်းမူကုန်းက ရုတ်တရက်ပြောလိုက်သည်။ “အစ်မ ဒီနေ့ဝတ်ထားတာ တော်တော်လှတာပဲ”

မူလန်က ခွန်းတုံ့ပြန်လိုက်၏။ “ဟုတ်လား”

သူမသည် စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ခြင်းဖြစ်၏။ မူလန်၏ အဝတ်အစား တော်တော်များသည် ဤအရောင် ဖြစ်လို့နေ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ စိမ်းပြာရောင်ဝတ်စုံတစ်စုံ ပျောက်ဆုံးသွားခဲ့ဖူး၏။ ရှမ့်လန်သည် ထိုအရာကို ယူဆောင်ပြီး မဖွယ်မရာ ပြုလုပ်ခဲ့သည်ကိုလည်း ဝန်ခံခဲ့လေ၏။ ထို့ကြောင့်ပင်လျှင် သူမက ရှမ့်လန်တစ်ယောက် အစိမ်းရောင် ဝတ်စုံများကို ကြိုက်နှစ်သက်တတ်သည်ဟု ထင်မှတ်သွားခဲ့၏။ ထို့ကြောင့် စိမ်းပြာရောင် တော်တော်များများကို ချုပ်ကာ ဝတ်ဆင်ထားခဲ့ခြင်းပင်ဖြစ်သည်။

ယောက်ျား၏အာရုံကို ဆွဲဆောင်ရန်အလို့ငှာ သူမသည် အတော်အားစိုက်ခဲ့ရ၏။ မတတ်နိုင်ချေ။ သူမ၏ ယောက်ျားသည် မြာပွေလွန်းလှချေ၏။ ထို့ကြောင့် ကျိန်းသေပေါက် သူမ၏အနားတွင် ထိန်းသိမ်းထားရပေမည်။

ကျင်းမူကုန်းက ပြောလိုက်၏။ “အင်း ... ဒီအစိမ်းရောင်က အရမ်းကို တည်ငြိမ်ပြီး လှပတယ်။ ပြီးတော့ ကြည့်လို့ အရမ်းကောင်းတယ်”

ဟုတ်ပေ၏။ ဤအရာသည် ရှမ့်လန်၏ စကားများပင်ဖြစ်၏။ ကျင်းမူကုန်းသည် အလှအပနှင့်ပတ်သက်၍ ဤကဲ့သို့ ဖော်ညွှန်းပြောဆိုနိုင်လိမ့်မည်မဟုတ်ချေ။ သူ၏မျက်လုံးထဲတွင် အရာအားလုံးက လှပပြီးသားဖြစ်၏။ ဝတ်စုံဖြစ်ဖြစ် ... အမျိုးသမီးဖြစ်ဖြစ် ... ဘာဖြစ်ဖြစ်လှပ၏။

မူလန်သည် ဤအရာကိစ္စနှင့်ပတ်သက်၍ လတ်တလော ဆွေးနွေးရန် စိတ်ဆန္ဒ အလျဉ်းမရှိချေ။ ထို့ကြောင့် ရဲတိုက်၏ အမြင့်ဆုံးထပ်ဆီသို့တက်ပြီး အရှေ့ဘက်အရပ်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူမ ဘာကိုမှ မမြင်ရချေ။ ပင်လယ်ကိုပင်မမြင်ရချေ။ သူမ၏ယောက်ျား ဘာမှမဖြစ်စေရန် ဆုတောင်းလိုက်မိသည်။

သူမ၏ယောက်ျားသာ လုံခြုံသည်ဆိုပါက မည်သည့်အရာပဲဖြစ်ဖြစ် ကိစ္စရှိလိမ့်မည် မဟုတ်ချေ။ သူမ၏ယောက်ျား သည်သာ ထိခိုက်နာကျင်ခြင်း မရှိသည်ဆိုပါက မိန်းမတစ်ယောက်နှင့်ပဲ အိပ်အိပ် ၊ နှစ်ယောက်နှင့်ပဲ အိပ်အိပ် မည်သည့်အရာကိုပဲ ပြုလုပ်ပြုလုပ် သူမ အံကြိတ်ကာ သည်းခံမည်။ ပြန်လာသည်ဆိုပါက ကျိန်းသေပေါက် လက်ခံပေးရပေလိမ့်မည်။ မည်သို့ပင်ဖြစ်ဖြစ် ကိစ္စမရှိချေ။

...........

ချောင်ရှောင်းသည် ဒေါသတကြီးဖြင့် အိမ်ရှိရာဆီသို့ ပြန်လာခဲ့လိုက်၏။

“အဖေ... ချောင်ယောင်းအာကို ဘယ်အချိန်ထိ သည်းခံနေမှာလဲ”

ချောင်ရှောင်းက ဒေါသတကြီး ပြောလိုက်သည်။ “အခု သူမရဲ့ ထိန်းချုပ်မှု အောက်မှာ ပင်လယ်ဓားပြ တစ်သောင်းကျော်လောက် ရှိတယ်။ ကျုပ်တို့ သူ့ကို ရင်မဆိုင်နိုင်ဘူးဆိုရင် သူဒီထက်ပိုပြီးတော့ ကြီးထွားလာလိမ့်မယ်။ ပြီးတော့ သူက အဖေ့ရဲ့သမီးရင်းလည်း မဟုတ်ဘူး”

