စကားတစ်ခွန်းဖြင့် လူအားလုံးကို အံ့အားသင့်စေ
Vol. 49 Ch. 728
စိုကယ်ဖုန်း၏ ကြေငြာချက်သည် အားလုံးကို မှင်တက်မိစေသည်။ အချို့မှာ ထင်ကြေးပေးထားသည့်တိုင် ယီယွမ်လုံအား မျိုးနွယ်ခေါင်းဆောင်အဖြစ်နှင့် ယီထျန်းယွမ်နှင့် ယီရှင်းချန်တို့အား အကြီးအကဲများအဖြစ် ခန့်အပ်မည်ဟူသော ဆုံးဖြတ်ချက်ကို မည်သူမျှ ထင်မထားခဲ့ပေ။ ဤအခါတွင် ဖုန်းထျန်နတ်ဘုရားနိုင်ငံ၌ သူတို့အတွက် နေရာတစ်ခုကျန်ရှိအုံးမည်လား။
ယီထျန်းယွမ်လည်း မှင်တက်မိသွားပြီး စိုကယ်ဖုန်း၏ ရဲရင့်မှုကို တွေးတောမိသည်။ ယီယွမ်လုံအား မျိုးနွယ်ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းသည် သိပ်ပြဿနာမရှိပေ။ သို့သော် သူနှင့် ယီရှင်းချန်တို့အား အကြီးအကဲများအဖြစ် ခန့်အပ်ခြင်းမှာမူ အခြားကိစ္စတစ်ခုဖြစ်လာသည်။
ယီရှင်းချန်သည် ဤနေရာမှ မူလလူဖြစ်သည်မှန်သော်လည်း သီအိုရီအရ ဤနေရာမှ ထွက်ပြေးသွားသူဟု သတ်မှတ်ခံရဖူးသည်။ ယခုမျိုးနွယ်သို့ ပြန်လည်ဝင်ရောက်လာသည့်တိုင် ချက်ချင်းပင် အကြီးအကဲရာထူးရရှိရန်မှာ အနည်းငယ် အလွန်အမင်း ပေါ့ပါးလွန်းသည်ဟု ထင်ရသည်။
“မျိုးနွယ်ခေါင်းဆောင်... ဒါက လုံးဝမဖြစ်နိုင်ပါဘူး။ ဒုတိယအကြီးအကဲကို မျိုးနွယ်ခေါင်းဆောင်အဖြစ် ခန့်အပ်တာကို ကျွန်တော်တို့ လုံးဝသဘောမတူတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ယီရှင်းချန်နှင့် သူ့သားဖြစ်သူ ယီထျန်းယွမ်တို့ကို အကြီးအကဲတွေအဖြစ် ဘာလို့ ခန့်အပ်ရတာလဲ။ သူတို့က မျိုးနွယ်အတွက် ကောင်းကျိုးတစ်စုံတစ်ရာ မပြုလုပ်ခဲ့သလို ဂုဏ်သိက္ခာလည်း မရှိပါဘူး။ အခုလို အကြီးအကဲတွေအဖြစ် ခန့်အပ်လိုက်မယ်ဆိုရင် မျိုးနွယ်အတွင်း သောင်းကျန်းမှုကို ဖြစ်ပေါ်စေပါလိမ့်မယ်...”
