← Chapters

ခက်ခဲတဲ့ပြဿနာကို အဲ့လိုအလွယ်တကူ ဖြေရှင်းနိုင်တာလား?

Vol. 35 Ch. 514

ခက်ခဲတဲ့ပြဿနာကို အဲ့လိုအလွယ်တကူ ဖြေရှင်းနိုင်တာလား?

Vol. 35 Ch. 514

ချင်ထျဲက သူ ဤအတောအတွင်း ဖန်တီးထားခဲ့သော လက်နက်တစ်ခုကို ထုတ်ယူလာခဲ့သည်။ ထိုအရာက မြင်းကျောပေါ်တွင် တင်ကာ ခြေဖြင့်နင်း၍ ပစ်ခတ်နိုင်သည့် မြှားလက်နက်တစ်ခုမျိုးဖြစ်သည်။ ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် လျှပ်တပြတ်အတွင်း အလစ်အငိုက် သတ်ဖြတ်ရန် သင့်တော်လှသည်။

၎င်းက သူ မော်တာအတွက် ပုံစံခွက်လုပ်နေရင်း အတားအဆီးနှင့် ကြုံနေရသော‌ကြောင့် ချင်ထျဲ တွေးတောဖန်တီးထားသော အရာလည်း ဖြစ်သည်။ သူ့၏သခင်လေးနှင့် သခင်မလေးက သူ့အပေါ် အလွန်တန်ဖိုးထားသောကြောင့် သူကလည်း သူတို့ကို ကူညီပေးနိုင်ရန် အစွမ်းကုန်ကြိုးစားနေခဲ့သည်။

"မဆိုးဘူး၊ ဒါက စစ်တပ်အတွက် အသုံးဝင်နိုင်တယ်”

စူးချင်းက တစ်ချက် ကြည့်လိုက်ရုံဖြင့် ထိုလက်နက်ကို ချက်ချင်း သဘောကျသွားသည်။ ဤလက်နက်က မြင်းစီးသူရဲကောင်းများ၏ တိုက်ခိုက်နိုင်စွမ်းအပေါ် အကျိုးသက်‌ရောက်စေပြီး သူတို့၏စုပေါင်းစွမ်းရည်လည်း တိုးတက်လာနိုင်သည်။

“ပြီးတော့ ကျုပ် ဒါကိုလည်း လုပ်ထားသေးတယ်။ ကြည့်ပါဦး၊ ဒါကို မဟာနတ်ဘုရားအမြှောက်လို့ ခေါ်တယ်…”

ထို့နောက်တွင် ချင်ထျဲက သူ တီထွင်ဆန်းသစ်ထားသော ထိုးစစ်လက်နက်တစ်ခုကို ထုတ်ယူလာပြန်သည်။ ၎င်းက စစ်ရထားတစ်စီး ဖြစ်ပြီး လှည်းပေါ်တွင် နွားဖြူအရွတ်တစ်ခုကို သရေအဖြစ် တပ်ဆင်ထားသည်။ ထိုသရေကြိုးပေါ်သို့ လက်နက်များတင်ကာ မြင့်မားသောနေနှင့် ဝေးကွာသောနေရာများဆီသို့ ပစ်လွှတ်နိုင်ရန် ဖန်တီးထားသည်။ ဥပမာ မြို့တစ်မြို့ကို တိုက်ခိုက်ချိန်၌ လောင်စာပြည့်နေသော ထင်းတုံးကြီးများကို မီးရှို့ကာ မြို့ထဲသို့ ပစ်သွင်းလိုက်သည်နှင့် မီးအကြီးအကျယ်လောင်သွားပေလိမ့်မည်။

ချင်ထျဲက စူးချင်းကို စိတ်အားထက်သန်စွာ ရှင်းပြနေသော်လည်း စူးချင်းက သူ ရှင်းပြစရာမလိုဘဲ နားလည်နေပြီးသား ဖြစ်သည်။ ခေတ်သစ်နှင့် နှိုင်းယှဥ်လျှင် ဤလက်နက်က အနည်းငယ် ညံဖျင်းသော်လည်း ဤခေတ်တွင်တော့ အလွန်အဆင့်မြင့်သော လက်နက်အဖြစ် ယူဆနိုင်သည်။

