← Chapters

ခွဲခွာခြင်း

Vol. 35 Ch. 512

ခွဲခွာခြင်း

Vol. 35 Ch. 512

မြို့စောင့်တပ်မှ မြင်းစီးသမားတစ်ယောက် အပြေးရောက်လာခဲ့ခြင်း ဖြစ်သည်။ မြင်းက သင်္ချိုင်းဂူရှေ့တွင် ရပ်တန့်သွားပြီး ထိုစစ်သည်က ရှောင်းကျဲယွိအား သတင်းပို့ရန် မြင်းပေါ်မှ ခုန်ဆင်းကာ ဒူးတစ်ဖက် ထောက်လိုက်သည်။

"ငါ့ကို ပေး!"

ရှောင်းကျဲယွိက သူ့မွေးစားအမေ၏အုတ်ဂူရှေ့မှ ထရပ်ကာ မြို့စောင့်တပ်သားထံမှ စစ်ရေးအစီရင်ခံစာကို တောင်းလိုက်သည်။

နှစ်သစ်ကူးခါနီး နေပြီ။ ဘယ်လို အရေးကြီးကိစ္စတွေ ဖြစ်နေရတာလဲ?

စူးချင်းလည်း မတ်တပ်ထရပ်က ထိုစစ်ရေးအစီရင်ခံစာကို သူနှင့်အတူတူ သွားဖတ်လိုက်သည်။ ထိုအစီရင်ခံစာက လော့ချန်မှ ပေးပို့လိုက်ခြင်း ဖြစ်ပြီး ဝမ်ယွိလင်က သူ့‌ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ လော့ချန်ကို ပြန်သိမ်းရန် တပ်များ စေလွှတ်လိုက်ခြင်း ဖြစ်သည်။

လော့ချန်က သူတို့အတွက် အရေးကြီးသောမြို့ ဖြစ်သည်။ လော့ချန် ကျရှုူံးသွားပါက တော်ဝင်ရုံးတော်၏စစ်တပ်က ကျင်းချန်သို့ တည့်တည့်ချီတက်လာကာ ကျင်းချန်ကို ဖြိုချပေလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် သံရိုင်းတွင်းနှင့် ကျောက်မီးသွေးတွင်းများလည်း တော်ဝင်ရုံးတော်လက်ထဲသို့ ကျရောက်သွားနိုင်သည်။

ထို့ကြောင့် သူတို့အနေဖြင့် လော့ချန်၏မည်သည့် အမှားအယွင်းကိုမျှ လက်မခံနိုင်ပေ။ ရှောင်းကျဲယွိက စိတ်ပူသွားပြီး လော့ချန်သို့ စစ်ကူသွားရန် သူ့တပ်များကို စတင်ပြင်ဆင်ချင်နေသည်။ သူက သူ မထွက်သွားခင် စူးချင်းကို တောင်းပန်စကား ပြောလိုက်သည်။

"ချင်းအာ၊ ကိုယ် ဒီနှစ် နှစ်သစ်ကူးအတွက် မင်းနဲ့အတူ ကျင့်ရှီလျိုမြောင်ကို ပြန်မလိုက်ပေးနိုင်တော့ဘူး”

“ရပါတယ်၊ လက်ရှိအခြေအနေက ပိုအရေးကြီးတယ်၊ ကျွန်မ ရှင်နဲ့ လိုက်ခဲ့ပေးရဦးမလား?"

