← Chapters

လင်းမို့ အဖမ်းခံထားရတယ်လား ~

Vol. 16 Ch. 226

လင်းမို့ အဖမ်းခံထားရတယ်လား ~

Vol. 16 Ch. 226

လင်းမို့နှင့် ဟောက်ရန်တို့ လီကျားရွှမ် အဖမ်းခံသွားရသည်ကို ကြည့်နေစဥ် ရှေးဦးစကြာဝဠာ အတွင်း Black Earth အကြောင်းဆွေးနွေးသူများနှင့် ပြည့်နေ၏ ။

" Black Earth ကြက်ဘုရင်ဂိမ်းမဆော့တာ နှစ်ရက်ရှိသွားပြီ.. "

" ပြိုင်ပွဲပြီးတဲ့အထိ ဆော့ရဲတော့မယ်မထင်ဘူး.. "

" အဲ့ကောင်ကြောက်တက်လိုက်တာ...ထဘီဝတ်ပေးထားရမယ်.. "

" သူလည်း ဘယ်ဆော့ချင်တော့မလဲဟ.. ပါရဂူတန်းက ကျောင်းသားတွေနဲ့ တွေ့ရင် သူပဲ အရိုက်ခံရမှာ သေချာနေတာကို.. "

" ငါသာ Black Earth ဆို ယီးမှ ဆက်မဆော့ဘူး.. "

" ရှုံးမယ်မှန်း သိရက်နဲ့ ဝင်ဆော့ရအောင် မင်းတို့လို သောက်ရူးမဟုတ်ဘူးကွ.. "

" Black Earth ရဲ့ ပေါင်ကို ဖက်လိုက်နေတဲ့ righteousness ဆိုတဲ့ ဖက်တီးရော မဆော့တော့ဘူးဟ.. "

" အဲ့ဝက်ကို ငါသိတယ်.. ကျန်းနန်တက္ကသိုလ်က သောက်ပေါကောင်.. "

" Black Earth တောင် မဆော့ရဲတော့တာ သူ့နောက်လိုက်ဝက်က ဆော့ရဲမလားဟ.. "

လင်းမို့သည် ဂိမ်းမ​ဆော့မိသောကြောင့် သူ့အကြောင်း ဒရာမာ များစွာ ထွက်ပေါ်နေသည်ကိုမသိပေ ။

**

နောက်တနေ့ မနက်စောစော... ကျန်းနန်တက္ကသိုလ်

အရင်လက စတုတ္ထနှစ်များ ဘွဲ့ရသွားသည် ဖြစ်၍ တက္ကသိုလ်၏ အဆောင်လုပွဲများ တိတ်ဆိတ်နေခဲ့၏ ။ အဆောင်လုပွဲ စိန်ခေါ်သူ များစွာ မရှိပေ ။

လင်းမို့နှင့် ဖုန်ကျစ်ဝေ တို့နှစ်ယောက်လုံးက နာမည်ကြီးများဖြစ်၍ ပထမဆုံးပွဲ၌ စီစဥ်ပေးထားသည် ။

ပွဲမစမီ နာရီဝက်လိုသေးသော်လည်း ဆရာနှင့် ကျောင်းသားများစွာက ရှေ့ဆုံးတွင် နေရာရရန် နေရာလုနေကြလေပြီ ။

ဖုန်ကျစ်ဝေ တစ်​ယောက် အစောကြီးကတည်းက တိုက်ပွဲကွင်းပေါ်တွင် မတ်တပ်ရပ်နေ၏ ။ ရှားရှားပါးပါး နာမည်ကြီးနိုင်မည့် အခွင့်အရေးဖြစ်၍ သူ့ပုံရိပ်ကို လူသိစေရန် ခပ်မိုက်မိုက်စတိုင်ဖမ်း ပြရပေမည် ။

စတိုင်ကျကျ ရပ်နေသော ဖုန်းကျစ်ဝေကို အင်တာဗျူးရန် ကျောင်းသတင်းထောက်များက စင်ပေါ်သို့ ခုန်တက်သွားကြသည် ။

" စီနီယာဖုန် ..ဒီနေ့ တိုက်ပွဲကို ဘယ်လိုထင်လဲ.. "