“အင်း ဒါလည်း တော်တော်ကောင်းတယ်။ ကျွန်မ ရှင့်အတွက် သန့်စင်တဲ့သံတွေ ပို့ပေးမယ်၊ ပြီးတော့ ရှင့်ရဲ့ခြံဝင်းထဲမှာ ပန်းပဲဖိုတစ်ခုဆောက်ဖို့လည်း ညွှန်ကြားထားလိုက်မယ်"

စူးချင်းက ထိုလက်နက်အတွက် စိတ်အားထက်သန်ခြင်း မရှိပေ။ သူမ၏အမြင်တွင် ထိုလက်နက်က ညံ့ဖျင်းနေပြီး အသုံးမဝင်ပေ။ မော်တာကို တတ်နိုင်သမျှ အမြန်ဆုံးလုပ်နိုင်လျှင် ထိုလက်နက်ထက် အဆပေါင်းများစွာ ပိုကောင်းသော လက်နက်ဖြစ်လာနိုင်သည်။ မော်တာက သယ်ရလွယ်ကူပြီး ပေါ့ပါးသည့်အပြင် ပြင်းအားကလည်း ကောင်းမွန်သည်။ ပစ်ခတ်နိုင်သော အကွာအဝေးနှင့် တိကျမှုူကလည်း ဤလက်နက်ထက် အဆပေါင်းများစွာ ပို၍ ကောင်းမွန်နေသေးသည်။

“ကောင်းပါပြီ”

စူးချင်းက ဤမဟာနတ်ဘုရားအမြှောက်အပေါ် စိတ်အားထက်သန်ခြင်း မရှိသောကြောင့် ချင်ထျဲ၏အမူအရာက မည်းမှောင်သွားခဲ့သည်။

သခင်မလေးက ဒီလက်နက်ကို နှစ်သက်မယ်လို့ သူ ထင်ထားခဲ့တာ။

“အလုပ်နဲ့ အနားယူချိန်က ဟန်ချက်ညီသင့်တယ်၊ အခု အရင် စားလိုက်ဦး၊ ရှင် ဗိုက်ပြည့်နေမှ ရှင့်ဦးနှောက်က လန်းဆန်းနေပြီး စိတ်ကြည်ကြည်လင်လင်နဲ့ တွေးနိုင်လိမ့်မယ်”

စူးချင်းက အစားအသောက်များကို ညွှန်ပြလိုက်ပြီး သူ့ကို အရင်စားခိုင်းလိုက်သည်။

"ကျွန်မ အရင်ပြန်သွားပြီး ရှင့်အတွက် သန့်စင်ပြီးသားသံ သွားရှာလိုက်ဦးမယ်"

“ကောင်းပါပြီ၊ သခင်မလေး၊ ဂရုစိုက်ပါ”

ချင်ထျဲက လက်သီးအမြန်အုပ်ကာ စူးချင်းကို နှုတ်ဆက်လိုက်သည်။ စူးချင်းက ချင်ထျဲ၏အိမ်မှ ထွက်ခွာသွားခဲ့ပြီး ချင်ထျဲက အစားအစာနှင့် ရေချိုးခြင်းအတွက် ပြင်ဆင်နေသည်။ သူက သူ့၏အိမ်အကူများကို စစ်သည်များနှင့် အစားထိုးလိုက်ပြီး အပြင်လူများ သူ့အိမ်အနီးသို့ မချဉ်းကပ်လာရန် စောင့်ရှောက်ပေးဖို့ အမိန့်ပေးလိုက်သည်။