စူးချင်းက ခေါင်းယမ်းရင်း ပြန်ဖြေလိုက်သည်။

သူမက ခင်ပွန်းသည်ကို တချိန်လုံး တွယ်ကပ်နေမယ့် မိန်းမမျိုး မဟုတ်ဘူး။ ဘယ်အရာက ပိုအရေးကြီးလဲဆိုတာ သူမ ရှင်းရှင်းလင်းလင်း သိနိုင်တယ်။ သူမက ‌ရွှေ့ရှန့်ရဲ့လုံခြုံရေးအတွက် စိတ်ပူနေတာပဲ ရှိတယ်။

“အနာဂတ်မှာ တိုက်ပွဲတွေ အများကြီး ရှိလာလိမ့်မယ်။ မင်း ရှေ့တန်းကို အချိန်တိုင်း လိုက်နိုင်လို့လား? ဒါဆို ဒီအဲ့စစ်သူကြီးကို ခေါ်နေတာက ကိုယ့်အတွက် ဘာအကျိုးရှိတော့မှာလဲ?”

ရှောင်းကျဲယွိကလည်း ခေါင်းခါနေပြန်သည်။

သူတို့ လက်ထပ်ပြီးတဲ့နောက်မှာ ချင်းအာက အနားယူချိန်မရှိလောက်အောင် သူ့နောက်ကို လိုက်ရင်း နေရာတိုင်းကို ပြေးလွှားနေခဲ့ရတယ်။ သူ ချင်းအာကို လက်ထပ်လိုက်တာက ချင်းအာကို သူ့အတွက်နဲ့ အန္တရာယ်တောထဲ ဝင်ခိုင်းဖို့ မဟုတ်ဘူး။ သူ သူမကို ချစ်လို့ ပြီးတော့ ကာကွယ်ပေးချင်လို့ပါ။ သူ ချင်းအာကို ထိခိုက်စေခဲ့ရင် သူက ဘယ်လိုလူမျိုး ဖြစ်သွားမယ်ထင်လဲ?

“ဟုတ်ပါပြီ၊ ကျွန်မမှာ နှစ်သစ်ကူးအတွက် မိဘတွေနဲ့ အဖိုး ရှိတယ်၊ ရှင်သာ မြန်မြန်အောင်ပွဲခံပြီး မြန်မြန် ပြန်လာခဲ့”

စူးချင်းက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ အသစ်စုဆောင်းထားသော တပ်သားများနှင့် စစ်သူကြီး၊ စစ်ကဲများအားလုံးအတွက် အတွေ့အကြုံရရန် လိုအပ်နေသေးသည်။ ထို့သို့မဟုတ်ဘဲ ရှောင်းကျဲယွိနှင့် သူမကိုယ်တိုင်သာ အားကောင်းနေပါက သူမတို့၌ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဘက် ရှိနေလျှင်ပင် အသုံးမဝင်နိုင်ကြောင်း စူးချင်းကောင်းကောင်း သိနေခဲ့သည်။

“ကျွန်မ ရှင့်အတွက် လက်ပစ်ဗုံးဆယ်လုံး ပေးလိုက်မယ်”

စူးချင်းက ရှောင်းကျဲယွိအတွက် လက်ပစ်ဗုံးဆယ်လုံး ထုတ်ပေးလိုက်သည်။ သူမက အရေးပေါ်အခြေအနေများအတွက် စနစ်ထဲတွင် လက်ပစ်ဗုံးအလုံးသုံးဆယ်ခန့် အမြဲသိမ်းဆည်းထားလေ့ရှိသည်။

"ကောင်းပြီ၊ ဒါတွေနဲ့ဆိုရင် ကိုယ်တိုက်ပွဲတိုင်း နိုင်မှာ သေချာတယ်"

ရှောင်းကျဲယွိက လက်ပစ်ဗုံးများကို ပျော်ပျော်ရွှင်ရွှင် လှမ်းယူရင်း ယုံကြည်မှုအပြည့်ဖြင့် ပြောလာခဲ့သည်။

“ကိုယ် စစ်သည်တွေ သွားစုတော့မယ်။ နှစ်သစ်မတိုင်ခင် အောင်ပွဲခံနိုင်ခဲ့ရင် ကျင့်ရှီလျိုမြောင်ကို လိုက်လာပြီး နှစ်သစ်ကူးကို ချင်းအာနဲ့အတူတူ ဆင်နွဲကြမယ်"

