Chapters

တစ်ရာ တစ်ယောက် ~

Vol. 16 Ch. 239

တစ်ရာ တစ်ယောက် ~

Vol. 16 Ch. 239

" Black Earth ရပ်စမ်း.."

" မပြေးနဲ့ ဝိုင်းတွေရဲထားပြီ.. "

" ပွဲထဲ ရောက်ပြီးမှတော့ ပြေးလို့ လွတ်မယ် ထင်သေးတာလား.."

" ငါတို့ အုပ်စုနဲ့ဆို တံတွေးနဲ့ ဝိုင်းထွေးပြီး သတ်လို့ရတယ်ကွ.."

" မြေပုံက ကျဥ်းလာမှာ မင်းဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ.. "

လင်းမို့က လျင်မြန်စွာ ထွက်ပြေးနေသဖြင့် ဝိုင်းဖို့ ကြိုးစားနေသူများက နောက်ကသာ ပြေးလိုက်နေရသည် ။

' ငါနည်းနည်း သတိလွတ်ရင် သေသွားနိုင်တယ်.. '

လင်းမို့ အကျပ်အတည်းကို ခံစားလိုက်မိ၏ ။

' ငါ့ခွန်အားကို ဖုံးကွယ်ထားလို့ မရတော့ဘူး.. '

တွေးပြီးသည်နှင့် ဓားမြှောင်ကို နောက်သို့ လှမ်းပစ်လိုက်၏ ။

မြေပေါ် မဆင်းရသေးဘဲ လေထီးစီးနေကြသူများနှင့် နောက်မှ ပြေးလိုက်နေကြသော အဆင့် ၆ ကစားသမားများ အံ့သြသွားကြသည် ။

" ဒီကောင်ဘာလုပ်တာလဲ.."

" အထူးလက်နက်ကို လွှင့်ပစ်တာလား.. လက်နက် ချချင်လို့လား.. "

" ဓားနဲ့တောင် ထွက်ပြေးနေရတာကို ဓားလွှင့်ပစ်တော့ သေချင်လို့လား.."

" ပြေးရတာ လေးလို့ နေမှာပေါ့ဟ.. "

ရှေ့ဆုံးမှ အဆင့် ၆ ကစားသမားက ဓားသူ့ဆီ လွှင့်လာသည်ကို မြင်လျှင် ပြုံးလိုက်မိ၏ ။ အထူးလက်နက် မကြိုက်သူ မည်သူ ရှိပါအံ့နည်း ။ အဆင့် ၆ ချင်းတွေ့လျှင် ဆယ်ချက်လောက် ထိမိသည်နှင့် သေအောင်သတ်နိုင်သည် ။

' ဒီဓားက ငါ့ဟာကွ..'

အရှိန်ဖြင့် ပျံသန်းလာသော ဓားမြှောင်ကို လှမ်းဖမ်းလိုက်ရင်း မျက်လုံးများ တောက်ပလာသည် ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ဖမ်းယူရသည်က လွယ်လှပေသည် ။

သို့သော်လည်း...

" ဝှစ်.. "

ဓားမြှောင်က မျက်စိပါနေသလိုပင် သူ့လက်ကို ရှောင်၍ ခေါင်းဆီသို့ ဝင်လာသည် ။

' ဘာ..'

တွေးချိန်ပင် မရလိုက် ခေါင်းတစ်ခုလုံး ​ပေါက်ကွဲသွား၏ ။ သို့သော်လည်း အဆင့် ၆ သို့ ရောက်လျှင် ခေါင်းပြတ်သည်က သေစေသော ဒဏ်ရာမဟုတ်တော့ပေ ။ စိတ်ဝိညာဏ်အာရုံ မွေးဖွားပြီး ဖြစ်၍ ဒဏ်ရာ ကြီးကြီးမားမား ခံစားရသော်လည်း ခေါင်းအသစ်တစ်လုံး ပြန်​​ပေါက်နိုင်သည် ။ သွေးတန်းက တဝက်သို့ ကျဆင်းသွားသည် ။ ဤကဲ့သို့ နှစ်ချက်ထိပါမှ သေဆုံးမည်ဖြစ်သည် ။

ဓားက မရပ်တန့်သေးပဲ နောက်ထပ် ဦးခေါင်း ငါးလုံး ဖောက်ခွဲပြီးမှ လင်းမို့ထံသို့ ပြန်လည် ပျံသန်းသွား၏ ။

ထိုမှသာ လူတိုင်း နားလည်သွားကြသည် ။

" သောက်ခွေး စိတ်စွမ်းအားရှင်ဟ.."

" စိတ်စွမ်းအားနဲ့ ဓားကို ထိန်းချုပ်ထားတာ သတိထားကြ.. "

" Black Earth က ခွန်အားကို ဖုံးကွယ်ထားတာပဲ.. "

ရှားနိုင်ငံတွင် နှစ်စဥ် ပေါ်ထွန်းလာသော စိတ်ပညာရှင်များကို လက်တစ်ဖက်ထဲဖြင့် ရေတွက်နိုင်သည် ။

စိတ်စွမ်းအားရှင်များ၏ ညဏ်ရည်က မြင့်မားလှသလို တိုက်ပွဲတွင်လည်း အလွန်အသုံးဝင်၏ ။ အဆင့်ကျော်၍ပင် တိုက်ခိုက်နိုင်ကြသည် ။

ဓားကြီးလောကတွင် ပျော်ရွှင်နေသော လီကျားရွှမ်ပင် ဒုတိယနှစ်၏ ပါရမီရှင် စာရင်းထဲတွင် ပါဝင်နေပေသည် ။

" Black Earth က စိတ်စွမ်းအားရှင်လား.. "

" ဒါ..ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. "

" တိုက်ခိုက်ရေးစွမ်းရည်က ဒီလောက်မြင့်နေတာကို စိတ်စွမ်းအား လေ့ကျင့်ချိန် ရှိသေးတာလား.. "

" Black Earth က လက်သီးပြင်းအား အားနည်းတယ်ဆိုရင် သူ့စိတ်စွမ်းအားက လက်သီးပြင်းအားထက်တောင် ပိုမြင့်လောက်တယ်.. "

" သူ ဘာလို့ အရင်က ထုတ်မသုံးတာလဲ.. "

" သုံးဖို့လောက်အထိ တိုက်တန်တဲ့သူ မရှိလို့ပေါ့ဟ.. "

လူတိုင်း ထိတ်လန့်သွားကြသည် ။

' ဘော့စ် Black Earth ယုံကြည်မှု အပြည့်ရှိနေတာ ဒါကြောင့်ကိုး.. '

ဟောက်ရန်၏ မျက်လုံးများ ​တောက်ပလာသည် ။

' ဒါပင်မယ့် ၉၈ ယောက်တစ်ယောက် နိုင်ပါ့မလား .. ဆယ်ယောက်လောက်ဆိုရင် နိုင်နိုင်အုံးမယ်.. "

လူ ၉၈ ယောက် ဝိုင်းအချ ခံရသည်က ကြက်ဘုရင်ဂိမ်း သမိုင်းတွင်ပင် မရှိခဲ့ဘူးချေ ။

Chapter 240

~