ခြေတံရှည်ရှည် ဆံပင်ဂုတ်ဝဲနှင့် လှပသော ဒုတိယနှစ်ကျောင်းသူ သတင်းထောက်လေးက မေးလိုက်၏ ။

" လင်းမို့ရဲ့ ပါရမီက အရမ်းကောင်းတယ်.. ဒီဂြိုလ်ပြာတစ်ခုလုံးမှာ သူနဲ့ ယှဥ်နိုင်တာဆိုလို့ Black Earth တစ်ယောက်ပဲရှိလိမ့်မယ် .. လင်းမို့နဲ့ Black Earth လို ပါရမီရှင်မျိုးနဲ့ တစ်ခေတ်တည်း မွေးလာရတာ ဒီနှစ် ပါရမီရှင်တွေက သနားစရာ ကောင်းတယ်.. "

ဖုန်ကျစ်ဝေက လင်းမို့ကို ချီးကျူးပြီးနောက် စကားလမ်းကြောင်းပြောင်းကာ...

" ဒါပင်မယ့် လင်းမို့က ငယ်သေးတော့ မာနကြီးလွန်းတယ်.. သူတက္ကသိုလ်ရောက်တာ ရက်ပိုင်းပဲရှိသေးတယ် ငါ့ကို စိန်ခေါ်ရဲနေပြီ.. ဟီးဟီးဟီး..."

" အဲ့တာဆို စီနီယာဖုန် က ဒီတိုက်ပွဲမှာ အားကုန်ထုတ်သုံးမယ်လို့ ဆိုလိုချင်တာလား.. "

သတင်းထောက်က ချက်ချင်းမေးလိုက်၏ ။

" ဘယ်ဟုတ်မလဲ.. "

ဖုန်ကျစ်ဝေက လက်ယမ်း၍ ပြုံးလိုက်ပြီး...

" လင်းမို့နဲ့ ငါက ဒီလောက်ခင်နေတာကို နဲနဲ အလျော့ပေးပြီး တိုက်ကွက်နည်းနည်း တော့ ဖလှယ်ရမှာပေါ့.. "

" ဒါပင်မဲ့ ဒုတိယနှစ်က ချီဖုန့်ပိုလည်း အဲ့လိုပြောပြီး ရှုံးသွားတာပဲနော်.. "

သတင်းထောက်က...

" စီနီယာလည်း လင်းမို့ကို ရှုံးသွားရင် ဘယ်လိုလုပ်မလဲ.. "

" မဖြစ်နိုင်တာ မပြောစမ်းပါနဲ့.. "

ဖုန်ကျစ်ဝေ လက်ယမ်း လိုက်၏ ။

**

တိုက်ပွဲကို ကြည့်ရှုရန် ​ပုရိတ်သတ်များ ပိုများလာသည် ။

ဆရာဝေ့က ထိပ်ဆုံးမှ မျှော်လင့်တကြီး စောင့်နေ၏ ။

' ဒီနေ့တိုက်ပွဲပြီးရင် လင်းမို့ သတိဝင်လာပါစေ ..'

လင်းမို့နှင့် ဟောက်ရန်မှ လွဲ၍ လက်ရွေးစင်အတန်းမှာ ကျောင်းသားများအကုန် ရောက်နေကြလေပြီ ။

" ဟေး အကုန်လုံး.. "

ယဲ့ရီက အတန်း၏ မော်နီတာ ဖြစ်၍ တတန်းလုံးအား စုစည်းလာခြင်းဖြစ်သည် ။

" ငါတို့ ဒီနေ့တာဝန်က လင်းမို့ကို အားပေးဖို့ပဲနော်.. "

" အားပေးရမှာလား.."

ကျောင်းသားများ ရှုပ်ထွေးသွားကြသည် ။

ယဲ့ရီက...

" လင်းမို့ ရှုံးတဲ့အခါကြရင် ဝိုင်းလှောင်တဲ့ကောင်တွေ အများကြီးပေါ်လာလိမ့်မယ်.. ငါတို့ တာဝန်က အဲ့ကောင်တွေထက် သာအောင် အော်နိုင်ဖို့ပဲ.. "

" ရှုံးတာတောင် အားပေးနေရင် ရှက်စရာမကောင်းဘူးလား.. "

ကျောင်းသားတစ်ယောက်က မေးလိုက်မိ၏ ။

" မင်းမှားနေပြီ..."