“အင်း”

စူးချင်းက သူ့ကို ခေါင်းငြိမ့်ပြလိုက်ပြီး ရှောင်းကျဲယွိနှင့် မြို့စောင့်တပ်သား ပြန်ထွက်သွားသည်ကို ကြည့်နေခဲ့သည်။ ထို့နောက် သူမက မီးတောက်များ တောက်လောင်နေဆဲဖြစ်သည့် အမျိုးသမီးလီ၏အုတ်ဂူဆီသို့ ပြန်သွားကာ ရွှေစက္ကူများကို ဆက်မီးရှို့နေရင်း တိုးတိုးလေး တောင်းပန်လိုက်သည်။

“မွေးစားအမေ၊ ကျွန်မ မွေးစားအမေရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ်။ ဒါပေမယ့် ကျုံးယုံက ကျန်းယွိရန်ကို နှစ်သက်ပြီး ရှောင်ယင်က ယဲ့လွီချွမ်းကို နှစ်သက်နေတယ်။ ကျွန်မ သူတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ အတင်းအကြပ် လုပ်လိုက်ရင် သူတို့က အေးစက်စက်စုံတွဲတွေ ဖြစ်လာနိုင်တယ်၊ အဲ့ဒါကြောင့် ကျွန်မ ကျုံးယုံရဲ့အိမ်ထောင်ရေးကို သူ့စိတ်ကြိုက် စီစဥ်ပေးလိုက်တာပါ၊ ကျန်းယွိရန်က ဇနီးကောင်းတစ်ယောက် ဖြစ်လာမှာပါ၊ မွေးစားအမေ ကျုံးယုံအတွက် စိတ်ချနိုင်ပါပြီ”

ကျိရှောင်ယင်နှင့် ကျုံးယုံတို့၏ စေ့စပ်မှုကတော့ ယခု လေထဲတွင် လွင့်ပျံနေသည့် စက္ကူပြာမှုန့်များကဲသို့ သဲလွန်စ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

စူးချင်း အမျိုးသမီးလီ၏သင်္ချိုင်းမှ ပြန်ရောက်လာချိန်တွင် ရှောင်းကျဲယွိက လူသူလက်နက်များအားလုံး စုရုံးပြင်ဆင်ထားပြီ ဖြစ်သည်။ သူကိုယ်တိုင်လည်း စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှောင်းမိသားစုစစ်တပ်နှင့်အတူ လော့ချန်သို့ ထွက်ခွာတော့မည် ဖြစ်သည်။

စူးချင်းက ရှောင်းကျဲယွိကို မြို့တံခါးအထိ လိုက်ပို့ပေးခဲ့သည်။ သူမက လော့ချန်သို့ ဦးတည်နေသည့် စစ်တပ်ကြီး နှင်းတောထဲသို့ တိုးဝင် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။ သူမ နောက်သို့ ပြန်လှည့်ကာ မြို့ထဲသို့ ပြန်ရန် ပြင်ဆင်လိုက်ချိန်တွင် တာ့ထန်ဘက်မှ မော့ချန်သို့ ဦးတည်ရွေ့လျားနေသော အဖွဲ့တစ်ဖွဲ့ကို သူမ တွေ့လိုက်ရသည်။

ထိုမြင်ကွင်းက စူးချင်း၏မျက်လုံးများထဲမှ ဇဝေဇဝါ အရိပ်အယောင်များ ထွက်ပေါ်လာစေခဲ့သည်။

အရက်အိုးတွေက သုံးရက်တစ်ကြိမ် လာယူတာ မဟုတ်ဘူးလား? သူတို့ မနေ့ကမှ အရက်အိုးတွေ လာသယ်သွားတာလေ။ ဘာလို့ ဒီနေ့ ဒီကို ထပ်ရောက်လာတာတုန်း?