ပင်လယ်ဓားပြ ချောင်ထျန်းဝေသည် နံရံတွင်ရှိနေသည့် မြေပုံကြီးကို ကြည့်ရှု၏။ သူသည် ဝမ်ကျားကျွန်း တည်နေရာဆီသို့ အာရုံစူးစိုက်ကာ ကြည့်ရှုနေခြင်းပင်။ ဤကျွန်းကြီးသည် ရွှေမှုန့်ရွှေမွှားများနှင့် ပြည့်နှက်လျက် ရှိနေသည့်အရာမျိုးပင်ဖြစ်၏။

ဝမ်ကျားကျွန်းအကြောင်းကို ပြောသည့်အချိန်မျိုးတွင် ထန်လွမ်သည် အလွန်ပင် စိတ်ပူနေပုံပေါ်၏။ ချောင်ထျန်းဝေသည် အလွန်အမင်း တည်ငြိမ်ခဲ့ပုံပေါ်၏။ သို့ပေမည့် စိတ်ထဲတွင်တော့ သူ၏ လိုချင်လောဘသည် ထန်လွမ်ထက်ပင် ပိုမိုကာ သာလွန်လျက် ရှိနေ၏။ ပင်လယ်ဓားပြဘုရင် တစ်ယောက်အနေနှင့် ရွှေနှင့်ငွေကို မနှစ်သက်ဟူ၍ အဘယ်မှာရှိမည်နည်း။

ချောင်ရှောင်းက ပြောလိုက်၏။ “အဖေ... ကျုပ်ပြောတာရော ကြားရဲ့လား။ တကယ်လို့ ချောင်ယောင်းအာရဲ့ လက်ထဲမှာရှိတဲ့ လက်ရွေးစင်စစ်သည် ၂၀၀၀ ကျော်တို့ကိုသာ အဖေ အမိန့်မပေးနိုင်ဘူးဆိုရင် တစ်နေ့မှာ ဒုက္ခရောက်လိမ့်မယ်။ ကျုပ်ကလည်း သူ့ရဲ့သတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်။ ပြီးတော့ နုရှောင့်မြို့ရဲ့ သခင်နေရာကို သူ ရောက်သွားလိမ့်မယ်”

ချောင်ထျန်းဝေသည် ထူးမခြားနားသလို ပြောလိုက်သည်။ “မဟုတ်ဘူး။ ချောင်ယောင်းအာရဲ့ နှလုံးသားက အဲ့လိုမဟုတ်ဘူး။ သူက တိုက်ခိုက်ခြင်းနဲ့ သတ်ဖြတ်ခြင်းကိုပဲ စိတ်ဝင်စားတာ။ သူ့ရဲ့ဘဝက ဘာမှန်းမသိတဲ့ လောကကြီးဆီ စွန့်စားလှည့်လည် သွားလာဖို့ပဲ။ လောကကြီးရဲ့ ဩဇာအာဏာဆိုတာကို သူ စိတ်မဝင်စားဘူး”

ချောင်ရှောင်းက ပြောလိုက်၏။ “လူတစ်ယောက်ရဲ့ ရည်မှန်းချက်ဆိုတာ တဖြည်းဖြည်း ကြီးထွားလာတာလေ။ ကျုပ်တို့ချောင်မိသားစုရဲ့အနာဂတ်အတွက် သူမကို ဖယ်ရှားရမယ်လို့ မဖြစ်မနေ ခံစားမိနေတယ်။ သူမရဲ့ သိုင်းပညာကို ဖျက်ဆီးနိုင်မယ့်နည်းလမ်းကို စဉ်းစားတာကောင်းမယ်”

“အရူး”

ချောင်ထျန်းဝေက အော်ဟစ်လိုက်၏။ “မင်း သူ့ကိုသွားပြီး ပြဿနာရှာပြန်ပြီလား။ မင်းဘာတွေ တွေးနေလဲဆိုတာ ငါမသိဘူး မထင်နဲ့။ မင်းအသက် ရှင်ချင်တယ်ဆိုရင် ကြပ်ကြပ် သတိထား။ ငါ့ကြောင့်သာ မဟုတ်ရင် သူ မင်းကို သတ်ပစ်တာ ကြာပြီ”

ချောင်ထျန်းဝေသည် ချောင်ရှောင်း၏ နောက်ကျောဘက်မှ ဒဏ်ရာတစ်ခုကို မြင်လိုက်ရ၏။ ချက်ချင်းပင် အေးစက်သည့် အလင်းတန်းများ မျက်လုံးထဲတွင် ပေါ်ပေါက်လာခဲ့သည်။ “သူ ခုတ်လိုက်တာလား”

ချောင်ရှောင်းက ပြောလိုက်၏။ “မဟုတ်ဘူး။ သူ့ရဲ့အောက်မှာရှိနေတဲ့ အမျိုးသမီးစစ်သည်တော် တစ်ဒါဇင် ကျော်လောက် ကျုပ်ကိုဝိုင်းပြီး တိုက်ခိုက်ခဲ့တာ”