ပဉ္စမအကြီးအကဲ၏ မျက်နှာသည် တည်ကြည်လေးနက်နေပြီး ဤစကားများမှာ အကြောင်းမဲ့ပြောဆိုခြင်းမဟုတ်ပေ။ ဤသို့လုပ်ဆောင်လျှင် မျိုးနွယ်သားများအားလုံး စိုကယ်ဖုန်းအား လက်လွတ်စပယ် လုပ်သည်ဟု ထင်မြင်ကြမည်ဖြစ်သည်။ အလေးအနက် မစဉ်းစားဘဲ ပေါ့ပေါ့တန်တန် ဆုံးဖြတ်ချက်ချက်လိုက်သည်ဟု အားလုံးက ထင်မြင်ကြလိမ့်မည်။
ယီထျန်းယွမ်၏ ခန့်မှန်းထားသည့်အတိုင်း ဤအချက်ကို ကန့်ကွက်သူများ ပေါ်ထွက်လာမည်မှာ မလွှဲမရှောင်သာဖြစ်သည်။
ယီရှင်းချန်လည်း ခေါင်းညိတ်ပြီး ဤသို့လုပ်ဆောင်ခြင်းမှာ မသင့်လျော်ဟု ထင်မြင်သည်။ သူပြန်လည်ရောက်ရှိလာသည့်တိုင် တစ်စတစ်စ ဂုဏ်သိက္ခာကို စုဆောင်းပြီး မျိုးနွယ်သားများ၏ အသိအမှတ်ပြုမှုကို ရယူသင့်သည်။ သို့မဟုတ်လျှင် ဂုဏ်သိက္ခာမရှိပါက လူအများကို အုပ်ချုပ်ရန် ခက်ခဲလှသည်။
ထိုအခါ သူပြောသမျှ မည်သူမျှ နားမထောင်တော့ဘဲ ဤရာထူးက အသုံးမဝင် အလဟသ ဖြစ်သွားမည်ပင်။
“ရှင်းချန်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အကြီးအကဲအဖြစ် သတ်မှတ်ခံရဖူးပြီးသားပဲ။ အဲ့ဒီတုန်းက မျိုးနွယ်သားအားလုံး သဘောတူခဲ့ကြပြီးသားပဲလေ။ အဲ့ဒီနောက်ပိုင်း ပြဿနာတွေ ဖြစ်လာလို့သာ ပြောင်းလဲမှုတွေ ဖြစ်သွားခဲ့တာပါ...”
စိုကယ်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။ “တကယ်လို့ အရင်က ပထမအကြီးအကဲနဲ့ တတိယအကြီးအကဲတို့က သူတို့ကို မဆန့်ကျင်ခဲ့ရင် ယီယွမ်လုံက မျိုးနွယ်ခေါင်းဆောင်ဖြစ်လာပြီး ယီရှင်းချန်လည်း ပထမအကြီးအကဲရာထူးကို ထမ်းဆောင်နိုင်လိမ့်မယ်။ အခု သူတို့မွေးဖွားလာတဲ့ သားဖြစ်သူ ယီထျန်းယွမ်ကို ကြည့်ကြအုံး... သူက ညံ့ဖျင်းသူလား...”
မျိုးနွယ်ခေါင်းဆောင်၏ အရှိန်အဝါသည် ချက်ချင်းပင် လွှမ်းမိုးလာပြီး အားလုံးကို စကားမပြောနိုင်အောင် ဖိနှိပ်လိုက်သည်။ အကယ်၍ ထိုအကြီးအကဲများက ဆန့်ကျင်မှုမပြုခဲ့ပါက ယီယွမ်လုံသည် မျိုးနွယ်ခေါင်းဆောင်ဖြစ်လာမည်ဖြစ်ပြီး ယီရှင်းချန်သည်လည်း အကြီးအကဲရာထူးကို ရရှိလိမ့်မည်။
ယီထျန်းယွမ်၏ ကျင့်စဉ်အဆင့်သည် ထူးကဲလှသဖြင့် အကြီးအကဲရာထူးကို ရယူရန် မည်သည့်ဖိအားမျှ မရှိပေ။ အင်အားထူးကဲသူအား အကြီးအကဲရာထူးမပေးပါက မဖြစ်မနေ မထီမဲ့မြင်ပြုသည့်သဘောပင်။ အနည်းဆုံးအားဖြင့် အာဏာမရှိသည့်တိုင် အကြီးအကဲရာထူးတစ်ခုတော့ ပေးသင့်သည်။
ဤလောကတွင် အင်အားသည်သာ အရေးကြီးသည်မှာ ငြင်းမရနိုင်သော အချက်ဖြစ်သည်။
ယီထျန်းယွမ်သည် စိုကယ်ဖုန်းအား နက်ရှိုင်းစွာ ကြည့်လိုက်သည်။ စိုကယ်ဖုန်းက သူ့အား ယုံကြည်မှုရှိသည်ဟု ပြောခဲ့သည်မှာ ယခုမှ အကြောင်းပြချက်ရှိသည်ဟု ထင်ရသည်။ အကယ်၍ မျိုးနွယ်အတွင်း တစ်ကိုယ်ကောင်းဆန်သူများမရှိခဲ့ပါက သူတို့သည် ဤရာထူးများကို ကာလအတန်ကြာ ရရှိခဲ့လိမ့်မည်။
ယခုမှာ ယခင်ကတည်းက သတ်မှတ်ထားသည့် စည်းမျဉ်းအတိုင်း ရာထူးများကို ပြန်လည်ရယူခြင်းသာဖြစ်ပြီး မည်သည့်စည်းမျဉ်းကိုမျှ ချိုးဖောက်ခြင်းမရှိပေ။
ဤအခါတွင် လူအုပ်ကြီးသည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ကြည့်ကြပြီး စိုကယ်ဖုန်း၏ စကားများသည် အမှန်ပင်ဖြစ်သည်။ ဖုန်းထျန်နတ်ဘုရားနိုင်ငံ၏ လူများသည် ယခင်က ဖြစ်ပျက်ခဲ့သော အမှားများအတွက် တာဝန်ယူရလိမ့်မည်။
“ဒါဆိုရင်တောင် အခုလိုလုပ်ဆောင်လို့ မဖြစ်နိုင်ပါဘူး...”
