ချီးလို့ လာယှဥ်နေတာလား ~
Vol. 16 Ch. 231
" ကျောင်းအုပ်ထူ.. ဆရာပြောတာ မှန်ပါတယ်.. ပါရမီရှင် တစ်ယောက်က ကျရှုံးမှု တစ်ခုကြောင့် နလန်မထူတော့ရင် နှမြောစရာကောင်းတယ်..ဒါပင်မယ့်.. "
ဟယ်ရှင်းက ဖားပြောလိုက်ပြီး...
" လင်းမို့ကိုတော့ အားပေးစရာ မလိုတော့ဘူးထင်တယ်.. "
" အိုး.. "
ကျောင်းအုပ်ထူ အနည်းငယ် အံ့သြသွားပြီး ...
" အထင်ကြီးစရာပဲ လင်းမို့က စိတ်ဓာတ်ကြံ့ခိုင်လိုက်တာ.. "
" အဲ့လိုမဟုတ်ဘူးရှင့်.. "
ဟယ်ရှင်းက အလျင်စလိုဖြင့် ...
" နှစ်သိမ့်ပေးရမှာက လင်းမို့ကို မဟုတ်ဘူး ဖုန်ကျစ်ဝေကို.. "
" ဘာလို့လဲ.. "
ကျောင်းအုပ်ထူက...
" နိုင်တဲ့သူကို ဘယလို့ နှစ်သိမ့်ပေးရမှာလဲ.. "
ကျောင်းအုပ်ထူတွေးမိသွား၏ ။
'' လင်းမို့က ဖုန်ကျစ်ဝေနဲ့ လက်ရည်တူ နီးပါး တိုက်ခိုက်နိုင်လို့ထင်တယ်.. အင်းလေ.. ပါရမီ တစ်ယောက်ဆိုတော့လဲ အသက်နှစ်နှစ်လောက်ငယ်တဲ့သူက လက်ရည်တူ ယှဥ်နိုင်နေတော့ ရှက်မှာပေါ့.. ''
'' ဒါပင်မယ့် ဒီကိစ္စလောက်လေးနဲ့ ဒီလိုအထိ ဖြစ်စရာလိုလို့လား.. ''
ကျောင်းအုပ်ထူက ခေါင်းခါလိုက်ပြီး...
" ဒီခေတ်လူငယ်တွေက ဖန်လုံအိမ်ထဲက ပန်းလေးတွေလိုပဲ.. ပါရမီတွေ ပိုကောင်းလာကြပင်မယ့် တစ်ခုခုဆို စိတ်ဓာတ်ကျမယ် ဆိုတာကြည့်ပဲ.. ဟမ့်.. ငါတို့ ငယ်ငယ်တုန်းကဆို ဒီလို မဟုတ်ပါဘူး.. "
ဟယ်ရှင်းက ရပ်နားထောင်နေ၏ ။ ကျောင်းအုပ်ထူ ပြောချင်ရာ ပြောနေသည်ကို ကြားဖြတ်မပြောဝံ့ချေ ။ ကျောင်းအုပ်ထူ အားရအောင် ပြောပြီးမှ သူမက...
" ဆရာ.. နိုင်သွားတဲ့သူက လင်းမို့ပါ.. "
" ဘာ...."
ကျောင်အုပ်ထူ မျက်လုံးပြူးသွား၏ ။ ဤသည်က သူထင်ထားသည်ထက် များစွာကျော်လွန်နေသည် ။ လင်းမို့က ဖုန်ကျစ်ဝေကို အနိုင်ယူလိုက်ခြင်းကြောင့် အရှက်ရခဲ့သူမှာ ဖုန်ကျစ်ဝေတစ်ယောက်ထဲ မဟုတ် ။ ကျန်းနန်တက္ကသိုလ်ရော ဖြစ်သည် ။
တက္ကသိုလ်တွင် နှစ်နှစ်ကျော် ပညာသင်ကြားခဲ့သူက ယခုမှ ကျောင်းသို့ စရောက်သူကို ရှုံးနိမ့်သွားသည်လော ။ ကျောင်း၏ ပညာရေးကိုပင် ရှုံ့ချခံလိုက်ရလို ဖြစ်နေသည် ။
" အဟမ်း.. အဟမ်း.."