ချောင်ထျန်းဝေက ပြောလိုက်သည်။ “မင်း ဘာထပ်လုပ်ခဲ့တာလဲ”

ချောင်ရှောင်းသည် အသာရယ်မောလိုက်၏။ ပြီးနောက် မဖြေခဲ့ချေ။ အေးစက်စက်သာ ပြောလိုက်၏။ “အဖေ.. သူ့ရဲ့စစ်သည်တွေကတောင်မှ အရမ်းဆိုးနေကြပြီ။ နုရှောင့်မြို့ထဲမှာ ကျုပ်က သခင်လေးလေ။ သူတို့ရဲ့သခင်လို့ သုံးသပ်လို့ရတယ်။ ဒါပေမဲ့ သူတို့က ကျုပ်ကို သတ်ချင်နေတယ်။ ကြည့်ရတာ သူတို့ရဲ့မျက်လုံးထဲမှာ ချောင်ယောင်းအာပဲ ရှိတာ။ ကျုပ်တို့ မရှိဘူး။ သူတို့ရဲ့မျက်လုံးထဲမှာ ချောင်ယောင်းအာက နုရှောင့်မြို့ရဲ့သခင်ပဲ”

ချောင်ထျန်းဝေ၏ မျက်နှာပေါ်၏ ကြွက်သားများက တုန်ယင်သွားခဲ့သည်။

ချောင်ရှောင်းက ထပ်မံကာ ပြောလိုက်၏။ “ဪ ဟုတ်ပြီ။ တစ်စုံတစ်ယောက်က သူ့ကို အဆိပ်ခတ်ချင်တယ်တဲ့။ ဆားကို အသုံးပြုပြီးတော့ အဆိပ်ခတ်ခဲ့တာလို့ ပြောတယ်။ အခု ရှုရှုက ထွက်ခွာသွားပြီ။ သူတို့က စားဖိုမှူးမကို လိုက်ပြီးရှာနေတယ်။ စားဖိုးမှူးမ ပျောက်သွားတယ်။ ကြည့်ရတာ တစ်စုံတစ်ယောက်က ဒုက္ခပေးခဲ့တာပဲဖြစ်မယ်။ ချောင်ဟောင်များ ဖြစ်မလား မသိဘူး”

ချောင်ထျန်းဝေ၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲသည်။ “သိသွားပြီလား။ ယောင်းအာ ဘယ်လိုအခြေအနေ ရှိလဲ”

ချောင်ရှောင်းက ပြန်ပြောလိုက်၏။ “ဆေးကုပြီးသွားပြီ။ တကယ့်ကို လှပတဲ့ အမျိုးသမီးသမားတော် တစ်ယောက်တဲ့”

ချောင်ထျန်းဝေသည် အံ့အားသင့်သွားမိသည်။ “အမျိုးသမီးသမားတော်က ဒီလောက်တောင် စွမ်းရည်ရှိတာလား။ ငါတစ်လောကလုံးမှာ ရှိတဲ့ သမားတော် တော်တော်များများကို ရှာပြီး ကုသခိုင်းခဲ့တာ ဘာဖြစ်လဲတောင်မှ အဖြေရှာမရဘူး။ ဒီအမျိုးသမီးသမားတော်က အကြောင်းအရင်းကို ရှာဖွေတွေ့ရှိရုံသာမကဘူး ကုတောင် ကုပေးနိုင်ခဲ့တယ် ဟုတ်လား”

ချောင်ရှောင်းက ပြောလိုက်သည်။ “ဟုတ်ပါတယ်။ သူမက အရမ်းလှတယ်လို့လည်း ကြားတယ်။ ပါရမီရှင် တစ်ယောက်ပဲတဲ့။ အဖေ အိမ်တော်ကို ဘာလို့မခေါ်တာလဲ”

ချောင်ထျန်းဝေက မဖြေခဲ့ချေ။ ပြီးနောက် ပြန်လည်ကာ ပြောဆိုလိုက်၏။ “မြန်မြန် ဝမ်ကျားကျွန်းကို သွား။ ချောင်ယောင်းအာက ငါ့ဆီကို ရောက်လာပြီဆိုရင် ငါမင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ နောက် အချိန်အတိုင်းအတာ တစ်ခုအတွင်း သူမကို သွားပြီး ပြဿနာမရှာနဲ့”

“ဘာကြောင့်လဲ”

ချောင်ရှောင်းက ပြောလိုက်သည်။ “နုရှောင့်မြို့ရဲ့ သခင်က ဘယ်သူလဲ”

ချောင်ထျန်းဝေက ပြောလိုက်၏။ “ကျင်းချန်ကျွန်းကို ချောင်ဟောင်က စောင့်ရှောက်နေတယ်။ ဒါ ငါတို့အတွက် အရမ်းကို အရေးကြီးတယ်။ အဲ့ဒီမှာရှိတဲ့ သံမဏိတွေ၊ လက်နက်တွေအကုန်လုံးက ငါတို့ဆီရောက်လာလိမ့်မယ်။ ပြီးတော့ ဝမ်ကျားကျွန်းကို ငါတို့က ဦးဆောင်ပြီး တိုက်ခိုက်မယ်။ ဒါဆိုရင် နုရှောင့်မြို့ကို ဘယ်သူက စောင့်ရှောက်မှာလဲ။ ယောင်းအာ တစ်ယောက်ပဲ ရှိတာမဟုတ်လား”

