← Chapters

ပွဲပြီးသွားပြီ ၂

Vol. 16 Ch. 238

ပွဲပြီးသွားပြီ ၂

Vol. 16 Ch. 238

~

အရပ်ရှည်ရှည် လူက လင်းမို့အား သတိထားကြည့်လိုက်သည် ။ သူ စက္ကန့် အနည်းငယ် ထိန်းထားနိုင်သရွေ့ ကျန်သည့် သူများက လင်းမို့အား ဝိုင်းရံထားနိုင်မည်ပင် ။

' မင်းတစ်ယောက်ထဲလား.. '

လင်းမို့ လှောင်ပြုံး ပြုံးလိုက်၏ ။ သူ့ရှေ့မှ လူထက် သူ၏ တိုက်ခိုက်ရေးစွမ်းရည် အဆင့်က အဆင့်ငယ် နှစ်ဆင့်မြင့်၍ အေးဆေး အနိုင်ယူနိုင်သည် ။ ထို့အပြင် သူ့တွင် အထူးလက်နက် ရှိနေပေသည် ။

အရပ်ရှည်ရှည်လူက ပြေးဝင်လာ၏ ။ တိုက်ကွက်အနည်းငယ် ဖလှယ်ပြီး နောက်ပြန်ဆုတ်လိုက်သည် ။

" ဒါ.."

သူ လင်းမို့၏ အဝတ်စကိုပင် ထိအောင် မတိုက်ခိုက်နိုင်ခဲ့သော်လည်း သူ့ကိုယ်ပေါ်တွင် ဓားဒဏ်ရာ သုံးခု ရှိနေလေပြီ ။ အဆင့် ၅ တစ်ယောက်ဆိုလျှင် အသက်ပင် ဘယ်နားက ထွက်သွားမှန်း သိမည်မဟုတ် ။ သူ၏ သွေးတန်း ၃၀ % ကုန်ဆုံးသွားခဲ့သည် ။

' ဒါဘယ်လိုလုပ် ​ဖြစ်နိုင်မှာလဲ ..'

သူ မထိနိုင်ဟု ထင်ခဲ့သည့် ဓားချက်များက သူ့ကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည် ။ အဆင့် ၆ များ၏ တိုက်ပွဲဖြစ်၍ တစ်စက္ကန့်အတွင်း တိုက်ကွက်တစ်ရာလောက် တိုက်ခိုက်နိုင်သည် ။

သူအတွေး လွန်နေစဥ် လင်းမို့က ပြေးဝင်လာ၏ ။ ထွက်ပြေးရန် ကြံလိုက်သော်လည်း ပြေးချိန်မရလိုက် ။ လင်းမို့၏ ဓားဖြင့် ဆယ်ချက်​ကျော် အထိုးခံလိုက်ရပြီး သေဆုံးသွားသည် ။

ဂိမ်းထဲရှိ လူများအားလုံး သတိပေးချက် ရရှိလိုက်ကြသည် ။

" ချီး Black Earth က တစ်ယောက် သတ်လိုက်ပြီးလား.."

" ခုမှ ဆင်းလာတာ စက္ကန့်လောက်ပဲ ရှိသေးတယ်လေ.. အထူးလက်နက် ရသွားတာဖြစ်မယ်.. "

" သေတဲ့သူက အဆင့် ၆ မှ ဟုတ်ရဲ့လား အတုကြီးလား.. "

ကစားသမားများက Black Earth အား ဝိုင်းရံထားနိုင်ရန် ပို၍ အရှိန်မြှင့်လိုက်ကြသည် ။ Black Earth မည်မျှသန်မာပါစေ အဆင့် ၆ ဆယ်ဂဏန်း၏ ဝိုင်းရံမှုကို ခံရပါက သေရမည်ပင် ။

စက္ကန့်အနည်းငယ်အတွင်း လင်းမို့အနားသို့ လူသုံးယောက် ရောက်လာ၏ ။ မတူညီသည့် အဖွဲ့သုံးခုမှဖြစ်သည် ။ တုံ့ဆိုင်းမနေကြဘဲ လင်းမို့ထံ သို့ ပြေးဝင်လာကြသည် ။

သို့သော်လည်း သူတို့၏ ပိတ်ဆို့တိုက်ခိုက်မှုများကလင်းမို့ကို တစ်ချက်မှ မထိဘဲ သူတို့၏ သွေးတန်းသည် တစ်ခဏချင်းအတွင်း တစ်ဝက်သို့ ရောက်ရှိသွား၏ ။

ထိုအခိုက် နောက်ထပ် အဆင့် ၆ ဆယ်ယောက်ကျော် ထပ်ရောက်လာကြသည် ။ သူတို့ နားလည်သွားသည်မှာ Black Earth သည် အဆင့် ၆ အစောပိုင်းတွင် မဟုတ် အလယ်ဆင့် သို့မဟုတ် နောက်ပိုင်းအဆင့်တွင် ဖြစ်နေပေမည် ။

" ဒီကောင် မောက်မာနေတာ မဆန်းဘူး.. သန်မာလိုက်တာ .."

" အဆင့် ၆ အလယ်ဆင့်ဆိုရင်လဲ ဘာဖြစ်တုန်း ငါတို့မှာလဲ အလယ်ဆင့်တွေ ပါတာပဲ .."

" နောက်ဆုံးအဆင့်ဆိုရင်တောင် သေကို သေရမယ်ကွ.."

" တက်..."

