လေထီးမသုံးဘူး ၂
Vol. 16 Ch. 236
~
" မင်းဘာလုပ်လိုက်လို့ လဲ.. "
လင်းမို့ မေးလိုက်မိ၏ ။
ဟောက်ရန်က သူလုပ်သမျှကို ပြောပြလိုက်သည် ။
လင်းမို့ ဆွံ့အ သွားတော့သည် ။ ဟောက်ရန်က သူနှင့် လာတွဲဆော့နေ၍သာ တော်သေး၏ ။ သူ၏ သေလမ်းရှာစွမ်းရည် နှင့်ဆိုလျှင် ကစားဖော်များအား ဒုက္ခအကြီးကြီး ရောက်သွားစေနိုင်သည် ။
သာမန် ကစားသမားဆိုး နှင့်ကျလျှင် ဝေးဝေး နေ၍ ရသော်လည်း ဟောက်ရန်၏ ဆိုးသွမ်းမှုက မည်သို့မှ ရှောင်၍ ရမည်မဟုတ် ။ ဂိမ်းထဲရှိ ပါဝင်သူအားလုံး ဝိုင်းသတ်ချင်အောင် လှုံ့ဆော်နိုင်စွမ်း အပြည့်အဝ ရှိပေသည် ။
" ဒီနေ့ည နားချင်နားလိုက်ပါလား.. "
ဟောက်ရန်က...
" အခြေအနေ ငြိမ်သွားမှ ပြန်ဆော့မယ်လေ.. မင်း ဂုဏ်သိက္ခာကို ဘယ်သူမှ မထိခိုက်စေရဘူး အဆဲခံရရင် ငါပဲ အဆဲခံလိုက်မယ်.. "
ဟောက်ရန်က တာဝန်သိတက်စွာ ပြောလိုက်သည် ။
" မလိုပါဘူးဟ.."
လင်းမို့က ...
" လူတစ်ရာတောင်မပြည့်တာ ငါက ကြောက်နေရမှာလား.."
" အဲ့လူတွေထဲမှာ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၆ တွေ အများကြီးနော်.. "
ဟောက်ရန် အံ့အားသင့်သွား၏ ။
" အဆင်သင့် နှိပ်ထား ပွဲရှာတော့မယ်.. "
လင်းမို့က ဆက်ရှင်းမပြဘဲ ပွဲစရှာလိုက်သည် ။ အဆင့်၅ နှင့် အဆင့် ၆ ပေါင်းစည်းထားသည့် လူ ၁၀၀ နီးပါးကို နိုင်မည် မနိုင်မည် သေချာမသိ ။ တိုက်ခိုက်ပြီးမှသာ အဖြေသိပေမည် ။
လင်းမို့ နှင့် ဟောက်ရန်တို့ ပွဲရှာလိုက်သည်နှင့် ကစားသမား များစွာက သတိထားမိသွားသည် ။
" ဟိုနှစ်ကောင် ပွဲရှာနေပြီ.. "
" သူတို့ ဆော့ရဲသေးတာပဲ.. "
" ပွဲရှာကြတော့.. အဲ့နှစ်ကောင်ကို ရအောင်သတ်မယ်.. "
" ကြက်ဘုရင်ဂိမ်းက သူ့အမေလင် ပိုင်တာ မဟုတ်ဘူးဆိုတာ Black Earth ဆိုတဲ့ကောင် သိအောင် ပြရမယ်.. "
" အဲ့ ခွားမသေးတွေ ဂိမ်းမဆော့ရဲအောင် ရိုက်ပစ်.. "
" Black Earth ကို တွေ့ရင် ချက်ချင်းမသတ်နဲ့နော် အရင်ဝိုင်းထားပြီး အားရအောင် သောက်ခွက်ပြောင်ရမယ်.. "
" ဒါပေါ့ကွ.."