ချင်ထျဲ၏အိမ်မှ ပြန်လာပြီးနောက် စူးချင်းက ပန်းပဲဆိုင်သို့ တိုက်ရိုက် ဝင်လာခဲ့သည်။ ချမ်းအေးသည့်ဆောင်းရာသီမှာပင် ပန်းပဲသမားတော်တော်များများက အင်္ကျီချွတ်ထားကြပြီး ချွေးတလုံးလုံး ဖြစ်နေကြသည်။ သူတို့ ရရှိနိုင်သည့် အခကြေးငွေက သူတို့၏အလုပ်ပြီးမြောက်မှုအပေါ် မူတည်ပြီး အလုပ်ပိုလုပ်နိုင်သူက ဝင်ငွေများများရကာ အလုပ်လုပ်နိုင်စွမ်းနိမ့်သူက ငွေရနည်း။ ထို့အပြင် အလုပ်ကောင်းကောင်း လုပ်နိုင်လျှင် ဆုချီးမြှင့်ခံရပြီး အလုပ်ကောင်းကောင်းမလုပ်လျှင် ဒဏ်ငွေသုံးဆ သို့မဟုတ် ထိုထက်ပိုသော ဒဏ်ငွေကိုလည်း ပေးကြရသေးသည်။ ထို့ကြောင့် သူတို့အတွက် ဘေးပတ်ဝန်ကျင်ကို ကြည့်ရန်ပင် အချိန်မရှိဘဲ သူတို့၏ အမြင့်မားဆုံးသော စွမ်းဆောင်ရည်ကို ဖော်ထုတ်ကာ အရည်အသွေးမြင့် လက်နက်များကို ထုလုပ်နိုင်ရန် အားကုန် ကြိုးစားနေကြသည်။

စူးချင်း ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် ပန်းပဲသမားများက သူတို့ လုပ်လက်စအလုပ်များကို ကမန်းကတန်း လက်စသတ်ကာ တလေးတစား နှုတ်ဆက်လိုက်ကြသည်။

"သခင်မလေး"

"အင်း၊​ ငါ့အတွက် မီးဖိုတစ်ခုလောက် နေရာဖယ်​​ပေးပါဦး"

စူးချင်းက သူတို့ကို ခေါင်းညိတ်ပြလိုက်ပြီး ပန်းပဲဖိုခေါင်းဆောင်ကို လှမ်းပြောလိုက်သည်။

"ရပါတယ်၊ သခင်မလေး ကျွန်တော့်မီးဖိုကို သုံးလိုက်ပါ!"

သူတို့အားလုံးက အလုပ်အပေါ်မူတည်ပြီး ဝင်ငွေရသော‌ကြောင့် အချိန်ဖြုန်းလိုက်လျှင် ဝင်ငွေနည်းသွားပေလိမ့်မည်။ ထို့ကြောင့် အခြားမည်သူကမျှ သူတို့၏မီးဖိုအား ပေးချင်မည် မဟုတ်ပေ။ ထိုအကြောင်းကို နားလည်နေသော ခေါင်းဆောင်က သူ့မီးဖိုကိုသာ ပေးလိုက်တော့သည်။

ဘာပဲဖြစ်ဖြစ် သခင်လေးရဲ့ဇနီးသည်က ပန်းပဲထုနိုင်တာကို လူတိုင်း သိကြတယ်။ သူတို့ မရောက်ခင်က သူမကိုယ်တိုင် လက်နက်‌တွေ ထုလုပ်ခဲ့တယ်လို့ သူတို့ ကြားဖူးတယ်။

သူတို့ သိထားတယ်ဆိုတောင် သခင်မလေး ပန်းပဲထုတာကိုတော့ သူတို့ လူကိုယ်တိုင် မမြင်ဖူးသေးဘူး။ ဒီနေ့ သူမ ပဲပန်းထုတော့မယ်ဆိုတော့ သူတို့ မြင်တွေ့နိုင်ရင် သူတို့ ကံကောင်းတယ်လို့ သတ်မှတ်နိုင်တယ်။ ဒါက တစ်သက်မှာ တစ်ခါကြုံဖူးတဲ့ အခွင့်အရေးတစ်ခုပဲ၊ ဒီအချိန်အတွက် သူ့ဝင်ငွေ နည်းသွားမယ်ဆိုရင်တောင် သူတို့ သခင်မလေး ပန်းပဲထုတာကို ကြည့်ရတာနဲ့တင် တန်နေပြီ။

