Chapters

လေထီး မသုံးဘူး

Vol. 16 Ch. 235

လေထီး မသုံးဘူး

Vol. 16 Ch. 235

~

သို့သော်လည်း သူ့အား ​ဆဲဆိုနေကြသူများထဲတွင် ပါရဂူတန်းကျောင်းသားများပါ ပါလာ၍ စိုးရိမ်လာသည် ။

ဂိမ်းထဲတွင် အမဲလိုက်မည်ဟု ထိုကျောင်းသားများက ပြောနေကြ၏ ။ အများစုမှာ ငွေလအဆင့်များနှင့် နေအလင်း အဆင့်များဖြစ်ကြသည် ။

ဟောက်ရန် ဆွံ့အသွား၏ ။ နှစ်ကြီးကျောင်းသားတစ်ယောက်အနေဖြင့် ပထမနှစ်လေးများအား ခြိမ်းခြောက်သင့်ပါသည်လော ။ အရှက်မရှိကြ ။ ဂိမ်းထဲတွင် ဆိုသော်လည်း အရှက်မရှိခြင်းသာ ဖြစ်သည် ။

ဟောက်ရန်သည် Black Earth အား အများနှင့်တစ်ယောက် တိုက်ခိုက်နိုင်သည်ကို ယုံကြည်သော်လည်း အများဆုံး သုံးလေးယောက်အထိသာ ယုံကြည်မှုရှိပေမည် ။ ယခု စိန်ခေါ်နေသူများမှာ ဒါဇင်များစွာ ရှိနေလေပြီ ။ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ နှင့် အဆင့် ၆ ရှိသူ ဆယ်ဂဏန်း ဝိုင်းတိုက်ပါက အဆင့် ၆ အထွတ်အထိပ်ပင် နိုင်မည်မဟုတ် ။

' ငါ.. ငါမှားပြီထင်တယ်.. '

ဟောက်ရန် လန့်လာ၏ ။ သူ အာချောင်မိသည့်အတွက် ဂိမ်း၏ အခက်အခဲက ဆယ်ဆလောက် တိုးလာသည် ။

' ဘော့စ်Black Earth သိရင် ငါ့ကို သတ်တော့မှာပဲ. '

ဟောက်ရန် ကြောက်လန့်စွာ တွေးလိုက်မိသည် ။ သူအား စိတ်ဆိုးသွားပြီး ခေါ်မဆော့တော့ပါက ချောင်ကပ် ငိုနေရပေမည် ။

**

လင်းမို့က သူ၏ ပိုင်ဆိုင်သမျှ ပစ္စည်းများ သိမ်းပြီး အဆောင်ပြောင်းရန် သွားနေသည် ။

ကျောင်း၏ တက်ကြွအညွှန်းကိန်း နေရာအား သူပိုင်ဆိုင်သွားလေပြီ ။

တနေကုန် မြေဆွဲအားအခန်းတွင် အိပ်နေပြီး ဖုန်ကျစ်ဝေအား အိမ်သန့်ရှင်းရေး လုပ်ရန် အချိန်ပေးလို၍ ယခုမှ ထွက်လာခဲ့ခြင်းဖြစ်သည် ။

လင်းမို့သည် ဗီလာအဝင်ဝတွင် စိတ်ဓာတ်ကျ​နေဟန်ဖြင့် ရပ်နေသော ဖုန်ကျစ်ဝေအား မြင်လိုက်ရသည် ။

သူအနားသို့ ရောက်သွားလျှင် ဗီလာသော့ကို မကျေမနပ်ဖြင့် ထိုးပေးလိုက်၏ ။

" ညီလေမို့ ..ငါတို့က အရမ်းမရင်းနှီးပင်မယ့် ဆက်ဆံရေးဆိုးတယ့်သူတွေလည်း မဟုတ်ပါဘူး.. ဘာလို့ ငါ့အဆောင်ကိုမှ လာလုတာလဲ.. "

" အ.."

လင်းမို့ မည်သို့ ရှင်းပြရမည်မသိ ။ တက်ကြွအညွှန်းကိန်း အမြင့်ဆုံးဖြစ်နေ၍ဟု ပြောမရပေ ။

" မင်းနာမည်ကြီးချင်လို့ စိန်ခေါ်တာကို ငါသိတယ်.. "

ဖုန်ကျစ်ဝေက...