ချက်ချင်းပင် လူအများအပြား ပွဲရှာလိုက်ကြသည် ။ အနိမ့်ဆုံး အဆင့် မှာ တိုက်ခိုက်ရေးစွမ်းရည်အဆင့် ၅ ပင် ။ Black Earth ၏ အမှတ်ကြောင့် သူတို့နှင့် သေချာပေါက် ကျမည်ဖြစ်သည် ။
လေယာဥ် ပေါ်ရောက်သွားသည်နှင့် ကစားသမားအားလုံး Black Earth အား လိုက်ရှာလိုက်ကြသည် ။
" ဟားဟားဟား.. Black Earth ငါတို့ပွဲမှာ ပါလာပြီဟေ့.. "
" ဟိုမှာ ဟိုမှာ အာချောင်တဲ့ သောက်ဝက်.. "
" အမဲလိုက်ဖို့ အသင့်ပြင်ထားကြဟေ့.. Black Earth ခုန်တာနဲ့ အကုန်လိုက်ခုန်မယ်နော်.. "
" ချက်ချင်း မသေစေနဲ့အုံးနော် သတိထားကြ.. "
လေယာဥ်ခန်းအတွင်း အသံပေါင်းစုံ ဆူညံနေ၏ ။
ဟောက်ရန်တစ်ယောက် ဝံပုလွေတွင်းထဲ ရောက်သွားသလို ခံစားမိလိုက်သည် ။
လင်းမို့လည်း တိုက်ခိုက်ရန် အကြောလျော့ထားလိုက်၏ ။ လူတစ်ရာနှင့် တိုက်ခိုက်ရန်က လွယ်တော့ မလွယ်ကူလှ ။ သူက ဟောက်ရန်အား ပြောလိုက်၏ ။
" ခုန်တော့ .."
တောအုပ် အတွင်း ခုန်ဆင်းလိုက်သည် ။ အများနှင့် တစ်ယောက်ဖြစ်၍ နယ်မြေသေချာ ရွေးမှရပေမည် ။ လွင်ပြင်တွင် ဆိုလျှင် အဝိုင်းခံရမည်ကို ကြောက်ရသလို မြို့တွင်းဆင်းပါက လက်နက် အန္တရာယ် ကြောက်ရပေသည် ။
တောနက်အတွင်း ဆင်းသည်က အန္တရာယ်အကင်းဆုံးပင် ။ မြေအနေအထားကြောင့် လူအများကြီး တပြိုင်နက် မတိုက်ခိုက်နိုင်သလို လက်နက် နည်းပါးသဖြင့် လက်ဗလာဖြင့်သာ တိုက်ခိုက်နိုင်ပေမည် ။
" Black Earth ခုန်သွားပြီဟေ့.. "
" လိုက်ခုန်ကြဟ.. "
" တောနက်ထဲ နေရာရွေးထားတာပဲ.. ဒါပင်မဲ့ ဘာမှမထူးဘူး ငါတို့မှာ လူအများကြီးကွ.. "
" ဝှစ်..ဝှစ်..ဝှစ်..ဝှစ်..ဝှစ်.."
လင်းမို့နောက် အုပ်လိုက်ကြီး လိုက်ပါလာကြသည် ။
လင်းမို့ မြေပြင်နှင့် နီးကပ်လာသည်နှင်ံမျှ မှိန်ပြပြ အလင်းတစ်ခုကို မြင်လိုက်ရသည် ။
' အဲ အထူးလက်နက်ပဲ.. ငါ့ကံက မဆိုးပါလား..'
တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ ရောက်ပြီးနောက် သာမန်လက်နက်များဖြင့် ထိခိုက်မိပါက ချက်ချင်းပြန်ကောင်းသွားမည်ဖြစ်ပြီး အဆင့် ၆ များဆိုလျှင် ပြောနေစရာပင် မလိုချေ ။ အထူးလက်နက်များကသာ ကြီးကြီးမားမား ထိခိုက်စေမည်ဖြစ်သည် ။
ဂိမ်းထဲတွင် သာမန်လက်နက်နှင့် အထူးလက်နက် အချိုးက ဆယ်ပုံ တစ်ပုံ ဖြစ်သဖြင့် ကံကောင်းသည်ဟု ဆိုနိုင်ပေသည် ။
လင်းမို့သည် သူကျမည့်နေရာက လက်နက်နှင့် လှမ်းသဖြင့် နောက်ကျောတွင် လွယ်ထားသော လေထီးအိတ်ကို ချွတ်၍ နောက်ဘက်သို့ အားကုန် လွှဲပစ်လိုက်၏ ။ ထိုအရှိန်ကို အသုံးပြု၍ သူဆင်းမည့်နေရာကို ဦးတည်ချက်ပြောင်းလိုက်သည် ။
လင်းမို့နောက် အနီးကပ် လိုက်လာကြသော ကစားသမားများလည်း လင်းမို့လို လုပ်လိုက်ကြသည် ။ အဆင့် ၆ များဖြစ်သဖြင့် မြေပြင်သို့ ဆင်းသက်ရန် လေထီးမလိုကြတော့ပေ ။ ထို့ကြောင့် ဤသို့ ဦးတည်ချက်ပြောင်းသည်က ထိပ်တန်းကစားသမားများအတွက် ပုံမှန်သာ ဖြစ်၏ ။ အဆင့် ၅ များသည်တော့ လေထီးမချွတ်ရဲပေ ။ လေထီးမပါဘဲ ပြတ်ကျလျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားမည်ဖြစ်သည် ။
လင်းမို့ နောက်လှည့်ကြည့်လိုက်ရာ လေထီးချွတ်သူ အယောက် ၅၀ လောက်ရှိသည်ကို တွေ့လိုက်ရသည် ။
' အဆင့် ၆ အယောက် ၅၀ လား..'
လင်းမို့ အနည်းငယ် အံ့သြသွား၏ ။ ပုံမှန် ပွဲတစ်ပွဲတွင် အဆင့် ၆ အလွန်ဆုံး ဆယ်ယောက်လောက်သာ ပါဝင်သည် ။ အဆင့် ၆ သို့ ရောက်နေသည့် သူများမှာ အများစုက နေအလင်းအဆင့်များ ဖြစ်ကြပြီး အနိမ့်ဆုံး ငွေလအဆင့် အထွတ်အထိပ်တွင် ဖြစ်သည် ။
' ဟောက်ရန်က ဘယ်လိုများ ရန်စလာတာလဲ.. "
လင်းမို့ မျက်ဖြူလှန်ချင်ချင် ဖြစ်သွား၏ ။ ဟောက်ရန်ကြောင့် ဂိမ်း၏ အခက်အခဲက အဆများစွာ မြင့်တက်လာလေသည် ။
**
လေယာဥ် ပေါ်ရှိ ဟောက်ရန်တစ်ယောက် အံ့သြသွား၏ ။
' ဘော့စ် BlackEarth က ဘာလို့ လေထီးချွတ်တာလဲ.. သတ်သေမလို့လား.. '
ဟောက်ရန်သည် တက္ကသိုလ်ရောက်ကတည်းက ဓားကြီးလောကတွင်သာ အလုပ်များနေ၍ အဆင့်မြင့်သူများအကြောင်းကို သိပ်မသိပေ ။
သူ ရုတ်တရက် နားလည်သွားသည် ။
' တခြားလူ သတ်တာ မခံချင်လို့ သတ်သေလိုက်တာပဲ.. '
ဟောက်ရန် Black Earth အား ရင်ထဲအသည်းထဲမှပင် လက်မ ထောင်ပြချင်သွား၏ ။
' မင်းတို့ ငါ့ကို ဝိုင်းသတ်ချင်တာလား.. ငါ့ကိုငါ သတ်သေလိုက်မယ်.. မင်းတို့ ဘာတက်နိုင်သေးလဲ.. '
' ဘော့စ် Black Earth က ညဏ်ကောင်းလိုက်တာ.. '
ဟောက်ရန် တွေးသည် ။
Chapter 237
~