ချောင်ရှောင်းက တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ သူသည် ချောင်ယောင်းအာကို ဆက်တိုက်ဆိုလို သတ်ဖြတ်ချင်၏။ သို့ပေမည့် စိတ်ထဲတွင်တော့ ချောင်ယောင်းအာသည် အသုံးဝင်လျက် ရှိနေသေးကြောင်း ကိုတော့ သိရှိ၏။ ချောင်ယောင်းအာသည် ပြိုင်ဖက်ကင်းသည့် တပ်မှူးတစ်ယောက်ဖြစ်ပြီး အမျိုးသမီး တိုက်ခိုက်ရေးသမား တစ်ယောက်လည်း ဖြစ်၏။ နုရှောင့်မြို့ကို သူမသာ စောင့်ကြပ်နေမည်ဆိုပါက အလုံးစုံ လုံခြုံမှုရှိ၏။ စစ်သည်ပေါင်း သောင်းနှင့်ချီ ရောက်ရှိလာသည်ဆိုလျှင်တောင်မှ အထဲသို့ ချိုးဖျက် ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။

ချောင်ထျန်းဝေသည် သူ၏စစ်တပ်ကြီးကို ဦးဆောင်ကာဖြင့် ဝမ်ကျားကျွန်းကို သွားရောက်တိုက်ခိုက်သည့် နေရာတွင် မည်သည့်အရာကို အစိုးရိမ်ဆုံးဖြစ်မည်နည်း။ ဟုတ်ပေ၏။ တခြားသောသူများ ရောက်ရှိလာပြီး နုရှောင့်မြို့ကို တိုက်ခိုက်ခြင်းပင်ဖြစ်၏။ သူ၏ခြံဝင်းကို ဝင်ရောက် တိုက်ခိုက်သွားမည်ကို သူစိုးရိမ်မိ၏။

ထို့အပြင် လေ့ကျိုးကျွန်း၏ ပင်လယ်ဓားပြအားလုံးသည် စည်ကမ်းဟူ၍ ရှိလိမ့်မည်မဟုတ်ချေ။ ချောင်ထျန်းဝေ အား သူတို့၏သခင်အဖြစ် သတ်မှတ်ထားခဲ့သည်ဆိုခြင်းမှာ မဖြစ်သာသောကြောင့်သာ ဖြစ်၏။ ဤပင်လယ်ဓားပြ ခေါင်းဆောင်များသည် ရည်မှန်းချက် ကြီးမားလိမ့်မည်ဖြစ်ကြောင်းကို မည်သူက သိရှိနေမည်နည်း။ သို့ပေမည့် ချောင်ယောင်းအာလို ပြိုင်ဘက်ကင်းသည့် သိုင်းပညာရှင်သည် နုရှောင့်မြို့ကို စောင့်ကြပ်လျက် ရှိနေသည်ဆိုပါက ဤပင်လယ်ဓားပြများသည် တစ်ချက်ကလေးမှ လှုပ်ရှားရဲလိမ့်မည် မဟုတ်ချေ။

ချောင်ယောင်းအာ၌ မည်သည့်ရည်မှန်းချက်မှ မရှိသည်ကို ချောင်ရှောင်းကလည်း သိရှိ၏။ သူ၏ အဖေ အပေါ်တွင်လည်း အလုံးစုံ သစ္စာလည်း ရှိလို့နေခဲ့၏။ ချောင်ယောင်းအာအနေနှင့် မြို့သခင်နေရာအား ဘယ်တော့မှ တိုက်ခိုက်လိမ့်မည် မဟုတ်ကြောင်းကို သူက သိရှိ၏။ အဓိကအားဖြင့် သူ ဖြစ်နေခြင်းမှာ သူ၏ မနာလို ဝန်တိုစိတ်ကြောင့်ပင်။

“ဝမ်ကျားကျွန်းကို ဘယ်အချိန် သွားရမယ်ဆိုတာကို သိလား။ ဘာလုပ်ရမယ်ဆိုတာ သိလား” ချောင်ထျန်းဝေက မေးမြန်းလိုက်၏။

ချောင်ရှောင်းက ပြောလိုက်သည်။ “သိပါတယ်။ အဆုံးစွန်ထိ မောက်မာရမယ်။ ကျုပ်ကို ဘယ်သူမှ မတားဆီးရဲအောင် လမ်းမှာလာပြီး တားဆီးတဲ့လူမှန်သမျှကို အကုန်သတ်မယ်။ ကျုပ်ရဲ့နောက်မှာ ပင်လယ်ဓားပြပေါင်း တစ်သောင်းကို ခေါ်သွားမယ်။ ကျင်းမိသားစုက ကျုပ်ရဲ့ဆံချည်တစ်မျှင်ကိုတောင် မထိခိုက်ရဲစေရဘူး”