ထိုအခါ လူငယ်တစ်ဦးထရပ်လာပြီး ယီထျန်းယွမ်အား အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။
“သူ့ရဲ့ ကျင့်စဉ်အဆင့်က အမှန်ပဲ ထူးကဲသန်မာပါတယ်... ဒါပေမဲ့ အမွေဆက်ခံသူဖြစ်ဖို့ဆိုရင် သူ့ရဲ့ သွေးရိုးဗီဇ သိပ်သည်းမှုက ဘယ်လောက်တောင် ပါးလျသလဲဆိုတာ အားလုံးအသိပါ... ကျင့်စဉ်အဆင့် မြင့်မားလို့ အကြီးအကဲရာထူးပေးတာကထားအုံး သွေးရိုးဗီဇ မလိုအပ်ဘဲ အမွေဆက်ခံသူအဖြစ် ရွေးချယ်မယ်ဆိုရင် ကျွန်တော့ကိုရော ရွေးချယ်လို့မရဘူးလား...”
ထရပ်လာသူမှာ ဖုန်းထျန်နတ်ဘုရားနိုင်ငံ၏ ပထမတန်းစား ထူးချွန်သူဟု သတ်မှတ်ခံရသူ ယီဖယ်လုံးဖြစ်သည်။ သူ၏ ဒေါသထွက်နေပုံမှာ ယီထျန်းယွမ်တို့ဘက်မှ မဟုတ်သည်မှာ ထင်ရှားပြီး ပထမအကြီးအကဲ သို့မဟုတ် တတိယအကြီးအကဲနှင့် ဆက်နွယ်မှုရှိပုံရသည်။
ယီထျန်းယွမ်သည် ယီဖယ်လုံးအား မျက်လုံးများကို မှေးကျဉ်းကာ ကြည့်လိုက်သည်။ ယီဖယ်လုံး၏ ကျင့်စဉ်အဆင့်သည် အသက်ငယ်ရွယ်သည့်တိုင် အတုအယောင်စိတ်ဝိညာဉ်နယ်ပယ် အဆင့်ခြောက်မှ ခုနစ်အထိ ရောက်ရှိနေသည်။ သို့သော် ယီထျန်းယွမ်နှင့် နှိုင်းယှဉ်ပါက ကွာဟမှုမှာ များစွာကွာခြားလှသည်။
“ဘုန်း...”
ယီထျန်းယွမ်သည် လက်ဖဝါးဖြင့် ယီဖယ်လုံးအား ရိုက်လိုက်ပြီး သူ့အား လွင့်ထွက်သွားစေသည်။ ယီဖယ်လုံးသည် လိမ့်ကျသွားပြီး ယီထျန်းယွမ်က တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်သည်။
“အခု ပြဿနာကို နားလည်ပြီလား...”
