← Chapters

ချီးလို့ လာယှဥ်နေတာလား ၂ ~

Vol. 16 Ch. 232

ချီးလို့ လာယှဥ်နေတာလား ၂ ~

Vol. 16 Ch. 232

ပြန့်နှံ့ လာသော သတင်းအား လူတိုင်းက ကောလဟာလဟုသာ ထင်နေကြသော်လည်း တရားဝင်သတင်းထွက်လာသောအခါ လင်းမို့၏ ဖန်အမြောက်အများ ပေါ်ထွက်လာ​တော့သည် ။

" လင်းမို့ရဲ့ ခွန်အားက ကြောက်စရာကြီးပါလား.."

" အသက်ဆယ့်ရှစ်နှစ်က ကြယ်ရှစ်ပွင့် အဆင့်တဲ့လား.. ကြယ်ကိုးပွင့်တောင် ဖြစ်နိုင်သေးတယ်လား.. "

" ငါ အသက် ၅၀ ရှိပြီ ခုထိ ကြယ်ကိုးပွင့်မရောက်သေးဘူး.. ငါ့အချိန်တွေကို ဘယ်ခွေး ခိုးသွားတာလဲ.. "

" ဘယ်ခွေးမှ မခိုးဘူး.. မင်းဟာမင်း သောက်သုံးမကျတာ.. "

" မီတာတစ်ထောင်လောက် ပျံနေတုန်းက ဖုန်ကျစ်ဝေ ဘယ်လိုခံစားရလဲပဲ ငါသိချင်တာ.. ရူးတော့ မသွားလောက်ဘူးမှတ်လား.."

" ငါသာ ဖုန်ကျစ်ဝေ နေရာမှာဆိုရင် သိုင်းတောင် ဆက်လေ့ကျင့်နိုင်မှာ မဟုတ်တော့ဘူး.. "

" ဖုန်ကျစ်ဝေက ဒုက္ခိတ ​​​ဖြစ်သွားတော့မှာလား.."

" ဘယ်လိုလုပ်ဖြစ်မှာလဲ.. ကျန်းနန်တက္ကသိုလ်မှာ စိတ်ကုထုံး ဆရာတွေ အများကြီးရှိပါတယ်ဟ.."

ထို့အပြင် လင်းမို့နှင့် Black Earth အကြောင်းငြင်းခုံနေကြသော အသံများက ပိုကျယ်လာ၏ ။

Black Earth ၏ အဆင့်၆ တိုက်ခိုက်ရေးစွမ်းရည် ပေါ်ထွက်လာစဥ်က လင်းမို့အား ဝိုင်းနှိမ်ခဲ့ကြသော်လည်း ယခု လင်းမို့၏ လက်သီးချက်ကြောင့် အမြင်ပြောင်းသွားကြလေသည် ။

" Black Earth ရဲ့ပါရမီက လင်းမို့ထက် ကောင်းတယ်လို့ ဘယ်ကောင်အာချောင်တာလဲကွ.. ခုမြင်ပလား.."

" အပြင်မှာ တိုက်ပွဲဖြစ်ရင် Black Earth ရှူံးမှာ သေချာသလောက်ပဲ.. "

" တကယ်ဆို ပါရမီရှင်စာရင်း အဆင့် ၁ က လင်းမို့ ဖြစ်သင့်တယ်.. "

ဟောက်ရန်သည် စိတ်ရှုပ်ထွေးစွာဖြင့် ကျောင်းဖိုရမ်မှ ဆွေးနွေးမှုများကို ကြည့်နေ၏ ။ Black Earth ဘက်မှ ဝင်၍ တိုက်ခိုက်ရမည်လော ။ လင်းမို့ဘက်မှ ကူညီ၍ တိုက်ခိုက်ရမည်လော ။ သူမသိတော့ ။

နောက်ဆုံး သူ့အား ဘဝတစ်လျောက်လုံး ကူညီခဲ့သည် လင်းမို့ဘက်မှသာ ကူညီရန်ဆုံးဖြတ်လိုက်သည် ။ Black Earth ၏ ကျေးဇူးက ​ကြက်ဘုရင်ဂိမ်းတွင် ခေါ်ဆော့ခဲ့ရုံသာ ရှိ၏ ။

ကီးဘုတ်တိုက်ပွဲတွင် လင်းမို့ဘက်မှ ဝင်၍ ထောက်ခံလိုက်တော့သည် ။

" အကိုမို့က နတ်ဘုရားမို့ကွ....."

