ငါ့ရဲ့ မင်းသားလေး ၂ ~
Vol. 16 Ch. 228
ညီအကိုများ အရက်အတူသောက်ကြသည်က တက္ကသိုလ်အား မည်သို့ အရှက်ရစေနိုင်ပါမည်နည်း ။
' ငါ့ကို အရက်မသောက်နိုင်ဘူးများ ထင်လို့လား ..ငါ့တိုက်ခိုက်ရေးစွမ်းရည်နဲ့ဆို တမင်ထိန်းချုပ်မထားရင်တောင် မူးဖို့ လွယ်တာမဟုတ်ဘူး.. '
လင်းမို့သည် စိန်ခေါ်ပွဲစတော့မည်ဖြစ်၍ မစဥ်းစားတော့ဘဲ ပြိုင်ကွင်းရှိရာသို့ ပြေးတော့သည် ။
သူပြိုင်ပွဲကွင်းသို့ ရောက်ခံနီးလျှင် ယန်ယီမိုနှင့် တည့်တည့်တိုးပြန်၏ ။
" လင်းမို့ နင်ဘာလို့ နောက်ကျနေတာလဲ.. "
ယန်ယီမိုက လင်းမို့ဓားကြီးကစားသည်ကို မယုံ၍ အကြောင်းပြချက်ကိုသာ မေးလိုက်သည် ။
" နင်မနေ့ညက ဘယ်ရောက်နေတာလဲ.. "
" သောက်နေတာလေ.. "
လင်းမို့က နောက်တွင် ပြေးလာနေသော ဟောက်ရန်ကို လက်ညိုးထိုးပြလိုက်ပြီး...
" ဟောက်ရန်နဲ့ တစ်ညလုံးသောက်နေတာ.. "
" ယီမို နင့်ဝမ်းကွဲက တကယ့်ကောင်ပဲ.. "
ဟောက်ရန်က ရောက်လျှင်ရောက်ချင်း ဖောက်သည်ချတော့သည် ။
" အကိုမို့နဲ့ အရက်အတူသောက်ဖို့ခေါ်တာကို ဓားကြီးကစားနေလို့ မလာဘူးတဲ့ ..ဟီးဟီး.. ပြီးတော့ အဖမ်းခံလိုက်ရရော... ငါတို့ကို အာမခံ လာထုတ်ခိုင်းမှာစိုးလို့ ညတုန်းက ဖုန်းတွေ ပိတ်ထားလိုက်ရတယ် .."
" ..."
ယီမို ဆွံ့အ သွားသည် ။
" အဲ့တာကြောင့် နင်တို့က ဖုန်းပိတ်ထားတာကိုး.. "
" ဖုန်းပြန်ဖွင့်ဖို့ မေ့သွားလို့ပါဟ.. ငါတို့ နောက်မကျသေးဘူးမှတ်လား.. "
ဟောက်ရန်က ပြုံး၍ ပြောလိုက်သည် ။
" မြန်မြန် ကွင်းထဲဝင်တော့.."
ယီမိုက လင်းမို့အား ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး...
" ဒါပင်မဲ့ နင်တို့ နောက်ကျတာ အရက်သောက်နေလို့တော့ ဘယ်သူမှ မထင်ဘူး.. "
" ဘာထင်တာလဲ.. "
လင်းမို့ အေးခဲသွား၏ ။ အဝေးမှ ကြည့်နေသော လူအုပ်ကြီး၏ ထူးဆန်းသည့်အကြည့်ကို သူသတိထားမိသွားသည် ။ ကျန်းရွှယ်၏ ထူးဆန်းသည့် စကားများနှင့် ဆက်စပ်စဥ်းစားကြည်မိသောအခါ...
" သောက်ခွေး.. "
လင်းမို့ သွေးအန်လုနီးပါး ဖြစ်သွား၏ ။
" ငါ့နာမည် တော့ သွားပါပြီ.. "
မျိုးတူသော ငှက်များသာ စုဝေးနေထိုင်ကြသည်ဟူသော ဆိုရိုးစကားအတိုင်းပင် ။ သူသန့်ရှင်းသော်လည်း လူတစ်သောင်းအနိုင်ယူရန် ပန်းတိုင်အဖြစ်သတ်မှတ်ထားသော ဟောက်ရန်နှင့် ပေါင်းနေ၍ သူ၏ ဂုဏ်သိက္ခာ မြောင်းထဲရောက်သွားလေပြီ ။ သူ သန့်ရှင်းကြောင်း မည်သူ ယုံပါမည်နည်း ။
" ဟောက်ရန်.. "
လင်းမို့က အံကြိတ်လိုက်ပြီး..