ထိုအဖွဲ့ အနီးသို့ ရောက်လာချိန်မှ ထိုအဖွဲ့က ပိုးနီစများဖြင့် ပြုလုပ်ထားသော အနီရောင်ပန်းပွင့်ကြီးများ စီခြယ်ထားသည့် သေတ္တာဒါဇင်ပေါင်းများစွာအား သယ်ဆောင်လာသည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သူတို့ လက်ထပ်ခွင့်တောင်းဖို့ ရောက်လာကြတာလား?

စူးချင်းက ရှောင်းကျဲယွိ ထွက်သွားသည့် အရပ်ဆီသို့ ကြည့်လိုက်ပြန်သည်။

သူတို့ ခြေတစ်လှမ်းလောက် နောက်ကျနေတယ်။ သူမ ရွှေ့ရှန့်ကို ပြန်ခေါ်သင့်လား?

ဒါပေမယ့် စစ်ရေးက ကျိရှောင်ယင်ရဲ့ အိမ်ထောင်ရေးထက် ပိုအရေးကြီးတယ်။

နောက်ပြီး စစ်တပ်က ထွက်သွားပြီ။ သူတို့ကို ပြန်ခေါ်တာက နမိတ်မကောင်းသလို ဖြစ်စေလိမ့်မယ်။ ထားလိုက်ပါတော့၊ အကြီးဆုံးယောင်းမမနေနဲ့ သူမပဲ ဆုံးဖြတ်ချက်ချပေးလိုက်တော့မယ်။

" မင်္ဂလာပါ သခင်မလေးစူး၊ ကျွန်တော်က ဟူးအာ့ခန်းပါ"

တာ့ထန်၏ ထုံးတမ်းရေးရာဝန်ကြီးကလည်း စူးချင်းကို မြင်သွားပြီး မြင်းပေါ်မှ အလျင်အမြန် ဆင်းကာ စူးချင်းကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။ တာ့ထန်ရှိ စူးချင်း၏ ဂုဏ်သတင်းက အလွန်ကြောက်မပ်ဖွယ်ကောင်းသောကြောင့် တာ့ထန်မှ အရာရှိများအားလုံး သူမကို သိကြသည်။ ထို့ကြောင့် သူက သူမကို အလွန်လေးစားပြီး ရှောင်းသခင်မဟုပင် မခေါ်ဘဲ သခင်မလေးစူးဟု ခေါ်နေခြင်း ဖြစ်သည်။

"ရပါတယ်၊ ဟူးအာ့ခန်း... ရှင် ဒီကို ဘာအတွက် ရောက်လာတာလဲ?”

စူးချင်းက တရိုတသေ နှုတ်ဆက်ရန် မလိုကြောင်း သူမ လက်ကို မြှောက်ပြလိုက်ပြီး ရှင်းရှင်းလင်းလင်း ဖြစ်အောင် တစ်ခါတည်း မေးလိုက်သည်။

"သခင်မလေးစူးကို အကြောင်းပြန်ပါတယ်၊ ကျွန်တော်တို့က တတိယမင်းသားကိုယ်စား လက်ထပ်ခွင့်တောင်းဖို့ ဧကရာဇ်မင်းမြတ်ရဲ့အမိန့်တော်အတိုင်း ရောက်ရှိလာခဲ့တာပါ"

ဟူးအာ့ခန်းက သူ၏ရာထူးနှင့် သူက ဤအိမ်ထောင်ရေးစအတွက် သံတမန်အဖြစ် ရောက်လာခဲ့ကြောင်း ပြန်ဖြေလာခဲ့သည်။

"မြို့ထဲကို အရင်ဝင်ရအောင်"

မြို့တံခါးဝမှာ စကားပြောရတာက မယဥ်ကျေးရာ ရောက်တယ်လေ။ ပြီးတော့ သူက ထုံးတမ်းရေးရာ၀န်ကြီးဆိုတော့ ရုံးတော်မှာ လက်ခံတွေ့ဆုံသင့်တယ်။