နောက်ဆုံးတွင် မည်သည့်ပန်းပဲဆရာတစ်ယောက်ကမျှ အလုပ်ပြန် စမလုပ်ကြဘဲ စူးချင် ပန်းပဲထုသည်ကို ကြည့်ရန် သူမ၏မီးဖိုဆီသို့ ဝိုင်းဖွဲ့လာကြသည်။

စူးချင်းက ပန်းပဲဖိုခေါင်းဆောင်ကို ရုတ်တရက် လှမ်းမေးလိုက်သည်။

"ငါက အဝဝိုင်းပြီး အပေါက်ပါတဲ့ ရှည်မျောမျောပုံစံတစ်ခု ထုချင်တာ၊ မင်း ဘယ်လိုထင်လဲ?"

"ဒါက လွယ်ပါတယ်။ သံတုံးကို နီရဲနေအောင် အပူပေးပြီး အပြားရှည်ရှည် ပုံသဏ္ဍာန်ဖြစ်အောင် အပြားခတ်လိုက်။ ပြီးရင် အရင်က သွန်းလောင်ဖူးက သံလုံးရှည်ပေါ်မှာ တင်ပြီး ပြန်ထု၊ အနားနှစ်ဘက်ကို ပိတ်ပြီး အလယ်ကသံလုံးရှည်ကို ပြန်ဆွဲထုတ်လိုက်ရင် ရပြီ"

ပန်းပဲသမားခေါင်းဆောင်၏အသိပညာများက သူ့၏ဘိုးဘေးများထံမှ အမွေဆက်ခံခဲ့ခြင်း ဖြစ်သည်။ သူတို့မိသားစုမှ မျိုးဆက်သုံးဆက်လုံးက ပန်းပဲဆရာ ဖြစ်ခဲ့သောကြောင့် စူးချင်း၏ မေးခွန်းကို ကြားသည်နှင့် သူက ချက်ချင်း ပြန်ဖြေလိုက်သည်။

"ဒီအကြံက အရမ်းကောင်းတယ်။ ဒါဆို ငါ မင်းတို့ကို အတိုင်းအတာ အတိအကျပါတဲ့ ပုံကြမ်းတစ်ခုကို ဆွဲပေးမယ်၊ ပြီးတော့ မင်း ငါ့အတွက် အဲ့လိုဆလင်ဒါတစ်ခု ထုလုပ်ပေးရမယ်"

စူးချင်းက သူမအတွက် ခက်ခဲနေသည့် ပြဿနာကို ဤမျှ လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဆိုရိုးစကား ရှိတယ်လေ... သာမန်လူတွေကိုလည်း လျှော့မတွက်နဲ့တဲ့။ ကျွမ်းကျင်ရာ လိမ္မာပဲ၊ သူတို့ရဲ့အတွေ့အကြုံက တကယ်တန်ဖိုးရှိတယ်။

"ကောင်းပါပြီ၊ ကျွန်တော်တို့ သခင်မလေးကို စိတ်မပျက်စေရပါဘူး"