ယဲ့ရီက...

" တတိယနှစ်ကျောင်းသားကို ပထမနှစ်ကျောင်းသားက ရှုံးတာ ရှက်စရာမှ မဟုတ်တာ.. "

" လင်းမို့ နိုင်သွားရင်ရော .."

တခြားအသံက...

" ငါတို့ အားပေးရအုံးမှာလား.."

" မင်းဘာတွေ တွေးနေတာလဲ.. "

ယဲ့ရီ မျက်လုံးပြူးသွားပြီး...

" လင်းမို့က နိုင်ရအောင် ဖုန်ကျစ်ဝေကို ချီဖုန့်ပိုများ မှတ်နေတာလား.. "

အနားမှ ဖြတ်သွားသော ချီဖုန့်ပိုတစ်ယောက် လဲကျမလို ဖြစ်သွား၏ ။ မည်သည့်အတွက်ကြောင့် သူမကို အကြောင်းမဲ့ တိုက်ခိုက်နေပါသနည်း ။ သူမ လင်းမို့ရှုံးနိမ့်သည်ကို မြင်ချင်၍ ပွဲလာကြည့်ခြင်းဖြစ်သည် ။ ဤနည်းဖြင့် လက်စားချေသလို ခံစားမိပေမည် ။

**

ကျန်းမိသားစု ညီအကိုနှစ်ယောက်သည် ကျောင်းအတွင်းသို့ ခိုးဝင်လာကြသည် ။ သူတို့ လင်းမို့အား ရှာရန်လာခဲ့ကြသော်လည်း ပြိုင်ပွဲအကြောင်းကြား၍ ပွဲအရင်ကြည့်ရန် ဆုံးဖြတ်လိုက်၏ ။

လင်းမို့ ရှုံးနိမ့်ပြီးမှ သူတို့ သွားတောင်းပန်လျှင် အခြေအနေ ပိုကောင်းနိုင်သည် ။

" လင်းမို့က မောက်မာလိုက်တာ.. ခုမှ တက္ကသိုလ်စတက်တာကို တတိယနှစ်က ပါရမီရှင်ကို စိန်ခေါ်ရဲနေပြီ.. "

ယွင်ရှန် ရယ်လိုက်ပြီး...

" ဟမ့် ငါတို့ ကျန်းမိသာစုကို မလေးစားတာ မထူးဆန်းဘူး.. "

" အကို ကျယ်ကျယ် မပြောနဲ့.. "

ယွင်ဟိုင်က တားလိုက်ပြီး ...

" လင်းမို့က အနာဂတ်မဟာသခင်နော်.. "

" ဟမ့် ခုက အနာဂတ်မဟုတ်ဘူး.. "

ယွင်ရှန်က မကျေမနပ်ဖြင့်...

" အနာဂတ်မဟာသခင်ကြီး ဒီနေ့ ဘယ်လို အရိုက်ခံရမလဲဆိုတာ သေချာ ကြည့်ထားရမယ် .."

**

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး ပြိုင်ပွဲစတင်ရန် ဆယ်မိနစ်ခန့်သာ လိုတော့သည် ။

ဖုန်ကျစ်ဝေသည် မနေ့ကဝယ်ယူထားသော ခွန်အားတိုးဆေးကို ခိုးသောက်လိုက်၏ ။

' ဒီဆေးက အဆင့်မြင့်ဆေး ဆို​တော့ အာနိသင် က နာရီတော်တော်များများ ခံမှာပဲ.. ပွဲပြီးရင်တောင် ငါ့ အဆင့်က ကြယ်ရှစ်ပွင့်မှာပဲ ရှိနေအုံးမယ်.. '

