အမဲလိုက်ခံရခြင်း ၂ ~
Vol. 16 Ch. 234
" မရှိနိုင်ဘူး.. ဘယ်လိုလုပ် ရှိနိုင်မှာလဲ .."
ဟောက်ရန်က လင်းမို့ မည်သည့်အတွက်ကြောင့် မေးမှန်းမသိသော်လည်း ယုံကြည်မှု အပြည့်ဖြင့် ဖြေလိုက်၏ ။ အသက် ၃၀ အောက်တွင် တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၆ အထွတ်အထိပ်သို့ ရောက်နိုင်သူ ဂြိုလ်ပြာကြီး၏ သမိုင်းတစ်လျောက်တွင်ပင် မရှိခဲ့ပေ ။
" အဲ့တာဆို ဘာကြောက်စရာ ရှိမှာလဲ.. "
လင်းမို့က...
" အဆင့် ၆ အထွက်အထိပ်တွေ ရှိရင်တောင် ငါဂရုမစိုက်ဘူး.. "
သူ သည် စိတ်စွမ်းအားနှင့် စိတ်ထိန်းချုပ်သူ နှစ်မျိုးလုံး ပိုင်ဆိုင်ထားသော စိတ်ပညာရှင်ဖြစ်၏ ။ အဆင့် ၆ အထွတ်အထိပ်နှင့် တွေ့လျှင်ပင် အနိုင်ယူနိုင်သေးသည် ။
ဂိမ်းထဲတွင် စိတ်ပညာရှင်များအား ကန့်သတ်ထားသော်လည်း အားအရမ်းနည်းသွားသည်တော့မဟုတ် ။
လင်းမို့၏ ဘက်စုံ ခွန်အားကို ပေါင်းလျှင် မည်သူယှဥ်နိုင်ပါမည်နည်း ။ အဆင့် ၆ အထွတ်အထိပ်နှင့် တွေ့လျှင်ပင် အနိုင်ယူနိုင်သည် ။ တခြား အကူအညီ အသင်းဖော် မလိုအပ်ပေ ။
ဟောက်ရန်က Black Earth ၏ ယုံကြည်မှုကို မြင်လျှင် နားလည်သွားသည် ။
' Black Earth က အဆင့် ၆ အထွတ်အထိပ်နဲ့ ယှဥ်နိုင်နေပြီလား.. '
ဟောက်ရန်၏ မျက်လုံးများ တောက်ပလာ၏ ။ Black Earth က ကြွားပြောနေလျှင်ပင် အနည်းဆုံး အဆင့် ၆ နောက်ပိုင်းအဆင့် ခွန်အားရှိနိုင်သည် ။ သာမန် အဆင့် ၆ နောက်ပိုင်းအဆင့်ထက်ပင် ပိုသန်မာနိုင်သည် ။
' အဲ့တာဆို ဆက်တိုက်နိုင်ပွဲ ရအုံးမှာလား.. '
ဟောက်ရန်၏ မျက်လုံးထဲတွင် မျှော်လင့်ချက် အလင်းရောင်များ တဖျတ်ဖျတ် တောက်ပလာသည် ။ ဝန်ထုတ်ဝန်ပိုး မဖြစ်ဘဲ အမှတ်များ ရနိုင်မည်ဆိုပါက ဘာကြောက်နေရမည်နည်း ။ သူ၏ တာဝန်မှာ ကွင်းထဲ ပတ်ပြေးရန်သာဖြစ်သည် ။ ကျန်သည်ကို Black Earth က ရှင်းလင်းပေးပေမည် ။
" ဘော့စ် Black Earth ခု စတော့မလား.. "
ဟောက်ရန်က အားတက်သရော ပြောလိုက်သည် ။
" နေအုံးဟ.. "
လင်းမို့က ခဏ စဥ်းစားပြီး...
" ငါ လုပ်စရာလေးတွေ ရှိသေးလို့ နောက်တစ်နာရီလောက်နေမှ စမယ်.. "
" အေးပါ အေးပါ.. "
ဟောက်ရန်က မျှော်လင့်တကြီး...
" ငါ လိုင်းပေါ်ကနေပဲ စောင့်နေမယ်.."