စူးချင်း၏စကားကို ကြားလိုက်ရချိန်တွင် ပန်းပဲဆရာက ချက်ချင်း အာမခံချက် ပေးလာခဲ့သည်။

ဆရာလေးရဲ့ဇနီးအတွက် အလုပ်လုပ်ရတာ ဂုဏ်ယူစရာပဲလေ။

မော့ချန်မှ ပြည်သူများ၏ နှလုံးသားထဲတွင် စူးချင်းက သူတို့အတွက် စားနပ်ရိက္ခာ လုံလုံလောက်လောက် ပေးနိုင်ပြီး ဘေးကင်းလုံခြုံသော အိမ်တစ်လုံးရရှိရန် အာမခံပေးနိုင်သည့် အကာအကွယ်ပေးသူ ဖြစ်သည်။ သူတို့ကို ဒုက္ခရောက်နေချိန်တွင် သူတို့ကို ဟိုးအောက်ခြေမှ ဆွဲထုတ်ကယ်တင်ပေးခဲ့သည့် ကယ်တင်ရှင်လည်း ဖြစ်သည်။ သူတို့အားလုံးက သူမကို အလွန်လေးစားကြပြီး သူမအတွက် အလုပ်လုပ်ပေးရန်နှင့် သစ္စာရှိရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

"ဒါဆို ဘယ်တော့လောက် ပြီးနိုင်မလဲ?"

စူးချင်းက ပန်းပဲခေါင်းဆောင်၏အဖြေကြောင့် အလွန်ကျေနပ်နေခဲ့သည်။ ထို့ကြောင့် သူမက နောက်ဆုံးရက်ကို တောင်းဆိုခဲ့သည်။

အခုအချိန်မှာ ရွှေ့ရှန့်က လော့ချန်ကို ကာကွယ်ဖို့ သူ့တပ်ကို ဦးဆောင်နေရတယ်။ ဝမ်ယွိလင်ကလည်း စိတ်ပိုင်းဖြတ်မှုအပြည့်နဲ့ တပ်ဖွဲ့တွေအများကြီး စေလွှတ်ထားမှာ သေချာတယ်၊ အဲ့ဒါကြောင့် လော့ချန်ကို ကာကွယ်ဖို့က ဖိအားတွေ အရမ်းများနိုင်တယ်။ မော်တာကို စောစောလုပ်နိုင်လေလေ ဖိအားနည်းလေလေပဲ။ သူမမှာ အမြောက်ကျည်နဲ့ မော်တာတွေ အလုံအလောက် ရှိတာနဲ့ မြို့တော်ကို တိုက်ခိုက်ဖို့ တပ်တွေကို ဦးဆောင်ပြီး တောင်ပိုင်းကို တိုက်ရိုက်ချီတက်လို့တောင် ရလောက်တယ်။

“ဒါက သခင်မလေး ဘယ်လောက်ကြီးကြီး လိုချင်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ပိုကြီးလေ၊ အချိန်ပိုကြာလေပဲ"

ပန်းပဲဖိုခေါင်းဆောင်ကလည်း ချဲ့ကားမပြောရဲပဲ မရုပ်မလွန်သာ ပြန်ဖြေလာခဲ့သည်။

သူ မအောင်မြင်နိုင်လျှင် သခင်မလေး အပြစ်တင်မှာကို သူ ကြောက်တယ်။

“ငါ မင်းကို နှစ်ရက် အချိန်ပေးမယ်။ နှစ်ရက်အတွင်း ပြီးနိုင်ရင် ငွေဆယ်လျန် ဆုချမယ်"

ပန်းပဲဖိုခေါင်းဆောင် နောက်ပြန်တွန့်သွားသည်ကို သိလိုက်ရသည့်အတွက် စူးချင်းက သူ့ကို တစ်ချက်ကြည့်ကာ သူ့အတွက် အချိန်တစ်ခု သတ်မှတ်ပေးလိုက်သည်။

နှစ်ရက်အတွင်း ပြီးအောင်လုပ်နိုင်ရင် ဆုငွေချီးမြှင့်မယ်။ မလုပ်နိုင်ရင်တော့ ဒီငွေကို မရနိုင်တော့ဘူး။

"ဟုတ်... ဟုတ်ကဲ့... ပြီးအောင် လုပ်ပါ့မယ်"

ငွေဆယ်လျန်လား?