ချောင်ထျန်းဝေက ပြောလိုက်၏။ “မှတ်ထား။ ကျင်းမိသားစုရဲ့ တုံ့ပြန်မှုက နည်းနည်းလေး တင်းမာနေမယ်ဆိုရင် မင်းကလည်း အနည်းငယ်လေး ဖြေလျှော့ပေးလိုက်။ ဒါပေမဲ့ ဖြေလျှော့ပေးတဲ့ နေရာမှာလည်း တင်းမာနေရမယ်။ မင်းဘာလိုချင်ချင် မောက်မောက်မာမာနဲ့ ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ကြည့်”

“နားလည်ပါပြီ” ချောင်ရှောင်းက ပြောလိုက်သည်။

ချောင်ထျန်းဝေက ပြောလိုက်၏။ “မင်းရဲ့မျက်လုံးနဲ့ ရွှေတွင်းကို ကိုယ်တိုင်မြင်အောင် ကြည့်ခဲ့ရမယ်။ လက်တွေ့မြင်မှပဲ ယုံကြည်ရမယ်”

ချောင်ရှောင်းက ပြောလိုက်သည်။ “နားလည်ပါပြီ”

ချောင်ထျန်းဝေက ပြောလိုက်၏။ “ဒီမှာ ရွှေတွင်းရှိတယ်ဆိုတာ သေချာသွားပြီဆိုရင် ဘာလုပ်ရမလဲ သိလား”

ချောင်ရှောင်းက ပြောလိုက်သည်။ “ချက်ချင်းပြန်လာပြီး အဖေ့ကို ပြောရမယ်”

“မဟုတ်ဘူး”

ချောင်ထျန်းဝေက ပြောလိုက်၏။ “ကျင်းကျိုးနဲ့ ကောင်းကောင်းညှိနှိုင်းရမယ်။ ရှမ့်လန်နဲ့ ညှိနှိုင်းရမယ်။ ကျင်းမိသားစုက ရွှေတွင်းတစ်ဝက်ကို လက်လျှော့အရှုံးပေးမယ်ဆိုရင် ငါတို့ ဝမ်ကျားကျွန်းကို မတိုက်ခိုက်ဘူး။ စစ်သည်တော်တွေကို ဆုတ်ခွာပြီး ကာကွယ်ပေးအုံးမယ်လို့”

ချောင်ရှောင်းက တုန်လှုပ်သွားခဲ့၏။ ပြီးနောက် မယုံကြည်ရဲစွာဖြင့် ပြောလိုက်သည်။ “တကယ်ကြီးလား”

ချောင်ထျန်းဝေက ပြောလိုက်၏။ “အနည်းဆုံး ဒီနေရာကနေ စရမှာပေါ့။ ရှမ့်လန်ကို သတ်ဖို့နည်းလမ်းကို နောက်မှ စဉ်းစားရမယ်။ မင်း ကျင်းမူလန်ကို ယူရမယ်။ နှစ်အနည်းငယ်ကြာပြီဆိုရင် အရာအားလုံးက ငါတို့လက်ထဲမှာ ရောက်သွားလိမ့်မယ်”

ချောင်ရှောင်းက ပြောလိုက်သည်။ “ဒါပေမဲ့ ကျင်းမူလန်ကို အိမ်ရှေ့စံမင်းသားက ပစ်မှတ်ထားနေတာလေ”

“ဘာပဲပြောပြော မိန်းမတစ်ယောက်ပါပဲကွာ”

ချောင်ထျန်းဝေက ပြောလိုက်၏။ “ဝမ်ကျားကျွန်းကို ငါတို့ စစ်သည်တွေ စေလွှတ်တဲ့အချိန်မှာ ငါတို့မိသားစုက ၆၀ ရာခိုင်နှုန်းရမယ်။ တကယ်လို့ စစ်သည်တစ်ယောက်မှ မလှုပ်ရှား၊ မတိုက်ခိုက်ရဘဲ ၅၀ ရာခိုင်နှုန်းရမယ်ဆိုရင် ဘယ်ဟာက ပိုကောင်းလဲ”

ချောင်ရှောင်းက ရယ်မောလိုက်သည်။ “ကျင်းမိသားစုက ရွှေတွင်းရဲ့တစ်ဝက်လောက်ကို ကျုပ်တို့ကို ခွဲပေးလိုက်ရမယ်။ ပြီးရင် မိသားစုတစ်ခုလုံးကလည်း သေဆုံးသွားရမယ်။ တကယ့်ကို ဉာဏ်ပညာရှိတဲ့ လုပ်ရပ်တစ်ခုပဲ”

ချောင်ထျန်းဝေက ပြောလိုက်၏။ “သွား.. ယောင်းအာ ငါ့ကို လာမရှာခင် မြန်မြန်သွားတော့”

“ကောင်းပါပြီ အဖေ”

ချောင်ရှောင်းက ပြောလိုက်၏။ ပြီးနောက် ထွက်ခွာသွားခဲ့သည်။

ချောင်ထျန်းဝေက ပြောလိုက်၏။ “မှတ်ထား မာကြောစရာရှိတယ် ဆိုရင်တောင်မှ ပျော့ပြောင်းရမယ်။ အကယ်၍ ပျော့ပြောင်းနေတယ်ဆိုရင်တောင်မှ မာကြောမှလည်း ဖြစ်မယ်။ ညှိနှိုင်းဆွေးနွေးမှုကို လုပ်ရမယ်။ ဖြစ်နိုင်သမျှ မတိုက်ခိုက်ဖို့ ကြိုးစားရမယ်”

