← Chapters

နတ်ဘုရားမို့ ၂ ~

Vol. 16 Ch. 230

နတ်ဘုရားမို့ ၂ ~

Vol. 16 Ch. 230

လင်းမို့က ခွန်အား ထိန်းချုပ်ထားခြင်းဖြစ်သည် ။ သူ၏ ခွန်အားအကုန်သုံးလိုက်လျှင် ဖုန်ကျစ်ဝေတစ်ယောက် အနီးအနားရှိ တက္ကသိုလ်တစ်ခုခုအထိ ရောက်သွားနိုင်သည် ။

" လင်းမို့ ပါရမီက Black Earth ထက်နိမ့်တယ်လို့ ဘယ်လူမသား ပြောတာလဲကွ.. "

" Black Earth က တိုက်ခိုက်ရေးစွမ်းရည်တစ်ခုထဲ ထူးချွန်တာ.. လင်းမို့က လက်သီးပြင်းအားရော တိုက်ခိုက်ရေးစွမ်းရည်ရောကွ.. "

" လင်းမို့က ညီမျှတယ် Black Earth က တစ်ခုထဲကွက်ပြီးထူးချွန်နေတာ.. သိုင်းလမ်းစဥ်မှာ လင်းမို့က ပိုပြီး လျောက်နိုင်လိမ့်မယ်.. "

" ဒဏ္ဍာရီ နတ်ဘုရား ကြီးထွားလာတာကို မြင်နေရသလိုပဲ.. "

**

စင်အောက်ရှိ ဆရာဝေ့သည် စိတ်ရှုပ်ထွေးနေ၏ ။

' ငါက လူရွှင်တော် ဖြစ်နေတာပဲ.. '

သူ ဖုန်ကျစ်ဝေအား လင်းမို့ကို နှိုးရန် ပြောလိုက်သော်လည်း အနှိုးခံရသူက ဖုန်းကျစ်ဝေသာ ဖြစ်သွားသည် ။

' ဖုန်ကျစ်ဝေ တော်တော် စိတ်ထိခိုက်သွားလိမ့်မယ်.. '

ဆရာဝေ့၏ ခွန်အားကြောင့် ဖုန်ကျစ်ဝေ၏ တုန်လှုပ်ခြောက်ခြားမှု ၊ ကြောက်ရွံမှု ၊ စိတ်ရှုပ်ထွေးမှု ၊ သံသရနှင့် စိတ်ပျက်အားငယ်မှုကို အတိုင်းသားမြင်နေရ၏ ။

' ထားလိုက်ပါ​တော့ ..'

ဆရာဝေ့ သက်ပြင်းချလိုက်၏ ။

' လင်းမို့လို ကျောင်းသားက ငါသင်ပေးနိုင်တယ့် ကျောင်းသားမဟုတ်ဘူး.. သူ့ဘာသာ လေ့ကျင့်နေတာကို ငါသွားမရှုပ်တာပဲကောင်းတယ်.. ပြီးတော့..'

ဆရာဝေ့ ကြောက်စရာကောင်းသည့် အရာတစ်ခုကို တွေးမိသွား၏ ။

' လင်းမို့က ငါ့ထက် သန်မာဖို့ အချိန်ဘယ်လောက်မှ လိုတော့မှာ မဟုတ်ဘူး.. ငါ ဒီအတန်းက နှုတ်ထွက်ပြီး တခြားပိုသန်မာတဲ့ ဆရာတစ်ယောက်နဲ့ နေရာ ချိန်းဖို့ ကြိုးစားရမယ်.. '

တပည့်ဖြစ်သူက ဆရာထက် သန်မာနေလျှင် ရှက်စရာကောင်းလှပေသည် ။

**

ဆရာဝေ့၏ အနီးအနားရှိ ယန်ယီမို က သိပ်မလန့်တော့ပေ ။ အရင်တည်းက လင်းမို့အား ယှဥ်ပြိုင်ရန် မစဥ်းစားတော့ ။

ယဲ့ရီလည်း အတူတူပင် ဖြစ်သည် ။ ပါရမီခြင်း ကွာခြားလှသည့် လင်းမို့အပေါ်တွင် လေးစားမှုသာ ရှိတော့သည် ။

**

ယခုအချိန်တွင် အပျော်ဆုံး လူသားမှာ ကောင်းဟောက်ရန်သာ ဖြစ်သည် ။ လင်းမို့၏ ပေါင်ကို ဖက်၍ ကျန်းနန်တက္ကသိုလ်တွင် ကျောင်းတက်နေရသဖြင့် သူဖက်ထားရသော ပေါင်ကြီးက ပိုသန်မာလေ သူအနေရချောင်လေဖြစ်သည် ။

' အကိုမို့က အမြဲတမ်း အကို့မို့ ပီသနေတာပဲ..'