အကယ်၍ သူ၏အဘိုးဖြစ်သူ မျိုးနွယ်ခေါင်းဆောင်ဖြစ်လာရန် ပြင်ဆင်မထားခဲ့လျှင် သို့မဟုတ် အခြားကိစ္စများမရှိခဲ့လျှင် ယီထျန်းယွမ်သည် ယီဖယ်လုံးအား လက်ဖဝါးတစ်ချက်ဖြင့် သတ်ပစ်လိုက်ပြီးဖြစ်သည်။ သူ၏ စိတ်မကြည်မလင်ဖြစ်နေသည့်အချက်မှာ ဤသည်ပင်ဖြစ်သည်။ ရိုက်ချင်သော်လည်း မရိုက်နိုင်ပေ။ သူသည် သနားကြင်နာလွန်းသည်မဟုတ်ဘဲ ယီဖယ်လုံးသည် သီအိုရီအရ သူ၏မျိုးနွယ်သားဖြစ်ပြီး အနည်းငယ် မိုက်ရိုင်းနေခြင်းသာဖြစ်သည်။
ယီဖယ်လုံးသည် ရိုက်ခံရလွန်းသဖြင့် မူးမေ့သွားသည်။ စကားတစ်ခွန်းမတိုက်ညီလျှင် ရိုက်သည်မှာ ထုံးစံဖြစ်နေပြီး အကြောင်းပြချက်ကိုပင် နားမလည်နိုင်တော့ပေ။ ယီထျန်းယွမ်၏ စကားအရ “ပြဿနာကို နားလည်ပြီလား” ဟူသည်မှာ ဘာကိုမှ နားမလည်ပေ။
“မင်း... ငါ့ကို ရဲရဲဝံ့ဝံ့ ရိုက်ရဲတယ်ပေါ့...” ယီဖယ်လုံးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ငါဘာမှ မသိဘူး။ မင်းက လူကို အင်အားနဲ့ ဖိနှိပ်တာကလွဲရင် ဘာမှ မလုပ်နိုင်ဘူး...”
“ဘုန်း...”
ယီထျန်းယွမ်သည် နောက်ထပ်လက်ဖဝါးတစ်ချက် ထပ်ရိုက်လိုက်ပြီး ယီဖယ်လုံးအား ထပ်မံလွင့်ထွက်သွားစေသည်။ ယခုမူ သူ၏ပါးစပ်မှာ သွေးများဖြင့် ပြည့်နှက်နေပြီး ရိုက်ခံရလွန်းသဖြင့် မူးမေ့သွားသည်။
“မိုက်ရိုင်းတယ်ပေါ့။ မင်းရန်သူတွေဆီ သွားပြီး မိုက်ရိုင်းတယ်လို့ ပြောကြည့်ပါလား။ ဒီလောကကြီးမှာ အင်အားနဲ့သာ လွှမ်းမိုးတယ်။ မင်းက လူတွေနဲ့ အကြောင်းပြချက်ပြောမလို့လား။ ဒီလောကကြီးမှာ ဘယ်သူရဲ့ လက်သီးက ပိုကြီးသလဲ၊ အဲဒါကသာ အမှန်တရားပဲ။ အောင်နိုင်သူကသာ ဘုရင်ဖြစ်လာပြီး ရှုံးနိမ့်သူက ဓားပြဖြစ်သွားတာပဲ...”
ယီထျန်းယွမ်က အေးစက်စွာ ဆက်ပြောသည်။
“ငါ့လက်သီးက ပိုကြီးတယ်။ ဒီအချက်တစ်ခုတည်းနဲ့တင် လုံလောက်တယ်။ ငါ့ကို မကောင်းပြောမယ်ဆိုရင် ငါက သတ်ပစ်မယ်။ ငါ့လက်အောက်မှာ လိုက်နာမယ်ဆိုရင် ငါက သူတို့ကို ကောင်းကောင်းဆက်ဆံမယ်။ ဒါပဲ ရိုးရှင်းတယ်။ ဘယ်တော့မှ အကြောင်းပြချက်တွေ ပြောနေမှာ မဟုတ်ဘူး။ အကြောင်းပြချက်တွေ ဘယ်လောက်ကောင်းကောင်း ပြောနိုင်ရင်တောင် တစ်ဖက်လူရဲ့ လက်သီးတစ်ချက်ကို မယှဉ်နိုင်ဘူး။ နားလည်ပြီလား မိုက်ရိုင်းတဲ့ကောင်...”
