← Chapters

ငါ့ရဲ့ မင်းသားလေး ~

Vol. 16 Ch. 227

ငါ့ရဲ့ မင်းသားလေး ~

Vol. 16 Ch. 227

ဆရာဝေ့သည် ဆူညံစွာ တစ်ယောက်တစ်ပေါက် ပြောနေကြသည်ကို ထိုင်မကြည့်နိုင်တော့၍ ထပြောလိုက်၏ ။

" တိတ်တိတ်နေကြ တိတ်တိတ်နေကြ.. လျောက်ပြောမနေကြနဲ့.. "

ဆရာဝေ့က...

" အခြေအနေက ဘာမှန်း မသိရသေးဘူး.. မနေ့ညက လီကျားရွှမ် အဖမ်းခံရတာတော့ ဟုတ်တယ်.. လင်းမို့နဲ့ ဟောက်ရန်က လွတ်သွားတယ်တဲ့.. "

" ....."

အကုန်လုံး တိတ်ဆိတ်သွားကြ၏ ။ လူတိုင်း ဆရာဝေ့အား ထူးဆန်းသည့်အကြည့်နှင့် ကြည့်နေကြသည် ။

ဆရာဝေ့သည် သူပြောသည့်စကားက လွဲမှားနေသည်ကို သိလိုက်၏ ။ ကျောင်းသားများအား လျောက်မပြောရန် ပြောချင်ဇောဖြင့် အမြန်ပြောလိုက်သော်လည်း သူပြောသည့်စကားက လင်းမို့နှင့် ဟောက်ရန်က လီကျားရွှမ်အား စွန့်ပစ်၍ ထွက်ပြေးသည့်ပုံပေါက်နေသည် ။ လင်းမို့ နှင့်ဟောင်ရန်အား သစ္စာမရှိဟု ပြောသည့်ပုံ ပေါက်နေ၏ ။

လင်းမို့ ဓားကြီးကစားသည်ကို မယုံကြည်သော ကျောင်းသားအချို့ပင် ဆရာဝေ့ ကိုယ်တိုင်အတည်ပြုလိုက်၍ ယုံကြည်သွားကြ၏ ။

" ငါ.."

ဆရာဝေ့ ဆက်လက်ရှင်းပြချင်သော်လည်း မရှင်းပြတက်တော့၍ ​ပါးစပ်ပိတ်၍သာ ပြန်ထိုင်လိုက်သည် ။

ဆရာဝေ့ သည် သူထို့သို့ ပြောလိုက်စဥ် ဝမ်းနည်းစွာဖြင့် ထွက်ခွာသွားသော ပုံရိပ်လေးတစ်ခုကို သတိမထားမိလိုက် ။

ထိုပုံရိပ်လေးက ဟိုင်းချန်အထက်တန်းကျောင်း၏ ထိပ်တန်းအလှပဂေး ကျန်းရွှယ်ပင် ။

ဟိုင်းချန်မြို့ စာမေးပွဲတွင် သူမ၏ ပါရမီက လင်းမို့၏ လွှမ်းမိုးမှုကြောင့် မထင်ပေါ်ခဲ့ပေ ။ သို့သော်လည်း အမှတ်ကောင်းသဖြင့် မည်သည့် ထိပ်တန်းတက္ကသိုလ် မဆို တက်ရောက်နိုင်သည် ။

ကျန်းရွှယ်က တခြားထိပ်တန်းတက္ကသိုလ်များကို မရွေးဘဲ လင်းမို့ ရှိရာ ကျန်းနန်တက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့၏ ။ အကြောင်းပြချက်ကိုတော့ သူမကိုယ်တိုင်ပင် နားမလည်ခဲ့ ။

သူမ ကျန်းနန် တက္ကသိုလ်ရောက်ပြီး​နောက် လင်းမို့အား လိုက်မီနိုင်ရန် များစွာပို၍ ကြိုးစားခဲ့သည် ။ သို့ရာတွင် ကားနောက် ပြေးလိုက်သော လိပ်ကလေးလို ပို၍ပင် ဝေးကွာလာကြောင်း နားလည်မိလာသည် ။

ထို့ကြောင့် သူမက လင်းမို့နှင့် စကားမပြောရဲဘဲ အဝေးမှသာ ငေးကြည့်နေခဲ့၏ ။ လင်းမို့ သူမအား ကျန်းနန်တက္ကသိုလ်တွင် ရှိနေမှန်း သိမည်ပင်မထင် ။

' လင်းမို့က ဘာလို့ ဓားကြီးသွားကစားတာလဲ.. '