ထို့နောက် စူးချင်းက သူမတို့ အနီးနားမှ မြို့စောင့်တပ်သားကိုပါ တစ်ခါတည်း ညွှန်ကြားလိုက်သည်။

"သခင်မလေးကျိရှောင်ယင်ကို သွားရှာပြီး ငါ သူနဲ့ ဆွေးနွေးစရာ ရှိလို့ ရုံးတော်မှာ စောင့်နေတဲ့အကြောင်း ပြောပေးပါဦး”

စူးချင်းက သူမဘာသာ လွယ်လွယ်ကူကူ သဘောတူလိုက်မည်တော့ မဟုတ်ပေ။

သူမ ရှောင်ယင်ရဲ့အတွေးကို အရင် မေးရမယ်။ ဘာပဲဖြစ်ဖြစ် ဒါက ရှောင်ယင့်ရဲ့ အိမ်ထောင်ရေး ဖြစ်ပြီး ဘယ်သူမှ သူမအတွက် ဆုံးဖြတ်ပေးပိုင်ခွင့် မရှိဘူး။

သူမနဲ့ ရွှေ့ရှန့်က သူမတို့ရဲ့ အင်အားကို ခိုင်ခံ့စေဖို့ ရှောင်ယင်ရဲ့အိမ်ထောင်ရေးကို မထီမဲ့မြင် အသုံးချတာမျိုး ဘယ်တော့မှ လုပ်ကြမှာ မဟုတ်ဘူး။

စူးချင်းက ထုံးတမ်းရေးရာဝန်ကြီးဟူးအာ့ခန်းကို ရုံးတော်ထဲသို့ ဖိတ်ခေါ်လိုက်သည်။ မင်္ဂလာလက်ဖွဲ့ သယ်ဆောင်လာသည့် အခြားအဖွဲ့ဝင်များကိုတော့ တည်းခိုနားနေစခန်းသို့ ပို့ဆောင်လိုက်ပြီး အထူးဧည့်သည်တော်များအား ဧည့်ခံသည့်ပုံစံအတိုင်း ဧည့်ဝတ်ပြုစေခဲ့သည်။

ရုံးတော်သို့ ရောက်လာပြီး ဟူးအာ့ခန်းက ရှောင်းကျဲယွိနှင့် တွေ့ဆုံရန် မျှော်လင့်နေခဲ့သည်။

အိမ်ထောင်ပြုဖို့က အကြီးအကဲတစ်ဦးရဲ့ဆုံးဖြတ်ချက် လိုအပ်တယ်။ မိဘတွေ မရှိတော့ရင် အစ်ကိုကြီးက ဖခင်တစ်ယောက်လို ဖြစ်လာပြီး ဆုံးဖြတ်ပေးရမှာဆိုတော့ သူ ရှောင်းကျဲယွိကို တွေ့ရမှ ဖြစ်မယ်။

စူးချင်းက ​​ ဟူးအာ့ခန်း၏ရည်ရွယ်ချက်ကို မြင်နိုင်သောကြောင့် သူ့ကို လှမ်းပြောလိုက်သည်။

“သခင်လေးက လော့ချန်ကို သွားပြီ။ တစ်ခုခုရှိရင် ကျွန်မကို ပြောလို့ ရတယ်”

ထိုစကားက ဟူးအာ့ခန်းကို တုန်လှုပ်သွားစေခဲ့သည်။

အမျိုးသမီးတစ်ဦးက တခြားသူရဲ့အိမ်ထောင်ရေးကို ဘယ်လို တာဝန်ယူနိုင်မှာလဲ? ဒါဆို ဒီမှာက နောက်ဆုံးဆုံးဖြတ်ချက်က သူမအပေါ် မူတည်တယ်ပေါ့။

"သခင်လေး!"