" အဲ့တာမင်းကြောင့်.. "
" အကိုမို့ .."
ဟောက်ရန်က အကြံတစ်ခု ရသွားပြီး...
" နာမည်ပျက်လက်စနဲ့ မထူးတော့ဘူး.. ညစာ စီစဥ်ပေးရမလား .."
" သွားစမ်း.. "
လင်းမို့က ဟောက်ရန်ကို ကန်ထုတ်၍ ပြိုင်ကွင်းဆီသို့ ဦးတည်သွားလိုက်သည် ။
" ဝှစ်... ဘုတ်.. "
လင်းမို့က မီတာအနည်းငယ်အကွာမှ စင်ပေါ်သို့ ခုန်တက်၍ ဖုန်ကျစ်ဝေနှင့် မျက်နှာချင်းဆိုင် နေရာယူလိုက်သည် ။
" လင်းမို့ .."
ဖုန်ကျစ်ဝေသည် အဝေးမှ လင်းမို့ကို လေးနက်ဟန်ဖြင့် ကြည့်၍...
" မင်း အဖမ်းခံရတာတောင် အချိန်မီရောက်အောင် ပြေးလာမယ်လို့ ငါထင်မထားဘူး.. ငါ လေးစားပါတယ်.. မင်းကို ခွန်အားပြခွင့် ပေးပြီးမှ အနိုင်ယူပေးမယ်.. "
ဖုန်ကျစ်ဝေက ဂုဏ်ယူဟန်ဖြင့် ပြောလိုက်၏ ။ လက်သီးပြင်းအား ကီလို ၅၀၀၀၀ ကျော်ရှိသဖြင့် သူ၏ ကွန်ဖီးဒန့် များက ဆိုးဟိုက်နေလေသည် ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၄ အထွတ်အထိပ် ဖြင့်ပေါင်းလျှင် လင်းမို့လို ကလေးမပြောနှင့် ကြယ်ရှစ်ပွင့် အဆင့်ပင် သူ၏ ပြိုင်ဘက် မဖြစ်နိုင်တော့ ။
ပို၍ အရေးကြီးသည်မှာ ယနေ့ သူ၏ ခွန်အားကို ထုတ်ဖော်ပြသမည်ဖြစ်သဖြင့် လူပို၍ အထင်ကြီးအောင် ကြီးကြီးကျယ်ကျယ် ပြောပေးရပေမည် ။
အနီးအနားမှ စကားသံများ ထွက်လာ၏ ။
" ဖုန်းကျစ်ဝေ က ဖုန်ကျစ်ဝေ ပီသလိုက်တာ.. "
" တစ်ကျောင်းလုံးက ဒီပွဲကို အာရုံစိုက်နေပင်မယ့် သူက လင်းမို့ကို ပြိုင်ဘက်လို့တောင် သဘောမထားဘူး.. "
" ဖုန်ကျစ်ဝေ မလှုပ်ရှားတာကြာတော့ သူ့နာမည်တောင် မေ့ချင်နေကြပြီ.. "
" ငါတော့ မမေ့ပါဘူး.. သူ အရင်နှစ် တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲ ကြက်ဘုရင်ဂိမ်းမှာ ပွဲ၃၀ ဆက်နိုင်လို့ ကျန်းနန် စီရင်စု တစ်ခုလုံး အုံးအုံးကျွက်ကျွက် ဖြစ်သွားသေးတယ်လေ.. "
" ခု ဖုန်ကျစ်ဝေက လင်းမို့ကို နင်းပြီး နာမည်ပိုကြီးတော့မယ်.. "
ဆရာဝေ့က လင်းမို့အား အားနာစွာဖြင့် ကြည့်နေ၏ ။
' အော်လင်းမို့လင်းမို့ ဒီပွဲပြီးရင်း နိုးထနိုင်ပါစေကွာ.. ငါ့ကို အပြစ်မတင်ပါနဲ့.. မင်းအရွယ်ရောက်လာရင် နားလည်လာလိမ့်မယ်.. '