ဖုန်ကျစ်ဝေသည် မူလက ကြယ်ခုနှစ်ပွင့်အဆင့်သာ ဖြစ်သော်လည်း ဆေးသောက်ပြီး​နောက် ကြယ်ရှစ်ပွင့် အဆင့်သို့ ရောက်လာခဲ့လေပြီ ။ လက်သီးပြင်းအား ကီလို ၅၀၀၀၀ ကျော်ဖြင့် လင်းမို့ အနိုင်ရနိုင်ရန် မည်သည့်အခွင့်အရေးမှ မရှိ ။

' လင်းမို့က ဘာလို့ မလာသေးတာလဲ.. '

ဖုန်ကျစ်ဝေ စိတ်ရှုပ်ထွေးစွာ လှည့်ပတ်ကြည့်နေ၏ ။ ပုရိတ်သတ်များ ထံမှလည်း အသံများစွာ ထွက်ပေါ်လာသည် ။

" ပွဲစဖို့ ဆယ်မိနစ်ပဲ လိုတော့တယ် လင်းမို့မလာသေးဘူးလားဟ.. "

" လင်းမို့ အိပ်ဆောင်ထဲမှာ ပုန်းနေတာလား.. သိတဲ့သူရှိရင် သွားခေါ်ကြပါအုံးဟ.. "

" လင်းမို့က ဖုန်းတောင် စက်ပိတ်ထားတယ်တဲ့.."

" သူထွက်ပြေးတာလား.."

" ချီး လင်းမို့က ကြောက်နေရင် စိန်ခေါ်မလားကွ.. "

" အဲ့တာဆို ဘာလို့ မလာသေးတာလဲ.. "

" မင်း ဟောက်ရန်နဲ့ ရင်းနှီးတယ်မလား.. ဖုန်းဆက် ကြည့်လိုက်အုံး.. "

" ဆက်ပြီးပြီ ဖုန်းပိတ်ထားတာပဲ.. "

" လီကျားရွှမ်ကိုလည်း ဆက်မရဘူး ဖုန်းပိတ်ထားတယ်.. "

ထိုအခိုက် ဒုတိယနှစ် ကျောင်းသားတစ်ယောက်က ထပြော၏ ။

" လီကျားရွှမ်နဲ့ ငါနဲ့ တတန်းထဲပဲ.. သူမနေ့ညက ဓားကြီးအဖမ်းခံထားရတာ.. လင်းမို့နဲ့ ဟောက်ရန်ရော ပါသွားတာလား မသိဘူး.. "

" ဟမ်.."

" ဖြစ်နိုင်တယ် ​ဖြစ်နိုင်တယ်.. အဲ့သုံးကောင်က တွဲနေကြ.. အတူတူ ဖုန်းပိတ်ထားတာလောက်ထိတော့ မတိုက်ဆိုင်လောက်ဘူး.. "

" အဲ့တာဆို ငါတို့က ပြန်ရမှာလား ဆက်စောင့်ရမှာလား.."

ကြည့်ရှုနေသူများ အားလုံး ရှုပ်ထွေးသွားကြ၏ ။ လင်းမို့က ဓားကြီးဖမ်းခံလိုက်ရသည်လော ။

' သောက်ခွေး '

အထိခိုက်ဆုံးသူမှာ ဖုန်ကျစ်ဝေပင် ။ လင်းမို့အား လှလှပပ ပညာသင်ပေးနိုင်ရန် ရှေးဦးစကြာဝဠာ အမှတ် ၁၀ မှတ် သုံး၍ အဆင့်မြင့် ခွန်အားတိုးဆေး ဝယ်ယူခဲ့ရ၏ ။ ယခု လင်းမို့က အဖမ်းခံထားရပြီဖြစ်၍ ဆေးက အလဟသပ် ဖြစ်သွားလေပြီ ။

' ငါ့ဆေးလေး..'

ဖုန်ကျစ်ဝေ တစ်ယောက် နှလုံးသွေးများပင် ယိုစီးကျမတက် ခံစားလိုက်မိ၏ ။ ယွမ်ဆယ်သန်းတန်ဆေးက ပလုံ သွားလေပြီ ။ လင်းမို့အား အပြစ်တင်ရမည်လော ။ လင်းမို့အား ဖမ်းသည့်ရဲအား အပြစ်တင်ရမည်လော ။ သူ မသိတော့ ။

Chapter 227

All Chapters