**

ချယ်ရီပန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့က နတ်ဆိုးမြို့တွင် အနားယူနေသည်မှာ ရက်အနည်းငယ် ကြာလေပြီ ။

နတ်ဆိုးတက္ကသိုလ် အခြေအနေက ကျင့်ဒူနဲ့ သိပ်မကွာ ရီကျန့်၏ အလွယ်တကူအနိုင်ယူခြင်းကို ခံလိုက်ရပေသည် ။

' ရှားနိုင်ငံက ပါရမီရှင်တွေကလဲ အားနည်းလိုက်တာ.. '

ရီကျန့် သူ့ကိုယ်သူ စိတ်ကြီးဝင်လာမိ၏ ။ သူသည် ဆေးများအသုံးပြု၍ ပျိုးထောင်ထားသူတစ်ယောက်မှန်း မေ့ထားလိုက်လေပြီ ။ သူ့ဘဝက အသေခံစစ်သား တစ်ယောက်ဆိုသည်ထက် မပို ။ သူရှင်သန်နေရသည်က လင်းမို့ကို သတ်ရန်ပင် ။

' နောက်တက္ကသိုလ်က ကျန်းနန် တက္ကသိုလ်ပဲ.. "

ရီကျန့် တွေး၏ ။

' အဲ့ကိုရောက်ရင် အရေးအကြီးဆုံးက လင်းမို့ကို သတ်နိုင်ဖို့ပဲ.. '

ရီကျန့်သည် သူသေဆုံးရမည်ကို အနည်းငယ် တွန့်ဆုတ်မိနေ၏ ။ ယခုလို နာမည်ကျော်ကြားသော ပါရမီရှင်ဘဝ တွင် သူပျော်မိနေချေပြီ ။ လုပ်ကြံရန် ကြိုးစားလိုက်သည်နှင့် ဤစိတ်ကူးယာဥ်ဆန်ဆန် ဘဝက ပူဖောင်းပေါက်သလို လျင်မြန်စွာ ပျောက်ကွယ်ပေတော့မည် ။

' ဟဟ.. ရက်နည်းနည်း လောက်မောက်မာခွင့် ရလိုက်တာနဲ့ ငါ့အတွေးတွေက ပြောင်းလဲသွားတာပဲ.. '

ရီကျန့် သူ့ကိုယ်သူ လှောက်ရယ် ရယ်လိုက်သည် ။

' ငါ့ကိုငါ သရုပ်ဆောင် တစ်ယောက်ဆိုတာ မေ့ချင်ချင်ဖြစ်နေပြီ.. ငါက ပါရမီရှင်မဟုတ်ဘူး.. ငါက အသေခံ လူသတ်သမားပဲ.. '

ရီကျန့်၏ အတွေးများ ရှုပ်ထွေးနေစဥ် ချယ်ရီပန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ထံသို့ သတင်းတစ်ခုရောက်လာသည် ။

" လင်းမို့က ကြယ်ရှစ်ပွင့်လား.. ကြယ်ကိုးပွင့်တောင် ဖြစ်နိုင်တယ်လား.. "

ရီကျန့် စာကို ဖတ်ပြီးသည့်နှင့် အံ့အားသင့်သွားသည် ။

" အဲ့တာဆို လင်းမို့က Black Earth ထက်တောင် ပါရမီသာနေတာပဲ.. "

သူ Black Earth ထံသို့ ရှုံးနိမ့်ခဲ့ဖူး၏ ။ လင်းမို့က ပါရမီပိုသာနေသည်ဆိုလျှင် မည်မျှ ကြောက်စရာ ကောင်းလှပါ၏နည်း ။

" လင်းမို့က ငါတို့နိုင်ငံ ဂြိုလ်ပြာကို ထိန်းချုပ်နိုင်ဖို့ အကြီးဆုံး အတားအဆီးပဲ.."

