တစ်ရာ တစ်ယောက် ၂ ~
Vol. 16 Ch. 240
ဟောက်ရန်က Black Earth အနိုင်ရမည်ဟု မယုံကြည်သေးပေ ။ အားလုံးအား တစ်ယောက်ထဲဖြင့် သတ်နိုင်မည် မဟုတ် ။
လူခြောက်ယောက်၏ သွေးတန်းကို တဝက်လျော့လိုက် နိုင်သော်လည်း လင်းမို့ စိတ်မချမ်းသာ ။ ဤမျှအထိ စွမ်းဆောင်နိုင်ခဲ့ခြင်းမှာ သူ စိတ်စွမ်းအား ရှင်မှန်း မသိသောကြောင့်ပင် ။ နောက်တစ်ကြိမ် တိုက်ခိုက်လျှင် ရှောင်တိမ်းရန် ကြိုးစားကြပေတော့မည် ။
နောက်မှ လိုက်သူများမှာ စိတ်စွမ်းအားရှင်မှန်း သိသည်နှင့် အနည်းငယ်ထိတ်လန့် သွားကြသော်လည်း ပို၍ တက်ကြွလာကြ၏ ။
" ညီအကိုတွေ တက်...."
" သူ စိတ်စွမ်းအားရှင် ဆိုရင်တောင် ငါတို့က အများကြီးပဲ ကြောက်စရာမလိုဘူး.. "
" နောက်တစ်ခါ သူပစ်ရဲရင် ငါအသေခံပြီး ဓားဖမ်းပေမယ်.. "
" မြန်မြန်လိုက် မြန်မြန်လိုက်.. ဝိုင်းထားကြ.. "
အခြေအနေက ပို၍ အန္တရာယ် များလာ၏ ။ ဟောက်ရန်အား ဖမ်းထားသော အဆင့်၅ မှအပ ကျန်သည့် သူများ မြေပေါ်သို့ ရောက်ရှိသွားကြလေပြီ ။
လင်းမို့ ၏ ရှေ့တွင် ဆင်းသက်လိုက်ကြသည် ။ လင်းမို့အား တစ်ယောက်ချင်း မယှဥ်နိုင်ကြသော်လည်း လူအရေအတွက်ဖြင့် လင်းမို့၏ အရှိန်အား ရပ်တန့်ပစ်နိုင်သည် ။ လင်းမို့ ခဏ ရပ်တန့်မိလျှင် နောက်မှ လိုက်လာသော အဆင် ၆ များ၏ ဝိုင်းရံခြင်းကို ခံရတော့မည် ။
' Black Earth က တစ်ယောက်ထဲ ရန်သူက ၉၀ ကျော်.. '
ဟောက်ရန် ဂိမ်းမြေပုံအား ကြည့်လိုက်ရာ ရန်သူအား ပြသည့် အနီစက် ၉၀ ကျော်နှင့် အသင်းဖော်အား ပြသသည့် အဖြူရောင် အစက် တစ်စက်ကို တွေ့လိုက်ရသည် ။ ဤကဲ့သို့ အခြေအနေမျိုးတွင် မည်သို့ ပြန်လည်တိုက်ခိုက်နိုင်မှန်း ဟောက်ရန် မစဥ်းစားတက်တော့ ။
**
လင်းမို့သည် ပြေးရင်း ပတ်ဝန်းကျင်သို့ အဆင်မပြတ် သတိထားနေ၏ ။ အဆင့် ၅ များ သူရှေ့သို့ ဆင်းသက်သွားသည်ကို မြင်လိုက်ရသည် ။ တောထူနေ၍ အခေအနေအား မသိသော်လည်း အားလုံး စုပေါင်း၍ သူ့အား တားဆီးရန် ကြိုးပမ်းမည်ကို သူသိသည် ။ သိူ့သော်လည်း သူမကြောက် ။ အဆင့် ၅ များကို သတ်ရန် ရပ်တန့်နေစရာပင် မလိုပေ ။
စက္ကန့်အနည်းငယ်ကြာလျှင် သူမျှော်လင့် ထားသလိုပင် အဆင့် ၅ အယောက် သုံးလေးဆယ်လောက် ရှေ့ နှစ်ဖက်မှာ ပြေးဝင်လာကြသည် ။ အသေခံ၍ လင်းမို့အား တားဆီးကြတော့ပေမည် ။
" လာစမ်း.. "
လင်းမို့က ဟိန်းဟောက်လိုက်ပြီး ဓားမြှောင်ကို အားကုန် ပစ်လွှတ်လိုက်သည် ။
" အားလုံး အသင့်ပြင်ထား.. "
သူတို့သည် လင်းမို့၏ စိတ်စွမ်းအားကို လေပေါ်ရှိစဥ်က မြင်ဖူးထား၍ ချက်ကောင်းမထိစေရန် ရှောင်တိမ်းရန် အသင့်ပြင်ထားကြသည် ။
အဆင့် ၅ တစ်ယောက်က ချက်ကောင်းမထိရန် ရှောင်းတိမ်းဖို့ လွယ်လှပေသည် ။ သူတိို့က နှေးကွေးမသွားသည့်အပြင် ပို၍ အရှိန်တင်လိုက်ကြသည် ။
သို့သော်လည်း ...