ချောင်ရှောင်းက ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ကျုပ်နားလည်ပါတယ်”

သူ၏သား ထွက်ခွာသွားပြီးနောက် ချောင်ထျန်းဝေသည် ချောင်ယောင်းအာ၏ ရဲတိုက်ဆီသို့ အသာ လှမ်းလျှောက်သွား၏။ ပထမဦးဆုံး သူသည် အလွန်လှပပြီး ချောင်ယောင်းအာ၏ရောဂါကိုပင် ကုသနိုင်စွမ်း ရှိသော သမားတော်အမျိုးသမီးကို မြင်ချင်၏။ သူမသည် တကယ့်ကို လုပ်နိုင်ကိုင်နိုင်စွမ်း ရှိရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏အိမ်တော်ဆီသို့ ခေါ်ဆောင်သွားရန် စဉ်းစားရပေလိမ့်မည်။

ချောင်ယောင်းအာက သဘောမတူသည်ဆိုပါက ကျိန်းသေပေါက် သူသည် ဖိအားပေးရမှာ ဖြစ်၏။ ချောင်ယောင်းအာကဲ့သို့သော အမျိုးသမီးတစ်ယောက်အနေနှင့် အဖေကို လိုက်လျောပေလိမ့်မည်။

ဒုတိယ အနေဖြင့် ဤနေရာဆီသို့ ရောက်ရှိလာရခြင်းသည် သူ၏မွေးစားသမီးကို နှစ်သိမ့်ခြင်းသဘောကြောင့်ပင်။ ချောင်ရှောင်းသည် ဆိုးဝါးသည့်အရာများကို ပြုလုပ်ခဲ့သည် မဟုတ်ပါလား။ မကြာခင် စစ်ပွဲက စတင်တော့မှာ ဖြစ်၏။ နုရှောင့်မြို့၏ အကာအကွယ်တစ်ခုလုံးသည် ချောင်ယောင်းအာအပေါ်တွင် မူတည်လျက်ရှိနေ၏။ သူမကို စိတ်ဓာတ်ကျစေ၍ မဖြစ်ချေ။

သို့ပေမည့် ချောင်ယောင်းအာ၏ အဖြူရောင်ရဲတိုက်ကြီးနှင့် မိုင်တစ်ရာပတ်လည်အနားသို့ ရောက်သည့် အချိန်မှာတော့ ဆူညံသည့်အသံများကို ကြားလိုက်ရ၏။

ဒုန်း ဒုန်း ဒုန်း..

လူပေါင်းများစွာတို့သည် ချပ်ဝတ်နှင့် ဓားများကို ထိရိုက်ကာဖြင့် ဟစ်ကြွေးလျက် ရှိနေခြင်းပင်။ တကယ့်ကို သတ်ဖြတ်လိုခြင်း ဆန္ဒအပြည့်ဖြင့် အော်ဟစ်လျက်ရှိနေခြင်းပင်။ ချောင်ယောင်းအာသည် သူမ၏ စိတ်သဘော မတွေ့မှုအတွက် ဒေါသဖြေနေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

“မဖြစ်သေးဘူး”

ဤအချိန်သွား၍ မဖြစ်ချေ။ ချောင်ရှောင်းကလည်း ရှိနေသေး၏။ ချောင်ရှောင်းသွားပြီးမှ သွားလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ မနက်ဖြန်မှ သွားတွေ့ဆုံခြင်းက အကောင်းဆုံးဖြစ်မည်။

.......

ညသို့ ရောက်ရှိလာခဲ့လေ၏။ နောက်တစ်နေ့ မနက်တွင် ရှမ့်လန် နိုးထလာခဲ့၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် သူ၏ခန္ဓာကိုယ် မဟုတ်သကဲ့သို့ပင် ခံစားနေရ၏။ ခန္ဓာကိုယ်၏ အရိုးအားလုံးတို့သည် နာကျင်လျက် ရှိနေ၏။ သူ၏ နောက်ကျောတစ်ခုလုံးသည် နာကျင်လျက်ရှိနေ၏။ ပေါင်ခွကြားနေရာကလည်း ပူလောင်လျက်ရှိနေ၏။

ထိုတင်သာ မကသေးချေ။ ခန္ဓာကိုယ်၏ အစိတ်အပိုင်း တစ်ခုချင်းစီကလည်း နာကျင်လျက်ရှိ၏။ မျက်လုံးကို အသာမှေးကာ ဖွင့်ကြည့်လိုက်သည့်အချိန်မှာတော့ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်လျက်ရှိနေ၏။ သွားကိုက်ရာများ၊ ကုတ်ခြစ်ရာများ အလုံးစုံပြည့်နှက်လျက်ရှိနေသည်။