စူးချင်း၏မျက်နှာက မည်းမှောင်သွားပြီး သူ့စကားကို ဖြတ်ပြောလိုက်သည်။

“ဟူးအာ့ခန်း၊ ရှင် သခင်လေးကို တွေ့ချင်ရင်တော့ နောက်ထပ်ရက်အနည်းငယ် စောင့်ရဦးမယ်။ သခင်လေး ပြန်လာတဲ့အခါမှ ဆက်ပြောကြတာပေါ့”

စူးချင်း မကျေမနပ် ဖြစ်သွားသည်ကို နားလည်လိုက်သောကြောင့် ဟူးအာ့ခန်းက မချိပြုံး ပြုံးကာ ထပ်ပြောလိုက်သည်။

"သခင်မလေးစူး ဆုံးဖြတ်ချက် ချပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ”

"ရှင်က ဘာကို ပြောချင်တာလဲ?"

စူးချင်းက အတိအကျ ဘာမှ ပြန်မပြောသေးလဲ သူ ပြောမည့်ကိစ္စကိုသာ အရင်မေးပြီး ပြန်ဆွေးနွေးပေးမည့်ဟန်ဖြင့် တုံ့ပြန်လိုက်သည်။

"ဧကရာဇ်မင်းမြတ်က သခင်မလေးကျိရှောင်ယင်နဲ့ တတိယမင်းသားကို ထိမ်းမြားခွင့်ပေးဖို့ ကမ်းလှမ်းခိုင်းလိုက်ပါတယ်။ အဲ့ကိစ္စအတွက် သခင်မလေးစူး ဆုံးဖြတ်ချက်ချပေးနိုင်ပါ့မလားလို့ သိချင်မိပါတယ်”

ဟူးအာ့ခန်းက အိမ်ထောင်ရေးဆိုသည်မှာ မိဘများ၏ အမိန့်နှင့် အောင်သွယ်တော်၏ စကားများကသာ အဓိကဟု ဖြစ်ချင်နေခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ယောင်းမဖြစ်သူက ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။ သို့သော်လည်း စူးချင်း၏အနေအထားက ကွဲပြားနေသောကြောင့် ဆုံးဖြတ်ခွင့်ရှိ မရှိ သူ သိချင်နေခြင်း ဖြစ်သည်။

“ဟူးအာ့ခန်း၊ ရှင်လည်း ခရီး ရှည်ကြီး ထွက်ခဲ့ရတာဆိုတော့ အရင် အနားယူလိုက်ပါဦး။ ကျွန်မတို့ ဒါကို မနက်ဖြန်မှ ပြောလည်း သိပ်နောက်မကျသေးပါဘူး။ တကယ်လို့ ကျွန်မမှာ မဆုံးဖြတ်နိုင်ဘူးလို့ ရှင် ထင်နေရင် ရှင့်ကို ကျင့်ရှီလျိုမြောင် ပို့ပေးဖို့ တစ်ယောက်ယောက်ကို ကျွန်မ အမိန့်ပေးလို့ ရတယ်။ ရှောင်ယင်ရဲ့အဖိုးက အဲဒီမှာ ရှိတယ်"

စူးချင်းက ဝေဖန်မှုများကို ရှောင်ရှားရန် သူမကိုယ်တိုင် တာဝန်မယူဘဲ အဖြစ်သင့်ဆုံး အခြေအနေကို ပြောပြလိုက်သည်။

"သခင်မလေးကျိရှောင်ယင်ရဲ့အဖိုး သက်ရှိ ထင်ရှားရှိနေသေးတယ်ဆိုရင်တော့ ကျွန်တော်တို့ သူ့ကို သွားတွေ့ရမှာပေါ့၊ ကျွန်တော် သူ့ဆီကနေ လက်ထပ်ခွင့် တောင်းလို့ရပါတယ်"

သူ ရှောင်းမိသားစုဝင် တစ်ယောက်ယောက်ဆီကနေ လက်ထပ်ခွင့် တောင်းချင်နေသေးတယ်။ မဟုတ်ရင် ဧကရာဇ်မင်းမြတ်က သူ့ကို အပြစ်တင်မှာ သူ ကြောက်တယ်။