" ဖောင်း..ဖောင်း..ဖောင်း..ဖောင်း..."
ဓားမြှောင်အား မည်သူမှ မရှောင်နိုင်ကြ ။ ခေါင်းများက မီးရှူးမီးပန်းသဖွယ် ပေါက်ကွဲကုန်သည် ။ ယခုအကြီမ်တွင် လင်းမို့၏ စိတ်စွမ်းအားကို အပြည့်အဝ အသုံးပြုထားသဖြင့် ဓား၏ အရှိန်က အလွန်လျင်မြန်လှသည် ။ ခေင်းတစ်ခုပြီး တစ်ခု ဖောက်ဝင်သွားသော်လည်း နည်းနည်းမှ နှေးမသွားပေ ။
လင်းမို့သည် အဆင့်၆ များအား ဤသို့ တိုက်ခိုက်လျှင် ဓားမြှောင် အဖမ်းခံရမည်ဖြစ်သော်လည်း အဆင့် ၅ များသည်တော့ မြင်ပင် မြင်လိုက်ရမည်မဟုတ်ချေ ။
ဓားမြှောင်ဖြင့် အဆင့် ၆ များအား သတ်နိုင်ရန် ချက်ကောင်း နှစ်ချက်ထိရန် လိုသော်လည်း အဆင့် ၅ များက ချက်ချင်းသေဆုံးသွားကြသည် ။ မျက်တစ်ခတ် အချိန်အတွင်း အကုန်လုံး သေဆုံးသွားကြသည် ။
မြေပုံ ကြည့်နေသော ဟောက်ရန် ဆွံ့အ သွား၏ ။ အနီစက် ၃၀ ၄၀ လောက် ချက်ချင်းပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည် ။
" ဒါ.. ဒါ.."
ဤသည်က မည်သို့နည်း ။ အဆင့် ၅ အထွတ်အထိပ် အယောက် ၄၀ လောက်ကို တစ်ချက်တည်း သတ်ဖြတ်ရန်မှာ အဆင့် ၇ ပင်တက်နိုင်မည်မဟုတ် ။ ဤတစ်ကွက်ထဲဖြင့် Black Earth ၏ ခွန်အားကို မည်သူမှ မေးခွန်းထုတ်ရဲတော့မည်မထင် ။
ဟောက်ရန်သည် ဤပွဲ ရှုံးနိမ့်လျှင်ပင် ကြက်ဘုရင်ဂိမ်း၏ ဖိုရမ်တွင် လေကျယ်၍ ရပြီဟု တွေးလိုက်မိ၏ ။ နောက်ပွဲတွင် မည်သူမှ အုပ်စုဖွဲ့၍ တိုက်ခိုက်ရဲတော့မည် မဟုတ်ပေ ။
အဆင့် ၅ အဆင့် ၆ ကျွမ်းကျင်သူများက သူတို့၏ ဂုဏ်သိက္ခာအား အလေးထားကြ၏ ။ Black Earth အား ဝိုင်းရံ တိုက်ခိုက်ရာတွင် အလွယ်တကူအနိုင်ရပါက နောက်ထပ် ထပ်လုပ်မည်ဖြစ်သော်လည်း ခက်ခက်ခဲခဲ တိုက်ခိုက်နေရပါက ဆက်လုပ်မည် မဟုတ်တော့ ။ ပထမနှစ် ကလေးတစ်ယောက်အား သတ်ရန် ဤမျှအထိ ကြိုးစားနေရခြင်