ပွဲပြီးသွားပြီ
Vol. 16 Ch. 237
~
ဟောက်ရန်သည် Black Earth ၏ အကြံအစီကို နားလည်သွားပြီဟု ခံစားမိလိုက်၏ ။
' သူ့ကို ဝိုင်းသတ်မယ်လုပ်ရင် သတ်သေလိုက်မှာပဲ ..အဲ့လိုပွဲနည်းနည်း လုပ်ပြီးရင် လိုက်သတ်ချင်တဲ့သူ နည်းသွားမှာ.. အဲ့အချိန်ကြမှ ခွန်အားထုတ်ပြရမယ်.. '
ဟောက်ရန် ချီးကျူးလိုက်မိ၏ ။ Black Earth က ရှုံးနိမ့်ချင်ယောင် ဆောင်နေသော်လည်း နောက်ဆုံးအနိုင်ရမည့် သူသာဖြစ်သည် ။
' လူတွေက Black Earth ကို သတ်နိုင်ဖို့ အများကြီး အားစိုက်ခဲ့ရပင်မယ့် နောက်ဆုံး သေရမှာက သူတို့ပဲ.. '
ဟောက်ရန်က လျင်မြန်စွာ ကျဆင်းနေသော Black Earth အား လေးစားမှုအပြည့်ဖြင့် ကြည့်နေသည် ။
' ဒါ မဟာဗျူဟာမြောက် ကစားကွက်ပဲ.. '
ဟောက်ရန်သည် Black Earth မြေပြင်ပေါ်သို့ ကျရောက်တော့မည်ကို မြင်လိုက်ရသည် ။
' ဘော့စ် Black Earth သေပြီးရင် ငါလည်း သတ်သေရမယ်. .'
သူ တွေးလိုက်သည် ။ သို့သော်လည်း ချက်ချင်း ထိတ်လန့်သွား၏ ။ Black Earth က မြေပြင်သို့ ရောက်သွားသောအခါ မသေသည့်အပြင် ခေါင်းပေါ်ရှိ သွေးတန်းမှာ သွေးတစ်စက်မှ မလျော့ ။ သူခုန်ချရာ ပတ်ဝန်းကျင်ရှိ မြေထုသာ တွင်းကြီး ဖြစ်သွားသည် ။
' ဟမ်.. အဲ့လိုလည်း ရတာပဲလား.. '
ဟောက်ရန်သည် နောက်တစ်စက္ကန့်အကြာတွင် Black Earth တစ်စုံတစ်ခုအား ကောက်ကိုင်သည်ကို မြင်လိုက်ရ၏ ။ အထူးလက်နက် ဖြစ်ပုံရသည် ။ တိုက်ဆိုင်လွန်းလှပေသည် ။
Black Earth ၏ နောက်မှ ခုန်ဆင်းလာသူများလည်း အောက်သို့ ရောက်သွားကြသည် ။ လူတစ်ရာနှင့် တစ်ယောက် တိုက်ပွဲ စတော့ပေမည် ။
' ဘော့စ် Black Earth မသေခင်.. ငါအရင် သတ်သေရမယ်.. '
ဟောက်ရန်သည် သူ့ကိုယ်သူ အသုံးမဝင်မှန်းသိ၍ ပွဲကြည့်သူနေရာ ကြည့်နိုင်ရန် သတ်သေမည်ဟု ဆုံးဖြတ်လိုက်သည် ။
သူက ချက်ချင်း လေယာဥ်ပေါ်မှ ခုန်ဆင်းကာ လေထီးအိတ်ကို ချွတ်ပစ်လိုက်ရင်း အော်လိုက်၏ ။
" မင်းတို့ ငါ့ကို သတ်ချင်တာလား ဋီး ပဲ ရမယ်ကွ.."
သို့သော်လည်း ထိုအခိုက် သူ၏ နောက်မှ ပုံရိပ်တစ်ခု ကပ်ဆင်းလာ၏ ။
ထိုသူက ဝါရင့်သိုင်းသမား ကျန်းမူ ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ အထွတ်အထိပ်ရှိ၍ အသက် ၃၀ ဖြစ်သည် ။ သူက ဟောက်ရန်ကို ပြုံးပြလိုက်ပြီး လက်ကို ဆွဲထားသည် ။
" ဟေ့ဟေ့.. ခင်ဗျား ဘာလုပ်တာလဲ.. "
ဟောက်ရန် ဆွံ့အစွာ မေးလိုက်၏ ။
" မင်းက သတ်သေမလို့လား ဟီးဟီးဟီး.."
ထိုလူက တဖန်ပြုံးပြလိုက်ပြီး...
" ငါကြိုသိလို့ စောင့်နေတာ ကြာလှပြီ .."
ထို့နောက် လေထီးကို ဖွင့်၍ ဖြေးညှင်းစွာ ဆင်းသက်လိုက်သည် ။
ဟောက်ရန်က ကြက်ပေါက်လေးတစ်ကောင်လို ဖမ်းခံထားရလေသည် ။ သတ်သေချင်သော်လည်း အဆင့် ၅ အထွတ်အထိပ်၏ လက်မှ အဆင့် ၂ တစ်ယောက်က မည်သို့ လွတ်နိုင်ပါမည်နည်း ။
" လေထီးစီးရင်း Black Earth ရိုက်ခံရတာကို အေးဆေးသာ ကြည့်ပါ.. ဟားဟားဟား.. "
ကျန်းမူတစ်ယောက် လိုင်းပေါ်တွင် အာချောင်နေသူအား ဆုံးမခွင့် ရ၍ ပျော်ရွှင်နေ၏ ။
**
တောအုပ်အတွင်း မြေပြင်...
လင်းမို့သည် သူ့လက်အတွင်းရှိ လက်နက်ကို ကြည့်၍ စိတ်ပျက်နေ၏ ။
' ဓားမြှောင် ကြီးပဲ.. '
အများနှင့် တစ်ယောက် တိုက်ပွဲတွင် ရှည်လျားသော လက်နက်များက ပို၍ အသုံးဝင်သည် ။ သို့သော်လည်း လက်ဗလာထက်တော့ ပိုကောင်းသည်ဟု ပြောရမည်ပင် ။
ထိုအခိုက် အနီးဆုံး ရန်သူက ရောက်လာ၏ ။ အရပ်ရှည်ရှည် ပိန်ပိန်ဖြင့် အေးစက်စက် အမူအရာရှိသော တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၆ ရှိသူဖြစ်သည် ။ ထိုသူက လင်းမို့ လက်အတွင်းမှ ဓားတိုကိုမြင်လျှင် အော်ရယ်တော့သည် ။
" ဟားဟားဟား.. အထူးလက်နက် မြင်လို့ ဒီနေရာကို ဆင်းလာတာကို.. မင်းလက်နက်က ဓားမြှောင်ကြီး ဖြစ်နေပါလား.. ဟားဟားဟား ..."
Chapter 238
~