"ကောင်းပြီလေ၊ ရဲမက်တို့၊ လာကြဦး၊ တာ့ထန်ရဲ့သံတမန်ကြီး အနားယူနိုင်ဖို့ နားနေစခန်းကို ခေါ်သွားပေးလိုက်ပါ"

ဟူးအာ့ခန်း၏သဘောထားကို ရှင်းရှင်းလင်းလင်း သိလိုက်ရသောကြောင့် စူးချင်းက သူ့ကို နားနေဆောင်သို့ ပို့ခိုင်းလိုက်ပြီး သူ့ကို ထပ်ပြောလိုက်သည်။

“ရှင် အရင်သွားအနားယူလိုက်ပါ။ မနက်ဖြန် ကျရင် ကျင့်ရှီလျိုမြောင်ကို ခရီးဆက်ကြတာပေါ့"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

စူးချင်းက စိတ်မဆိုးဘဲ သူ့ကို ကျင့်ရှီလျိုမြောင်သို့ လိုက်ပို့ရန်ပင် ကမ်းလှမ်းခဲ့သောကြောင့် ဟူးအာ့ခန်းကလည်း အလွန်ကျေးဇူးတင်နေခဲ့သည်။ သူက စူးချင်းကို လက်သီးအုပ် နှုတ်ဆက်ကာ ပြန်ထွက်ခွာသွားခဲ့သည်။ သူ ရုံးတော်ထဲမှ ထွက်ရန် ပြင်နေချိန်တွင် ကျိရှောင်ယင်က အပြေးရောက်လာခဲ့သည်။ ကျိရှောင်ယင်ကို မြင်လိုက်ရချိန်တွင် ဟူးအာ့ခန်းက သူမကို အလျင်အမြန် ဦးညွှတ်နှုတ်ဆက်လိုက်သည်။

"သခင်မလေးကျိရှောင်ယင် မင်္ဂလာပါ"

ကျိရှောင်ယင်က ဟူးအာ့ခန်းကို မသိသော်လည်း သူက တာ့ထန်မှလူဖြစ်ကြောင်း သ်နေသောကြောင့် သူမကလည်း ယဥ်ယဉ်ကျေးကျေး ပြန်နှုတ်ဆက်လိုက်သည်။

"တွေ့ဆုံခွင့်ရတာ ဝမ်းသာပါတယ်၊ ရှင့်ကို ဘယ်လို ခေါ်ရမလဲ?”

“ကျွန်တော်က တာ့ထန်ပြည်ထောင်ကပါ၊ ဟူးအာ့ခန်းလို့ ခေါ်နိုင်ပါတယ်"

ဟူးအာ့ခန်းက ကျိရှောင်ယင်ကို အလွန် လေးလေးစားစား ဆက်ဆံနေခဲ့သည်။

သူမက သူတို့ရဲ့အနာဂတ်ဧကရီ ဖြစ်လာနိုင်တယ်လေ၊ တတိယမင်းသားက သူမကို အရမ်း ချစ်မြတ်နိုးတာ သေချာတယ်။ နောင်မှာ သူမက နန်းတော်သုံးခုနဲ့ အဆောင်ခြောက်ခုမှာ အနှစ်သက်ခံရဆုံး ဖြစ်လာလိမ့်မယ်။ သူ အနာဂတ်မှာ ရာထူးတိုးဖို့ အခုတည်းက သူမနဲ့ အဆင်ပြေအောင် ပေါင်းသင်းထားရမယ်။

ထိုလူက တာ့ထန်မှ ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် ကျိရှောင်ယင်၏နှလုံးခုန်သံများ မြန်ဆန်လာတော့သည်။

သူက ဒီကို ဘာလာလုပ်နေတာလဲ?

All Chapters