“ကောင်းကင်ဘုံ... ငါမသေသေးဘူးလား” ရှမ့်လန်သည် ခေါင်းကို အသာငုံ့ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ အံ့အားသင့်စွာဖြင့် ထကာ အော်လုမတက် ဖြစ်သွား၏။ သူ၏မိသားစု ရတနာလေးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေပြီဖြစ်၏။ ပွက်ပွက်ဆူသည့်ရေထဲသို့ ကျရောက်သွားသကဲ့သို့ပင် နီမြန်းကာ ရောင်ကိုင်းလျက်ပင် ရှိနေ၏။ ထိုရတနာအပေါ်တွင် ဒဏ်ရာနှင့် သွေးစီးကြောင်း များလည်း ရှိနေ၏။

“ကောင်းကင်ဘုံ.. လွန်ခဲ့တဲ့ညက ငါဘာတွေများ ဖြစ်ခဲ့တာလဲ။ ငါဘယ်လို အသက်ရှင်ခဲ့တာလဲ”

လက်ရှိ ဆရာလန်သည် တောင့်တင်းခိုင်မာလွန်းသည့် ယောက်ျားပေါင်း ၁၀၀ ကျော်၏ ဝိုင်းဝန်း အဓမ္မပြုကျင့်ခြင်းကို ခံထားရသည့် ပုံစံမျိုးကဲ့သို့ပင်။ သူသည် မြေပေါ်တွင် ရှိနေခြင်းတော့ မဟုတ်ချေ။ အိပ်ရာပေါ်သို့ ရောက်ရှိနေ၏။ စောင်ကိုလည်း ခြုံထားသေး၏။ သူ၏အနားတွင် မည်သူမှမရှိချေ။

“ဒီမှာ တစ်ယောက်ယောက် ရှိလား” ရှမ့်လန်သည် အမှတ်မထင် မေးမြန်းလိုက်၏။

သူ၏လည်ချောင်းဆီမှ ထွက်ပေါ်လာသည့်အသံသည် ခြောက်ကပ်လျက်ရှိနေ၏။ ထို့အပြင် ကျယ်ကျယ်လည်း မဟုတ်ချေ။ နှုတ်ခမ်းများက မီးကဲ့သို့ပင် တောက်လောင်လျက် ရှိ၏။ သူသည် ငွေမှန်ကြီးကို လှမ်းကာ ကြည့်ရှုသည့် အချိန်မှာတော့ နှုတ်ခမ်းများက နီရဲပြီး ရောင်ကိုင်းနေ၏။ မည်မျှ နမ်းရှိုက်ခံထားရသည်ပင် မသိချေ။

ဆရာလန်သည် ထိတ်လန့်တကြားဖြင့် ထကာ အော်ဟစ်မိ၏။ “ကောင်းကင်ဘုံ... ငါ လွန်ခဲ့တဲ့ညက ဘာတွေများ ဖြစ်ခဲ့တာလဲ”

သူခေါင်းကို ထိကိုင်ကြည့်လိုက်၏။ ခေါင်းပေါ်တွင် ခြောက်ကပ်လျက်ရှိနေသည့် သွေးစီးကြောင်းများလည်း ရှိနေသေး၏။ အသာယူကာဖြင့် နမ်းရှိုက်လိုက်၏။ ထူးဆန်းသည့်အနံ့တစ်မျိုးပင်။ သူ၏ခေါင်းသည် အရာ တစ်ခုခုနှင့် ခပ်ပြင်းပြင်းထိခိုက်ထားခဲ့သည့်ပုံပေါ်သည်။

ရှမ့်လန်သည် တစ်စုံတစ်ခုကို ပြန်လည်ကာ စဉ်းစားကြည့်၏။ ထို့အပြင် ဆေးခတ်ခြင်းကို ခံခဲ့ရသောကြောင့် သူကိုယ်တိုင်ပင်လျှင် အိပ်မက်ထဲသို့ ရောက်ရှိနေသလို ခံစားနေခဲ့၏။ ထို့ကြောင့် သေသေချာချာ ပြန်လည် စဉ်စားကြည့်လိုက်သည်။ အရာအားလုံးသည် တဖြည်းဖြည်းနှင့် သူ၏စိတ်ထဲတွင် ပြန်လည်ကာ ပေါ်ပေါက် လာခဲ့၏။ ပြီးနောက် သူသည် ကြက်သီးမွေးညင်းများ ထလာခဲ့၏။

“သောက်ကျိုးနည်း …. ငါ ငါ အဓမ္မကျင့်ခံရတာလား။ ငါ ချောင်ယောင်းအာရဲ့ အဓမ္မကျင့်ခြင်းကို ခံခဲ့ရတာလား”

လွန်ခဲ့သည့်ညက ဖြစ်ခဲ့သည့်အရာများကို သူသေသေချာချာ ပြန်လည်ကာ စဉ်းစားလိုက်၏။ မယုံကြည်နိုင်သလိုပင် ရူးသွပ်လုနီးပါး ဖြစ်နေ၏။ ရုပ်ရှင်ထဲတွင် သူကြည့်ခဲ့ဖူးသည့် အရာများထက်ပင် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်း၏။ ချောင်ယောင်းအာသည် နတ်မိမယ်တစ်ပါးဖြစ်သည် မဟုတ်ပါလား။ ကျိန်းသေပေါက် ခြင်္သေ့မင်းသမီးတစ်ပါး ကဲ့သို့ပင်ဖြစ်ပြီး ရှမ့်လန်မှာတော့ ယုန်သူငယ်လေးကဲ့သို့ပင်။