ဟောက်ရန်က ကွင်းထဲမှ လင်းမို့ကို ကြည့်၍ သက်ပြင်းချလိုက်မိ၏ ။

' အကိုမို့ ပိုသန်မာလာမှ ငါကျောင်းမှာ လုပ်ချင်ရာ လုပ်လို့ရမှာ.. '

လင်းမို့ ပိုမိုသန်မာလာမည်ကို ဟောက်ရန်က စောင့်မျှော်နေ၏ ။ သူ တရားဝင် သိုင်းပညာရှင် မဖြစ်သေးသော်လည်း အရေးမကြီး ။ အကိုမို့၏ ပေါင်ကို ပြလိုက်လျှင် မည်သူလာပြောရဲမည်နည်း ။

**

လူအုပ်အစွန်အဖျားမှ ကြည့်နေကြသော ကျန်းညီအကိုနှစ်ယောက် ထိတ်လန့်သွားကြသည် ။

" လက်သီးပြင်းအား ကီလို ၈၀၀၀၀ ကျော်.. သူတကယ်ပဲ အသက် ၁၈ နှစ်မှ ဟုတ်ရဲ့လား.. "

ယွင်ရှန်၏ မျက်လုံးများက ပြူးကျယ်နေ၏ ။ သူမယုံနိုင်သေး ။

" အကို.. လင်းမို့လို ပါရမီရှင်က သာမန်ပေတံနဲ့ တိုင်းလို့ ရတာမှ မဟုတ်တာ.. "

ယွင်ဟိုင်က ဒသနဆန်ဆန် ပြောလိုက်၏ ။

" ငါတို့ မိသားစုက လင်းမို့ကို ဘာလို့ အလေးထားနေလဲ ငါနားလည်သွားပြီ.. "

ယွန်ရှန်က ခေါင်းညိတ်၍ လေးနက်စွာပြောလိုက်သည် ။

" လင်းမို့က အနာဂတ်မှာ မဟာသခင် ဖြစ်နိုင်တာမဟုတ်ဘူး.. ဖြစ်ကို ဖြစ်လာမှာ.. "

" ဟုတ်တယ်.. မဟာသခင်အဆင့်မကဘူး စစ်နတ်ဘုရား ဒါမှမဟုတ် သာလွန်စစ်နတ်ဘုရား အဆင့်ထိ ရောက်နိုင်တယ်.. ငါတို့ မိသားစုက တန်ဖိုးထားနေတာ မဆန်းဘူး.. "

ယွင်ဟိုင်လည်း လင်းမို့ကို အသုံးမချရဲတော့ပေ ။ လင်းမို့က သူတို့နှင့် တူညီသော ကမ္ဘာမှ မဟုတ် ။ ဒဏ္ဍာရီ တစ်ပါး ဖြစ်လာမည့်သူပင် ။

" ယွင်ဟိုင်.. မနေ့ညက ကိစ္စ သူငါတို့ကို ခွင့်လွှတ်လောက်မယ်ထင်လား.. "

ယွင်ရှန်က သူ၏ အထောက်အထားအပေါ်တွင် ယုံကြည်မှု မရှိ​တော့ ။

" ဘာပဲဖြစ်ဖြစ် ငါတို့ စိတ်ရင်းနဲ့ တောင်းပန်ရမယ်.. "

ယွင်ဟိုင်က ခဏစဥ်းစား၍ ပြောလိုက်သည် ။

**

ကျန်းနန်တက္ကသိုလ် ကျောင်းအုပ်ကြီး ရုံးခန်း...

ကျောင်းအုပ်ထူက လင်းမို့၏ သတင်းကို စောင့်နေ၏ ။ ဂုဏ်သိက္ခာကြီးမားသည့် ကျောင်းအုပ်ကြီး ဖြစ်သဖြင့် ပွဲရှိရာသို့ ကိုယ်တိုင်သွားကြည့်၍ မဖြစ်ချေ ။

သူ၏ လက်အောက်ငယ်သားများကိုသာ အသုံးပြုခြင်းဖြင့် သူတို့၏ နှလုံးသားထဲမှ သူ၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်သည် ။

' လင်းမို့က အရမ်းငယ်သေးတယ်.. နောက် တစ်နှစ်ခွဲလောက်ဆို ဖုန်ကျစ်ဝေကို စိန်ခေါ်နိုင်လောက်တယ်.. '

ကျောင်းအုပ်ထူ တွေးနေ၏ ။

' ခုမှ ကျောင်းတက်တာ အစပဲ ရှိသေးတယ်.. သူသွားရမယ့်လမ်းက အရှည်ကြီး ကျန်သေးတာပဲ.. '

ထိုအခိုက် ဟယ်ရှင်းက အလောတကြီး ပြေးဝင်လာသည် ။

" ဘာလို့ ပြာယာခက်နေတာလဲ.. "

ကျောင်းအုပ်ထူ အနည်းငယ် မကျေမနပ် ဖြစ်သွား၏ ။ လင်းမို့ ရောက်လာကတည်းက ဤ ကိုယ်ရေးလက်ထောက်က တည်ငြိမ်မှု မရှိတော့ပေ ။ အမြဲ ပြာယာခက်နေ၏ ။

" ပွဲပြီးသွားပြီလား.. "

ကျောင်းအုပ်ထူက မေးလိုက်ပြီး...

" လင်းမို့ ရှုံးတာ ပုံမှန်ပါပဲ.. ရှုံးမှာ သေချာနေတာကြီးကို .. လင်းမို့ ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်ကောင်းမွန်လာအောင် မင်းတက်နိုင်သလောက် ကြိုးစား ပေးပါ.. လင်းမို့ကို တစ်ယောက်ထဲ လွှတ်မထားနဲ့တော့.. "

Chapter 231

~

All Chapters