နတ်ဘုရားမို့
Vol. 16 Ch. 229
~
" ဖောင်း.."
ဖုန်ကျစ်ဝေတစ်ယောက် အမြှောက်ထဲ ထည့်ပစ်ခံလိုက်ရသလို ကောင်းကင်ပေါ်သို့ ပျံသန်းသွား၏ ။
မီတာ တစ်ထောင်ကျော်အထိ ပျံသန်းသွားပြီး ကျောင်းဂိတ်ဝတွင် ဂြိုလ်ပြာ၏ မြေဆွဲအားကြောင့် ပြုတ်ကျလာသည် ။
" ဘုန်း.."
ကွန်ကရစ်ကြမ်းပြင်နှင့် အသားနှင့် ရိုက်ခက်မိသံ ထွက်ပေါ်လာသည် ။ ကြမ်းပြင်တစ်ခုလုံး အက်ကွဲသွား၏ ။
ဖုန်ကျစ်ဝေ၏ ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်ခါနေပြီး ပြန်မထနိုင် ။
' ငါဘယ်သူလဲ.. '
' ငါ ဘယ်နေရာ ရောက်နေတာလဲ.. '
' ငါ ဘာလုပ်နေတာလဲ.. '
ကြမ်းခင်းနှင့် ခေါင်းဖြင့် စောင့်မိ၍ ခဏတာ အတိတ်မေ့သွားသည် ။
ပွဲကြည့်နေကြသူများလည်း ဆွံ့အ သွားကြ၏ ။ မျက်တမှိတ်အတွင်း ဖြစ်သွားသည်ဖြစ်ရာ တချို့သူများက မသိလိုက်ကြ ။ ဖုန်ကျစ်ဝေတစ်ယောက် ဘယ်ရောက်သွားပါသနည်း ။
" ဖုန်ကျစ်ဝေ ဘယ်ရောက်သွားတာလဲ.. "
" ထွက်ပြေးသွားတာများလား.. "
" ချီးကို ထွက်ပြေး လေပေါ်ပျံသွားတာဟ.. "
" လမ်းကြောင်းအရဆိုရင် ဂိတ်ဘက် ရောက်သွားလောက်တယ်.. "
" ဒီလောက်အဝေးကြီး ပျံသွားအောင် ထိုးဖို့ လင်းမို့ရဲ့ လက်သီးပြင်းအားက ဘယ်လောက်တောင် ရှိနေတာလဲ.. "
" လင်းမို့က ပိုသန်မာတာပေါ့.."
" သောက်တုံးရ ပိုသန်မာလို့ တစ်ချက်ထဲ ပျံ သွားတာပေါ့ဟ.. "
တချို့ကျောင်းသားများသည် သိုင်းတက္ကသိုလ်မဟုတ်သည့် အခြားတက္ကသိုလ်များရှိ သူတို့၏ သူငယ်ချင်းများကို အကူအညီတောင်း၍ လက်သီးပြင်းအား မည်မျှ ရှိနိုင်မှန်း တွက်ခိုင်းလိုက်ကြသည် ။
" သိပ္ပံနည်းကျ အရဆိုရင် လင်းမို့ရဲ့ လက်သီးပြင်းအားက ကီလို ၈၀၀၀၀ လောက်ရှိတယ်တဲ့.. "
" မဖြစ်နိုင်တာ လင်းမို့ရဲ့ လက်သီးပြင်းအားက လွန်ခဲ့တဲ့ ဆယ်ရက်လောက်တုန်းကမှ ၁၀၀၀၀ အောက်ပဲ ရှိသေးတာကို.. "
" ရူပဗေဒ ပါရမီရှင်တစ်ယောက်ကို တွက်ခိုင်းကြည့်တာ ၈၀၀၀၀ ကနေ ၁၀၀၀၀၀ ကြားတဲ့.. "
" ၈၀၀၀၀ အောက်ဆို ဒီလောက်ဝေးအောင် ပျံသွားမလားဟ.. "
လူတိုင်း အံ့သြ သွားကြ၏ ။ ကီလို ၈၀၀၀၀ က စတုတ္ထနှစ် ကျောင်းသားဖြစ်လျှင် မထူးဆန်းသော်လည်း ပထမနှစ်ကျောင်းသားဖြစ်နေ၍ ထိတ်လန့်သွားကြ၏ ။ ကျန်းနန်တက္ကသိုလ်၌ပင် လက်သီးပြင်းအား ကီလို ၈၀၀၀၀ ဖြင့် ကြယ်ကိုးပွင့် အဆင့်နှင့် ဘွဲ့ရသူကို ပါရမီရှင်ဟု ခေါ်ရပေမည် ။
" လင်းမို့က ကြယ်ကိုးပွင့် အဆင့် ရောက်နေပြီ.."
" ရှီး.. ကြောက်စရာကောင်းလိုက်တာ.. "
" မနေ့က ဖုန်ကျစ်ဝေ ပြောတာတော့ ..လင်းမို့က ခွန်အားတိုးဆေး ဝယ်ထားတယ်တဲ့.. ဆေးသောက်ရင်တောင် အနည်းဆုံး ၇၀၀၀၀ လောက်ရှိနေမှာပဲ.. "
" လင်းမို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည် ကန့်သတ်ချက်ကြောင့် ကီလို ၂၀၀၀၀ ၃၀၀၀၀ လောက်မှာ တစ်ဆို့နေမယ်လို့ ဘယ်ကောင်ပြောတာလဲကွ.. "
" ကြည့်ရတာ လင်းမို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၄ နောက်ပိုင်းအဆင့် မဟုတ်ရင် အထွတ်အထိပ်အဆင့်ပဲ.. လက်သီးပြင်းအားက ၂၀၀၀၀၀ ကီလိုလောက်အထိ တိုးလာနိုင်တယ်.. "
" အဲ့တာဆို ဘာလို့ စာမေးပွဲတုန်းက ဝင်မဖြေတာလဲ.. ပြီးတော့ သူ့ကို လူတွေပြောနေတာကို ဘာလို့ ပြန်မငြင်းတာလဲ.. "
" သန်မာတဲ့ သူတွေက ခွန်အားနဲ့ပဲ ပြောတယ် စကားနဲ့ မပြောဘူးကွ.. "
" မင်းက နတ်ဘုရားမို့မှ မဟုတ်တာ ဘယ်နားလည်မှာလဲ.. နတ်ဘုရားမို့က အမှတ်ပြည့်မရနိုင်ရင် ၀ ပဲ ယူမယ့် သူမျိုးကွ.. "
" ချီး အဲ့တာတော့ များသွားပြီ.. "
" အဲ့တာဆို လင်းမို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၅ မရောက်သေးတာ သေချာပြီ.. အဆင့် ၅ အစောပိုင်းဆို အမှတ်ပြည့်ရမှာ.. "
" တိုတို ပြောရရင် သူ အရမ်းအစွမ်းထက်တယ်ကွာ.. "
" ဒီနေ့က စပြီး သူ့နာမည်က လင်းမို့ မဟုတ်တော့ဘူး နတ်ဘုရားမို့ ဖြစ်သွားပြီ.. "
" နတ်ဘုရားမို့ ကို ကိုးကွယ်ချင်ပါတယ်.. "
နတ်ဘုရားမို့ကို ကိုးကွယ်ချင်သူ ကျောင်းသားများ များစွာပေါ်လာ၏ ။ သူတို့၏ မျက်လုံးများ တောက်ပလာကြသည် ။
လင်းမို့က...
" အားလုံး မအော်ကြပါနဲ့.. "
Chapter 230
~