ဆရာဝေ့၏ စကားကို ကြားပြီး​နောက် သူမ၏ စိတ်ခံစားချက်များ ရှုပ်ထွေးကုန်တော့သည် ။ ပြိုင်ဘက်ကင်း ​ပါရမီရှင် ။ ချောမောလှပသော မင်းသားလေး ။ မည်သည့် အတွက်ကြောင့် ဓားကြီးလောကသို့ သွားနေပါသနည်း ။ သူမ နားမလည်နိုင်​တော့ ။ သူမ၏ ယုံကြည်မှုများ ပြိုလဲ သွားလေပြီ ။ သူမ ငေးမောနေရသော မင်းသားလေးက ဓားကြီးလောကတွင် နစ်မြုပ်နေပါပြီလော ။

ကျန်းရွှယ်သည် သူမကိုသူမ သတိမထားလိုက်မိခင်မှာပင် ကျောင်းဂိတ်ဝသို့ ရောက်လာခဲ့သည် ။

" အယ်.. လင်းမို့.. "

သူမ ကျောင်းအပြင်မှ ပြေးဝင်လာသော လင်းမို့အား တွေ့လိုက်ရသည် ။

လင်းမို့လည်း သတိထားမိသွား၏ ။

" ကျန်းရွှယ်.. နင်လည်း ကျန်းနန်တက္ကသိုလ်မှာလား.. ငါဘာလို့ နင့်ကို မတွေ့တာလဲ .."

ကျန်းရွှယ် မျက်လုံးပြူးပြလိုက်ပြီး...

" နင်က တနေကုန် လေ့ကျင့် နေတာလေ ငါ့ကို ဘယ်မြင်မတုန်း.. "

" ငါ.. "

လင်းမို့လည်း သူလေ့ကျင့်နေခြင်း မဟုတ်သည့် အကြောင်းကို စကားအရှည်ကြီးဖြင့် ရှင်းပြရန် ကြံလိုက်သော်လည်း ကျန်းရွှယ်က ဖြတ်ပြောလိုက်သည် ။

" လင်းမို့.. "

ကျန်းရွှယ်က လင်းမို့အား စေ့စေ့ကြည့်၍...

" နင်မနေ့ညက ပျော်နေတာလား.. "

လင်းမို့ စဥ်းစားကြည့်ရာ သူ နှင့် ဟောက်ရန်တို့ အတူမသောက်သည်မှာ ကြာလှပြီ ဖြစ်၍ ပျော်စရာကောင်းသည်ဟု ခံစားမိပေသည် ။

" ဒါပေါ့.. မနေ့ညက ရှယ်ပဲ.. "

ကျန်းရွှယ်က လင်းမို့၏ အဖြေကို ကြားလျှင် မူးဝေလာပြီး လဲကျမတက်ဖြစ်သွား၏ ။ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၃ ရှိသူတစ်ယောက် ဤမျှအထိ ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားသည်မှာ မည်မျှ စိတ်ထိခိုက်သွားမှန်း သိနိုင်ပေသည် ။

" လင်းမို့.."

ကျန်းရွှယ်က...

" နင် အပြင်ထွက်ပြီး မကစားလို့ မရဘူးလား.. "

လင်းမို့ ရှုပ်ထွေးသွား၏ ။ သူနှင့် ဟောင်ရန်တို့ အပြင်မှာ အရက်သောက်သည်က မည်သည့် ပြသနာ ရှိနေ၍နည်း ။

" မရပါဘူး.. "

လင်းမို့ ချက်ချင်း ပြန်ဖြေလိုက်သည် ။

ကျန်းရွှယ်၏ မျက်နှာက ပြာဝေလာပြီး သူမ၏ နှလုံးသားတစ်ခုလုံး လောင်ကျွမ်းမတက် ခံစားလိုက်ရသည် ။

သူမက လင်းမို့ကို နာကျင်နေသော ကြောင်ပေါက်လေးတစ်ကောင်လိုကြည့်၍ ခြေဆောင့်လိုက်ပြီး...

" နင်အဲ့လိုလုပ်ရင် ကျန်းနန် တက္ကသိုလ်တင်မကဘူး ငါတို့မိခင်ကျောင်းဖြစ်တဲ့ ဟိုင်းချန်အထက်တန်းကျောင်းကိုပါ အရှက်ရစေတယ်ဆိုတာ နင်မသိဘူးလား.."

ကျန်းရွှယ်က ပြောပြီးသည်နှင့် ထွက်ပြေးသွားသည် ။

' ဘာလဲဟ.. '

လင်းမို့ ဆွံ့အကာ ကျန်နေခဲ့၏ ။

Chapter 228

~

All Chapters