အဝေးသို့ ထွက်ပြေးသွားသော ကျန်းရွှယ်လည်း ပြန်ရောက်နေလေသည် ။ သို့သော်လည်း လူအုပ်အပြင် အဝေးမှ နေ၍ ကြည့်နေ၏ ။
သူမ ပြန်စဥ်းစား ကြည့်သောအခါ လင်းမို့ ဓားကြီးလောကကို သွားကြောင်း သိပြီးနောက် ပို၍ နီးကပ်လာသလို ခံစားမိလိုက်၏ ။ အနည်းဆုံးတော့ လင်းမို့လည်း အသွေးအသားနှင့် တည်ဆောက်ထားမှန်း သိလိုက်ရသည် ။
' အရင်က လင်းမို့ရဲ့ ပါရမီ အရှိန်အဝါက အားကောင်းလွန်းတော့ ငါမကပ်ရဲဘူး.. '
သူမ တွေး၏ ။
' ဒီတိုက်ပွဲပြီးလို့ လင်းမို့ရဲ့ အရှိန်အဝါ လျော့ကျသွားရင် ငါကပ်လို့ရပြီ.. '
**
လင်းမို့သည် ဖုန်ကျစ်ဝေ မောက်မာနေသည်ကို မြင်လျှင် အမြင်ကပ်သွား၏ ။ အကိုမို့ရှေ့ လာကြွားပြနေရဲသည်လော ။
အထင်လွဲခံနေရသဖြင့် စိတ်မချမ်းသာသော လင်းမို့တစ်ယောက် ဒေါသထွက်လာ၏ ။ မူလက အသေအကြေတိုက်ခိုက်ရန် ဆုံးဖြတ်ထားသော်လည်း ယခု တစ်ချက်ထဲဖြင့် လေပေါ်ပျံသန်းခြင်း သိုင်းကွက် ထုတ်သုံးချင်လာသည် ။
အဆိုးဆုံး ဖြစ်လျှင် လုပ်ကြံမည့် သူများ မလာရဲအောင် ကျောင်းထဲတွင်သာ နေ၍ ရပေသည် ။ သူ သည်းမခံနိုင်တော့ ။
ကျန်းနန်တက္ကသိုလ်၏ ကျောင်းအုပ်ထူ သည် မဟာသခင်အဆင့်များထဲတွင်ပင် သန်မာသူ ဖြစ်သဖြင့် တက္ကသိုလ်အတွင်းသို့ လာလုပ်ကြံရဲမည်ဟု မထင်ချေ ။ သူ့ရှေ့တွင် မျက်နှာချီပြနေသော သကောင့်သားအား ပါးရိုက်ပစ်ချင်လာ၏ ။
" အရင်စပါ.. "
ဖုန်ကျစ်ဝေက ဆရာကြီးစတိုင်ဖြင့် လက်ယက်ခေါ်လိုက်၏ ။
" အေးအေး.."
လင်းမို့က လူယုတ်မာပြုံး ပြုံးလိုက်ပြီး...
" ဝုန်း..."
သူ၏ ခွန်အားများက ပေါက်ကွဲထွက်လာ၍ အရှိန်အပြည့်ဖြင့် ဖုန်ကျစ်ဝေထံ ပြေးဝင်သွားသည် ။
" မြန်လိုက်တာ... "
ဖုန်ကျစ်ဝေ၏ မျက်လုံးများ ကျဥ်းမြောင်းသွား၏ ။ အန္တရာယ်အသိကြောင့် သူ၏ မွှေးညှင်းများပင် ထောင်လာသည် ။ သူ ရှောင်ရန် ကြိုးစားသော်လည်း လင်းမို့၏ အရှိန်က သူထင်ထားသည်ထက် များစွာ မြန်နေ၍ ရှောင်၍မရတော့ ။ လင်းမို့၏ ဒေါသလက်သီးချက်က သူ့မျက်နှာဆီသို့ ဝင်လာသည် ။
" ဖောင်း...."
ဖုန်ကျစ်ဝေတစ်ယောက် အမြှောက်ထဲ ထည့်ပစ်ခံလိုက်ရသလို ပျံသန်းသွား၏ ။
Chapter 229
~