Black Earth ရှေးဦးစကြာဝဠာ မှ ထွက်သွားသည်ကို ဟောက်ရန် တွေ့လိုက်ရ၏ ။
" အရင်က ဘလိမ်းနေတဲ့ကောင်တွေကို ကြွားပြရမယ်.. "
ဟောက်ရန်က ကြွားပြချင်သော်လည်း အရင်က အင်အားမရှိခဲ့ ။ သူ၏ ဘော့စ်ဖြစ်သူ Black Earth ပင် ဂိမ်းမဆော့၍ သူမည်သို့ ကြွားနိုင်တော့ပါမည်နည်း ။ ယနေ့ သူ့အကြောင်းသိအောင် ပြနိုင်တော့ပေမည် ။
ဟော်ရန်သည် ခဏစဥ်းစားပြီး ကြက်ဘုရင်ဂိမ်း၏ တရားဝင်ဖိုရမ်သို့ ဝင်လိုက်၏ ။ အောင့်အီးထားရသော ဒေါသကို ထုတ်ဖော်ပြရပေမည် ။
ဟောက်ရန်က ချက်ချင်း ပိုစ့်တစ်ခုတင်လိုက်သည် ။
" သားပေါက်လေးတွေ မင်းဖေဖေကြီး ရက်နည်းနည်းလောက် ဂိမ်းမဆော့ဖြစ်တာနဲ့ အာချောင်နေကြတာလား.."
ဟောက်ရန်က ပိုစ့်တင်ပြီးသည်နှင့် သက်တောင့်သက်သာ ခံစားမိလိုက်သည် ။ သူ ဒီလို ပိုစ့်မျိုး တင်ချင်သည်မှာ ကြာလှလေပြီ ။
ဟောက်ရန်သည် အားမရသေး၍ နောက်ထပ်ပိုစ့်များ ထပ်တင်လိုက်သည် ။
" ဒီည ငါနဲ့ တွေ့မယ်သူတွေ အရှုံးဘယ်လိုပေးရမလဲ ကြိုစဥ်းစားထားကြ.. နိုင်ပွဲဆိုတာ မင်းတို့နဲ့ မဆိုင်တော့ဘူး.. "
" သောက်ကလေးတွေ.. ရှုံးရင် ငိုတော့ မနေကြနဲ့နော်.. အိမ်မက်ဆိုးတွေလည်း မက်နေအုံးမယ်.. "
**
ကြက်ဘုရင်ဖိုရမ်တွင် ကြည့်ရှုနေသူများစွာရှိ၍ ဟောက်ရန်၏ ပိုစ့်က ချက်ချင်း ပြန့်နှံ့သွားသည် ။
" ဟာ.. အဲ့တာ Black Earth ရဲ့ နောက်လိုက်ဝက်မလား.."
" သူဘာတွေ ပြောနေတာလား.. "
" သောက်ဝက်က မောက်မာလိုက်တာ.. "
" ဒီကောင်က ကျန်းနန် တက္ကသိုလ်က ကောင်းဟောက်ရန် ဆို.. သူ့ဆီလာပြီး ချောင်းရိုက်မှာ မကြောက်ဘူးလား.. "
" အဲ့ဝက် သေချင်နေတာလား.."
ဟောက်ရန်၏ ပိုစ့်တွင် ဝိုင်းဆဲနေသူများဖြင့် ပြည့်နေ၏ ။ ဝက်တစ်ကောင်က ဤမျှမောက်မာနေမည်ဟု မည်သူထင်မည်နည်း ။ ကြက်ဘုရင်ဂိမ်း၏ ကစားသူအားလုံးကို စိန်ခေါ်နေသည် ။ သွေးပူတက်သော လူငယ်များမှာ စိတ်မထိန်းနိုင်တော့ ။
ကျန်းနန် အနီးတဝိုက်တွင် နေထိုင်သူအချို့က ဟောက်ရန်အား ချောင်းရိုက်မည်ဟုပင် ခြိမ်းခြောက်ကုန်ကြသည် ။
ကျန်းနန် တက္ကသိုလ်ထဲသို့ မဝင်ရဲသော်လည်း အပြင်မှာစောင့်နေမည်ဖြစ်သည် ။ ဟောက်ရန် ဓားကြီးလောကတွင် ပါဝင်နေသည်ကို ကျန်းနန် ဒေသတစ်ခုလုံး သိကြပေသည် ။
ကြက်ဘုရင်ဂိမ်းဖိုရမ် တစ်ခုလုံး ဆဲဆိုသံများဖြင့် ပြည့်နှက်သွားတော့သည် ။
Chapter 235
~