" ဒါပင်မဲ့ ဘာလို့ ငါ့ကိုမှ လဲ.. "

သူ စိတ်ဓာက်ကျနေ၏ ။ တက္ကသိုလ်တွင် နှစ်နှစ်ဆက်တိုက် တောက်ပသော ပါရမီရှင် ဖြစ်ခဲ့သော်လည်း ယခု ဂျူနီယာလေးတစ်ယောက်၏ လှေကားထစ် ဖြစ်ခဲ့ရလေသည် ။

" ဒါပင်မယ့်.. "

ဖုန်ကျစ်ဝေသည် လင်းမို့အား မျှော်လင့်ချက်ဖြင့် ကြည့်၍...

" မင်း အနာဂတ်မှာ စစ်နတ်ဘုရား အဆင့်ရောက်အောင် သေချာလေ့ကျင့်ရမယ်.. အဲ့တာမှ မင်းနာမည် သမိုင်းစာအုပ်ထဲ အထည့်ခံရပြီး အဆောင်အလုခံရတဲ့ ငါနာမည်လည်း ပါလာမှာ.. "

ဖုန်ကျစ်ဝေက ပြောပြီးသည်နှင့် စိတ်သက်သာသွား၏ ။ ဤသို့ ဖြစ်လာမည်ဆိုလျှင့် ရှုံးနိမ့်ခဲ့ရသည်ကို လက်ခံနိုင်ပေသည် ။ ဒဏ္ဍာရီတွင်မည့် သူတစ်ယောက်အား ရှုံးနိမ့်ရခြင်းကား ရှက်စရာမဟုတ် ။

" မင်းအတွက် အိပ်ဆောင် ရှင်းထားတယ်.. အဆင့်သင့် နေရုံပဲ.. "

ဖုန်ကျစ်ဝေက..

" ဒါနဲ့ မင်းအိပ်ဆောင်တော့ ရှင်းထားတယ်မလား.. "

" အိုး.. "

လင်းမို့က အံ့သြဟန်ဖြင့် ...

" ငါလေ့ကျင့်နေတာနဲ့ အိပ်ဆောင်ရှင်းဖို့ မေ့သွားတယ်.. ရောက်မှသာ ရှင်းလိုက်တော့.. "

" ချီးပဲ.. "

ဖုန်ကျစ်ဝေက ဆဲလိုက်ပြီး အထုတ်ဆွဲကာ ထွက်သွားတော့သည် ။

လင်းမို့က အထုတ်များကို ဗီလာအတွင်း နေရာပစ်ထည့်၍ ရှေးဦးစကြာဝဠာ အတွင်းသို့ ဝင်လိုက်၏ ။

" ငါရောက်ပြီ .. စမယ်ဟေ့.."

လင်းမို့သည် ဟောက်ရန်ထံသို့ မက်ဆေ့ပို့လိုက်၏ ။

ဟောက်ရန်က နာရီဝက်လောက် စိတ်ပူပန်နေခဲ့ရသော်လည်း Black Earth ၏ မက်ဆေ့ကို မြင်လျှင် ရှောင်လွှဲ၍ မရမှန်း သိလိုက်တော့သည် ။ သူခဏ တုံ့ဆိုင်းသွားပြီး အံကြိတ်ကာ...

" ဘော့စ် Black Earth ငါ​တော့ ပြသနာ ရှာမိပြီ.. "

" ဘာကိစ္စလဲ.. "

လင်းမို့ အနည်းငယ် စိတ်ဝင်စားသွား၏ ။ ဂိမ်းထဲတွင် မည့်သည့် ပြသနာ ရှိနိုင်မည်နည်း ။ သူ၏ ခွန်အားဖြင့် ဆိုလျှင် အကုန်ရှင်းပစ်နိုင်သည် ။

" အဲ့တာ ပြသနာအကြီးကြီး​တော့ မဟုတ်ပါဘူး.. "

ဟောက်ရန်က ရှက်ရယ် ရယ်လိုက်ပြီး...

" ငါတို့ ပွဲရှာလိုက်ရင် ၉၈ ယောက်လောက်က ဝိုင်းတိုက်တော့မယ်ထင်တယ်.. "

" ဖူး.."

လင်းမို့ သီးသွား၏ ။ ဂိမ်းတစ်ခုတွင် လူတစ်ရာပါဝင်ပြီး သူနှင့် ဟောက်ရန်ကို ဖယ်လိုက်လျှင် ၉၈ ယောက်ဖြစ်သည် ။ မည်သည့် ပျားအုံကို တုတ်နှင့် သွားထိုးလာပါသနည်း ။

Chapter 236

~