ပန်းပဲဖိုခေါင်းဆောင်၏မျက်လုံးများက တောက်ပလာသည်။

သူတို့ တစ်လလုံး အလုပ်ကြိုးစားမှ ငွေသုံးလျန်နဲ့ ဆန်လုံးညိုငါးရှီပဲ ရနိုင်တာလေ။ နှစ်ရက်အတွင်း သူတို့ ငွေဆယ်လျန် ရမှာလား? ဒါက ရိုးရိုးရှင်းရှင်း ကောင်းကင်ကနေ ပြုတ်ကျတဲ့ မုန့်ပေါင်းကြီးပဲ။

ပန်းပဲဖိုခေါင်းဆောင်က ဝမ်းသာလွန်းသောကြောင့် ချက်ချင်း သဘောတူလိုက်သည်။

အခြားသော ပန်းပဲသမားများက သူတို့၏ခေါင်းဆောင်ကို မနာလိုစွာ ကြည့်နေကြသည်။

ကောင်းကောင်းလုပ်နိုင်ရင် လူသုံးယောက်လောက် အလုပ်လုပ်ရုံနဲ့ နှစ်ရက်အတွင်း ငွေဆယ်လျန် ရလာနိုင်တယ်။ တွေးကြည့်ရုံနဲ့ အံ့သြဖို့ကောင်းလွန်းနေပြီ။

စူးချင်းကတော့ ပန်းပဲဆိုင်မှ ပျော်ပျော်ရွှင်ရွှင် ပြန်ထွက်သွားခဲ့သည်။ သူမ၏ နှလုံးသားထဲမှ လေးလံမှုများ လွင့်စင်သွားသောကြောင့် သူမ မော့ချန်၏လမ်းများပေါ်တွင် လမ်းသွားနေမိသည်။ တစ်ချိန်က လူသူကင်းမဲ့နေသော မော့ချန်က ရှင်းရုဟိုင်၏ အုပ်ချုပ်မှုအောက်တွင် ပြန်လည်တိုးတက် စည်ကားလာပြီ ဖြစ်သည်။ ယခင်က လမ်းမများပေါ်ရှိ ဆိုင်များအားလုံး အလွတ်လုနီးပါးဖြစ်ခဲ့ဖူးသော်လည်း ယခုထိုနေရာများတွင် မော့ချန်၌စီးပွားရေး အခွင့်ကောင်းများ ရှိသည်ကို ကြားသွားပြီး ရောက်လာသည့် လုပ်ငန်းရှင်များ ပြည့်နေပြီ ဖြစ်သည်

ဒုက္ခသည်များအတွက်လည်း နေစရာနေရာ လုံလောက်နေပြီ ဖြစ်သည်။ စူးချင်းနှင့် သူမ၏အဖွဲ့ကလည်း ထိုဒုက္ခသည်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခဲ့သည်။ မြို့ကို ခိုင်ခံ့အောင် ပြန်လည် ပြုပြင်နေသည့် တည်ဆောက်ရေး လုပ်ငန်းများ၊ အရက်ချက်ရုံနှင့် အရက်ဆိုင်များကဲ့သို့အလုပ်ကြမ်းများအပြင် ပန်းပဲဆရာနှင့် လက်သမားများကဲ့သို့သော လက်မှုပညာသည်များအတွက် အလုပ်များစွာ ပြင်ဆင်ပေးထားခဲ့ကြသည်။ သူတို့ ကြိုးကြိုးစားစား အလုပ်လုပ်နေသရွေ့ ဝင်ငွေရှာနိုမည်ဖြစ်ပြီး သူတို့ ဗိုက်ဝပြီး လုံခြံနေလျှင် မည်သူကမျှ ထွက်သွားမည် မဟုတ်ပေ။ သူတို့၏ဆွေမျိုးမိတ်သင်္ဂဟများကိုပင် ဤနေရာသို့ ပြောင်းရွေ့လာရန် ဖိတ်ခေါ်နေကြသေးသည်။

စူးချင်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေပြီ နေ့စဥ်ဘဝ၏ စည်ကားတက်ကြွမှုက သူမကို ပို၍ သက်တောင့်သက်သာရှိလာစေသည်။