ကျောင်းအုပ်ထူက ချောင်းဟမ့်လိုက်ပြီး...
" ဖုန်ကျစ်ဝေက အစွမ်းကုန် အားထုတ်ခဲ့တာတောင် လင်းမို့ကို ရှုံးတယ်ဆိုတော့ တော်တော် စိတ်ထိခိုက်သွားမှာပဲ.. "
ကျောင်းအုပ်ထူ ငယ်စဥ်က ဆိုလျှင်ပင် ဤကဲ့သို့ ထိုးနက်မှုမျိုးကို ခံနိုင်ရည် ရှိမည်မဟုတ် ။ စိတ်ပညာရှင်များ၏ ကုသမှုကို ခံယူနေရပေမည် ။
" ရှောင်ဟယ်.. ဖုန်ကျစ်ဝေကို အပြစ်တင်မနေနဲ့တော့ ကုသပေးဖို့ စိတ်ပညာရှင်တွေ ခေါ်ပေးလိုက်ပါ.. "
" အဲ့.. အဲ့လို မဟုတ်ဘူး ဆရာ.. တိုက်ခိုက်ချိန်တောင် မရလိုက်ဘူး.."
ဟယ်ရှင်းက ပြောလိုက်သည် ။
" တိုက်တောင် တိုင်ခွင့် မရလိုက်ဘူးလား.. "
ကျောင်းအုပ်ထူ ရှုပ်ထွေးသွား၏ ။ သူနားမလည် ။ သိူ့သော်လည်း ထင်ရာစွတ်မခန့်မှန်းရဲတော့ပေ ။
သူပြောသမျှက လွဲနေ၍ ရှက်လာ၏ ။ သူ၏ ကိုယ်ရေးလက်ထောက် ဟယ်ရှင်းက တမင်အမှားစောင့်၍ ထောက်ပြနေသည်နှင့်ပင် တူနေသေးသည် ။
' ဒီကလေးမ ငါ့ကို လှောင်ချင်နေတာလား.."
ကျောင်အုပ်ထူက ဟယ်ရှင်းအား သတိဖြင့် ကြည့်လိုက်မိ၏ ။
ဟယ်ရှင်းသာ ကျောင်းအုပ်ထူ၏ အတွေးကို သိလျှင် အော်ဟစ်ငိုယိုမိပေမည် ။
ဟယ်ရှင်းက ကျောင်းအုပ်ထူ၏ စောင့်ဆိုင်းနေသည့် အကြည့်ကို သတိထားမိ၍...
" လင်းမို့က လက်သီးတစ်ချက်ထဲနဲ့ ဖုန်ကျစ်ဝေကို ပြိုင်ပွဲကွင်းကနေ ဂိတ်ဝရောက်အောင် ထိုးလိုက်တာ.. "
ကျောင်းအုပ် ထူ ဆွံ့အသွား၏ ။ မည်သူက တတိယနှစ်မှန်း သူဝေခွဲမရတော့ပေ ။ တတိယနှစ် ကျောင်းသားက ဤမျှ အားနည်းနေသည်လော ။
" ဖုန်ကျစ်ဝေ ပြုတ်ကျတဲ့ တွင်းက ခုထိ ဂိတ်ဝမှာ ရှိသေးတယ်.. ဆရာ ကြည့်ချင် သွားကြည့်လို့ ရပါတယ်.. "
ဟယ်ရှင်းသည် ကျောင်းအုပ်ထူမယုံမည်စိုး၍ ကြိုပြောလိုက်၏ ။
ဤသတင်းကား တစ်နိုင်ငံလုံး ပြန့်နှံ့သွားသော်လည်း လူတိုင်း၏ ပထမဆုံး ထင်မြင်ချက်မှာ သူတို့ကို သူတို့ နားကြားလွဲသည်ဟု ထင်လိုက်ကြ၏ ။
Chapter 232
းက ရှက်စရာကောင်းလှ၏ ။