အရင်က ဝန်လေးနေသော ရီကျန့်တစ်ယောက် ယခုပင် ကျန်းနန် တက္ကသိုလ်သို့ အပြေးသွားချင်လာ၏ ။ လင်းမို့ သေမှ ဖြစ်ပေမည် ။ သေကို သေရမည် ။

ရီကျန့်၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်များဖြင့်တောက်ပလာပြီး...

" လင်းမို့အသက်နဲ့ ငါတို့အဖွဲ့ အသက်ကို လဲရတာ တန်တာထက်တောင်ပိုတယ်.. "

**

လုပ်ကြံသူများ နီးကပ်လာသည်ကို လင်းမို့ မသိ ။ ဖိုရမ်ရှိ ဆွေးနွေးမှုများကိုကြည့်၍ ဒေါသထွက်နေ၏ ။

' ချီးလား.. Black Earth က လင်းမို့ထက် ဘာလို့ နိမ့်ရမှာလဲ.. "

စာများကို ဖတ်ရင်း စိတ်တိုလာသည် ။ ဤနီတီဇင်များက သူ၏ ခွန်အားကို မေးခွန်းထုတ်ခွင့် မရှိ ။

' သောက်ချီးလို့ ငါ့ကို ငါနဲ့ လာယှဥ်နေကြတာလား.. '

' ငါ နှစ်ရက်လောက်ဂိမ်းမ​ဆော့တာနဲ့ပဲ လှောင်ရဲတယ်လား..'

လင်းမို့ မကျေနပ်တော့ ။

' အကိုမို့ အကြောင်းသိအောင် ကောင်းကောင်ပြပေးရမယ်.. '

သူ၏ ခွန်အားကို သံသရဝင်နေသူများအတွက် အကောင်းဆုံးဖြေရှင်းနည်းမှာ မည်မျှသန်မာကြောင်း သက်သေပြလိုက်ခြင်းပင် ။ သူ ရှေးဦးစကြာဝဠာ အတွင်းသို့ ဝင်လိုက်၏ ။

လင်းမို့သည် ဟောက်ရန်ထံသို့ မက်ဆေ့ပို့လိုက်သည် ။

" ငါလာပြီ.. ဆော့မယ်ဟ.."

" အယ်.. ဘောစ့် Black Earth လိုင်းတက်လာပါလား.. "

ဟောက်ရန်သည် ရှေးဦးစကြာဝဠာ ၏ အသိပေးချက်ကို ဖွင့်ထားသဖြင့် မက်ဆေ့ဝင်လာသည် နှင့် ချက်ချင်းသိလိုက်၏ ။ ကီးဘုတ် တိုက်ပွဲကို ရပ်တန့်၍ ရှေးဦးစကြာဝဠာ အတွင်းသို့ ဝင်လိုက်သည် ။

" ဘော့စ်Black.. ကြက်ဘုရင်ဂိမ်း ဆော့မလို့လား.. "

ဟောက်ရန်က...

" ကြက်ဘုရင်ဂိမ်းရဲ့ အသက်ကန့်သက်ချက်က ဖွင့်ထားလိုက်ပြီလေ ..အသက် ၃၀ အောက်အကုန် တွေ့တော့မှာ.. မင်း အမှတ်နဲ့ဆို ဆရာကြီးတွေနဲ့ပဲ တွေ့လိမ့်မယ်ထင်တယ်.. ငါ့ထက် ပိုသန်မာတဲ့သူနဲ့ တွဲဆော့ပါလား.. "

ဟောက်ရန်သည် အမှတ်လိုချင်သည်မှာ တပိုင်းသေနေသော်လည်း Black Earth အား ဆွဲချသလို ဖြစ်နေမည်စိုး၍ အံကြိတ်ပြောလိုက်၏ ။

Chapter 233

~

All Chapters