သူမနဲ့ ရွှေ့ရှန့် ဒီလို ငြိမ်းချမ်းတဲ့နေရာတစ်ခု ဖန်တီးနိုင်ဖို့ ဆူးငြှောင့်ခလုပ်တွေ အများကြီး ဖြတ်ကျော်ခဲ့ရတယ်။ အခု လူတိုင်း ဝဝလင်လင် စားနိုင်ပြီး အနွေးထည် ဝတ်နိုင်ကြပြီ၊ လမ်းပေါ်မှာ တောင်းစားတဲ့သူတွေလည်း မရှိတော့ဘူး။

အရင်တုန်းကတော့ သူမက လူသတ်ဖို့ပဲ သိပြီး လူတွေကို ဂရုမစိုက်တတ်ခဲ့ဘူး။ အခုတော့ သူမရဲ့စိတ်က လုံးတ ပြောင်းလဲသွားပြီ။ သူမရဲ့အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ မြို့သူမြို့သားတွေ အေးအေးချမ်းချမ်း နေထိုင် လုပ်ကိုင်စားသောက်နေတာကို မြင်နေရရုံနဲ့ ကျေနပ်မှု ခံစားရတယ်။

စူးချင်း အရက်ချက်ရုံ၏ဝင်ပေါက်သို့ ရောက်လာချိန်တွင် ချွေးအပြည့်ဖြင့် ထွက်လာသော လီရွှမ်းအာကို မြင်လိုက်ရသည်။ လီရွှမ်းအာကလည်း စူးချင်းကို မြင်သွားပြီး ဝမ်းသာအားရ အော်ခေါ်လိုက်သည်။

"အစ်မစူးချင်း"

"ဟမ်၊ မင်း ဒီမှာ တစ်ယောက်တည်းရှိနေတာလား?"

စူးချင်းက သူမကို ခေါင်းညိတ်တုန့်ပြန်လိုက်သည်။ ထို့နောက် စူးချင်းက မီးခိုးများထွက်နေသည့် အလုပ်ရုံကို ကြည့်ကာ လီရှောင်အား ပြန်မေးလိုက်သည်။

အစပိုင်းတွင် စူးချင်းက ဤအလုပ်ရုံ၏စီမံခန့်ခွဲမှုအား ကျန်းယွိရန်ထံသို့ လွှဲပြောင်းပေးရန် စီစဥ်ထားခဲ့သည်။ ထို့ကြောင့် စူးချင်းက ကျန်းယွိရန်အား အရက်ချက်နည်း သင်ပေးထားပြီးပြီ ဖြစ်သည်။ သို့သော် ကျန်းလောင်ချီက မြောက်ပိုင်းလူရိုင်းများ၏မြို့တော်သခင် ဖြစ်လာသောကြောင့် သူတို့မိသားစုတစ်ခုလုံး မြောက်ပိုင်းသို့ ပြောင်းရွေ့သွားရသည်။ ကျန်းယွိရန်လည်း အရက်ချက်ရုံတွင် ဆက်အလုပ်မလုပ်နိုင်တော့ပေ။ ထို့နောက် စူးချင်းက ဤအရေးကြီးသော အလုပ်အား လီရွှမ်းအာထံသို့ အပ်နှင်းလိုက်သည်။ သူမကို သင်ကြားပေးရန် ကျန်းယွိရန်အား ညွှန်ကြားထားပြီး သူမ အချိန်ရမှသာ သူမကိုယ်တိုင် သင်ကြားပေးမည် ဖြစ်သည်။

“အစ်မယွိရန် အထဲမှာ ရှိတယ်။ ကျွန်မ ရေအိမ်သွားချင်လို့"

လီရွှမ်းအာက ပြုံးလျက် အလုပ်ရုံဘက်သို့ ညွှန်ပြလိုက်ပြီး သူမ ဗိုက်နာနေသောကြောင့် သန့်စင်ခန်းသို့ သွားမည့်အကြောင်း ရှင်းပြလာသည်။

All Chapters