“မင်းတို့လို မိမိကိုယ်ကို မြင့်မြတ်တယ်လို့ ထင်နေတဲ့သူတွေက တကယ့်စစ်မြေပြင်ကို တစ်ခါမှ မရောက်ဖူးကြဘူး။ မင်းတို့ ဘယ်နှစ်ကြိမ် အန္တရာယ်နယ်မြေကို သွားဖူးလဲ။ ဘယ်နှစ်ကြိမ် သေရေးရှင်ရေးတိုက်ပွဲတွေမှာ ပါဝင်ဖူးလဲ။ မင်းတို့ရဲ့ ပုံစံကို ကြည့်ရင် ဘာမှ မလုပ်ဖူးဘူးဆိုတာ ငါသိတယ်။ ဒီမှာ အိမ်ထဲမှာပဲ ထိုင်ပြီး ကျင့်ကြံနေကြတာပဲ။ တကယ်လို့ ရန်သူတွေ တိုက်ခိုက်လာရင် အရင်ဆုံး သေမယ့်သူတွေက မင်းတို့ပဲ။ အမှိုက်တွေလို့ ခေါ်ရမယ်။ ဒီနေရာကို ငါ့အဘိုးက အုပ်ချုပ်မယ်ဆိုလို့သာပဲ။ မဟုတ်ရင် ငါက လက်သီးတစ်ချက်နဲ့တင် အကုန်လုံးကို ဖျက်ဆီးပစ်လိုက်ပြီးပြီ။ အဲဒီအခါကျရင် မင်းပြောတဲ့ အကြောင်းပြချက်က အသုံးဝင်မလား၊ ငါ့လက်သီးက အသုံးဝင်မလား ကြည့်ကြတာပေါ့...”
“ဘာလဲဆိုတဲ့ အကြောင်းပြချက်တွေက ဘာမှမဟုတ်ဘူး။ တကယ့်အကြောင်းပြချက်ဆိုတာ ခွန်အားအပြင်းထန်ဆုံးနဲ့ လူအားလုံးကို လက်အောက်ခံအောင် လုပ်ပြီး ဆန့်ကျင်မှုတစ်စက်မှ မဖြစ်ပေါ်စေနိုင်တာပဲ။ ဖုန်းထျန်နတ်ဘုရားနိုင်ငံကို အကြောင်းမဲ့ တည်ထောင်ထားတာ မဟုတ်ဘူး။ လက်သီးနှစ်ဖက်နဲ့ ပြင်းပြင်းထန်ထန် ရိုက်ပုတ်ပြီး တည်ထောင်ထားတာပဲ။ နားလည်ပြီလား...”
သူ၏စကားများသည် တင်းမာထင်ရှားပြီး တပည့်များစွာကို ထိတ်လန့်အံ့သြသွားစေသည်။ ဖုန်းထျန်နတ်ဘုရားနိုင်ငံ၏ အင်အားကြီးမားမှုကြောင့် များသောအားဖြင့် ရန်သူများသည် သူတို့ကို အနှောင့်အယှက်မပေးရဲပေ။ ထို့ကြောင့် တပည့်အများစုသည် သွေးထွက်သံယိုတိုက်ပွဲများကို မကြုံဖူးသလို အန္တရာယ်နယ်မြေများသို့လည်း မသွားဖူးကြပေ။ အများဆုံးအားဖြင့် အားနည်းသော နတ်ဆိုးသားရဲများကို အပြင်ဘက်တွင် သတ်ဖြတ်ရုံသာဖြစ်သည်။
သူ၏စကားများကို ကြားလိုက်ရသည့်အခါ အားလုံးသည် မှင်တက်မိသွားကြသည်။ အသက်အရွယ်မှာ သိပ်မကွာခြားသော်လည်း ယီထျန်းယွမ်၏ အရှိန်အဝါ၊ စကားပြောဟန်နှင့် အတွေ့အကြုံများသည် သူတို့နှင့် လုံးဝကွာခြားလှသည်။
သူတို့သည် ဖန်လုံအိမ်ထဲတွင် ပြုစုပျိုးထောင်ထားသည့် ပန်းပင်များနှင့်တူပြီး လေမုန်တိုင်းနှင့် မိုးသီးမိုးပေါက်များကို မခံနိုင်ကြပေ။
အခန်း (၇၂၈) ပြီးပါပြီ။