ပြေးလာနေသည့် လူဆယ်ယောက်ကျော်ကို ကြည့်၍ လင်းမို့သည် အခြေအနေမကောင်းမှန်း သိလိုက်၏ ။

' ငါ အဝိုင်းခံရလို့ မဖြစ်ဘူး.. '

ထိုအခိုက် လင်းမို့ကို ပိတ်ဆို့ထားနိုင်ရန် ကြိုးစားနေသူသုံးယောက်က အနာမခံ ဘဲ ရှောင်နိုင်ရန်သာ ကြိုးစားနေကြတော့သည် ။ ဝိုင်းရံထားနိုင်မည့် အချိန်ကို စောင့်နေခြင်းပင် ။

' မဖြစ်ဘူး..'

လင်းမို့က အခြေအနေ မကောင်းမှန်းသိ၍ စိတ်ထိန်းချုပ်သူ စွမ်းရည်ကို ထုတ်သုံးလိုက်၏ ။ အထိန်းချုပ်ခံလိုက်ရသော ကစားသမားမှာ စက္ကန့်ဝက်အတွင်း ဓားငါးချက်ထိပြီး သေဆုံးသွားသည် ။

အခြားသူများ ကြောင်အအ ဖြစ်သွားကြသည် ။ တိုက်ခိုက်နေစဥ်အတွင်း မည်သည့် အကြောင်းကြောင့် ဓားဖြင့် ထိုးနေသည်ကို ​ရပ်ခံနေမှန်း သူတို့ နားမလည်နိုင်ကြ ။

လင်းမို့က အခွင့်ကောင်းယူ၍ ထွက်ပြေးလိုက်သည် ။ ဝိုင်းရံမှုကို ရှောင်ရှားနိုင်မည့် တောင်တက်လမ်းဆီသို့ ဦးတည်လိုက်၏ ။

" Black Earth ရပ်လိုက်စမ်း..."

" လိုက်လိုက်.. "

" မင်းလွတ်အောင် ပြေးနိုင်မယ် ထင်နေတာလား.. "

" ငြိမ်ငြိမ်ရပ်ပြီး အတိုက်ခံစမ်း.. "

တောထဲတွင် လင်းမို့က လျင်မြန်စွာ ထွက်ပြေးနေပြီး နောက်မှ ပြေးလိုက်နေသည့် ကျွမ်းကျင်သူတစ်အုပ်မှာ ဝံပုလွေများနှင့်ပင် တူနေချေသေးသည် ။

ထိုအချိန်တွင် ကျန်းမူက ဟောက်ရန်အား ဆုပ်ကိုင်၍ ဖြေးညှင်းစွာ ဆင်းသက်နေဆဲပင် ။ စုံတွဲတစ်တွဲ ဆိုပါက ရိုမန့်တစ်ဆန်သော မြင်ကွင်းတစ်ခု ဖြစ်နေပေမည် ။

ဟောက်ရန်က လင်းမို့အား ထိတ်လန့်ဟန်ဖြင့် ကြည့်နေ၏ ။

' ဘော့စ် Black Earth က သန်မာလိုက်တာ အဆင့် ၆ ကိုသတ်တာ ခွေးသက်နေသလိုပဲ တစ်စက္ကန့်တောင်မကြာဘူး..'

နောက်ထပ် လူသုံးယောက် ဝိုင်းရံထားသည်ကို မြင်လိုက်ရ၍ မျက်မှောင်ကြုပ်လိုက်မိသည် ။ လူတစ်ယောက်က ကြောင်တောင်တောင်ရပ်နေ၍ အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရပြန်သည် ။ ထို့နောက် BlacK Earth က ထွက်ပြေးသွားတော့သည် ။

' ဟူး.. ဂိမ်းက ပြီးသွားပြီ.."

ဟောက်ရန် ခေါင်းခါရင်း သက်ပြင်းချလိုက်မိ၏ ။ သူသာ အာမချောင်မိလျှင် Black Earth ကြက်သားစားရမည်မှာ သေချာသလောက်ပင် ။

' ဒီကောင်တွေ ပွဲတိုင်းတော့ မနှောက်ယှက်လောက်ဘူး အလွန်ဆုံးနှစ်ပွဲ သုံးပွဲပေါ့.. သူတို့ ခုလိုလုပ်တာ သိက္ခာကျနေတာပဲ.. '

ဟောက်ရန် တွေး၏ ။ ယခုအကြီးမားဆုံး ပြသနာမှာ Black Earth က သူ့အား ခေါ်မဆော့ဘဲ နေမည်ကို ပူပန်မိခြင်းပင် ။

' ငါ​တောင်းပန်ရမယ်.. ငါ့ကြောင့်ဒီလိုဖြစ်သွားတာ.. ခေါ်မဆော့လဲ ဘာဖြစ်တုန်း Black Earth ဆော့​နေတာကို မနှောက်ယှက်တော့ဘူး.. '

သူ ဝအောင်ကြွားပြီးဖြစ်သည် ။ ရှားနိုင်ငံ၏ အဆင့် ၁ နေရာဆိုသည်က သူနှင့် လုံးဝသက်ဆိုင်သည့် နေရာမဟုတ် ။ ဤမျှနေခွင့် ရနေခြင်းကို ကျေနပ်ရပေမည် ။ အနားယူရန် အရွယ်ရောက်သည့် အချိန်တွင် မြေးဖြစ်သူအား ကြွားစရာ ရပြီဖြစ်၍ သူကျေနပ်ပေသည် ။

' ဟူး.. အဲ့လိုပဲ ကောင်းပါတယ်.. '

ဟောက်ရန် စိတ်သက်သာရ ရသွားပြီး ခေါင်းယမ်းလိုက်သည် ။

Chapter 239

~

All Chapters