သူ အသက်ရှင်နိုင်ခဲ့သည်မှာ မလွယ်ကူချေ။ လွန်ခဲ့သည့်ညတုန်းက ချောင်ယောင်းအာသည် တကယ့်ကို လှပခဲ့၏။ ထိုလှပမှုသည် သူ့နှလုံးသားဝိညာဉ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသကဲ့သို့ပင်။ သို့ပေမည့် ယခု ချောင်ယောင်းအာ ဘယ်ရောက်သွားသနည်း။ အဘယ်ကြောင့် ပျောက်ကွယ် သွားရသနည်း။

ပြီးနောက် ရှမ့်လန်သည် အရေးကြီးသည့် ပြဿနာတစ်ခုကို တွေးတောလိုက်မိ၏။ ချောင်ယောင်းအာက သူ့ကိုသတ်ပစ်မည်လား။ သူမသည် အမျိုးသားများကို မုန်းတီး၏။ အမျိုးသား ၃၀၀၀ ကျော်ကိုပင် တစ်ခါတည်း သတ်ဖြတ်ခဲ့သူ တစ်ယောက်ဖြစ်၏။ မဟုတ်သေးပေ ၅၀၀၀ ကျော်ဖြစ်ပေလိမ့်မည်။

သို့ပေမည့် ယခု အမျိုးသမီးကဲ့သို့ ဟန်ဆောင်ပြီး သူလာရောက်ကာ လိမ်ညာလှည့်စားခဲ့၏။ ချောင်ယောင်းအာ၏ ကိုယ်ရည်ကိုယ်သွေး၊ အမူအကျင့်အရဆိုလျှင် ကျိန်းသေပေါက် သူ့ကို မသတ်လျှင်တောင်မှ အစိတ်စိတ်အပိုင်းပိုင်း ခုတ်ဖြတ်မှာ သေချာ၏။

သို့ပေမည့် ယခု အဘယ်ကြောင့် မသတ်ပစ်ရသေးသနည်း။ အဘယ်ကြောင့် မခုတ်ရသေးသနည်း။

သူ သတိလစ်မေ့မျောနေသည့်အချိန်တွင် သူ့ကိုသတ်ဖြတ်ပစ်ရန် ရည်ရွယ်ချက် မရှိသောကြောင့် နိုးထလာမှ တစ်စိမ့်စိမ့်နှင့် ခံစားရအောင် မုန်းတီးမှုအပြည့်နှင့် သတ်ဖြတ်ရန် ရည်ရွယ်ထားလေသည်လား။

ဆရာလန်သည် မကောင်းသည့်အရာများကို စတင်ကာ တွေးတောတတ်သည့် အကျင့်ပင် ဝင်ရောက်လာခဲ့၏။

“မဟုတ်သေးဘူး။ ငါပြေးမှဖြစ်မယ်။ ငါ့ရဲ့အသက်ကို ကယ်တင်ဖို့အတွက် ငါပြေးမှဖြစ်မယ်”

ဆရာလန်သည် အဓမ္မပြုကျင့်ခံထားရသောကြောင့် နစ်နာသူဖြစ်၏။ အဘယ်ကြောင့် ပြေးရမည်နည်း။ အလွန်အားကောင်းသည့် အမျိုးသမီး တပ်မှူးတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် မိမိက ပြုကျင့်ခံရခြင်း ၊ မိမိက သွား၍ ပြုကျင့်ခြင်း .. ဘာပဲဖြစ်ဖြစ် အရေးမကြီးချေ။ ထို့အပြင် သူမသည် အမျိုးသားများကိုလည်း မုန်းတီးသေး၏။

မည်သည့် အမျိုးသားတစ်ယောက်ယောက်၏ ထိကိုင်ခြင်းကိုမှ မခံဖူးသူတစ်ယောက်ဖြစ်၏။ သို့ပေမည့် သူသည် အမျိုးသမီး သမားတော်တစ်ယောက်အဖြစ် ဟန်ဆောင်ပြီး တစ်ဖက်လူကို သွေးကြောတိုင်းခဲ့သေး၏။ ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း ကြည့်ရှုခဲ့သေး၏။ ထိုအရာက တော်လောက်ပြီဖြစ်၏။ သို့ပေမည့် မကသေးချေ။ တစ်ဖက်လူနှင့် အတူတူအိပ်ခဲ့သည်။

သောက်ကျိုးနည်းလှချေသည်တကား။ အဘယ်သို့ လွတ်မြောက်တော့မည်နည်း။

သူသည် ခြေဖျားအသာထောက်ကာဖြင့် အခန်းထဲမှ တိတ်တဆိတ်ထွက်ကာ ပြေးရန် ပြင်လိုက်သည်။ အဝတ်များကို တဖြည်းဖြည်း ယူဆောင်ကာဖြင့် အားတင်ပြီး ခက်ခက်ခက်ခဲ ဝတ်ဆင်လိုက်၏။

“ဟို ရှစ်ချင်းချင်း ဘယ်ရောက်သွားလဲ။ ဘာလို့ ငါ့ကို လာပြီးမကူညီရတာလဲ”

All Chapters